Sunday, August 31, 2014

ငြိမ်းချမ်းရေး အိမ်မက်မှ မလန့်နိုးစေချင်


ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း မျှော်လင့်နေကြသည့် အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်း ချမ်းရေး ရရှိတော့မှာ ဖြစ်သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ရပါတယ်။အခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပွဲများကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေး ခရီးရောက်နေကြ ပါပြီ။ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ နှစ်ဦးနှစ်ဖက်မှ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားမှု၊ ယုံကြည်မှု၊သစ္စာရှိမှု နှင့် ဆွေးနွေးသူ သည် တာဝန်ခံမှု၊ တာဝန်ယူမှု စသည်တို့ရှိမှသာလျှင် အောင်မြင်မှု ပိုမိုရရှိမှာ ဖြစ်ပါတယ်။

ယုံကြည်မှု အပြန်အလှန် ရရှိစေဖို့ အစိုးရ၊တပ်မတော် အပိုင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အခြားနိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံသားတွေအပိုင်းကပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မယ့် လမ်းတွေ ပွင့်ဖို့လည်း လိုအပ်နေပါတယ်။အခုအခါမှာ အစိုးရအား တိုင်းရင်းသားတို့ ဘက်မှ တောင်းဆိုသည့် အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဖက်ဒရယ်ဆိုသည့် အသုံး အနှုန်းကို လက်ခံပေးထားသလို တိုင်းရင်းသားတွေဘက်ကလဲ ဒိုတာဝန်အရေး(၃)ပါး အား လက်ခံပေးထားကြပါ တယ်။ဒါဟာ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှု အရိပ်အရောင်တွေပါဘဲ။နှစ်ဖက်စလုံးမှာ ယုံကြည်မှုကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးပန်တိုင်အား လျောက်လှမ်းစေချင်ပါတယ်။

အပစ်ရပ်စာချုပ်ပေါ်မှာ ခိုင်မာစွာ လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဖက်စလုံးက တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု တွေကို အောင်မြင်အောင် ဆွေးနွေးစေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချက်တွေက အပစ်ရပ်ဖို့ အရမ်းအရေးပါပါတယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးပြီးမှ ပြန်လည် ခွဲထွက်ခြင်း၊ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းများ ပြန်လည်မဖြစ်စေဖို့ သေချာစွာ ညှိနှိုင်းစေလိုပါတယ်။ တပ်ပိုင်းဆိုင်ရာ အချက် အလက်တွေ ဖြစ်သည့် နယ်မြေခွဲဝေသတ်မှတ်ခြင်း၊တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ၊ တပ်အင်အား တိုးချဲ့မှုများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု တွေရှိဖို့ လိုအပ်လာသလို ကတိ ကဝတ်များဖြင့် ဆောင်ရွက်ဖို့ လိုပါတယ်။တပ်ပိုင်းဆိုင်ရာ နယ်မြေခွဲဝေမှုတွေ ရှိလာခဲ့မယ်ဆိုရင် ထိုမှတဆင့် အာဏာခွဲဝေမှု အပိုင်းသို့ ဖြစ်မသွားစေလိုပါ။ နိုင်ငံတော်အတွင်း တိုင်းရင်းသားပေါင်းစုံ ပူးပေါင်း၍ စည်းလုံး ညီညွတ်မှုရှိမှ သာလျင် နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ နယ်မြေဒေသအတွင်း တရားဥပဒေ စိုးမိုးရေး ရှိမှသာလျင် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ စတင်ဆောင်ရွက်လာတာ ၂၀၁၁ မှစ၍ ယခုအချိန်အထိ ၃ နှစ်တာကာလကို ကျော်လွန်လာပါပြီ။ဒီကာလ အတောအတွင်းမှာ နှစ်ဖက်စလုံးမှ စိတ်အားထက်သန်စွာ ကြိုးစားလာခဲ့တာကို တွေ့မြင်ရပါတယ်။ထိုမှတဆင့် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ အခြေခံသဘောထားတွေရရှိလာကာ ဆက်လက်ပြီး အောင်မြင်အောင် ဆောင်ရွက်လာနိုင်ဖို့ နှစ်ဦးနှစ်ဖက်မှ ညီတူမျှတူစွာ ဆွေးနွေးတိုင်ပင်စေ လိုပါတယ်။နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးမှုလမ်းစဉ်ပေါ်မှာ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ဒီလို အချိန်မှာ ငြိမ်းချမ်းရေးကြောင့် ခရီးမနှောင့်နှေးစေလိုပါ။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသား တိုင်းမှာ တာဝန်ရှိသလို အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ တဖြည်းဖြည်း တိုးတက်လာသလို ဆွေးနွေးရန် ကျန်ရှိသည့် အပိုင်းတွေကလဲ အဓိကကျတာဖြစ်လို့ ယုံကြည်မှုနဲ့ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။အဓိက တိုင်းရင်းသားတွေဘက်က သံသယစိတ်တွေကို လျော့ချဖို့လိုပါတယ်။နှစ်ဦးနှစ်ဖက်မှာ အမြင်မတူတာတွေ ရှိပေမယ့် ပြည်ထောင်စု နိုင်ငံတော်ကြီး ပြိုကွဲမသွားဖို့ပါ။ ဒီလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဆွေးနွေးရင်း အဖြေရှာရင်းနဲ့ တိုးတက်လာပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ ယူဆရသလို၊ နိုင်ငံရေး ဆွေးနွေးပွဲများဆီကိုလည်း တက်လှမ်းနိုင်တော့မယ်လို့ ယူဆရပါတယ်။ဒီလိုမှမဟုတ်ဘဲ သံသယစိတ်တွေ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ လမ်းခုလတ်မှာ ရပ်သွားမယ် ဆိုရင် ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးအိမ်မက်ကြီး ပျက်သွားနိုင်ပြီး နောင်မျိုးဆက်များအတွက် လည်း တာဝန်မကျေရာကြမည် ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ပါတယ်။

မိုးညှင်းသတင်းအဖွဲ့ကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ

http://www.mohnyinnews.blogspot.com


Posted via Blogaway

_/|\_ (နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)×၃ _/|\_ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ...

_/|\_ (နမော တဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ)×၃ _/|\_

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ၊

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
အာမဘန္တေပါ၏အရှင်ဘုရား။

“ မေတ္တာပို့ ”
•••••••••••••••••••••••••••••••••••
●သဗ္ဗေ သတ္တာ - သက်ရှိသတ္တဝါအပေါင်း။
●သဗ္ဗေ ပါဏာ - ဝင်သက် ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း။
●သဗ္ဗေ ဘူတာ - အလုံးစုံသော သတ္တဝါအပေါင်း။
●သဗ္ဗေ ပုဂ္ဂလာ - ပုဂ္ဂိုလ်အပေါင်း။
●သဗ္ဗေ အတ္တဘာဝပရိယာပန္နာ - ရုပ်နာမ်နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း။
●သဗ္ဗာ ဣတ္ထိယော - အမျိုးသမီးအပေါင်း။
●သဗ္ဗေ ပုရိသာ - အမျိုးသားအပေါင်း။
●သဗ္ဗေ အရိယာ - အရိယာသူတော်စင်အပေါင်း။
●သဗ္ဗေ အနရိယာ - အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း။
●သဗ္ဗေ ဒေဝါ - နတ်ဗြဟ္မာအပေါင်း။
●သဗ္ဗေ မနုဿာ - လူသားအပေါင်း။
●သဗ္ဗေ ဝိနိပါတိကာ - အပါယ်ဘုံသားအပေါင်း။

