Friday, December 26, 2014

ဆက်တိုက်နွှဲကြမယ့် ချန်ပီယံရှစ်ပွဲစဉ် =====================

ဆက်တိုက်နွှဲကြမယ့် ချန်ပီယံရှစ်ပွဲစဉ်
=======================

ချန်ပီယံရှစ်ပွဲစဉ်(၂၄)ကို ဒီဇင် ဘာ ၂၈ ရက်မှာ ဆက်လက်ယှဉ်ပြိုင် ကစားမှာမို့ ပွဲတွေကတော့ ဆက်တိုက် ဆင်နွှဲနေရပြီဖြစ်ပါတယ်။ အကြိတ် အနယ်ရှိမယ့် ဒီပွဲစဉ်မှာတော့ ပွဲကောင်းတွေ အများအပြားပါဝင် နေပြီး အမှတ်ရသမျှအပြိုင်အဆိုင် စုဆောင်းကြမှာမို့ ပရိသတ်တွေ အတွက်တော့ စိတ်တိုင်းကျအားပေး ခွင့်ရဦးမှာ ဖြစ်ပါတယ်။

ဘလက်ဘန်းနှင့် မစ်ဒယ်ဘရော့

ပထမအကျော့မှာ တစ်ဂိုးစီသရေ ပွဲဖြစ်ထားတဲ့အတွက် ဒီပွဲမှာတော့ အမှတ်ပြည့်သိမ်းပိုက်နိုင်ရေး အား ထုတ်ကြတော့မှာ ဖြစ်ပါတယ်။ ဘလက်ဘန်းကွင်းမှာကစားတိုင်း မစ် ဒယ်ဘရော့တို့ ရှုံးပွဲကြုံတာနည်းပါ တယ်။ ဘလက်ဘန်းတို့ကတော့ အခု အချိန်မှာကစားအားကောင်းလာတာ မို့ မစ်ဒယ်ဘရော့တို့ တစ်မှတ်ရဖို့ တောင် အားစိုက်ရမယ့်အနေအထား ရှိလာနိုင်ပါတယ်။

ဘလက်ပူးလ်နှင့် ရိုသာဟမ်

ခံစစ်ပိုင်း အားနည်းနေတဲ့ ဘလက်ပူးလ်အတွက် ဒီပွဲဟာ ပွဲကျပ် အဖြစ်ကစားရမယ့်ကိန်းပါပဲ။ ရိုသာ ဟမ်အတွက် တန်းဆင်းဇုန်က ကင်း ဝေးအောင် အားထုတ်ရမယ့် အနေ အထားမို့ အဝေးကွင်းဆိုပေမယ့် ရလဒ်ကောင်းအောင် ပုံဖော်ပါလိမ့် မယ်။ ဘလက်ပူးလ်တို့ကလည်း ခံစစ် ပိုင်းပြင်ဆင်နိုင်ခဲ့ရင် သရေတစ်မှတ် တော့ ရနိုင်တဲ့ပွဲပါ။

ကာဒစ်နှင့် ဝက်ဖို့ဒ်

အဝေးကွင်းမှာ နိုင်ပွဲတွေ ရနေတဲ့ ဝက်ဖို့ဒ်ကို ကာဒစ်တို့ ခုခံကာကွယ်ရမယ့် အနေအထား ပါပဲ။ ကာဒစ်ရဲ့ အိမ်ကွင်းအားထုတ် မှုက သာမန်အဆင့်သာရှိပေမယ့် ဝက်ဖို့ဒ်ကို အခွင့်အရေးပေးမှာ မဟုတ်ပါဘူး။ ပထမအကျော့မှာ ကာဒစ်တို့နိုင်ပွဲရထားတာမို့ ဒီပွဲ မှာလည်း အိမ်ရှင်တို့ပဲ မျက်နှာပန်း လှနိုင်ပါတယ်။

