ဗိုလ်ချုပ်မွေးနေ့ အတွက် --------------------------- " လွတ်လပ်ရေး ရတဲ့အခါမယ် ခင်ဗျားတို့ အခွင့်အရေးတွေ ပိုရလာလိမ့်မယ် အဲလို အခွင့်အရေးတွေ ပို ရ လာသလိုပဲ တာဝန်တွေ မှာလည်း ပိုလာလိမ့်မယ် " ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားပါ ။ ကျွန်တော်ကတော့ အခုအချိန်မှာ အဲဒီစကားမှာပါတဲ့ "လွတ်လပ်ရေး" ဆိုတဲ့စကားလုံးနေရာမှာ "ဒီမိုကရေစီ" ဆိုတဲ့ စကားလုံးကို အစားထိုး ကြည့်ချင်နေမိပါတယ် ။ " ဒီမိုကရေစီ ရတဲ့အခါမယ် ခင်ဗျားတို့ အခွင့်အရေးတွေ ပိုရလာလိမ့်မယ် အဲလို အခွင့်အရေးတွေ ပို ရ လာသလိုပဲ တာဝန်တွေ မှာလည်း ပိုလာလိမ့်မယ် " အခု ကျွန်တော်တို့ ဒီမိုကရေစီ ရလာတော့မယ် ။ အပြည့်အဝလေး မဟုတ်တောင် တစ်ပိုင်းတစ်စလေး တော့ ရနေပြီ ဆိုပါစို့ဗျာ ။ ကျွန်တော်တို့ အနေနဲ့ ဘာတာဝန်တွေ ပိုယူနိုင်မလဲ ? ဘာတာဝန်တွေ ပိုယူဖို့ ပြင်ဆင်ထားပြီးပြီလဲ ? ကိုယ့် တစ်ကိုယ်စာ / ကိုယ့်မိသားစု စာလေး အတွက်တင် မဟုတ်ဘဲ ကိုယ့် ပတ်ဝန်းကျင် ( ကြီးကြီးကျယ်ကျယ် ပြောရရင် ကိုယ့် နိုင်ငံ ) အတွက် ဘာတာဝန်တွေ ထပ် တိုးယူဖို့ ပြင်ဆင်ထားကြပါသလဲ ? ကိုယ့် တစ်ကိုယ်စာ / ကိုယ့်မိသားစု စာလေး ကိုတင် မဟုတ်ဘဲ ကိုယ့် ပတ်ဝန်းကျင်ကိုပါ ကောင်းကျိုး သက်ရောက်စေမယ့် ဘာတွေ ထပ်လုပ်ဖို့ ပြင်ဆင်ထားကြပါပြီလဲ ? အသိစိတ်လေး တစ်ချက် ဝင်ပြီး လူတိုင်းလူတိုင်း ကိုယ် စိတ်ပါဝင်စားရာ အားသန်ရာ တစ်စုံတစ်ခုကို အချိန်အနည်းငယ်လောက်ပေးပြီး ဝိုင်းလုပ်ကြရင်တောင် သန်း ၅၀ စာ အားနဲ့ ဆိုရင် အပြောင်းအလဲ တစ်ခု တော့ ဖြစ်လာမှာပါ ။ ကဲ ဒီမိုကရေစီ ရတော့မယ် ဘာ တာဝန်တွေ ပိုယူကြမှာလဲ ... ? လေးစားလျှက် ကိုဇင်ဇေ (ထုတ်ဝေသူ နှင့် အယ်ဒီတာ @ မြန်မာ့ အိပ်မက် ) www.facebook.com/MyanmarDream www.MyanmarDreamer.com ==== . . . . . . . . . . . မြန်မာ့အိပ်မက် ( လူငယ် တိုးတက်ရေး ) မဂ္ဂဇင်း - ပထမတွဲ - ♦ လူငယ်များ အတွက် > စိတ်ဓာတ်ခွန်အား ရရှိစေသော ကဗျာ ၊ ဆောင်းပါး ၊ စာစုများ > အသက်မွေး ဝမ်းကြောင်း ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗဟုသုတများ > စိတ်ဓာတ် ၊ အတွေးအခေါ် နှင့် ကိုယ်ရည်ကိုယ် သွေး တိုးတက်စေမည့် စာစုမျာ > လူငယ် စွန့်ဦးတီထွင် / စီးပွားရေးသမားတို့ သိသင့် သိထိုက်သည့် သဘောတရားများ ပါဝင်သည့် " မြန်မာ့ အိပ်မက် " မဂ္ဂဇင်းကို ၁၁.၂.၂၀၁၅ တွင် စတင် ဖြန့်ချီခဲ့ပြီ ဖြစ်ပါသည် ။ လူငယ် စာဖတ်သူများ / စာဖတ်လိုသူများ အတွင်း ပိုမိုပြန့်နှံ့နိုင်စေရန် ရည်ရွယ်၍ ♦ အခကြေးငွေ လုံးဝ ပေးစရာမလိုသော " အခမဲ့ " အွန်လိုင်း မဂ္ဂဇင်း အနေဖြင့် ဖြန့်ချီထားပါသည် ။ ♦ Mobile Application မှ ဖတ်ရန် " မြန်မာ့ အိပ်မက် မဂ္ဂဇင်းကို ဖုန်းမှ တဆင့် မပြတ် ဖတ်ရှုလိုပါက အောက်ပါ Mobile Application ကို Download ရယူထားနိုင်ပါတယ် ခင်ဗျာ " http://www.mediafire.com/download/xcrndpa7wg53kdl <<< ( 3 Mb ပဲ ရှိပါတယ် ) ♦ စာအုပ်ကိုဖတ်ရှုရန် >>> http://www.mediafire.com/view/pp6p8633vkm8xco/ <<< Online ပေါ်မှာ တိုက်ရိုက် ဖတ်ရန် http://www.mediafire.com/download/pp6p8633vkm8xco/ <<< Pdf file - Download လုပ်ပြီး ဖတ်ရန် ( 8 Mb ပဲ ရှိပါတယ် ) http://www.mediafire.com/download/pr133bg188fbmw7/<<< Epub file - Download လုပ်ပြီး ဖတ်ရန် ( 5 Mb ပဲ ရှိပါတယ် )
No comments:
Post a Comment