Monday, January 26, 2015

တို့ဖူးနွေးချက်နည်းသိချင်သူတွေအတွက်ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။



တို့ဖူးနွေးချက်နည်းသိချင်သူတွေအတွက်ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ

၁။ ဆန်စီခေါက်ဆွဲထုပ် – တ၀က်

၂။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ)

၃။ နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)

တို့ဟူးကျိုရန် ပါဝင်ပစ္စည်းများ
၁။ ကုလားပဲအစိမ်းမှုန့် (သို့) တို့ဟူးမှုန့် – ၁၅၀ဂရမ်

၂။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၃။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၎။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

၅။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်းများ

၁။ အရင်ဆုံး ဆန်စီခေါက်ဆွဲခေါက်များကို ရေနွေးတည်ထားသော အိုးထဲသို့ ထည့်၍ ပြုတ်ပေးပါ။ ခေါက်ဆွဲကျက်ပြီဆိုလျှင် ရေပြန်စစ်ပြီ ရေစိမ်ထားပေးပါ။
(ရေမစိမ်ထားပါက ခေါက်ဆွဲများ ကပ်သွားပါလိမ့်မည်)

၂။ ထို့နောက် ခရမ်းချဉ်သီး ဆော့ချက်ရန် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပါ။

၃။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ နီများ ထည့် ဆီသပ်ပေးပြီ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီးများ ထည့်၍ ရေ(ဆန်ချိန်ခွက် တခွက်)ခန့်ထည့်ပြီ ခရမ်းချဉ်သီးများ နူသည်အထိ တည်ထားပေးပါ။

၎။ ခရမ်းချဉ်သီးများ နူးသွားမှ ၀က်သားများကို ထည့်ပြီ ရောမွှေလိုက်ပါ။

၅။ အရသာ အပေါ့အငံ့အတွက် ဆား၊ ပဲငံပြာရည်၊ ပဲငပိ၊ ငါးငံပြာရည်၊ သကြား တို့ကို ထည့်ပေးပါ။

၆။ ထို့နောက် အသားနူရန် ရေ(ဆန်ချိန်ခွက် တခွက်) ထည့်ပြီ ဆီပြန်လျှင် မီးပိတ်၍ ခွက်တစ်ခုထဲ ပြောင်းထည့်ထားပါ။

ရ။ တို့ဟူးကျိုရန်အတွက် ကုလားပဲမှုန့်များကို ရေ(ဆန်ချိန်ခွက် တခွက်ခွဲ)ဖြင့် ရောပြီ သမအောင် မွှေလိုက်ပါ။

၈။ ကုလားပဲမှုန့်များကို ကျေသွားအောင် လက်ဖြင့် (သို့) ဇကာဖြင့် ကျေအောင် လုပ်ပေးပါ။

၉။ ကုလားပဲမှုန့်များ ကျေသွားမှ ရေ(ဆန်ချိန်ခွက် ၂ခွက်)၊ ဆနွင်းတို့ဖြင့် ရောမွှေပြီ ဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။

၁၀။ မီးနည်းနည်းဖြင့် ရမိနစ်ခန့် အဆက်မပြတ်မွှေပေးနေပါ။ အရသာအတွက် ဆား၊ သကြား၊ အချိုမှုန့်တို့ကို ထည့်ပေးပါ။

၁၁။ ပုံတွင် ပြထားသည့်အတိုင်း တို့ဟူးနှစ် မပျစ်မကျဲ အနေထားတွင် ချလိုက်ပါ။

၁၂။ တို့ဟူးနွေးအတွက် ပြင်ဆင်ပါတော့မည်။ အရင်ဆုံး ခွက်ထဲသို့ ဆန်စီခေါက်ဆွဲ လက်တဆုပ်စာခန့် ထည့်လိုက်ပါ။

၁၃။ ပြီလျှင် ခေါက်ဆွဲပေါ်မှ ကျိုထားသော တို့ဟူးများကို ခေါက်ဆွဲဖုံးသည်အထိ လောင်းထည့်ပေးပါ။