ဒါဘီနှင့် လိဒ်ယူနိုက်တက်

ပထမအကျော့မှာ လိဒ်တို့နှစ်ဂိုး ပြတ်နဲ့နိုင်ပွဲရထားတာမို့ အခုပွဲမှာ ဒါဘီတို့အလှည့်လို့သတ်မှတ်ရမယ့် အနေအထားပါပဲ။ ဒါဘီဟာအိမ်ကွင်း အားထုတ်မှုကောင်းတာမို့ လိဒ်တို့ ထင်သလောက်လွယ်မှာ မဟုတ်ပါ ဘူး။ အဝေးကွင်းမှာ ခြေစွမ်းကျဆင်း တတ်တဲ့ လိဒ်တို့ ဒီပွဲမှာအမှတ်ရဖို့ ခက်ခဲပါလိမ့်မယ်။

ဟက်ဒါဖီးလ်နှင့် ဘော်လ်တန်

ဘော်လ်တန်တို့ ပထမအကျော့ အိမ်ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲ ရထားသလို အခုပွဲအဝေးကွင်းမှာ လည်း အနိုင်ရအောင်အားထုတ်ပါ လိမ့်မယ်။ ဟက်ဒါဖီးလ်တို့ဟာ ဘော်လ်တန်နဲ့ဆုံတိုင်း ရလဒ် မကောင်းတတ်တာမို့ အခုပွဲမှာလည်း အဲဒီမှတ်တမ်းဆိုးကို ချေဖျက်ဖို့မလွယ် ပါဘူး။

အစ်ဆွစ်နှင့် ချာလ်တန်

ချာလ်တန်ရဲ့ အားထုတ်မှုက ကောင်းမွန်နေသလို အစ်ဆွစ်ရဲ့ ခြေ စွမ်းက ပုံစံကောင်းပြသနိုင်နေပါ တယ်။ ပထမအကျော့ချာလ်တန်ကွင်း မှာ အစ်ဆွစ်က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင် ပွဲရထားတာမို့ အခုအိမ်ကွင်းမှာ အမှတ်ပြည့်ရယူဦးမှာ ဖြစ်ပါတယ်။

မီဝေါလ်နှင့် ဘုန်းမောက်

ပထမအကျော့မှာ နှစ်ဂိုးစီသရေ ပွဲဖြစ်ထားတာမို့ အခုပွဲမှာတော့ မီ ဝေါလ်တို့ပြတ်သားတဲ့ရလဒ်ကို ပုံ ဖော်ပါလိမ့်မယ်။ ရလဒ်တွေဆိုးရွား နေပေမယ့် အိမ်ကွင်းမှာ ခြေပေါ် အောင်ကစားတတ်တဲ့ မီဝေါလ်ဟာ အမှတ်ရအောင်တော့ ရယူဖို့ကြိုးစား ပါလိမ့်မယ်။

နော်တင်ဟမ်နှင့် ဘာမင်ဂမ်

အပြန်အလှန်အနိုင်ယူနေကြတဲ့ နှစ်သင်းမို့ ဒီပွဲလည်း အကြိတ်အနယ် နွှဲကြရမယ့်ပွဲဖြစ်ပါတယ်။ အိမ်ကွင်း မှာ ကစားအားကောင်းတဲ့ နော်တင် ဟမ်ကို ဒီပွဲမှာ ယုံကြည်မှုပေးရမှာ ဖြစ်ပါတယ်။

မိုးမြင့်လင်းလက်

မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com  ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com

ကျွန်တော်ချစ်သောဗိုလ်ချုပ် အောင်ဆန်း

ကျွန်တော်ချစ်သောဗိုလ်ချုပ်

အောင်ဆန်း

Saturday, December 20, 2014

မိုးညှင်းက MEC သုံးဆွဲသူတွေအတွက်သတင်းကောင်း

Dear MECTel customer,enjoy Christmas bonus plan from 21 to 30 Dec.20% bonus for 5000ks topup card and 30% for larger topup card.Bonus valid is until 30 Dec,2014

မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com  ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com

မူးယစ်ဆေးဝါး တိုက်ဖျက်ရန် မိုးညှင်းမြို့တွင် လူအင်အား သုံးရာကျော် ဆန္ဒပြ

မူးယစ်ဆေးဝါး တိုက်ဖျက်ရန် မိုးညှင်းမြို့တွင် လူအင်အား သုံးရာကျော် ဆန္ဒပြသတင်း 

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ

ဒေသခံများနှင့် ဘာသာရေး

ခေါင်းဆောင်များ၊ ကျောင်းသူ၊

ကျောင်းသားများ ပူးပေါင်း၍

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်

ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၀

နာရီမှ နေ့လည်၂ နာရီထိ

ဆန္ဒဖော်ထုတ်ခဲ့သည်ဟု

ဆန္ဒဖော်ထုတ်ပွဲဦးဆောင်

ကော်မတီဝင် ဦးဆိုင်းနော်က

ပြောသည်။

ဘာသာရေး ဂိုဏ်းပေါင်းစုံ

ခေါင်းဆောင်များ၊

တက္ကသိုလ်ကျောင်းသား

လူငယ်များနှင့် ဒေသခံ

လူမျိုးပေါင်းစုံပါဝင်သော

မိုးညှင်းဒေသ မူးယစ်ဆေးဝါးအန္တရယ်

တားဆီးကာကွယ်ရေးအဖွဲ့မှ

ဦးဆောင်၍

လူအင်အား ၃၀၀ ကျော်သည်

မိုးညှင်းမြို့

အောင်သပြေရပ်ကွက်စိန်ပတ်စရစ်

ဘုရားကျောင်းမှ စတင်၍

မိုးညှင်းမြို့

တစ်ပတ်ပတ်ကာ လွတ်လပ်သော

တိုင်းရင်းခရစ်ယာန်ကျောင်းတွင်

အဆုံးသတ်ခဲ့ ကြသည်ဟု သူက

ပြောသည်။

“ရပ်ကွက်တော်တော်များများမှာ

မူးယစ်ဆေးဝါး ရောင်းဝယ်

ဖောက်ကားတာတွေ ရှိတယ်။

သုံးစွဲတာတွေတော့ လူငယ်တွေ

အတော်များများ ပျက်ဆီးနေတဲ့

လူငယ်တွေကို မူးယစ်ဆေးဝါးကို

အန္တရယ်အနေနဲ့ သိမြင်အောင်

ကျနော်တို့

လုပ်ဆောင်နေရခြင်းဖြစ်ပါတယ်”

ဟု သူက  ပြောသည်။

“ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်

တိုက်ဖျက်ကြ” “လူထုအင်အားဖြင့်

လက်တွဲပြီး ညီညီညာညာ

စုပေါင်းတိုက် ဖျက်ကြ”

“ဘုရားသခင်၏

ဘုန်းတန်ခိုးတော်အားဖြင့်

တွန်းလှန်တိုက်ဖျက်ကြ”