အဝေရာ ဟောန္တု - ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
အဗျာပဇ္ဇာ ဟောန္တု - စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
အနီဃာ ဟောန္တု - ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု - ကိုယ့်ဝန် ကိုယ့်တာ ၊
ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
ဒုက္ခာ မုစ္စန္တု - ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ။
ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု - ရပြီးသော ဂုဏ်သိရ် စည်းစိမ်ဥစ္စာများလည်း မယုတ်လျော့ကြပါစေသတည်း။
ကမ္မဿကာ - ကိုယ်ပြုသောကံအမှုအတိုင်း
ခံစား၊ စံစားရသူချည်းပါတကား၊
ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိသူချည်းပါတကား။

မိုးညှင်းသတင်းအဖွဲ့ကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ

http://www.mohnyinnews.blogspot.com


Posted via Blogaway

ရွှေဖရုံသီးဟင်းချက်နည်းမိုးညှင်းသတင်းအဖွဲ့

ရွှေဖရုံသီးဟင်း



ဒီဟင်းကတော့ မာမာ့အကြိုက်ထဲက ဟင်းတစ်မယ်ပါ ချက်ရတာလဲလွယ်ပါတယ် စားရတာလဲကောင်းပါတယ် ငပိထောင်းလေးနဲ့များတွဲပြီးစားလိုက်ရင် ဆွေမေ့မျိုးမေ့ပေါ့နော်။

ရွှေဖရုံသီးက စီးရင်ပိုပြီးစားကောင်းပါတယ် ဒီမှာတော့ ပလပ်စတစ်တွေအုပ်ထားတဲ့အတွက် စီးမစီး မသိရပါဘူး မြန်မာပြည်မှာဆိုရင် ရွှေဖရုံသီးကို လက်သည်းလေးနဲ့ထိုးလိုက် ထွက်လာတဲ့အစည်းကိုလက်မနဲ့ လက်ညှိုးလေး၂ခုမှာကပ်ပြီးကြည့်လိုက်လို့ ကပ်နေရင်စီးတယ်ပေါ့နော် ဒီမှာကလိုချင်တဲ့အလုံး ကောက်ယူလာပြီး ချက်ရတော့တာပါဘဲ ကံကောင်းရင် အစီးသီးရမယ် ကံမကောင်းရင် ဖွာတာတာအသီးလေး စားရမယ်ပေါ့နော်။

ပါဝင်ရမှာလေးတွေပြောပါမယ်

  • အခွံခွာပြီး ရေစင်အောင်ဆေးထားသော ရွှေဖရုံသီး - 1kg
  • အခွံခွာပြီး ကြောခွဲအမဲကြောင်းထုတ်ထားသောပုဇွန်ထုတ် - ဆယ်ကောင်
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  • ညက်နေအောင်ထောင်းသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တစ်ဆစ်
  • ငရုတ်သီးအရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ချက်ဖို့ပြင်ပါမယ်
  • ဟင်းရည်သောက်ချက်ရန်အိုးတစ်လုံးထဲသို့ရွှေဖရုံသီးနဲ့အတူ ပါဝင်ပစ္စည်းအားလုံးကိုထဲ့ပြီးနယ်ပေးပါ
  • ရေအနည်းငယ်ထဲ့ပြီး တည်ပေးပါ
  • ရေခမ်းကာနီး ဆီသံမကြားခင်ရေလိုသလောက်ထဲ့ပြီးတည်ပေးပါ
  • ရွှေဖရုံသီးနူးတာနဲ့ ဟင်းရည်အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ပြီးရင်စားသုံးရန်ရပါပြီ။

မိုးညှင်းမြို့ကိုအီဗိုလာ သတိထားရန်တင်ပြရန်ုံစာပါgmailပို့ခဲ့လို့ပြန်တင်ပေးလိုက်ပါတယ်‌


မိုးညှင်းမြို့ကိုအီဗိုလာ သတိထားရန်တင်ပြရန်ုံစာပါgmailပို့ခဲ့လို့ပြန်တင်ပေးလိုက်ပါတယ်‌

