Wednesday, October 29, 2014

အသံတိတ်ထိုးစစ်တွင် အသံပျောက်ခဲ့ရသည့်တိုင်းရင်းသူများ

အောက်တိုဘာလ ၈ ရက်နေ့တွင် ကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)မှ အသံတိတ်ထိုးစစ်ဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်စောင်ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာအားအနှစ်ချုပ်ပါက မြန်မာ စစ်တပ်နှင့် မဟာမိတ်ပြည်သူ့စစ်များကြောင့် ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုပိုများလာကြောင်း၊ မူးယစ်ဆေး စွဲသူ လင်နှင့်သားများကြောင့် မိသားစုအတွက်အလုပ်လုပ်နေရသည့် အမျိုးသမီးများ၏ဒုက္ခများကို အသေးစိတ် ရေးထားခြင်းဖြစ်သည်။ သို့သော် ထိုအသံတိတ်ထိုးစစ်ထဲတွင် ကချင်ပြည်နယ်မှအမျိုးသမီးများအပေါ် ကေအိုင်အေအဖွဲ့၏ဖမ်းဆီးမှု၊ ငွေကြေးကောက်ခံမှု၊ အမျိုးသမီးလက်နက်ကိုင်များအဖြစ် စုဆောင်းနေမှု များကတော့ အသံပျောက်နေခဲ့သည်။

    အသံတိတ်ထိုးစစ်မှာအသံပျောက်နေခဲ့ရသည့်ဖြစ်စဉ်အခိျု့ကိုထုတ်ကြည့်ကြရင် ဧပြီ ၃၀ ရက်နေ့တွင် ကေအိုင်အေက လဂတ်တော့ရွာအထွက်မှာ မိုင်းခွဲလို့ နမ့်ခမ်းမြို့နေ လီဆူးအမျိုးသမီး မမီးကျူနဲ့ ၃ ဦး ဒဏ်ရာရပြီး ၁ ယောက်သေခဲ့တဲ့ဖြစ်စဉ်၊ မေလ ၇ ရက်နေ့က တန်ဖဲရွာဟောင်းမှာ အသက် ၁၈ နှစ်သာရှိသေးတဲ့ မဆိုင်းလိုင်၊ မအားတန်၊ မသန္တာဆွေတို့အပါအ၀င် ရွာသူရွာသား ၃၉ ယောက်ကိုဖမ်းခေါ်သွားတဲ့ဖြစ်စဉ်၊ ဇွန်လ ၂၆ ရက်နေ့မှာ အလင်းဝင်ခဲ့တဲ့ ကေအိုင်အေက ကိုယ်ပိုင်အမှတ် ကေစီ-၂၅၇၇ ဗိုလ်အဆင့် မ၀င်းလျန်တို့လို ကေအိုင်အေကဖမ်း၊ စစ်သင်တန်းပေးပြီး စစ်တိုက်ခိုင်းလို့ထွက်ပြေးချင်ပေမယ့် ပြေးခွင့်မရတဲ့အမျိုးသမီးတွေ၊ ဇူလိုင် ၁၆ တုန်းက မိုးလှိုင်ကျေးရွာ
ကနေဖမ်းသွားခံခဲ့ရတဲ့ အမျိုးသမီး ၄ ဦးလိုမျိုး တိုင်းရင်းသူတွေ၊ ကလေးတွေကိုစာသင်ပေးနေတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာတိုက်နယ် အလယ်တန်းကျောင်းက ကျောင်းအုပ် ဆရာမကြီး ဒေါ်စန္ဒာမိုးကို မသေချင်ရင်ပြန်ဆိုပြီး ခြိမ်းခြောက်စာပို့ခဲ့တာတွေ၊ သြဂုတ်လ ၁၇ ရက်နေ့မှာ နမ့်တောင်းကျေးရွာအုပ်စုက လင်မယားနှစ်ယောက်မှာ ယောကျာ်းကိုသတ်ပြီး မိန်းမကိုမဖွယ်မရာလုပ်ချင်တဲ့ ကေအိုင်အေလက်က
ထွက်ပြေးခဲ့ရတဲ့ ဒေါ်နန်းဘောက်လို မုဆိုးမဖြစ်ခဲ့ရသူတွေ စသဖြင့် အစီရင်ခံစာတွေ ရေးရင်တောင် လက်တွေတောင် ကြွက်တက်သွားမလားလို့ထင်သည်။

သို့သော် ကချင်အမျိုးသမီးများအစည်းအရုံးဟုခေါင်းစဉ်တပ်ထားသည့် ထိုအမျိုးသမီးအဖွဲ့သည်ကား အမှန်တကယ်ဒုက္ခရောက်နေသည့်ကချင်တိုင်းရင်းသူများနှင့်ပတ်သက်သည့်အစီရင်ခံစာများထုတ်ပြန်နိုင်ခြင်း
မရှိ။ ကေအိုင်အေကဲ့သို့လက်နက်ကိုင်များရှိနေသည့်နေရာမှလွဲပြီး တစ်နိုင်ငံလုံးတွင်ဘိန်းစိုက်ဖို့မဆို
ထားနှင့်၊ ဆေးပြား တစ်ပြားမိလျှင်ပင် ထောင်ကျနိုင်သည့်အခြေအနေများကိုလည်းနားလည်ပုံမရ။ ထိုသို့သောအဖွဲ့များဆက်ရှိနေ ပါက အခုပြောတဲ့အသံတိတ်ထိုးစစ်ထက်ပိုမိုကြီးမားတဲ့ အသံတိတ်ထိုးစစ်ကြီးတွေရှိနေရင်တောင် အသံတိတ် နေအုံးမှာပဲဆိုတာနဲ့ ကျီးလန့်စာစားဘ၀တွေ ဘယ်တော့မှပြီးဆုံးနိုင်မလဲဆိုတာတွေကို တွေးမိ ပါသည်။

ကချင်လေး

www.mohnyinnews.blogspot.com

သားသမီးကိုဖျက်ဆီးလိုက်သောဖခင်တွေထဲမှာ သင်ပါဝင်နေပါသလား

၁။ အိမ်ထောင်ရေး ဖောက်ပြန်တတ်သောဖခင် ဖခင်ကအိမ်ထောင်ရေး ဖောက်ပြန်တော့ မိခင်နဲ့ခဏခဏပြဿနာတက်တယ်။ အိမ်မှာနေ့တိုင်းဆိုသလို တိုက်ပွဲဖြစ်နေတော့ ဘယ်သူ့မှသားသမီးကို မကြည့်အားဘူး။ သားသမီးတွေရဲ့စိတ်ကို အရမ်း ထိခိုက် စေပါတယ်။ ကိုယ့်အဖေကိုကြည့်ပြီး အိမ်ထောင်ပြုမဲ့အရွယ်ရောက်နေတဲ့ မိန်းခလေးတစ်ယောက် အိမ်ထောင်ရေးအကြောင်းလုံးဝမစဉ်းစားရဲတာ ကိုတွေ့ဖူးတယ်။ ၂။ စိတ်ကြီးတဲ့ဖခင် နည်းနည်းဆိုဆူပြီ၊ ထစ်ကနဲဆို လက်ပါပြီ၊ ( ၆ ) နှစ်အောက်ခလေး ဒီလိုဖခင်မျိုးနဲ့တိုးရင် ချစ်စရာအမူအကျင့်လေးတွေ ပျောက်ဆုံးပြီး ထုံထုံအအ ဖြစ်သွားမှာပဲ။ ကလေးရဲ့စိတ်ဟာ အလွန်နုနယ်လွန်းလှပါတယ်။ ကလေးတွေ အတွက် အယုံကြည်ရဆုံးနဲ့ အားအကိုးရဆုံးဆိုလို့ မိဘပဲရှိပါတယ်။ ၃။ ဆေးလိပ်သောက်တတ်သောဖခင် အချို့ကသားသမီးရှေ့မရှောင် ဆေးလိပ်သောက်တတ်ကြပါတယ်။ ဆေးလိပ်ဆိုတာ သောက်တဲ့လူတင် မကပဲ ဘေးမှာရှိတဲ့လူတွေကိုပါ ကျန်းမာရေးထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တတ်သောဖခင်ဟာ ဆေးလိပ်သောက်တတ်သော သားကိုပိုမိုမွေးထုတ်တတ်ပါတယ်။ ဖခင်ကိုအထင်ကြီးတော့ အတုမြင်အတတ်သင်တော့တာပါပဲ။ ၄။ ဂိမ်းဆော့ဝါသနာပါသောဖခင် ဖခင်ကဂိမ်းဆော့ဝါသနာပါရင် သားသမီးကိုတိုက်ရိုက်ကူးစက်တတ်ပါတယ်။ သားသမီးတွေဟာ ဂိမ်းရဲ့ဆွဲဆောင်မူကို ငြင်းဆန်နိုင်စွမ်း မရှိပါဘူး။ ဖခင်ကဂိမ်းဆော့နေမယ်။ သားသမီးကလိုက်ဆော့မယ်။ ကလေးရဲ့ပညာရေးဘယ်လောက်ထိခိုက်တယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။ ၅။ အမြဲပျက်ကွက်တတ်သောဖခင် မိဘဆရာတွေ့ဆုံပွဲ၊ အားကစားပွဲ၊ ကျောင်းအကြိုအပို့၊ ကလေးမွေးနေ့ စသည်တို့မှာ ဖခင်ကခဏခဏ ပျက်ကွက်နေရင် ကလေးကိုစိတ်ထိခိုက်စေတတ်ပါတယ်။ အတန်းဖေါ်တွေက အဖေအမြဲလာကြိုပြီး ကိုယ့်အဖေကျတော့ အမြဲအမအားဘူးလို့ပဲ ပြောနေတယ်။ ဖခင်မေတ္တာနဲ့ မိခင်မေတ္တာ ဟာ တခါတလေမှာ ကွာခြားတတ်ပါတယ်။ ဖခင်မေတ္တာဟာ ကလေးတွေ မိမိကိုယ်မိမိ ယုံကြည်ချက်တည်ဆောက်တဲ့နေရာမှာ အလွန်အထောက်အကူဖြစ်ပါတယ်။ Credit to: Aung Ko Latt

