ကတ်နှစ်ကတ်လုံး Glaxy Note-5 ပြည်တွင်းမှာပင် ၀ယ်ယူနိုင်မည်
===================================
ရန်ကုန် သြဂုတ် ၁၉
ဆင်းကတ်များ ဈေးနှုန်းသက်သာလာသဖြင့် ပြည်ပနာမည်ကျော် မိုဘိုင်းကုန်အမှတ်တံဆိပ်များသည် ပြည်တွင်းဈေးကွက်ရရှိရန် ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် မိုဘိုင်းဈေးကွက်ဦးဆောင် အမှတ်တံဆိပ် ဆမ်ဆောင်း မှ ဂလက်ဇီနုတ်ဖိုက်ကို ဖွံ့ဖြိုးပြီးနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် မိတ်ဆက် ဖြန့်ဖြူးကာ ဈေးကွက်နေရာရယူရန် ကြိုးပမ်းလာကြောင်း မြင်တွေ့ရသည်။
၂ဝ၁၁ မှ စတင်ကာ ဂလက်ဇီစီးရီး မိုဘိုင်းနည်းပညာထုတ်ကုန်များ သည် မြန်မာစာသုံးစွဲသူများအကြား ခေတ်စားလာခဲ့ပြီး ယခုအခါ ဂလက်ဇီ နုတ် နောက်ဆုံးမျိုးဆက် စမတ်ဖုန်းအသစ်သည် မြန်မာစာသုံးစွဲသူများအတွက် နည်းပညာအပြင် ကတ်နှစ်ကတ် ထည့်သွင်းသုံးနိုင်ရန်ပါ ဆောင်ရွက်ထားခြင်း ဖြင့် ဆက်သွယ်ရေးနည်းပညာမြင့်မားမှုကို အထောက်အကူ ဖြစ်စေမည်ဖြစ် ကြောင်း ဆမ်ဆောင်း မြန်မာ၏ မန်နေးဂျင်းဒါရိုက်တာ နန်ဆစ်အန်းက ပြောကြားသည်။
ယခုနောက်ပိုင်းတွင် ပြည်တွင်းအသုံးပြုသူများသည် လက်တစ်ဖက် တည်းဖြင့် အသုံးပြုနိုင်မည့် အခြေအနေကို ပိုမိုစိတ်ဝင်စားလာကြကြောင်း သုံးစွဲသူများ၏ စစ်တမ်းအရ သိရှိရသည်။
ဂလက်ဇီနုတ်ဖိုက်ကို သြဂုတ် ၁၇ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ဂလက်ဇီ၏ ငါးဆက်မြောက် နည်းပညာလည်းဖြစ်ခြင်းကြောင့် သုံးစွဲသူများ အတွက် နောက်ဆုံးပေါ် အသုံးအဆောင်ကို ပြည်တွင်းမှာပင် အချိန်မဆိုင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ထူးခြားချက်များထဲမှ ကြိုးမဲ့အားသွင်းစနစ်သည် နှစ်နာရီအတွင်း ရာနှုန်းပြည့်အားကိုရရှိစေပြီး သြဂုတ် ၂၃ရက်မှစတင်ကာ ငွေကျပ် ၈သိန်း ၈သောင်းဖြင့် ဖြန့်ဖြူးမည်ဖြစ်ကြောင်း သိရသည်။
သွန်းဝဿန် ကတ်နှစ်ကတ်လုံး Glaxy Note-5 ပြည်တွင်းမှာပင် ၀ယ်ယူနိုင်မည်

သွန်းဝဿန်
Wednesday, August 19, 2015
ကတ်နှစ်ကတ်လုံး Glaxy Note-5 ပြည်တွင်းမှာပင် ၀ယ်ယူနိုင်မည် ===================================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment