Wednesday, August 5, 2015

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ အရန်မီးသတ်တပ်ဖွဲ့စခန်း၌ ဇူလိုင်လနောက်ဆုံးပတ်က မီးငြှိမ်းသတ်ယာဉ်နှစ်စီးနှင့် လူနာတင်ယာဉ် တစ်စီးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

မီးသတ်ယာဉ်နှစ်စီးနှင့် လူနာတင်ယာဉ်တစ်စီးပေးအပ်
===================================

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ အရန်မီးသတ်တပ်ဖွဲ့စခန်း၌ ဇူလိုင်လနောက်ဆုံးပတ်က မီးငြှိမ်းသတ်ယာဉ်နှစ်စီးနှင့် လူနာတင်ယာဉ် တစ်စီးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ အင်းတော် ကြီးဒေသ နန့်မွန်းကျေးရွာနှင့် လုံးတုံကျေးရွာများသို့ ငွေကျပ်သိန်း ၂ဝဝ ကျော်တန်ဖိုးရှိ ဖောလ်နှင့်ဒေါင်ဖန်းအမျိုးအစား မီးငြှိမ်းသတ်ယာဉ် နှစ်စီးကိုလည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ၊ ကချင်ပြည်နယ်တာဝန်ခံ သီရိပျံချီဦးသိန်းဇော်မိသားစုကဟိုပင်မြို့ ရွာသစ်ကြီးကျေးရွာ မေတ္တာရှင်လူမှုကူညီရေးအသင်း သို့ လူနာတင်ယာဉ် SUPER CUSTOM ကားတစ်စီးကိုလည်းကောင်း၊ ဟိုပင်အင်းတော်ကြီးဒေသရှိ ရေကြီးနစ်မြုပ်တောင်သူများ၏ မျိုးစပါး အတွက် ထောက်ပံ့ငွေကျပ်သိန်း ၃ဝ ကိုလည်းကောင်း တာဝန်ရှိသူများ ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)


No comments:

Post a Comment