www.mohnyinnews.blogspot.com

သားသမီးများကို ပျိုးထောင်ပေးထားရမည့် အကျင့် ( ၁၀ ) မျိုး

မိဘတိုင်းဟာ သားသမီးတွေကို ကျန်းမာပျော်ရွှင်စေချင်ပါတယ်။ လူတစ်လုံး သူတစ်လုံး ပေါက်ပေါက်မြောက်မြောက် ဖြစ်စေချင်ပါတယ်။ လူတစ်ဦးရဲ့ အမူအကျင့်ဟာ ဘ၀ကကြမ္မာနဲ့ တိုက်ရိုက်ဆက်သွက်နေတတ်တဲ့အတွက်ကြောင့် အောက်ဖေါ်ပြပါ အကျင့်လေးများကို သားသမီးတွေ ငယ်စဉ်အခါက ပျိုးထောင်ပေးသင့်တယ်လို့ ပညာရှင်များက ညွန်ပြထားပါတယ်။ ၁။ ပြောတဲ့အတိုင်းတကယ်လုပ်တယ်။ ( ကတိတည်ခြင်း ) ကတိတည်ခြင်းဟာ လူ့ဘ၀မှာ အခြေခံအကျဆုံး နဲ့ အလိုအပ်ဆုံး သောအမူအကျင့်တစ်မျိုးဖြစ်ပါတယ်။ ကတိမတည်တဲ့လူဟာ မတိုးတက်နိုင်ပါဘူး။ ၂။ စိတ်ရှည်ရှည်နားထောင်တတ်တယ်။ ( သူတစ်ပါးအားလေးစားတတ်ခြင်း ) တစ်ဘက်သားစကားကို လေးလေးစားစား စိတ်ရှည်ရှည် နားထောင်ပေးတတ်ခြင်း အကျင့်ဟာ ယဉ်ကျေးခြင်းရဲ့ အခြေခံအမူအကျင့်တစ်ခုဖြစ်ပါတယ်။ အတွေးအခေါ် နဲ့ အသိဥာဏ်တွေကို လက္ခံရရှိဖို့ အထောက်အကူအပြုဆုံး အမူအကျင့်ဖြစ်ပါတယ်။ ၃။ စည်းမျဉ်းစည်းကမ်းလိုက်နာတတ်တယ်။ ( စည်းကမ်းရှိခြင်း ) စည်းမျဉ်းစည်းကမ်းအတိုင်း ပြုမူခြင်းဟာ နိုင်ငံသားကောင်းတိုင်း လိုအပ်တဲ့အမူအကျင့်ဖြစ်တယ်။ ကလေးများကို ငယ်ငယ်ကတဲက စပြီးတော့မှ စည်းကမ်းလိုက်နာအောင် သင်ကြားပေးထားရင် သာယာတဲ့ လူ့ဘောင်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဥပမာ၊ တန်းစီတတ်ခြင်း၊ မျဉ်းကျားလမ်းကူးခြင်း၊ အမိုက်ရှောက်မပစ်ခြင်း စသည်တို့ကို ငယ်စဉ်ကတဲက အကျင့်ပါအောင် သင်ကြားပေးထားသင့်ပါတယ်။ ၄။ ကိုယ့်တာဝန်ကိုအမြဲသိတယ်။ ( တာဝန်ယူတတ်ခြင်း ) တစ်ခု နဲ့ တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေတဲ့ ယနေ့ခေတ်ကြီးမှာ လူလူချင်း အမှီပြုတဲ့ အတိုင်းအတာဟာ ဘယ်ခေတ်နဲ့မှ အတူအောင် များလာပါတယ်။ စက်မူလုပ်ငန်း၊ ထုတ်လုပ်မူလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း စတဲ့နယ်ပယ်အသီးသီးတို့မှာ အလုပ်ခွဲခြားလုပ်ကိုင်တာမူ အရင်ခေတ်ထက်ပိုပြီး အနုစိပ်လာပါတယ်။ ကိုယ်တာဝန်ယူရတဲ့အပိုင်းတစ်ခုခုက ပြသနာတက်သွားမယ်ဆိုရင် လုပ်ငန်းစဉ် တစ်ခုလုံးကို ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကို တာဝန်ယူတတ်တဲ့အကျင့် ငယ်စဉ်ကတဲက ပျိုးထောင်ပေးထားရပါမယ်။ ၅။ တစ်ပြားတစ်ချပ်မှအစ ချွေတာတတ်ခြင်း၊ ( ရပ်တည်တတ်ခြင်း ) ချွေတာတတ်ခြင်းဟာ ပိုက်ဆံတစ်ခုတည်းကို မဆိုလိုပါဘူး။ ရေခွက်တစ်ဝက်ပဲသောက်ချင်ရင် ခွက်အပြည့်ခတ်မသောက်ဖို့လိုပါတယ်။ အခန်းထဲကနေ အပြင်ထွက်ရင် မီးပိတ်ဖို့လိုပါတယ်။ တတ်နိုင်တာ မတတ်နိုင်တာ နဲ့ မဆိုင်ပါဘူး၊ အရင်းအမြစ်ချွေတာတတ်မှ နောင်မျိုးဆက်အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ချန်ပေးခဲ့မှာပါ။ ၆။ ကျန်းမာရေး လိုက်စားဖို့လိုပါတယ်။ ( ကျန်းမာရေးသည်ပထမ) ကျန်းမာရေးသည် ပထမ ဆိုတဲ့ အကျင့်ကို မွေးမြူပေးထားရပါမယ်။ အားကစားလိုက်စားမယ်။ အစားအသောက်ဆင်ခြင်တတ်တဲ့ အသိမွေးထားမယ်။ အိပ်ရေး၀၀ အိပ်တာကိုတန်ဖိုးထားတတ်မယ် ဆိုရင် ဘ၀တစ်ခုလုံးကို အကျိုးပြုစေမှာဖြစ်ပါတယ်။ ၇။ ပစ္စည်းများကို သူ့နေရာနဲ့သူ ပြန်ထားတတ်တယ်။ ( သေသပ်ခြင်း ) အစလည်းကောင်းဖို့၊ အဆုံးလည်းကောင်းဖို့ ဆိုတာ ကလေးငယ်တွေအတွက် အလွန်ခက်ခဲပေမဲ့ အလွန်လိုအပ်လှတဲ့ အမူအကျင့်ဖြစ်ပါတယ်။ သုံးပြီးသားပစ္စည်း သူ့နေရာအတိုင်း ပြန်ထားတတ်တဲ့ အကျင့်မွေးမြူပေးထားရင် နောင်ဘာအလုပ်ပဲလုပ်လုပ် သေသေသပ်သပ် ပြုလုပ်တတ်သွားတတ်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ အကျင့်ကောင်းတစ်ခုပါ။ ၈။ အချိန်မှီကျေးဇူးတင်တတ်တယ်။ ( ဖေါ်ပြတတ်ခြင်း ) ကျေးဇူးသိတတ်ခြင်းဟာ အပြုသဘောဆောင်ပြီး ကလေးများကို တန်ဖိုးအသိ ရရှိစေမှာဖြစ်ပါတယ်။ အချိန်မှီကျေးဇူးတင်တတ်တဲ့ အမူအကျင့်ဟာ လူလူချင်းဆက်ဆံရေးကို ပိုမိုချောမွေ့စေပြီး ဘ၀ကိုပိုမိုပျော်ရွှင်စေပါတယ်။ ၉။ စီစဉ်တတ်တယ်။ ( ကိုယ့်ကိုကို စီမံတတ်ခြင်း ) တစ်ခုခုလုပ်တော့မယ်ဆိုရင် ကြိုတင်စီစဉ်တတ်တဲ့အကျင့်လေး ပျိုးထောင်ပေးထားဖို့လိုပါတယ်။ အကြီးကြီးဖြစ်ချင်ရင် ငယ်ငယ်လေးဟာတွေကို စပြီးလေ့ကျင့်ရပါမယ်။ ဥပမာ နောက်တစ်နေ့ ကျောင်းတက်ဖို့ ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံ စသည်တို့ကို အဆင်သင့်ပြင်ဆင်ထားတာမျိုး၊ တစ်နေရာကိုသွားလည်တော့မယ်ဆိုရင် ကလေးကိုမေးကြည့်ပါ။ ဘာယူသွားရမလဲ၊ ဘယ်လိုစီစဉ်ရင်ကောင်းမလဲ ဆိုတာမျိုးပေါ့၊ ဖြစ်နိုင်ရင် သူတို့လေးတွေကို ကိုယ်တိုင်အစီအစဉ်ဆွဲခိုင်းပါ။ အစီအစဉ်ဆွဲတတ်သွားရင် ဘ၀တစ်ခုလုံးအတွက်အသုံးဝင်မှာ ဖြစ်ပါတယ်။ ၁၀။ သန့်သန့်ရှင်းရှင်းပဲ နေချင်တယ်။ ( သန့်ရှင်းခြင်း ) အ၀တ်အစား အကောင်ချည်း ၀တ်စရာမလိုပါဘူး၊ သန့်ရှင်းဖို့တော့လိုပါတယ်။ ရေမှန်မှန်ချိုးတတ်သွားမယ်။ လက်သဲရှည်တာ ညပ်တတ်သွားမယ်။ ပစ္စည်းတွေကို ရှောက်မပစ်တတ်ဘူး။ ဖရိုဖရဲ မနေတတ်ဘူး၊ တစ်ကိုယ်ရေသန့်သန့်ရှင်းရှင်းနေတတ်သွားတယ်။ မိမိကလေးကိုပျိုးထောင်တဲ့နေရာမှာ မိဘပဲဖြစ်ဖြစ်၊ ဆရာဆရာမပဲဖြစ်ဖြစ်၊ ကိုယ်လိုချင်တဲ့ပုံစံမျိုးကိုပျိုးထောင်တာထက် ဖြစ်သင့်တဲ့ပုံစံမျိုးကို လေ့လာပြီး ပျိုးထောင်ပေးသင့်ပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံဆိုတာက တခါတလေမှာ မှားယွင်းနေတတ်လို့ပါ။ Credit to: Sayar Aung Ko Latt

