Sunday, August 16, 2015

မြစ်ကြီးနားမန္တလေးကားဖြင့် ခရီးသွားမှတ်တမ်း °•°•°•°•°•°•°•°•°•°•°•°

၁၆.၈.၂၀၁၅
မြစ်ကြီးနားမန္တလေးကားဖြင့်
ခရီးသွားမှတ်တမ်း
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
ကချင်ပြည်နယ်အတွင်းယခုနှစ်မိုးရာသီတွင်မိုးများစွာရွာသွန်းမှုကြောင့်ရေကြီးခြင်းမြေပြိုခြင်းရထားလမ်းများပိတ်ဆို့ခြင်းကားလမ်းများပျက်စီးခြင်းတံတားများရေထဲမျောပါခြင်းများမြန်မာတစ်နိုင်ငံလုံးအတိုင်အတာနှင့်ကြုံတွေ့နေကြရပါသည်
မြစ်ကြီးနားမန္တလေးလမ်းပိုင်းကားလမ်းများပေါ်တွင်ရေကြီးရေလျှံ၍ကားလမ်းများပျက်စီးမှုကိုကူညီရမည့်အစားအခွင့်ကောင်းယူကာစီးပွားရေးလုပ်ငန်းသဖွယ်လုပ်ကိုင်စားနေကြသောပွဲလန့်တုန်းဖျာခင်းနေကြသောလုပ်စားအဖွဲ့များလည်းရှိနေပါသည်
၁၅.၈.၂၀၁၅
စနေနေ့
ကချင်ပြည်နယ် အင်းတော်မြို့နယ် ဘုဒလက်ကျေးရွာ နှင့် အိုက်မကျေးရွာ အကြားပြည်ထောင်စုလမ်းမကြီးပေါ်တွင်ယခုရေကြီးနေသည့်အချိန်ရေတိုက်စားမှုကြောင့် ဘုဒလက်ကျေးရွာဘက်ခြမ်းတွင် ရေတိုက်စား၍မြေပြိုသွားပါသည်။၎င်းအနီးတွင်ထွန်စက် ၅ စီး ၊ ဘိုဒိုဇာမြေထိုးစက် ၁ စီး ရပ်ထားသည်ကိုတွေ့ရှိရသည် ။ ၄င်းရေတိုက်စားသောနေရာအားပျဉ်ပြားများခင်းထားပြီးတံတားဖြတ်ခကားတစ်စီးလျှင် ၃၀၀၀ကျပ်နှုန်းကောက်ခံလျက်ရှိပါသည် ၃၀၀၀ကျပ်ပေးလျှင်ခင်းထားတဲ့အပေါ်ကနေသွားရပါသည်
မပေးလျှင်အောက်လမ်းကားကြီးများသွားသောလမ်းမှသွားရပါသည်
အောက်လမ်းမှာကားသေးများလုံးဝသွားလို့ မရပါ အောက်မှဆင်းသွား၍ကားနစ်
လျှင်ထွန်စက်နှင့်ဆွဲရပါသည်
ထွန်စက်နှင့်ဆွဲခမှာကားတစ်စီးလျှင် တစ်သောင်းခွဲပေးရပါသည် အပေါ်လမ်းဖြတ်လို့ငွေမပေးရင်ဟိုဘက်မှာတွေ့လားကျုပ်တို့ အဖွဲ့ ဘုဒလက်ရွာသားတွေ ထိုင်နေတယ် ဖြတ်ခွင့်မရှိ ခြိမ်းခြောက်သလိုပြောသေးသည် ရေတိုက်စားမှုကိုအခွင့်ကောင်းယူပြီးလုပ်စားနေသူများအားသတိထား၍သွားစေလိုကြောင်းခရီးသွားပြည်သူလူထုများသိစေရန်နှင့်
ယခုလိုမျိုးပွဲလန့်တုန်းဖျာခင်းသမားများပပျောက်ပြီးအမှန်တစ်ကယ်ဒုက္ခရောက်သူများကိုကူညီစောင့်ရှောက်ပေးတတ်သောမြန်မာ့စိတ်ဓာတ်နှင့်မြန်မာလူမျိုးများပေါ်ပေါက်နိုင်စေရန်ခရီးသွားမှတ်တမ်းအဖြစ်တင်ပြလိုက်ရပါသည်
ခရီးသည်တစ်ဦး၏ရင်ဖွင့်သံ


No comments:

Post a Comment