Friday, February 13, 2015

အသက်ရှင်ရပ်တည်မှုတလျှောက်လုံးမှာ

အသက်ရှင်ရပ်တည်မှုတလျှောက်လုံးမှာ အောင်မြင်မှုတွေအကြိမ်ကြိမ်ကြုံတွေ့ ရမှာပါ။ သို့ ပေမယ့် အလုပ်တစ်ခုကိုတော့ တစ်ကြိမ်ပဲရွေးချယ် ကြိုစားရမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်တဲ့အခါတိုင်းမှာ အကောင်းဆုံးလုပ်၊ စိတ်ပါလက်ပါ လုပ်လိုက်ဖို့ လိုပါတယ်။ စိတ်နှစ်ပြီးလုပ်လိုက်တဲ့အလုပ်တိုင်းဟာ ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ပါပဲ။ ဘယ်အလုပ် ကိုဖြစ်ဖြစ် ကိုယ်ပိုင်အလုပ်လို့ သဘောထားပြီးလုပ်လိုက်ပါ။ ဒီအလုပ်မှာ ဆုံးရှုံးမှုတွေရှိနေစေဦး၊ နောက်အလုပ်ကို မပြောင်းမချင်း ယခုအလုပ်ဟာ ကိုယ့်အတွက်အခွင့်အရေးအရှိဆုံး သာဖြစ်ပါတယ်။ ကျရှုံးခဲ့ရင်တောင် ကြိုးစားမှုနဲ့ ကျရှုံးပါ၊ ဂုဏ်သိက္ခာရှိပါတယ်။ မကြိုးစား၊ မတွန်းလှန်ဘဲ ကျရှုံးတာဟာ တန်ဖိုးရှိတဲ့လူသားတစ်ယောက်အတွက် သိပ်ရှက်ဖို့ ကောင်းပါတယ်။ ရှက်သင့်တာကိုဘဲရှက်ပါ၊ မရှက်သင့်တာကို ရှက်မ နေပါနဲ့ ၊ ရှက်ကြောမလွဲနဲ့ ။ အလုပ်လုပ်နေတာ ရှက်စရှာမဟုတ်ပါ။ ကြိုးစားနေတာ ရှက်စရာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ရှင်သန်ခြင်းမှာ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ရှင်လျက်နဲ့ သေနေတာဟာ ဘာအားထုတ်ကြိုးစားမှု မှမရှိတဲ့လူတွေပါ။ လူသေပေမယ့် နာမည်တွေရှင်သန်ခဲ့တဲ့လူတွေကတော့ အလုပ်ကိုကောင်းကောင်း ကြိုးစားလုပ်ခဲ့ကြလို့  ဖြစ်ပါတယ်။ တနည်းပြောမယ်ဆိုရင် သေလျက် ရှင်နေသူများသာဖြစ်ပါတယ်။ အလုပ်ရှိရင် အခွင့်အရေးရှိပါတယ်။ အခွင့် အရေးရဖို့ ဆိုရင် လက်ထဲမှာ အလုပ်ရှိနေဖို့ သာလိုပါလိမ့်မယ်။

No comments:

Post a Comment