ဟူသော အချက် သုံးချက်ကို

ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး

ကြွေးကြော်ခဲ့ကြ သည်ဟု သူက

  ပြောသည်။

မိုးညှင်းဒေသ မူးယစ်ဆေးဝါးအန္တရာယ်

တားဆီးကာကွယ်ရေးအဖွဲ့ကို ၂၀၁၄

ခုနှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းခဲ့ပြီးနောက်

မူးယစ်ဆေးဝါး

ပညာပေးဟောပြောမှုများ

လုပ်ဆောင်ကာ လာမည့် ၂၀၁၅

ခုနှစ်ဆန်းတွင်

ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်း၍

အရေးယူဆောင်ရွက်မှုတွင်

ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

မိုးညှင်းမြို့တွင် လူထုအကြား

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

ပညာပေးခြင်းတို့ ပြုလုပ်ပြီးနောက်

လူထုအားလုံး ပူပေါင်း၍

မူးယစ်ဆေးဝါး အန္တရယ်

ကာကွယ်တားဆီးရန်နှင့်

မြန်မာအစိုးရ အာဏာပိုင်များမှ

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍

အရေးယူဆောင်ရွက်ရာတွင်

ထိရောက်မှုမရှိဘဲ အားနည်းနေသဖြင့်

တွန်းအားပေးခြင်း ဖြစ်သည် ဟု

ဦးဆိုင်းနော်က ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၂၉ရက်

ကလည်း ကချင်ပြည်နယ်

ဖားကန့်မြို့တွင် ခရစ်ယာန်

ဘာသာရေး ဂိုဏ်းပေါင်းစုံနှင့်

ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့

ဦးဆောင်၍ မူးယစ်ဆေးဝါး

တိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်ပွဲ

ကျင်းပခဲ့သေးသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့်

ပြည်သူလူထုတို့ ပူးပေါင်း၍

ကော်မတစ်တစ်ရပ် ဖွဲ့စည်းကာ

ကချင်ပြည်နယ်အတွင်း

မူးယစ်ဆေးဝါး

ပညာပေးဟောပြောမှုများ

လုပ်ဆောင်ရန်အတွက် ၂၀၁၄ ခုနှစ်

ဧပြီလက မူးယစ်ဆေးဝါး

တိုက်ဖျက်ရေးကို

ပြည်သူလူထုနှင့်အတူ

ပူးပေါင်းတိုက်ဖျက်သွားရန်

ဆုံးဖြတ်ထားသ ည်။

 မြန်မာနိုင်ငံတွင်

ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၃ ခုနှစ်နှင့်

၂၀၁၄ ခုနှစ်တွင် ၂၀၀ ဟတ်တာ

ကျဆင်းခဲ့ပြီး ၂၀၁၃ ခုနှစ်

ဘိန်းထုတ်လုပ်မှု တန်ချိန် ၈၇၀ ရှိရာ

မှ ၂၀၁၄ ခုနှစ်တွင် တန် ၆၇၀ အထိ

ကျဆင်းခဲ့သည်ဟု ဒီဇင်ဘာလ ၈

ရက်က UNODC က အစီရင်ခံစာ

ထုတ်ပြန်ခဲ့သည်။

မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com  ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com

မူးယစ်ဆေးဝါး တိုက်ဖျက်ရန် မိုးညှင်းမြို့တွင် လူအင်အား သုံးရာကျော် ဆန္ဒပြ

မူးယစ်ဆေးဝါး တိုက်ဖျက်ရန် မိုးညှင်းမြို့တွင် လူအင်အား သုံးရာကျော် ဆန္ဒပြသတင်း  ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ ဒေသခံများနှင့် ဘာသာရေး ခေါင်းဆောင်များ၊ ကျောင်းသူ၊ ကျောင်းသားများ ပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီမှ နေ့လည်၂ နာရီထိ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင် ကော်မတီဝင် ဦးဆိုင်းနော်က ပြောသည်။ ဘာသာရေး ဂိုဏ်းပေါင်းစုံ ခေါင်းဆောင်များ၊ တက္ကသိုလ်ကျောင်းသား လူငယ်များနှင့် ဒေသခံ လူမျိုးပေါင်းစုံပါဝင်သော မိုးညှင်းဒေသ မူးယစ်ဆေးဝါးအန္တရယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ဦးဆောင်၍ လူအင်အား ၃၀၀ ကျော်သည် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်စိန်ပတ်စရစ် ဘုရားကျောင်းမှ စတင်၍ မိုးညှင်းမြို့ တစ်ပတ်ပတ်ကာ လွတ်လပ်သော တိုင်းရင်းခရစ်ယာန်ကျောင်းတွင် အဆုံးသတ်ခဲ့ ကြသည်ဟု သူက ပြောသည်။ “ရပ်ကွက်တော်တော်များများမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေ ရှိတယ်။ သုံးစွဲတာတွေတော့ လူငယ်တွေ အတော်များများ ပျက်ဆီးနေတဲ့ လူငယ်တွေကို မူးယစ်ဆေးဝါးကို အန္တရယ်အနေနဲ့ သိမြင်အောင် ကျနော်တို့ လုပ်ဆောင်နေရခြင်းဖြစ်ပါတယ်” ဟု သူက  ပြောသည်။ “ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင် တိုက်ဖျက်ကြ” “လူထုအင်အားဖြင့် လက်တွဲပြီး ညီညီညာညာ စုပေါင်းတိုက် ဖျက်ကြ” “ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အားဖြင့် တွန်းလှန်တိုက်ဖျက်ကြ” ဟူသော အချက် သုံးချက်ကို ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြ သည်ဟု သူက   ပြောသည်။ မိုးညှင်းဒေသ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းခဲ့ပြီးနောက် မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုများ လုပ်ဆောင်ကာ လာမည့် ၂၀၁၅ ခုနှစ်ဆန်းတွင် ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။ မိုးညှင်းမြို့တွင် လူထုအကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးခြင်းတို့ ပြုလုပ်ပြီးနောက် လူထုအားလုံး ပူပေါင်း၍ မူးယစ်ဆေးဝါး အန္တရယ် ကာကွယ်တားဆီးရန်နှင့် မြန်မာအစိုးရ အာဏာပိုင်များမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရာတွင် ထိရောက်မှုမရှိဘဲ အားနည်းနေသဖြင့် တွန်းအားပေးခြင်း ဖြစ်သည် ဟု ဦးဆိုင်းနော်က ပြောသည်။ ပြီးခဲ့သည့်စက်တင်ဘာလ ၂၉ရက် ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့တွင် ခရစ်ယာန် ဘာသာရေး ဂိုဏ်းပေါင်းစုံနှင့် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ဦးဆောင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပခဲ့သေးသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ ကော်မတစ်တစ်ရပ် ဖွဲ့စည်းကာ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုများ လုပ်ဆောင်ရန်အတွက် ၂၀၁၄ ခုနှစ် ဧပြီလက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားရန် ဆုံးဖြတ်ထားသ ည်။  မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ၂၀၀ ဟတ်တာ ကျဆင်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဘိန်းထုတ်လုပ်မှု တန်ချိန် ၈၇၀ ရှိရာ မှ ၂၀၁၄ ခုနှစ်တွင် တန် ၆၇၀ အထိ ကျဆင်းခဲ့သည်ဟု ဒီဇင်ဘာလ ၈ ရက်က UNODC က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

Tuesday, December 16, 2014

မန်စီးတီးနှင့်ဘာစီလိုနာ ချန်ပီယံလိပ် ၁၆ သင်းပြိုင်ပွဲဒုတိယအကြိမ် ဆက်တိုက်ကြုံ ========================================

မန်စီးတီးနှင့်ဘာစီလိုနာ ချန်ပီယံလိပ် ၁၆ သင်းပြိုင်ပွဲဒုတိယအကြိမ် ဆက်တိုက်ကြုံ
========================================

မန်စီးတီးနှင့်ဘာစီလိုနာအသင်းတို့သည် ချန်ပီယံလိဂ် ၁၆ သင်း ပြိုင်ပွဲ တွင် နှစ်နှစ်ဆက်တိုက် ဆုံတွေ့ကြမည်ဖြစ်သည်။ ချယ်လ်ဆီးက ပီအက်စ်ဂျီနှင့် လည်းကောင်း၊ အာဆင်နယ်က မိုနာကိုနှင့်လည်းကောင်း ဖေဖော်ဝါရီလနှင့် မတ်လအတွင်းကစားကြမည်။ လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ်က ရှော်လ်ကေး နှင့်တွေ့မည်ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ဗိုလ်လုပွဲရောက် အက်သလက် တီကိုက လေဗာကူဆင်နှင့် ကစားရမည်ဖြစ်သည်။ ဘိုင်ယန်မြူးနစ်နှင့် ရှက်တာဒိုးနက်၊ ဂျူဗင်တပ်စ်နှင့်ဒေါ့မွန်၊ ဘေဆယ်နှင့်ပေါ်တိုတို့ တွေ့ကြမည် ဖြစ်သည်။

ကောင်းမြတ်သူ