Posted via Blogaway

ယနေ့မိုးညှင်းသတင်းapkကိုအားပေးကြသောအိမ်ရှင်မများအတွက်ဟင်းချက်နည်းလေးပါဂဏန်းဆီပြန် မွှေးမွှေးလေး




စားသုံးသူအားလုံးနှစ်သက်မယ်လို့ထင်ပါတယ် ဒီဟင်းကတော့ မာမာအရမ်းကြိုက်တဲ့ဟင်းလေးပါ ဂဏန်းဆိုရင် လယ်ဂဏန်း ပင်လယ်ဂဏန်း ချောင်းဂဏန်းအကုန်ကြိုက်ပါတယ်။

ဂဏန်းကိုချက်တော့မယ်ဆိုရင် မချက်ခင်သူ့ကိုအရင်ဆုံး အပြင်ခွံတွေပြောင်အောင်ဆေးရပါတယ် ပြီးတော့ အခွံကိုခွာ အခွံမှာကပ်နေတဲ့ အဆီတွေကို ပန်းကန်တစ်ခုမှာ ထဲ့ထားပေးပါ ခွာလိုက်တဲ့အသားခြမ်းမှာကပ်နေတဲ့ ပါးဟပ်ကလေးတွေကို ဖယ်ပြစ်ရပါတယ် အဲဒီပါးဟပ်လေးတွေကို စားမိရင်ဗိုက်နာတတ်ပါတယ်။

အခုချက်ထားတဲ့ဂဏန်းဟင်းက မြန်မာပြည်ခနပြန်တုံး ချက်ထားတာလေးပါ ဒီမှာဂဏန်းကဈေးကြီးလွန်းလို့ ချက်စားခဲပါတယ် ဂဏန်းအရသာကိုထိမ်းတာက ချင်းနဲ့မဆလာမို့ ထဲ့ဖို့မမေ့ပါနဲ့နော်။

ပါးဟပ်ဖက်အခြမ်းမှာကပ်နေတဲ့ အစာလမ်းကြောင်းကိုလဲဖယ်ပေးပါ သန့်စင်သွားပြီဆိုရင်တော့ ချက်ဖို့ပြင်ပါမယ်။

ပါဝင်ရမှာလေးတွေကိုပြင်ပါမယ်

  • ရေဆေးသန့်စင်ပြီး အခွံချွတ်ထားသောဂဏန်းအကောင်ကြီးကြီး - ၆ကောင်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - တစ်လက်မမရှိတစ်ရှိ
  • မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မကျီးအနှစ် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်ဝက်သာသာ
အရသာနယ်ရန်
  • ဂဏန်းအသားကိုမချက်ခင် ဆား နနွင်း ငံပြာရည် ဟင်းချိုမှုန့် မဆလာတို့နဲ့ဆယ်မိနစ်လောက်ကြိုပြီးနယ်ထားပေးပါ
  • မဆလာကို အသားမှာနယ်ပြီးဆီသတ်ပါက ပိုပြီးမွှေးကြိုင်စေပါတယ်
ဟင်းချက်ရန်ပြင်ပါမယ်
  • ဒယ်အိုးဇောက်နက်နက်တစ်လုံးကို အပူပေးပြီးဆီထဲ့ပါ
  • ဆီပူလာတာနဲ့ထောင်းထားသော ကြက်သွန်ဖြူ နီ ချင်းတို့ကို ငရုတ်သီးနဲ့အတူဆီသတ်ပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ အရသာနယ်ထားသော ဂဏန်းကိုထဲ့ပြီးဆီသတ်ပေးပါ
  • ဖယ်ထားသော ဂဏန်းဆီကိုထဲ့ပြီးဆီဆက်သတ်ပေးပါ
  • ဂဏန်းသား ရဲလာပြီဆိုတာနဲ့ရေမြုပ်အောင်ထဲ့ပြီးအဖုံးအုပ်ကာတည်ပေးပါ
  • ရေခမ်းကာနီးပြီဆိုရင် မကျီးအနှစ်ကိုထဲ့မွှေပြီး ရေနဲနဲထပ်ထဲ့ကာ ဆီပြန်အောင်တည်ပေးပါ
  • ဆီပြန်ပြီဆိုတာနဲ့ အရသာမြည်းပြီးလိုအပ်သလိုပြင်ပေးပါ
  • ချင်း မဆလာနံ့မွှေးမွှေးလေးနဲ့ ဂဏန်းချဉ်စပ်ဟင်းလေးရပါပြီ