www.mohnyinnews.blogspot.com

မိဘအရည်အသွေး စမ်းစစ်လွှာ

===================== ကောင်းတာ ဖတ်မိရင် ဘာသာပြန်ချင်စိတ် ဖြစ်ပေါ်လာပါတယ်။ အသုံးဝင်မယ်ထင်လို့ တင်လိုက်ပါတယ်။ မိဘများ အထောက်အကူ ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အောက်ပါမေးခွန်းများကို သင်ဖြေဆိုကြည့်ပါ။ အရည်အသွေး ပြည့်မှီတဲ့ မိဘဟုတ်မဟုတ် အဖြေထွက်လာပါလိမ့်မယ်။ သင်ဟာသင်ရဲ့ကလေးကို…… ၁။ လူရှေ့သူရှေ့မရှောင် အပြစ်တင် ဝေဖန်ပါသလား၊ ၂။ ကလေးကို ချီးမွမ်းဖို့ ၀န်လေးတတ်ပါသလား၊ ၃။ အခြားထူးချွန်တဲ့ကလေးတွေနဲ့ ခိုင်းနိုင်းဆုံးမ မိပါသလား၊ ၄။ မိမိငယ်စဉ်တုန်းက အတွေ့အကြုံတွေနဲ့ ကလေးကို ဥမမာပေးပြီး ဆုံးမပါသလား၊ ၅။ ငါလုပ်သမျ အားလုံးဟာ မင်းတို့အတွက်ပဲ လို့ ပြောမိပါသလား၊ ၆။ ကလေးလိမ္မာအောင် သွန်သင်ဖို့ ကျောင်းကိုပဲ ပုံအပ်ထားမိပါသလား၊ ၇။ ကိုယ့်ရဲ့ “စံ” ပုံစံအတိုင်း ကလေးကို လုပ်ခိုင်းပါသလား၊ ၈။ လက်ဆောင်ပစ္စည်း နဲ့ မျှားပြီး ကလေးကိုကြိုးစားအောင် တိုက်တွန်းပါသလား၊ ၉။ ကလေးရဲ့ စိတ်ခံစားချက်တွေကို သင်လစ်လှူရူ့မိပါသလား၊ ၁၀။ ကလေးရဲ့ အကြောင်းတွေကို “ဘာမှမသိဘူး” လို့ သင်ခံစားမိပါသလား၊ ၁၁။ ကလေးကို အားမပေးချင်ဘူး ၊ အားလည်းမပေးတတ်ဘူး လို့ ခံစားမိပါသလား၊ ၁၂။ ကလေးရဲ့ အားနည်းချက်တွေကို အမြဲ ဆဲဆိုနေပါသလား၊ ၁၃။ ကလေးရဲ့ရှေ့မှာ လင်မယားချင်း မကြာမကြာ သဘောထားကွဲလွဲ ပါသလား၊ ၁၄။ ကလေးရဲ့ရှေ့မှာ လင်းမယားချင်း ရန်ဖြစ်တတ်ပါသလား၊ ၁၅။ ဘ၀မှာ ရည်ရွယ်ချက် ကင်းမဲ့နေပါသလား၊ ၁၆။ သင်ရဲ့စိတ်ချမ်းသာမူဟာ ကလေးရတဲ့ အမှတ်နောက်ကို လိုက်နေမိပါသလား၊ ၁၇။ ကလေးလိုချင်တာအကုန်ပေးပြီးပြီ ဒါကြောင့်ကလေးကြိုးစားသင့်တယ် လို့ သင်ယူဆပါသလား၊ ၁၈။ ကလေးက ကိုယ်ပြောတာကို အကုန်လုံးနားလည်ရဲ့သားနဲ့ တမင်မလုပ်ဘူးလို့ သင်ထင်ပါသလား၊ ၁၉။ မိမိရဲ့အပြုအမူ အားလုံး ကလေးအတုမခိုးနိုင်ဘူးလို့ သင်ယူဆပါသလား၊ ၂၀။ ကလေးရဲ့ပညာအရည်အချင်းဟာ မိဘရဲ့ပညာအရည်အချင်းနဲ့ ဆက်စပ်မူရှိတယ်လို့ သင်ယူဆနေပါသလား၊ ၂၁။ ကလေးအတွက်လုပ်သမျှ ကလေးကိုဂရုစိုက်တာပဲလို့ သင်ထင်နေပါသလား၊ ၂၂။ အတတ်သင်၊ အမြန်သင်တန်းမျိုးစုံ ကို သင်ယုံကြည်နေပါသလား၊ ၂၃။ ကလေး လေလာသင်ယူနေတာကို ဘေးမှ လူကြီးအမြဲ စောင့်ကြည့်နေသင့်တယ်လို့ သင်ယူဆနေပါသလား၊ ၂၄။ ကလေးကို ရိုးသားသင့်တယ်လို့ သင်ပေးပြီး သင်ကိုယ်တိုင် ကလေးရှေ့မှာ အခြားသူတစ်ဦးကို လိမ်လည် ပြောဆိုမိပါသလား၊ ၂၅။ ကလေးကိုချီးမွမ်းလွန်သွားရင် မြောက်တက်သွားမယ်လို့ သင်ယူဆပါသလား၊ ၂၆။ ကလေးကိုမဆော့ရဘူးလို့ ထိန်းချုပ်ပြီး၊ ကိုယ်ကိုယ်တိုင် တစ်ခုခု ဆော့ကစားနေတတ်ပါသလား၊ ဥပမာ- လက်ကိုင်ဖုန်း၊ ၂၇။ ကလေး အာခံတဲ့အခါ ရိုက်နှက်ဆုံးမတတ်ပါသလား၊ ၂၈။ ကလေးရှေ့မှာ အခြားလူတစ်ဦးဦး မကောင်းကြောင်းပြောဆိုမိပါသလား၊ ၂၉။ ကလေးရဲ့အပြစ်ကို ပြုပြင်ချင်ရင် ဆုံးမတဲ့နည်းလမ်းပဲရှိတယ်လို့ သင်လက်ခံနေပါသလား၊ ၃၀။ မင်းဘာလို့အဲလောက် “အ” ရတာလဲ လို့ ပြောဆိုမိပါသလား၊ ၃၁။ စိတ်ဆိုးတဲ့အခါမျိုးမှာ ကလေးကို မင်းကိုမင်းဘာထင်နေသလဲ၊ မင်းဘာကောင်မှမဟုတ်ဘူး လို့ ပြောဆိုမိပါသလား၊ ၃၂။ စာကြိုးစားတယ်ဆိုတာ ဒုက္ခခံရမယ်လို့ သင်ယူဆနေပါသလား၊ ၃၃။ မင်းသာကြိုးစားမယ်ဆိုရင် လိုချင်တာပြော အကုန်လုပ်ပေးမယ်လို့ မကြာမကြာ ပြောဆိုမိပါသလား၊ ၃၄။ ကလေးစာတော်တာဟာ ဥာဏ်ရည်ကောင်းမကောင်းနဲ့ သက်ဆိုင်တယ်လို့ သင်ထင်မြင်နေပါသလား၊ ၃၅။ ကလေးရဲ့အနာဂတ်ဟာ ကလေးနဲ့ပဲ သက်ဆိုင်တယ်။ သင်နဲ့လုံးဝမဆိုင်ဘူး လို့ သင်ယူဆနေပါသလား၊ ၃၆။ လူရဲ့စရိုက်ဟာ မွေးရာပါပဲ ပြုပြင်လို့ မရဘူးလို့ သင်ထင်နေပါသလား၊ ၃၇။ လူကြီးတွေဟာ ကိုယ့်အကျင့်ကို ပြုပြင်လို့မရတော့ဘူး လို့ သင်ထင်နေပါသလား၊ ၃၈။ ကလေးကတစ်ခုခုကို ဂုဏ်ယူစွာ ပြောပြနေတဲ့အချိန်မှာ မင်းသိပ်မကြွနဲ့၊ ဘ၀င်မြင့်သွားမယ်လို့ သင်ဟန့်တားမိပါသလား၊ ၃၉။ ကိုယ်ဘက်က မိဘတာဝန်ကြေပွန် ပြီ၊ ကျန်တာ ကလေးအပိုင်းပဲ ရှိတော့တယ်လို့ သင်ထင်မြင်ယူဆ နေပါသလား၊ ၄၀။ ကိုယ်ကစိုးရိမ်လို့ သေတော့မယ်၊ ကလေးကဘာမှ မစိုးရိမ်တတ်ဘူး လို့ သင်ခံစားနေရပါသလား၊    မိဘများအထက်ပါမေးခွန်းတွေကို ဖြေဆိုကြည့်ပါ။ မေးခွန်းများအားလုံးဟာ စဉ်းစားကိုးကားဖို့ အတွက်သာဖြစ်ပါတယ်။ တကယ်လို့ “No” လို့ မေးခွန်းအားလုံးကို ဖြေဆိုမိရင် သင်အလွန်အရည်အသွေး ပြည့်မှီတဲ့ မိဘဖြစ်နေပါပြီ။ မေးခွန်း ( ၅ )ခု နဲ့ အထက် “Yes!” လို့ဖြေဆိုမိရင် စမ်းစစ်လေ့လာဖို့ သင့်။ မေးခွန်း ( ၁၀ ) ခုနဲ့အထက် “Yes” လို့ဖြေဆိုမိရင် သတိထားသင့်နေပါပြီ။ မေးခွန်း ( ၂၀ ) နဲ့အထက် ပြုပြင်ရန်သင့်၊ ကလေးကိုထိခိုက်နေပါပြီ။ မူရင်းစာရေးသူ Vanda Credit to: Sayar Aung Ko Lat

www.mohnyinnews.blogspot.com

သားသမီးများကို ပျိုးထောင်ပေးထားရမည့် အကျင့် ( ၁၀ ) မျိုး

မိဘတိုင်းဟာ သားသမီးတွေကို ကျန်းမာပျော်ရွှင်စေချင်ပါတယ်။ လူတစ်လုံး သူတစ်လုံး ပေါက်ပေါက်မြောက်မြောက် ဖြစ်စေချင်ပါတယ်။ လူတစ်ဦးရဲ့ အမူအကျင့်ဟာ ဘ၀ကကြမ္မာနဲ့ တိုက်ရိုက်ဆက်သွက်နေတတ်တဲ့အတွက်ကြောင့် အောက်ဖေါ်ပြပါ အကျင့်လေးများကို သားသမီးတွေ ငယ်စဉ်အခါက ပျိုးထောင်ပေးသင့်တယ်လို့ ပညာရှင်များက ညွန်ပြထားပါတယ်။ ၁။ ပြောတဲ့အတိုင်းတကယ်လုပ်တယ်။ ( ကတိတည်ခြင်း ) ကတိတည်ခြင်းဟာ လူ့ဘ၀မှာ အခြေခံအကျဆုံး နဲ့ အလိုအပ်ဆုံး သောအမူအကျင့်တစ်မျိုးဖြစ်ပါတယ်။ ကတိမတည်တဲ့လူဟာ မတိုးတက်နိုင်ပါဘူး။ ၂။ စိတ်ရှည်ရှည်နားထောင်တတ်တယ်။ ( သူတစ်ပါးအားလေးစားတတ်ခြင်း ) တစ်ဘက်သားစကားကို လေးလေးစားစား စိတ်ရှည်ရှည် နားထောင်ပေးတတ်ခြင်း အကျင့်ဟာ ယဉ်ကျေးခြင်းရဲ့ အခြေခံအမူအကျင့်တစ်ခုဖြစ်ပါတယ်။ အတွေးအခေါ် နဲ့ အသိဥာဏ်တွေကို လက္ခံရရှိဖို့ အထောက်အကူအပြုဆုံး အမူအကျင့်ဖြစ်ပါတယ်။ ၃။ စည်းမျဉ်းစည်းကမ်းလိုက်နာတတ်တယ်။ ( စည်းကမ်းရှိခြင်း ) စည်းမျဉ်းစည်းကမ်းအတိုင်း ပြုမူခြင်းဟာ နိုင်ငံသားကောင်းတိုင်း လိုအပ်တဲ့အမူအကျင့်ဖြစ်တယ်။ ကလေးများကို ငယ်ငယ်ကတဲက စပြီးတော့မှ စည်းကမ်းလိုက်နာအောင် သင်ကြားပေးထားရင် သာယာတဲ့ လူ့ဘောင်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဥပမာ၊ တန်းစီတတ်ခြင်း၊ မျဉ်းကျားလမ်းကူးခြင်း၊ အမိုက်ရှောက်မပစ်ခြင်း စသည်တို့ကို ငယ်စဉ်ကတဲက အကျင့်ပါအောင် သင်ကြားပေးထားသင့်ပါတယ်။ ၄။ ကိုယ့်တာဝန်ကိုအမြဲသိတယ်။ ( တာဝန်ယူတတ်ခြင်း ) တစ်ခု နဲ့ တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေတဲ့ ယနေ့ခေတ်ကြီးမှာ လူလူချင်း အမှီပြုတဲ့ အတိုင်းအတာဟာ ဘယ်ခေတ်နဲ့မှ အတူအောင် များလာပါတယ်။ စက်မူလုပ်ငန်း၊ ထုတ်လုပ်မူလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း စတဲ့နယ်ပယ်အသီးသီးတို့မှာ အလုပ်ခွဲခြားလုပ်ကိုင်တာမူ အရင်ခေတ်ထက်ပိုပြီး အနုစိပ်လာပါတယ်။ ကိုယ်တာဝန်ယူရတဲ့အပိုင်းတစ်ခုခုက ပြသနာတက်သွားမယ်ဆိုရင် လုပ်ငန်းစဉ် တစ်ခုလုံးကို ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကို တာဝန်ယူတတ်တဲ့အကျင့် ငယ်စဉ်ကတဲက ပျိုးထောင်ပေးထားရပါမယ်။ ၅။ တစ်ပြားတစ်ချပ်မှအစ ချွေတာတတ်ခြင်း၊ ( ရပ်တည်တတ်ခြင်း ) ချွေတာတတ်ခြင်းဟာ ပိုက်ဆံတစ်ခုတည်းကို မဆိုလိုပါဘူး။ ရေခွက်တစ်ဝက်ပဲသောက်ချင်ရင် ခွက်အပြည့်ခတ်မသောက်ဖို့လိုပါတယ်။ အခန်းထဲကနေ အပြင်ထွက်ရင် မီးပိတ်ဖို့လိုပါတယ်။ တတ်နိုင်တာ မတတ်နိုင်တာ နဲ့ မဆိုင်ပါဘူး၊ အရင်းအမြစ်ချွေတာတတ်မှ နောင်မျိုးဆက်အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ချန်ပေးခဲ့မှာပါ။ ၆။ ကျန်းမာရေး လိုက်စားဖို့လိုပါတယ်။ ( ကျန်းမာရေးသည်ပထမ) ကျန်းမာရေးသည် ပထမ ဆိုတဲ့ အကျင့်ကို မွေးမြူပေးထားရပါမယ်။ အားကစားလိုက်စားမယ်။ အစားအသောက်ဆင်ခြင်တတ်တဲ့ အသိမွေးထားမယ်။ အိပ်ရေး၀၀ အိပ်တာကိုတန်ဖိုးထားတတ်မယ် ဆိုရင် ဘ၀တစ်ခုလုံးကို အကျိုးပြုစေမှာဖြစ်ပါတယ်။ ၇။ ပစ္စည်းများကို သူ့နေရာနဲ့သူ ပြန်ထားတတ်တယ်။ ( သေသပ်ခြင်း ) အစလည်းကောင်းဖို့၊ အဆုံးလည်းကောင်းဖို့ ဆိုတာ ကလေးငယ်တွေအတွက် အလွန်ခက်ခဲပေမဲ့ အလွန်လိုအပ်လှတဲ့ အမူအကျင့်ဖြစ်ပါတယ်။ သုံးပြီးသားပစ္စည်း သူ့နေရာအတိုင်း ပြန်ထားတတ်တဲ့ အကျင့်မွေးမြူပေးထားရင် နောင်ဘာအလုပ်ပဲလုပ်လုပ် သေသေသပ်သပ် ပြုလုပ်တတ်သွားတတ်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ အကျင့်ကောင်းတစ်ခုပါ။ ၈။ အချိန်မှီကျေးဇူးတင်တတ်တယ်။ ( ဖေါ်ပြတတ်ခြင်း ) ကျေးဇူးသိတတ်ခြင်းဟာ အပြုသဘောဆောင်ပြီး ကလေးများကို တန်ဖိုးအသိ ရရှိစေမှာဖြစ်ပါတယ်။ အချိန်မှီကျေးဇူးတင်တတ်တဲ့ အမူအကျင့်ဟာ လူလူချင်းဆက်ဆံရေးကို ပိုမိုချောမွေ့စေပြီး ဘ၀ကိုပိုမိုပျော်ရွှင်စေပါတယ်။ ၉။ စီစဉ်တတ်တယ်။ ( ကိုယ့်ကိုကို စီမံတတ်ခြင်း ) တစ်ခုခုလုပ်တော့မယ်ဆိုရင် ကြိုတင်စီစဉ်တတ်တဲ့အကျင့်လေး ပျိုးထောင်ပေးထားဖို့လိုပါတယ်။ အကြီးကြီးဖြစ်ချင်ရင် ငယ်ငယ်လေးဟာတွေကို စပြီးလေ့ကျင့်ရပါမယ်။ ဥပမာ နောက်တစ်နေ့ ကျောင်းတက်ဖို့ ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံ စသည်တို့ကို အဆင်သင့်ပြင်ဆင်ထားတာမျိုး၊ တစ်နေရာကိုသွားလည်တော့မယ်ဆိုရင် ကလေးကိုမေးကြည့်ပါ။ ဘာယူသွားရမလဲ၊ ဘယ်လိုစီစဉ်ရင်ကောင်းမလဲ ဆိုတာမျိုးပေါ့၊ ဖြစ်နိုင်ရင် သူတို့လေးတွေကို ကိုယ်တိုင်အစီအစဉ်ဆွဲခိုင်းပါ။ အစီအစဉ်ဆွဲတတ်သွားရင် ဘ၀တစ်ခုလုံးအတွက်အသုံးဝင်မှာ ဖြစ်ပါတယ်။ ၁၀။ သန့်သန့်ရှင်းရှင်းပဲ နေချင်တယ်။ ( သန့်ရှင်းခြင်း ) အ၀တ်အစား အကောင်ချည်း ၀တ်စရာမလိုပါဘူး၊ သန့်ရှင်းဖို့တော့လိုပါတယ်။ ရေမှန်မှန်ချိုးတတ်သွားမယ်။ လက်သဲရှည်တာ ညပ်တတ်သွားမယ်။ ပစ္စည်းတွေကို ရှောက်မပစ်တတ်ဘူး။ ဖရိုဖရဲ မနေတတ်ဘူး၊ တစ်ကိုယ်ရေသန့်သန့်ရှင်းရှင်းနေတတ်သွားတယ်။ မိမိကလေးကိုပျိုးထောင်တဲ့နေရာမှာ မိဘပဲဖြစ်ဖြစ်၊ ဆရာဆရာမပဲဖြစ်ဖြစ်၊ ကိုယ်လိုချင်တဲ့ပုံစံမျိုးကိုပျိုးထောင်တာထက် ဖြစ်သင့်တဲ့ပုံစံမျိုးကို လေ့လာပြီး ပျိုးထောင်ပေးသင့်ပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံဆိုတာက တခါတလေမှာ မှားယွင်းနေတတ်လို့ပါ။ Credit to: Sayar Aung Ko Latt

