ရေတိုက်စားသဖြင့် တည်ဆောက်ဆဲနန့်ရင်းချောင်းကူးတံတား ကမ်းကပ်ခုံနှင့် ချဉ်းကပ်လမ်းအစိတ်အပိုင်းအချို့ ပျက်စီး
===================================================
မိုးညှင်း သြဂုတ် ၁၈
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ ဘက်ရှိ မြို့ရှောင်ကတ္တရာလမ်းပိုင်း တွင် တည်ဆောက်လျက်ရှိသော နန့်ရင်းချောင်းကူး တံတားသည် ဇူလိုင်လအတွင်းက မိုးရွာသွန်းမှုနှင့် နန့်ရင်းချောင်း ရေလျှံမှုကြောင့် တံတားကမ်းကပ်ခုံနှင့် ချဉ်းကပ်လမ်း အစိတ်အပိုင်းအချို့ ပျက်စီးသွားခဲ့ ကြောင်း သိရသည်။
နန့်ရင်းချောင်းရေစီးအရှိန်ကြောင့် ချောင်းကူးတံတား ရေလယ်တိုင်များ အကြားတွင် ပိတ်ဆို့မှုများဖြစ်ကာ ချောင်းအနောက်ဘက်ကမ်း တံတား ကမ်းကပ်ခုံနှင့် ချဉ်းကပ်လမ်းအောက် ခြေကို ရေတိုက်စားသဖြင့် ချဉ်းကပ် လမ်းမှာ ပေ ၅ဝ ခန့် ပျက်စီးသွားပြီး ကမ်းကပ်ခုံမှာလည်း ရေလယ်သို့ ရောက်ရှိနေသည်။ ကမ်းကပ်ခုံသို့ ချဉ်းကပ်လမ်းမှာ အမာခံကျောက်တုံး များ ချထားခြင်းမရှိဘဲ မြေသားများ ဖြင့်သာ မြေဖို့တည်ဆောက်ထား သဖြင့် အလွယ်တကူ ရေတိုက်စားခံရ ပြီး ပျက်စီးခြင်းဖြစ်ကြောင်း အတွေ့ အကြုံရှိသူများက ပြောသည်။
အဆိုပါ နန့်ရင်းချောင်းကူးတံတား သည် မိုးညှင်းမြို့အရှေ့ဘက်တွင် ဖောက်လုပ်နေသော အရှည် ၆ မိုင် ကျော်ရှိ မိုးညှင်းမြို့ရှောင်လမ်းပိုင်း ပေါ်မှ တံတားတစ်စင်းဖြစ်သည်။ အရှည်ပေ ၃ဝဝ၊ အကျယ်ပေ ၃ဝ ရှိ ကွန်ကရစ်တံတားဖြစ်ပြီး တံတားကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁ဝဝဝ ကျော်ဖြင့် သိန်းသန်းဌေး ကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ် ကြောင်း သိရသည်။
နန့်ရင်းချောင်းကူးတံတားကို မူလ က ယခုနှစ် မတ်လအတွင်း ပြီးစီးရန် ဖြစ်သော်လည်း ယခုပျက်စီးမှုကြောင့် တံတားကြံ့ခိုင်စေရန် ဆက်လက်ကြိုး စားရဦးမည်ဖြစ်ကြောင်း၊ တံတား သည် မြို့ရှောင်လမ်းပေါ်မှ တံတား ဖြစ်ရာ ယခုနှစ်တွင် တံတားတည် ဆောက်မှုမပြီးစီးပါက မိုးညှင်းမြို့ အတွင်းမှ ဖြတ်သွားနေသော ကုန်တင် ယာဉ်ကြီးများအပါအဝင် ယာဉ် အမျိုးမျိုးမှာ မြို့တွင်းမှသာ ဆက် လက်ဖြတ်မောင်းနေရဦးမည်ဖြစ်၍ မြို့တွင်းလမ်းများတွင် ယာဉ်ကြော ပိတ်ဆို့ခြင်းနှင့် လမ်းပျက်စီးခြင်းများ လည်း ဆက်လက်ဖြစ်ပွားနေဦးမည် ဖြစ်ကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။ (ဝ၆၃) ရေတိုက်စားသဖြင့် တည်ဆောက်ဆဲနန့်ရင်းချောင်းကူးတံတား ကမ်းကပ်ခုံနှင့် ချဉ်းကပ်လမ်းအစိတ်အပိုင်းအချို့ ပျက်စီး