မိုးညှင်းသတင်းအဖွဲ့ရဲ့Blogလိပ်စာ

www.mohnyinnews.blogspot.com

ယနေ့ညအတွက်မိုးညှင်းသတင်းapkကြည့်ရှု့သူညီအကိုမောင်နှမများအတွက်တရားတော်

“ကိုးပါးသီလဖြင့် ဥပုသ်စောင့်သုံးခြင်း” -
အကြောင်းတရားဒေသနာတော် - MP3
••••••••••••••••••••••••••••••••••••••
Download လုပ်၍ နာယူနိုင်ရန် ကျေးဇူးတော်ရှင်
“အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ”
ဟောကြားတော်မူသော
“ကိုးပါးသီလဖြင့် ဥပုသ်စောင့်သုံးခြင်း” -
အကြောင်းတရားဒေသနာတော် - MP3 ကို
ဓမ္မဒါနပြုလိုက်ပါသည်။

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 15.04 MB
https://www.mediafire.com/?x0m57853zrm3zi1

မိုးညှင်းသတင်းအဖွဲ့ကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ

http://www.mohnyinnews.blogspot.com


Posted via Blogaway

လူတစ်ယောက်ရဲ့အဆင့်အတန်းဆိုတာ

ပိုက် ဆံ ချမ်းသာတဲ့ လူတိုင်း အ ဆင့် အတန်း မရှိနိင် ပါ ! ပညာ တတ်တဲ့လူတိုင်း အဆင့် အတန်း မရှိနိင် ပါ မျိုးရိုးမြင့် တဲ့လူတိုင်းလည်း အဆင့် အတန်း မရှိနိင် ပါ အဆင့် အတန်းဟူသည် ထို အရာများနဲ့ တိုင်းတာ ၍မ ရပါ # လူတ စ် ယောက် ၏ စိတ် နေစိတ်ထား ဗီဇ နဲ့သာ သက် ဆိုင် ပါသည် ဆင်း ရဲ တဲ့လူတိုင်း အဆင့် အတန်းမနိမ့်ကျပါ ထို့ အတူပညာမတတ်တဲ့လူတိုင်းလည်း အဆင့် အတန်း မနိမ့် ကျပါ စိတ် နေစိတ်ထားမြင့် မြတ်သူသည် အဆင့် အတန်းနိမ့်ကျ သော လုပ် ရပ်များကို ရွံမုန်းသည် စိတ်ဓာတ် မ ကောင်းပါက ပညာ တော် သော လူ တော်တစ် ယောက် ပိုက်ဆံ ချမ်းသာသော လူတစ် ယောက် ဖြစ် စေကာမူ ထိုလူသည် လူ ကြီးလူ ကောင်း တစ် ယောက် မဖြစ် နိင် ပါ ထို့ ကြောင့် အဆင့် အတန်း ဆိုသည် လူ တစ် ယောက် အတွက် ပဓာနကျသော အလှတရားတစ်ခုဖြစ်သည့်အတွက် လူတိုင်းလက် ကိုင် ထားသင့်သည်ဟု ကျွန် တော် တိုက် တွန်းပါရ စေ#

မိုးညှင်းသတင်းအဖွဲ့


Posted via Blogaway