၁၄။ နောက်ဆုံးမှ ခရမ်းချဉ်သီးဆော့ရည်(စားပွဲတင်ဇွန်း ၂ဇွန်းခွဲ)၊ မြေပဲ
(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သွန်မြိတ် အနည်းငယ်၊ ပဲငံပြာရည်အကြည်
(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ထည့်ပေးပါ။ ထို့နည်းအတိုင်း ကျန်တို့ဟူးနွေး ၂ပွဲကို ပြင်ပါ။

၁၅။ တို့ဟူးနွေးကို ပူပူလေး ၀က်ခေါက်၊ ရှမ်းချဉ် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…:)


မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

၂၀၁၄ခုနှစ်အတွင်း ဖားကန့်မြို့နယ်၌ ဘိန်းဖြူအများဆုံး ဖမ်းမိ



ဖားကန့်၊ ဇန်နဝါရီ ၂၅-ကချင်ပြည် နယ် ဖားကန့်မြို့နယ်အတွင်း ၂၀၁၄ ခုနှစ်ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ရာ ဘိန်းဖြူအမှုမှာ အများဆုံးဖြစ်ပြီး ဒု တိယဖမ်းဆီးရမှုအများဆုံးမှာ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့မ ရဲစခန်း၊ ကာမိုင်းရဲ စခန်း၊ လုံးခင်းရဲစခန်း၊ တာမခန်ရဲ စခန်းနှင့်ဆယ်ဇင်းရဲစခန်းများမှ မူး ယစ်ဆေးဝါးများကို ဖမ်းဆီးခဲ့ရာ ဘိန်းဖြူအမှု ၃၅ဝမှုမှ ဘိန်းဖြူ၈၇၃ ဒသမ ၃၈၇၆၄၂၅ကီလိုဂရမ်နှင့်ကျား ၄၇၁ဦး၊ မ ၄၄ဦး စုစုပေါင်း တရား ခံ ၅၁၅ဦး ကိုလည်းကောင်း၊ ဘိန်း မည်းအမှု ၆၁မှုမှ ဘိန်းမည်း ၃၅ ဒသမ ၉၅၆၂၆ကီလိုဂရမ်နှင့်ကျား ၂၂ဦး၊ မငါးဦး စုစုပေါင်း တရားခံ ၂၇ ဦးကိုလည်းကောင်း၊ အဆင့်နိမ့် ဘိန်း ၆၁မှုမှ အဆင့်နိမ့် ဘိန်း ၅၉ ဒသမ ဝ၅၈၈ကီလိုဂရမ်နှင့်ကျား ၆ရ ဦး၊ မ ၁၅ဦး စုစုပေါင်းတရားခံ ၈၂ ဦးကို လည်းကောင်း၊ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု ၁၃ဝမှုမှ စိတ်ကြွဆေး ပြား ၁၈၈၉၀၁ပြားနှင့် ကျား ၁၄ရဦး၊ မ ၅ရဦး စုစုပေါင်းတရားခံ ၂၀၄ဦး ကိုလည်းကောင်း ၊ ဘိန်းဆီခဲဖမ်းဆီး ရမိမှု ၁၅မှုမှ ဘိန်းဆီခဲ ၅ ဒသမ ၁၆၇၉၈ကီလိုဂရမ်နှင့် ကျား ၁၃ဦး၊ မ ၁၁ဦး စုစုပေါင်းတရားခံ ၂၄ဦး ကိုလည်းကောင်း ၊ ဘိန်းရည်ဖမ်းဆီး ရမိမှု ရှစ်မှုမှ ဘိန်းရည် ၁၀ ဒသမ ဝ၇၂မီလီလီတာနှင့်ကျား ၁၅ဦး၊ မ ၁၁ ဦး စုစုပေါင်းတရားခံ ၁၆နှင့်အက်ဖီ ဒရင်း ဝ ဒသမ ၉၆ကီလိုဂရမ်၊ သုံး စွဲအမှုသုံးမှုနှင့်ကျားသုံးဦးကိုလည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။

