Wednesday, November 4, 2015

ချယ်လ်ဆီးနိုင်ပြီး အာဆင်နယ်ဂိုးပြတ်ရှုံးခဲ့တဲ့ ချန်ပီယံလိဂ်

ချယ်လ်ဆီးနိုင်ပြီး အာဆင်နယ်ဂိုးပြတ်ရှုံးခဲ့တဲ့ ချန်ပီယံလိဂ်

ချယ်လ်ဆီး ၂ ဂိုး- ၁ဂိုး ဒီနမိုကိဗ်

ယူကရိန်းကလပ် ဒီနမိုကိဗ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီး တို့ အနိုင်ရဖို့ခက်ခက်ခဲခဲကစားခဲ့ရ ပြီး ၂ဂိုး- ၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီး ကွင်းလယ် ကစားသမား ၀ီလျံခြေစွမ်းပြခဲ့ပြီး အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။ ပထမပိုင်း ၃၄ မိနစ်မှာ ဒရာ ဂိုဗစ်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းလို့ ချယ်လ် ဆီး ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒုတိယပိုင်း ၇၈ မိနစ်မှာ ဒရာဂိုဗစ်က ချေပခဲ့လို့ ၁ ဂိုးစီဖြစ်ခဲ့ပြီး ၈၃ မိနစ်မှာ ၀ီလျံကအနိုင်ဂိုးသွင်းခဲ့လို့ ချယ်လ်ဆီး ဒုတိယ မြောက်နိုင်ပွဲရခဲ့တာပါ။

ဘိုင်ယန်မြူးနစ် ၅ဂိုး - ၁ ဂိုး အာဆင်နယ်

မြူးနစ်ကွင်းမှာ ကစားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်ပွဲမှာ လူမစုံတဲ့ အာဆင်နယ်က ခံစစ်ပိုင်းအားနည်း မှုတွေနဲ့ ဂိုးပြတ်ရှုံးခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က တစ်ဦးချင်းရော အသင်း လိုက်ပါ ကစားပုံကောင်းခဲ့ပြီး အာဆင် နယ် ခံစစ်အမှားတွေကနေ ဂိုးတွေသွင်းခဲ့တာဖြစ်ပါ တယ်။ အာဆင်နယ်ဖက်ကလည်း ဂိုးရနိုင်မယ့် အခွင့်အရေးအချို့ရခဲ့ပေမယ့် အဆုံးသတ် မသေချာခဲ့လို့ဂိုးမရခဲ့တာပါ။ ဘိုင်ယန်အတွက် ၁၀ မိနစ်မှာ လီဝန်ဒေါစကီး၊ ၂၉ နဲ့ ၈၉ မိနစ်တွေမှာ သောမတ်စ်မူလာ၊ ၄၄ မိနစ်မှာ အလဘာနဲ့ ၅၅ မိနစ် မှာ ရော်ဘင်တို့က သွင်းပေးခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက် ၆၉ မိနစ်မှာ ဂျီရူးက တစ်ဂိုးသွင်းပေးခဲ့ပါတယ်။
လက်ရှိချန်ပီယံ ဘာစီလိုနာကလည်း အိမ်ကွင်းမှာ အသင်းငယ် ဘိတ်ကို ၃ ဂိုးပြတ် နဲ့ နိုင်ပါတယ်။ ဘာစီလိုနာနဲ့ အတွက် နေမာ နှစ်ဂိုးနဲ့ ဆွာရက်စ်တို့ သွင်းပေးခဲ့တာဖြစ်ပါ တယ်။

အခြားပွဲရလဒ်များ

ရိုးမား ၃ - ၂ လေဗာကူဆင်
အိုလံပီယာကော့စ် ၂ - ၁ ဒီနမိုဇာဂရက်
မကာဘီတဲလ်အဗစ် ၁ - ၃ ပေါ်တို
ဂန့် ၁ - ၀ ဗလင်စီယာ
လီယွန် ၀ - ၂ ဇင်းနစ်



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment