မိုးညှင်းတွင် ဒေါ်ဘောက်ဂျာ အပါအဝင် NDF ပါတီဝင်လေးဦး တရားစွဲခံရ
လယ်သမားအရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအရေးတို့ကို ဆောင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ်အမျိုးသား ဒီမိုကရေစီအင်အားစု (NDF)
ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ၊ အတွင်းရေးမှူးဦးအောင်မင်း
အပါအဝင် တခြားပါတီဝင်လေးဦးကို မိုးညှင်းဒီဂရီကောလိပ်က
အမှုဖွင့် တရားစွဲလိုက်တယ်လို့ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရပါတယ်။
“ကောလိပ်ဧရိယာ ခြံစည်းရိုးခတ်တာကို ဒေသခံတွေ ကန့်ကွက်တော့ ဒေါ်ဘောက်ဂျာနဲ့ ဦးအောင်မင်းတို့က ဦးဆောင်ခဲ့တယ်။
ဒါ့ကြောင့် ကောလိပ်အင်ဂျင်နီယာ
ဌာနက ဦးမျိုးသွင်က တရားလိုပြုလုပ်ပြီး မိုးညှင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ” လို့ အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက မိုးညှင်းမြို့ ဒီကရီကောလိပ်ကျောင်းကို ခြံစည်းရိုးခတ်ရာမှာ ရွာသစ်ကုန်းကျေးရွာအုပ်စု ထန်းတပင်ကျေးရွာရဲ့
မူကြိုဆောက်လုပ်ဖို့ လျာထားတဲ့
နေရာကို ခြံစည်းရိုးခတ် ကာရံခဲ့တယ်ဆိုပြီး ဒေသခံတွေက တားမြစ်တာကြောင့် တစ်ဖက်နဲ့ တစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ဘောက်ဂျာနဲ့ ဦးအောင်မင်း အပါအဝင်လေးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃/၄၄၇/၁၁၄(ပ) ၁၀၂/၂၀၁၄ ဖြင့် တရားစွဲဆိုထားတယ်လို့ မိုးညှင်းမြို့နယ်ရဲစခန်းက သိရပါတယ်။
No comments:
Post a Comment