''၂၀၁၄ခုနှစ် တစ်နှစ်လုံး မူး ယစ် ဆေးဝါးအမှုပေါင်းစုံကနေ စုစုပေါင်း တရားခံ ၈၇၁ဦးနဲ့ အမှုပေါင်း ၅၈၀ မှု၊ မူးယစ်ဆေးဝါး ၉၇၂ ဒသမ ၄၀၄၇၇၆၈ကီလို ဂရမ်၊ စိတ်ကြွဆေး ပြား ၁၈၈၉၀၁ပြားနဲ့ ဘိန်းရည် ၁၀ ဒသမ ဝ၇ မီလီလီတာ ဖမ်းဆီးရမိခဲ့ ပါတယ်''ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဆွေက ပြောကြားသည်။
ဖားကန့်မြို့မရဲစခန်းနှင့်နယ် မြေရဲစခန်းမှ နှစ်စဉ်မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့်သုံးစွဲမှုလျော့နည်း သွားစေရေး အတွက် ဆောင်ရွက်နေ ကြောင်း သိရသည်။







မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

Sunday, January 25, 2015

ပြည်သူ့အသံ24-1-2015မိုးညှင်းမြို့ နန့်စကောက်ချောင်းအား ပြုပြင်ပေးစေလို



ပြည်သူ့အသံ24-1-2015မိုးညှင်းမြို့ နန့်စကောက်ချောင်းအား ပြုပြင်ပေးစေလ

မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

Saturday, January 24, 2015

သင် facebook သုံးပါသလားယခုပဲမိုးညှင်းသတင်းရဲ့ facebook pages မှာ like လုပ်၍သတင်းများကိုmessaging box မှပေးပို့နိုင်ပါပြီယခုပဲလုပ်လိုက်ပါ


မိုးညှင်းသတင်း facebook pages လိပ်စာ http://www.facebook.com/mohnyintoday

သင် facebook သုံးပါသလားယခုပဲမိုးညှင်းသတင်းရဲ့ facebook pages မှာ like လုပ်၍သတင်းများကိုmessaging box မှပေးပို့နိုင်ပါပြီယခုပဲလုပ်လိုက်ပါ


သင် facebook သုံးပါသလားယခုပဲမိုးညှင်းသတင်းရဲ့ facebook pages မှာ like လုပ်၍သတင်းများကိုmessaging  box  မှပေးပို့နိုင်ပါပြီယခုပဲလုပ်လိုက်ပါ

pages လိပ်စာ

http://www.facebook.com/mohnyintoday


မိုးညှင်းသတင်း facebook pages လိပ်စာ http://www.facebook.com/mohnyintoday

သင် facebook သုံးပါသလားယခုပဲမိုးညှင်းသတင်းရဲ့ facebook pages မှာ like လုပ်၍သတင်းများကိုmessaging box မှပေးပို့နိုင်ပါပြီယခုပဲလုပ်လိုက်ပါ


သင် facebook သုံးပါသလားယခုပဲမိုးညှင်းသတင်းရဲ့ facebook pages မှာ like လုပ်၍သတင်းများကိုmessaging  box  မှပေးပို့နိုင်ပါပြီယခုပဲလုပ်လိုက်ပါ