===================================================
မိုးညှင်း သြဂုတ် ၁၈
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ ဘက်ရှိ မြို့ရှောင်ကတ္တရာလမ်းပိုင်း တွင် တည်ဆောက်လျက်ရှိသော နန့်ရင်းချောင်းကူး တံတားသည် ဇူလိုင်လအတွင်းက မိုးရွာသွန်းမှုနှင့် နန့်ရင်းချောင်း ရေလျှံမှုကြောင့် တံတားကမ်းကပ်ခုံနှင့် ချဉ်းကပ်လမ်း အစိတ်အပိုင်းအချို့ ပျက်စီးသွားခဲ့ ကြောင်း သိရသည်။
နန့်ရင်းချောင်းရေစီးအရှိန်ကြောင့် ချောင်းကူးတံတား ရေလယ်တိုင်များ အကြားတွင် ပိတ်ဆို့မှုများဖြစ်ကာ ချောင်းအနောက်ဘက်ကမ်း တံတား ကမ်းကပ်ခုံနှင့် ချဉ်းကပ်လမ်းအောက် ခြေကို ရေတိုက်စားသဖြင့် ချဉ်းကပ် လမ်းမှာ ပေ ၅ဝ ခန့် ပျက်စီးသွားပြီး ကမ်းကပ်ခုံမှာလည်း ရေလယ်သို့ ရောက်ရှိနေသည်။ ကမ်းကပ်ခုံသို့ ချဉ်းကပ်လမ်းမှာ အမာခံကျောက်တုံး များ ချထားခြင်းမရှိဘဲ မြေသားများ ဖြင့်သာ မြေဖို့တည်ဆောက်ထား သဖြင့် အလွယ်တကူ ရေတိုက်စားခံရ ပြီး ပျက်စီးခြင်းဖြစ်ကြောင်း အတွေ့ အကြုံရှိသူများက ပြောသည်။
အဆိုပါ နန့်ရင်းချောင်းကူးတံတား သည် မိုးညှင်းမြို့အရှေ့ဘက်တွင် ဖောက်လုပ်နေသော အရှည် ၆ မိုင် ကျော်ရှိ မိုးညှင်းမြို့ရှောင်လမ်းပိုင်း ပေါ်မှ တံတားတစ်စင်းဖြစ်သည်။ အရှည်ပေ ၃ဝဝ၊ အကျယ်ပေ ၃ဝ ရှိ ကွန်ကရစ်တံတားဖြစ်ပြီး တံတားကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁ဝဝဝ ကျော်ဖြင့် သိန်းသန်းဌေး ကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ် ကြောင်း သိရသည်။
နန့်ရင်းချောင်းကူးတံတားကို မူလ က ယခုနှစ် မတ်လအတွင်း ပြီးစီးရန် ဖြစ်သော်လည်း ယခုပျက်စီးမှုကြောင့် တံတားကြံ့ခိုင်စေရန် ဆက်လက်ကြိုး စားရဦးမည်ဖြစ်ကြောင်း၊ တံတား သည် မြို့ရှောင်လမ်းပေါ်မှ တံတား ဖြစ်ရာ ယခုနှစ်တွင် တံတားတည် ဆောက်မှုမပြီးစီးပါက မိုးညှင်းမြို့ အတွင်းမှ ဖြတ်သွားနေသော ကုန်တင် ယာဉ်ကြီးများအပါအဝင် ယာဉ် အမျိုးမျိုးမှာ မြို့တွင်းမှသာ ဆက် လက်ဖြတ်မောင်းနေရဦးမည်ဖြစ်၍ မြို့တွင်းလမ်းများတွင် ယာဉ်ကြော ပိတ်ဆို့ခြင်းနှင့် လမ်းပျက်စီးခြင်းများ လည်း ဆက်လက်ဖြစ်ပွားနေဦးမည် ဖြစ်ကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။ (ဝ၆၃)
Tuesday, August 18, 2015
ရေတိုက်စားသဖြင့် တည်ဆောက်ဆဲနန့်ရင်းချောင်းကူးတံတား ကမ်းကပ်ခုံနှင့် ချဉ်းကပ်လမ်းအစိတ်အပိုင်းအချို့ ပျက်စီး ===================================================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment