ရွှေဘို - မြစ်ကြီးနားလမ်း အမြန်ဆုံး လမ်းချဲ့ပေးရန်လိုအပ်
__________________________
ရွှေဘို - မြစ်ကြီးနားကားလမ်းမှာ မိုးအလွန်ရွာထားသောကြောင့် လမ်းပုခုံးမြေများ အလွန်ပျော့ပီး ဗွက်ပေါက်နေပါသည်။
လမ်းလည်းအလွန်ကျဉ်းသောကြောင့် ကားတစ်စီးနှင့်တစ်စီးရှောင်လျင် လမ်းဘေးချရှောင်ပေးနေရပြီး
**တစ်ယောက်တစ်ခြမ်း လမ်းဘေးချပြီး နှစ်ဦးနှစ်ဘက် အလျော့ပေးသည့်စနစ်ဖြင့်သွားမှသာ အဆင်ပြေနိုင်မည့်အနေအထားဖြစ်သည်။
အထူးသဖြင့် ကားကြီးတွေအနေနဲ့လွတ်လွတ်ကျွတ်ကျွတ်ရှောင်နိုင်ရန်ခက်ခဲပါသည်။
အကြောင်းမှာ လမ်းဘေးချပေးရာတွင်လည်း တစ်စီးလုံးချပေးပါက ရွှံ့နစ်ပြီးပြန်မတက်နိုင်တော့သည့် အန္တရယ်ရှိနေသောကြောင့် တစ်ခြမ်းသာချပြီး တစ်ခြမ်းကို လမ်းပေါ်တင်ထားရပါသည်။ ထိုမှသာ မိမိပြန်ထွက်သည့်အချိန် ရွှံ့ထဲမှပြန်ရုန်းထွက်နိုင်မည်ဖြစ်သည်။
ထိုအခြေအနေတွင် ကားကြီးများကြပ်ကြပ်ညှပ်ညှပ်ရှောင်ရသောကြောင့် အချို့နေရာတွင် ကတောက်ကဆမှုတွေရှိကြောင်းကြားသိရပါသည်။
မိမိတို့ယာဉ်လိုင်းမှ ယာဉ်မှူးများကိုလည်း ကားရှောင်ရာတွင် မိမိကားလည်းဗွက်မနှစ်စေရန် ၊တစ်ဖတ်ကားလည်းရှောင်လို့အဆင်ပြေမည့် အခြေအနေနှစ်ခုကြားတွင် သတိထားမောင်းနှင်ကြရန် ထပ်မံသတိပေးနှိုးဆော်ထားပါသည်။ ဗွက်နှစ်ပြီး လမ်းပေါ်ပြန်မတက်နိုင်တော့သည့် ကုန်တင်ကားတစ်စီး
Tuesday, August 4, 2015
ရွှေဘို - မြစ်ကြီးနားလမ်း အမြန်ဆုံး လမ်းချဲ့ပေးရန်လိုအပ် __________________________
Subscribe to:
Post Comments (Atom)
No comments:
Post a Comment