pages လိပ်စာ

http://www.facebook.com/mohnyintoday


မိုးညှင်းသတင်း facebook pages လိပ်စာ http://www.facebook.com/mohnyintoday

မြန်မာနိုင်ငံ ဆင်းရဲတာ ဗုဒ္ဓဝါဒနဲ့မဆိုင်




မြန်မာနိုင်ငံ ဆင်းရဲတာ ဗုဒ္ဓဝါဒနဲ့မဆိုင်
ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
၁။ တပည့်တော်သိရသလောက် ဗုဒ္ဓ၏တရားတော်များကို ဗုဒ္ဓဘုရားရှင် ပရိ နိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်းများစွာကြာပြီးမှ စာအုပ်အဖြစ်နှင့် ရေးသား မှတ်တမ်းတင်သည် ဟု ကြားဖူးပါသည်။
သို့ဖြစ်၍ ဗုဒ္ဓဓမ္မအတွင်း သို့ တခြားဘာသာတရားမှ အယူအဆများ ဝင်ရောက်ရောထွေးခြင်းမှ ကင်းလွတ်နိုင်ပါမည်လော။ နှောင်းခေတ်မှာလည်း ဓမ္မရေးရာ အဓိပ္ပာယ် ကောက်ယူမှု ကွဲလွဲသောကြောင့်ပင် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများဖြစ်ပေါ် လာသည်ဟု ယူဆပါသည်။
၂။ တပည့်တော်တို့ မြန်မာလူမျိုးများသည် ကမ္ဘာပေါ်မှာ ဗုဒ္ဓဝါဒကို အကြည်ညိုဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ သို့ဖြစ်ပါလျက် တပည့်တော်တို့မြန်မာနိုင်ငံ ဆင်းရဲမွဲတေပြီး အောက်တန်းကျနေရပါသ နည်း။
ဖိနှိပ်မှုအမျိုးမျိုးမှမလွတ်မြောက်ဘဲရှိနေရပါနည်း။
ဗုဒ္ဓရဲ့တရား တော်ကြောင့် တပည့်တော်တို့ မြန်မာနိုင်ငံ ချမ်းသာကြွယ်ဝသင့်သည် မဟုတ်ပါလောဘုရား။
ဆရာတော်ရဲ့အမြင်ကိုသိပါရစေ။
စိုးပိုင်(နယူးယောက်)
အာဂုံဆောင် အစဉ်အလာ
****************************
ဗုဒ္ဓရဲ့နောက်က အမြဲလိုက်ပါရတဲ့ အရှင်အာနန္ဒာဟာ အခု ခေတ် အသံဖမ်းစက်လို ဗုဒ္ဓဟောသမျှတရားတွေကို စိတ်အာရုံမှာ အတိအကျ မှတ်တမ်းတင်နိုင်ခဲ့တယ်။ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံလို့ သုံးလ အကြာမှာ ရဟန္တာငါးရာစည်းဝေးပြီး ဗုဒ္ဓဓမ္မကို နိကာယ်အနေနဲ့ ငါး ရပ်၊ ပိဋကတ်အနေနဲ့ သုံးပုံလို့ စနစ်တကျစုစည်းကြတဲ့အခါ အရှင်အာ နန္ဒာလည်းပါတာပေါ့။ အဲဒီအစည်းအဝေးကပဲ 'အရှင်ဥပါလိကို ဝိနယ ပိဋက၊ အရှင်အာနန္ဒာကို ဒီဃနိကာယ်၊ အရှင်သာရိပုတ္တရာရဲ့ တပည့် တွေကို မဇ္ဈိမနိကာယ်၊ အရှင်မဟာကဿပကို သံယုတ္တနိကာယ်၊ အရှင် အနုရုဒ္ဓါကို အင်္ဂုတ္တရနိကာယ်ကို သင်ကြားပေးဖို့ တာဝန်ပေးခဲ့တယ် ။(ဒိ-ဋ္ဌ ၁၊ ၁၅)'
ခုဒ္ဒကနိကာယ်ကို မည်သူ့အား တာဝန်ပေးကြောင်း မသိရပေမယ့် အဘိဓမ္မာပိဋကကိုတော့ အရှင်သာရိပုတ္တရဲ့တပည့်
တွေကပဲ တာဝန်ယူ ပို့ချခဲ့ကြဖွယ်ရှိပါတယ်။ သင်ကြားပုံက
ကျောက်သင်ပုန်းနဲ့ ပေရွက်နဲ့မဟုတ်ဘူး။ မူရင်းပါဠိတော်ကို ဆရာက နှုတ်တိုက်ချပေးလိုက်၊ အဲဒီပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်ကို ရှင်း ပြလိုက်နဲ့ တပည့်တွေကို သင်ပေးကြတာ။ ဆရာစဉ်ဆက် ဒီလိုပဲ ပို့ချလာလိုက်တာ အသောကမင်းလက်ထက် တတိယ သင်္ဂါ ယနာတင်ချိန်အထိ အိန္ဒိယမှာ ဆရာစဉ် ငါးဆက် (နှစ်ပေါင်း ၂၃ဝ)ကျော် ကြာတယ်။
အာဂုံဆောင်တာဟာ စာကြည့်တိုက်က စာအုပ်တွေထက် အားကိုးရတယ်ဆိုတဲ့ သီအိုရီကို ကြားဖူးပါတယ်။ စာကြည့်တိုက်ကို မီး လောင်ရင် နာရီပိုင်းအတွင်း စာအုပ်တွေ ပျက်စီးသွားနိုင်တာပဲ။ လွန်ခဲ့ တဲ့ နှစ်ပေါင်း၎ဝကျော်လောက်က ကွက်စိပ်ဟောဆရာ ဦးလေးဝမ်းကွဲ နှုတ်တိုက်သင်ပေးခဲ့တဲ့ ပဒုမပေါင်တိုဇာတ်ထဲက စာသားတချို့ကို ဘုန်း ကြီး ယနေ့တိုင် ဦးလေးရဲ့ လေယူလေသိမ်းအတိုင်း အလွတ်ရနေပါတယ်။ ငယ်ငယ်က ရေးကူးထားတဲ့ စာအုပ်တွေတော့ ပျောက်ပျက်သွားပါပြီ။ ဒါကိုကြည့်ရင် အဲဒီသီအိုရီကို ထောက်ခံရပါလိမ့်မယ်။
ဗုဒ္ဓဓမ္မကို အက္ခရာနဲ့ရေးချိန်
******************************
အသောကမင်းရဲ့သားတော် အရှင်မဟိန္ဒဦးဆောင်တဲ့ မထေရ် ငါးပါးဟာ တတိယသင်္ဂါယနာမှာအတည်ပြုတဲ့ ပိဋကတ်သုံးပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် (အဋ္ဌကထာ)တွေကို ဗုဒ္ဓလွန်ပြီး ၂၃၆နှစ်အကြာ (မဟာဝံသ မှတ်တမ်းအရ)မှာ အိန္ဒိယကနေ သီဟိုဠ်ကို နှုတ်နဲ့ပဲ သယ်ယူခဲ့ကြတယ်။ အရှင်မဟိန္ဒဟာ သီဟိုဠ် အနုရာဓမြို့မှာ မဟာဝိဟာရကျောင်းတိုက်ကြီး ကို တည်ထောင်တယ်။
အဲဒီကျောင်းတိုက်ကြီးမှာပဲ အိန္ဒိယက အမွေ ရခဲ့တဲ့ ပိဋကတ်သုံးပုံနဲ့ အဋ္ဌကထာတွေကို နောက်ထပ် နှစ်ပေါင်းနှစ်ရာ ကျော်ကြာ ဆရာစဉ်ဆက် နှုတ်တိုက်ပို့ချခဲ့ကြတယ်။ ဒီအချိန်အထိ ဗုဒ္ဓ ဓမ္မကို အက္ခရာနဲ့မရေးရသေးဘူး။ ဝဋ္ဋဂါမဏိမင်းလက်ထက် (ဘီစီ ၂၉-၁၇)သီဟိုဠ်မှာ ကြီးမားတဲ့စစ်မက်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေး တွေနဲ့ကြုံလို့ ပါဠိအဋ္ဌကထာကို နှုတ်လွတ်ဆောင်ဖို့ ခဲယဉ်းတာကို ရဟန္တမထေရ်ကြီးတွေ သတိပြုမိသွားပြီး ပိဋကတ်သုံးပုံနဲ့ အဋ္ဌကထာ ကို ပေပေါ်မှာ ရေးတင်ပါတယ်။ ဒါကို စတုတ္တသင်္ဂါယနာတင်တာလို့ လည်း ခေါ်ပါတယ်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံလွန်ပြီးနောက် နှစ်ပေါင်း ၄၅ဝ လောက်အကြာမှာတော့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။
ဗုဒ္ဓဝါဒီ ပညာရှင်ရဲ့အမြင်
