Saturday, November 7, 2015

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဟူသည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဟူသည်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြည်ခိုင်ဖြိုးပါတီ သည် တိုင်းရင်းသား များဖြင့် ဖွဲ့စည်းထားသော
ကျစ်လစ်ခိုင်မာသော ပါတီ တစ်ခုဖြစ်ပါသည်။ ပြည်ခိုင်ဖြိုးပါတီ သည်
ရပ်/ကျေး အဆင့် ၊ မြို့နယ် အဆင့် ၊ ခရိုင်အဆင့် ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ် အဆင်ဆင့်၊ ဗဟိုအဆင့် စသည်ဖြင့် Institution  ကောင်းကောင်း ဖြင့် ဖွဲ့စည်းထားသည်မှာ အင်အား ၅ သန်း ၆ သိန်းကျော် ပါတီဝင်ထုရှိပါသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းသည် စနစ်ကျနပြီး
တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထားခြင်း၊ ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များ တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးရေး အတွက် စနစ်ကျန သော စီမံချက်များဖြင့်
တိုင်းပြည်ကို ဦးဆောင်သွားမည့် ပါတီ ဖြစ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒ၊ လုပ်ငန်းလမ်းစဉ်များ၊ သံန္နိဋ္ဌာန်များသည် အစမ်းသပ်ခံ အစစ်ဆေးခံနိုင်သော  တိုင်းရင်းသား ပြည်သူလူထုအတွက်
ဦးထိပ်ထားသော မူဝါဒများ ဖြစ်ပါသည်။ ခိုင်မာသော ရည်မှန်းချက်များဖြင့်
တိုင်းပြည်အတွက် ဆောင်ရွက်နေပါသည်။

အတိတ်  ။ ပစ္စုပ္ပန်  ၊ အနာဂတ် ကာလ သုံးပါးလုံး ပြန်လည်သုံးသပ် ကြည့်နိုင်ပါသည်။မြန်မာနိုင်ငံ၏ အရေးပါဆုံးသော အဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့်လည်း ဒင်္ဂါးပြားကဲ့သို့ ခေါင်းနှင့်ပန်း ခွဲမရသော ပါတီသည်
ပြည်ခိုင်ဖြိုးပါတီ  ဖြစ်ပါသည်။

လက်တန်းထိုး ၊ မီးစင်ကြည့် က မည် ပါတီမဟုတ်ပါ။
တိုင်းပြည်ကိုလည်း လက်တန်းထိုး၊ မီးစင်ကြည့်က ပြီး ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်မည့် ပါတီ မဟုတ်ပါ။

မိဘပြည်သူများအနေဖြင့် ပိုင်းခြားဝေဖန် သုံးသပ်ပြီး
ထောက်ခံမဲ ရဲရဲကြီးသာ ပေးလိုက်ပါ။
တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကို ယနေ့ထက်ပိုမိုဖေါ်ဆောင်သွားမည့်
       တစ်ခုတည်းသော ပါတီသည်
သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော
“ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ”   သာ ဖြစ်ပါကြောင်း-----------------

No comments:

Post a Comment