Friday, January 16, 2015

အောင်ဘာလေထီ ပေါက်နိုင်ခြေများလာပြီ


အောင်ဘာလေထီ ပေါက်နိုင်ခြေများလာပြီ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲက ယခုလာမည့် ၂ဝ၁၅ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည့် (၃၁၃)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှစ၍ လက်ရှိဖွင့်လှစ်ပေးနေသော ပဒေသာယူနစ်အစားl ဝေဝေဆာဆာပဒေသာဆုမဲများအဖြစ် ပြောင်းလဲဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝေဝေဆာဆာပဒေသာဆုမဲတွင် ကျပ်သုံးသိန်းဆုမဲ တစ်ယူနစ်အတွက် အက္ခရာနှင့် ဂဏန်းငါးလုံး ဖွင့်လှစ်ပေးမည်။ ယင်းအက္ခရာနှင့် ရှေ့ဂဏန်း ငါးလုံး အစဉ်လိုက်တူညီပါက ကျပ်သုံးသိန်းဆုရရှိမည်။ (တစ်ယူနစ်လျှင် ဆုမဲ ၁ဝ မဲဖြင့် ၁ဝ ယူနစ်အတွက် သုံးသိန်း ဆုမဲပေါင်း ၁ဝဝ ဖြစ်သည်။)

ကျပ်နှစ်သိန်းဆုမဲ တစ်ယူနစ်အတွက် အက္ခရာနှင့် ရှေ့ဂဏန်း လေးလုံး ဖွင့်လှစ်ပေးမည်။ ယင်းအက္ခရာနှင့် ရှေ့ဂဏန်း လေးလုံးအစဉ်လိုက်တူညီပါက ကျပ်နှစ်သိန်းဆု ရရှိမည်။ (တစ်ယူနစ်လျှင် ဆုမဲ ၁ဝဝ ဖြင့် ၁ဝ ယူနစ်အတွက် ကျပ်နှစ်သိန်း ဆုမဲပေါင်း ၁ဝဝဝ ဖြစ်သည်။)

ကျပ်တစ်သိန်းဆုမဲ တစ်ယူနစ်အတွက် အက္ခရာနှင့် ဂဏန်းသုံးလုံး ဖွင့်လှစ်ပေးမည်။ ယင်းအက္ခရာနှင့် ရှေ့ဂဏန်းသုံးလုံး အစဉ်လိုက်တူညီပါက ကျပ်တစ်သိန်းဆုရရှိမည်။ (တစ်ယူနစ်လျှင် ဆုမဲ ၁ဝဝဝ ဖြင့် ကိုးယူနစ်အတွက် ကျပ် တစ်သိန်း ဆုမဲပေါင်း ၉ဝဝဝ ဖြစ်သည်။)

ကျပ်ငါးသောင်းဆု တစ်ယူနစ်အတွက် အက္ခရာနှင့် ဂဏန်းနှစ်လုံးဖွင့်လှစ် ပေးမည်။ ယင်းအက္ခရာနှင့် ရှေ့ဂဏန်းနှစ်လုံး အစဉ်လိုက်တူညီပါက ကျပ် ငါးသောင်း ဆုရရှိမည်။ (တစ်ယူနစ်လျှင် ဆုမဲ ၁ဝဝဝဝ ဖြင့် သုံးယူနစ်အတွက် ငါးသောင်းဆုမဲပေါင်း ၃ဝဝဝဝ ဖြစ်သည်။)

ထို့ကြောင့်(၃၁၃)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အထူးဆုကြီး စနစ်၌ တစ်ဆုချင်းဆုအဖြစ် ကျပ်သိန်း ၁၅ဝဝ ဆု တစ်ဆု၊ ကျပ်သိန်း ၁ဝဝဝ နှစ်ဆု၊ ကျပ်သိန်း ၅ဝဝ ငါးဆု၊ ကျပ်သိန်း ၃ဝဝ ခြောက်ဆု၊ ကျပ်သိန်း ၂ဝဝ ခုနစ်ဆု၊ ဆုတစ်ဆုချင်းဆုမဲများတွင် ကျပ်သိန်း ၁ဝဝ (၁၈)ဆု၊ ကျပ်သိန်း ၅ဝ (၂ဝ)ဆု၊ ကျပ် ၂၅ သိန်း (၂ဝ)ဆု၊ ကျပ် ၁ဝ သိန်း(၃ဝ)ဆု၊ ကျပ် ငါးသိန်း (၃၄)ဆု နှင့် ဝေဝေဆာဆာပဒေသာဆုမဲတွင် ကျပ်သုံးသိန်း ဆုမဲပေါင်း ၁ဝဝ၊ ကျပ် နှစ်သိန်း ဆုမဲပေါင်း ၁ဝဝဝ၊ ကျပ်တစ်သိန်းဆုမဲပေါင်း ၉ဝဝဝ၊ ကျပ် ငါးသောင်း ဆုမဲပေါင်း ၃ဝဝဝဝ အပါအဝင် ဆုမဲပေါင်း ၄ဝ၂၄၃ ဆု ဖွင့်လှစ်မည်ဖြစ်သည်။

အောင်ဘာလေထီကို စွဲမြဲယုံကြည်စွာ ထီထိုးသူများလာခြင်းကြောင့် အောင်ဘာလေထီဖွင့်ပွဲအကြိမ်တိုင်း ထီဆုမဲအရေအတွက်ကို တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုဖွင့်လှစ်ပေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ အောင်ဘာလေထီကံစမ်းသူများအဖို့ ထီပေါက်နိုင်ခြေများလာပြီဟု ဆိုနိုင်ပါသည်။ အောင်ဘာလေထီ ကံမစမ်းဖူးသူများအဖို့ အောင်ဘာလေထီကို အန္တရာယ်ကင်းရှင်းစွာနှင့် အလွယ်တကူ ကံစမ်းနိုင်ကြပါပြီ။ အလွယ်တကူ ကံစမ်း နိုင်ရန်လည်း အောင်ဘာလေသိန်းဆုဌာနခွဲက စီစဉ်ထားပြီးဖြစ်သည်။ ထီတစ်အုပ်ချင်းမှစ၍ ထီအုပ် ၁ဝဝ ထိ လွယ်ကူစွာဝယ်ယူကံစမ်းနိုင်ကြောင်း အသိပေးပြီး ဖြစ်သည်။ အောင်ဘာလေထီပုံမှန်ကံစမ်းနေသူ မိမိသည်ပင်လျှင် အောင်ဘာလေထီကို ယခုကံစမ်းနေသည့် ထီစောင်ရေထက် ပိုမိုကံစမ်းနိုင်ရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။ ပေါက်ရင်ယူ၊ မပေါက်ရင်လှူဆိုသကဲ့သို့ ပေါက်ရင်မိမိအကျိုးရှိ၊ မပေါက်ရင် ပေါက်သူနဲ့ နိုင်ငံတော်အကျိုးရှိတာမို့ ယခုအခါ အောင်ဘာလေထီ ကံစမ်းသူ ပြည်သူများအကြား လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီဖြစ်ပါကြောင်း အသိပေးလိုက်ပါသည်။

(ကိုချစ်)



မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

No comments:

Post a Comment