***************************
'အရှင်မဟာဗုဒ္ဓဃောသနဲ့ တရုတ်ရဟန်းတော် ဖာဟီယန် တို့ အေဒီငါးရာစုမှာ အိန္ဒိယကနေ သီဟိုဠ်ကို ရောက်လာကြတယ်။ (သီ ဟိုဠ်မှာရှိနေတဲ့) လက်ရှိပိဋကတ်ကို ရှေးဟောင်းထေရဝါဒအမှန်ဖြစ် တယ်လို့ ယုံကြည်ကြလို့ပါ။ ထေရဝါဒရဟန်းတော်တွေဟာ စကားလုံး တစ်လုံးတစ်လေရဲ့ သန့်ရှင်းမှု (အနက်အဓိပ္ပာယ်မချွတ်ယွင်းစေမှု)ကို ပင် အထူးဂရုစိုက်ကြတယ်ဆိုတဲ့ ရှုထောင့်ကနေကြည့်ရင် ပိဋကတ် ကျမ်းစာတွေဟာ အထည်ကိုယ်အနေနဲ့ တစ်စုံတစ်ရာပြောင်းလဲခြင်း ဖြစ်နိုင်ဖွယ်မရှိ (Malasekera, Pali Literatur of Ceylon,P.44)။
ဂိုဏ်းကွဲတာ ဘာကြောင့်
***************************
ဗုဒ္ဓဝါဒမှာ ဂိုဏ်းကွဲရတာဟာ ဓမ္မရေးရာအဓိပ္ပာယ်ကောက် ယူမှု မတူတာက စတင်ခဲ့တာမဟုတ်ဘူး။ ဝိနယအယူအဆနဲ့ လိုက် နာကျင့်ကြံရေး အလျော့အတင်းကွဲပြားတာက စတင်ခဲ့တာပါ။ ဂိုဏ်း ကွဲပြီးနောက် ဓမ္မရေးရာအယူအဆတွေလဲ တဖြည်းဖြည်း ကွဲလွဲသွား တယ်။ ဒါတောင် အခြေခံဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ ပဋိစ္စ သမုပ္ပါဒ်၊ ဘဝသံသရာ ယူဆချက်တွေဟာ အတူတူပဲ။ ယုံကြည်မှု သို့ မဟုတ် ဗုဒ္ဓဘာသာဟူသော အကြောင်းကြောင့် ဗုဒ္ဓဝါဒီတွေအချင်း ချင်း စစ်မက်ဖြစ်ခြင်း ရာဇဝင်မှာမရှိဖူးပါဘူး။
မြန်မာပြည် ဘာကြောင့်ဆင်းရဲ
*********************************
ကမ္ဘာပေါ်မှာ မြန်မာတွေလောက် ဘယ်သူမှ ဗုဒ္ဓဝါဒကိုမယုံ ကြည်၊ မကိုးကွယ်ပါဘူး ဆိုတာကို ဘုန်းကြီး လက်မခံဘူး။ အနည်းဆုံး သီရိလင်္ကာနဲ့ ထိုင်းလောက်ကိုသွားပြီး စနစ်တကျလေ့လာကြည့်ပါ။ ဗုဒ္ဓဝါဒဆိုင်ရာ သမိုင်းအရရော၊ ယုံကြည်မှုအရပါ မြန်မာနိုင်ငံအောက် မညံ့ဘူးဆိုတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ ကျော်လောက်က မုန့်ဟင်းခါး တစ်ပွဲကို ငါးပြားနဲ့ အဝစားနိုင်ခဲ့တာ၊ ရွှေ တစ်ကျပ်သားကို ၂၅ဝ ကျပ်လောက်နဲ့ ဝယ်ယူနိုင်ခဲ့တာတွေကို အမှတ်ရ ရင် ယခုမြန်မာနိုင်ငံဆင်းရဲနေရတာ ဗုဒ္ဓဝါဒနဲ့ မဆိုင်ဘူးလို့ ဆင်ခြင်နား လည်နိုင်ပါလိမ့်မယ်။ နိုင်ငံကြီးပွားချမ်းသာအောင်နဲ့ ဖိနှိပ်မှုတွေ လွတ် မြောက်အောင် လုပ်ရမှာက ပုဂ္ဂိုလ်ကိုယ်စီတို့ရဲ့ လုံ့လအား
ထုတ်မှု၊ ပါဝင်ပတ်သက်မှုအပေါ်မှာပဲ တည်မှီပါလိမ့်မယ်။
ဗုဒ္ဓဟောတဲ့ကမ္မဝါဒကို လက်ခံယုံကြည်ရင်ပေါ့လေ။
- အရှင်ကေလာသ ဆရာတော်၏ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။




















မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com