www.mohnyinnews.blogspot.com

ကေအိုင်အေမှ အပြစ်မဲ့ ရွာသား ၄ ဦးအား လူသစ်စု ဖမ်းဆီး ၊ ယခုထိ ပြန်မလွှတ်

ကေအိုင်အေ တပ်ဖွဲ့ ဝင်များသည် မိုးကောင်းမြို့ နယ်၊ကံလှကျေးရွာ၊လီဒိုကျေးရွာမှ ရွားသား ၁ ဦးနှင့်၊ မရမ်းကျေးရွာနေ တောင်ယာလုပ်ငန်းလုပ်ကိုင်းနေသော ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။ နမ္မတီးကျေးရွာရပ်ကွက်နေ ဦးဖော်လုယော်ထုံ ၏ သားဖြစ်သူ မောင်ဘရန်လီ (အသက် ၁၆ နှစ်)ကိုလည်း သီတင်းကျွတ်ကာလ ရပ်ကွက်အတွင်း လည်ပတ်နေစဉ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ပြန်လည်စေ လွတ်ပေးခြင်း မရှိသေးကြောင်းသိရသည်။မောင်ဘရန်လီ၏ မိဘဖြစ်သူများမှ “ ကျွန်တော်တို့ လည်း ကလေးက ပြန်မလာမလာနဲ့  စိတ်ပူတော့လိုက်ရှာတယ် နောက်မှကေအိုင်အေ တပ်ရင်းတွေက ခေါ်သွားတယ်ဆိုတာ သိရတယ် ။ ခုလိုခဏ ခဏ ဖမ်းဖမ်းသွားတတ်တာ သိနေတော့ အသွားအလာတွေ ဂရုစိုက်ဖို့  သေချာလည်း သားကို မှာထားတယ်။ သီတင်းကျွတ်ဆိုတော့ သူလည်း ပျော်ချင်မှာပေါ့ ဆိုပြီး လွတ်ပေးလိုက်မိတာမိတာပါဗျာ ။ ကလေးက အသက်လည်းမပြည့်သေးလို့  ပြန်ပေးပါလို့ ဆက်သွယ်ပြီတောင်းထားတာ ခုထိ လွတ်မပေးသေးဖူး “ လို့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။ ထို့အပြင် မိုးကောင်းမြို့ နယ်၊ကံလှကျေးရွာ၊လီဒိုကျေးရွာတို့ မှ ခေါင်တောင်း ၊မောင်ခွန်ထော်အောင်၊ မောင်ဘောက်နော် နှင့် မောင်ဂျိမ်းဖ်ာဝန် (ခ)ဆိုင်အောင် တို့ အား အဓမ္မထပ်မံ ဖမ်းဆီး သွားခဲ့ ပါတယ်။ မောင်ဂျိန်ဖော်ဝန်(ခ)ဆိုင်အောင် ၏ မိခင်ဖြစ်သူဒေါ်ကျသင်းနုမှာ အသက်အရွယ်ကြီး ရင့်နေပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ “ အမေကြီးက အသက်လည်းကြီး ယောကျာင်္းကလည်း မရှိဘူး ၊ သားဖြစ်တဲ့သူကိုဘဲ အားကိုးနေရတာ မျက်လုံးကလည်း ကောင်းကောင်းမမြင်ရတော့ဖူး ဒါကြောင့် ပြန်လွတ်ပေးဖို့ ကေအိုင်အေ အဖွဲ့  တွေ ကိုတောင်းခံထားပါတယ်လို ၊အခုထိတော့ ပြန်မလွှတ်ပေးသေးပါဘူ့း”ဟု ဒေသခံတစ်ဦး ကပြောကြားသည်။ ကေအိုင်အေ တပ်ရင်းမှ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ၄ ဦးအနက် ကျန် ၃ ဦးမှာ (၁) မောင်ခွန်ထော်အောင် (၂၂) နှစ် (ဘ) ဦးအင်ဘောက်တူး ၊ ကချင်/ခရစ်ယာန် ၊ တောင်သူ ရပ်ကွက်(၇)၊ မရမ်းကျေးရွာ၊ မိုးကောင်းမြို့နယ်။ (၂) မောင်ဘောက်နော် ၂၃ နှစ် (ဘ) ဦးဝေတူး ၊ ကချင်/ ခရစ်ယာန် ၊ တောင်သူ ၊ ရပ်ကွက်(၇) ၊ မရမ်းကျေးရွာ ၊ မိုးကောင်းမြို့နယ် ။ (၃) မောင်ဂျိန်ဖော်ဝန် (ခ) ဆိုင်းအောင် ၂၂ နှစ် (ဘ) ဦးဂျိန်ဖော်လ ၊ ကချင်/ ခရစ်ယာန် ၊ တောင်သူ ရပ်ကွက်(၇) ၊ မရမ်းကျေးရွာ ၊ မိုးကောင်းမြို့နယ်။ တို့ဖြစ်သည်။ ယင်းကဲ့သို့ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ အဓမ္မလူသစ်စုဆောင်းခြင်း မကြာခဏပြုလုပ်နေခြင်း ကြောင့် ဒေသခံများမှာ အထူးပင် စိုးရိမ်ပူပန်လျက်ရှိပြီး ၊ ဖမ်းဆီးခံ ရသည့် ကလေးများမှာလည်း ယနေ့ တိုင် ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်းသတင်းရရှိပါသည်။ ဘရန်ဆိုင်း(မြစ်ကြီးနား ) Credit- ကချင်နေ့စဉ်သတင်း