Thursday, May 21, 2015

ယနေ့အကြိုက်ဆုံးဟာသလေပါ မိုးညှင်းကအခွန် သူခိုးများဖတ်ရန် ယနေ့အကြိုက်ဆုံးဟာသလေပါ မိုးညှင်းကအခွန် သူခိုးများဖတ်ရန် ယနေ့အကြိုက်ဆုံးဟာသလေပါ မိုးညှင်းကအခွန် သူခိုးများဖတ်ရန်

ဟော…ဇွန်လ ၁ ရက်က စပြီး တယ်လီဖုန်းကြေးတွေ၊ ငွေ ဖြည့်ကတ်တွေမှာ ၅ရာခိုင်နှုန်း အခွန်ကောက်မယ်
ဆိုလို့ ရွှေနိုင်ငံ တော်ကြီးမှာ ပူညံပူညံ အသံဗလံ တွေ ပလူ ပျံနေပါကလား။

အဲဒီလိုဆိုတော့ ကျွန်တော် ဂျပန်ရောက်စတုန်းကတီဗီမှာ ကြည့် ခဲ့ရတဲ့ ဟာသဇာတ်လမ်းတိုလေး တစ်ခုကို ပြန်အမှတ်ရလာတယ်။ ပုံပြောမယ်နော်’နား ထောင်ချင် တဲ့လူတွေ လက်ညှိုးထောင်’။

အဲဒီဇာတ်လမ်းက ရယ်စရာ ရိုက်ထားပေမယ့် သရော်တာလေး တွေ၊ ထေ့ငေါ့ထားတာလေးတွေက မိုက်တယ်။

ဖြစ်ပုံက အဘွားကြီးတစ် ယောက် အိမ်သာထဲမှာ တံခါးဂျက် ကျပြီး ပိတ်မိနေလို့ ပြန်မထွက်နိုင် ဘဲ အရပ်ကို အကူအညီအော်ခေါ် တာနဲ့စတယ်။ သူနေတာက ဂျပန် လိုခေါ်တော့ အပတ်တိုဆိုတဲ့ အပတ်မင့် အိမ်ခန်း၊ သူပိတ်မိနေ တဲ့ အိမ်သာက အပြင်လူသွား စင်္ကြံနဲ့ ကပ်လျက်ဆိုတော့ အိမ် သာပြတင်းသေးသေးကနေ မျက် နှာလေးေ ဖ်ာပြီး အပြင်ကလူနဲ့ စကား ပြောလို့ရတယ်။

ဘေးအိမ်ခန်းကလူတွေ အိမ် သာတံခါးကို ဖွင့်ပေးဖို့ အဘွား ကြီးရဲ့ အိမ်ခန်းထဲကို ဝင်မယ်လုပ် တော့ အိမ်ခန်းတံခါးကလည်း အတွင်းက သော့ခတ်ထားလို့ ဝင် မရပြန် ဘူး။ အဲဒီအချိန်မှာ စက် ဘီးနဲ့ ကင်းလှည့်လာတဲ့ ရဲတစ် ယောက်ကို အကူအညီတောင်းကြတယ်။ ဂျပန်မှာ အိုမာဝါရိစံ (ကင်း လှည့်ရဲဘော်)ဟာ တာဝန်ကျရပ် ကွက်ထဲ မှာတစ်နာရီတစ်ခါ လောက် စက်ဘီးနဲ့ ရဲကင်းလှည့်တာ ထုံးစံ ပါ။ ရာဇဝတ်မှုနည်းပါးတာလည်း မပြောနဲ့။

အဲဒီမှာ ရဲနဲ့အိမ်သာထဲက အဘွားကြီး အပြန်အလှန် အချေ အတင် ပြောကြတာကို ဇာတ်လမ်း ဆင်ထားတာ။ (လိုရင်းကိုပဲ အတို ချုပ်ရေးပါမယ်။)

”အိုဘာစံ (အဒေါ်ကြီး) ခင်ဗျားဖာသာ အိမ်သာထဲမှာ ဂျက်ကျနေတဲ့ကိစ္စကရာဇဝတ်မှုခင်း မဟုတ်ဘူး၊ ရဲနဲ့မဆိုင်ဘူး။ ကိုယ့် ဖာသာသော့ပြင်ဆရာ ခေါ်မှပေါ့”

”ဟဲ့…ငါမှ အပြင်မထွက် နိုင်ဘဲ ဘယ်လိုလုပ် သွားခေါ်ရမလဲ သေနာရဲ့၊ ပြီးတော့ ငါအပြင်ထွက် နိုင်
မှတော့ သော့ပြင်ဆရာလည်း မလိုဘူး။ နင်လည်း မလိုဘူး”

”ဟင်…ဒါလည်း ဟုတ် သားပဲ၊ ကျွန်တော်တို့ ရဲတွေကို သော့ဖွင့်တဲ့နည်း သင်ပေးမထား ဘူး။ အတွင်းက သော့ခတ်ထားတဲ့ အဒေါ့်အိမ်ခန်းတံခါးကို ကျွန် တော်လည်း မဖွင့်တတ်ဘူး။

”နင်မဖွင့်တတ်ရင် ဖွင့်တတ် တဲ့သူကို တွေ့အောင်ရှာပြီး ခေါ် လာပေါ့ဟဲ့။ နင်တို့ရဲတွေ ဒီလောက် ညံ့ရသလား”

”အဲဒါက ရဲအလုပ်မဟုတ် ဘူးလေ။ ကိုယ့်ဖာသာ ဖြစ်တဲ့ကိစ္စ ကိုယ့်ဖာသာ ရှင်းမှပေါ့”

ပြောပြောဆိုဆို ရဲကထွက် သွားမယ်လုပ်တော့ အဘွားကြီးက လှမ်းတားပြန်တယ်။

”ဟဲ့ နေဦး နေဦး၊ ကြောင် ကလေးတစ်ကောင် ဓာတ်တိုင်ပေါ် ကမဆင်းတတ်ဘဲအော်နေတာတွေ့ ရင် နင်တို့ရဲတွေ ဘာလုပ်သလဲ”

”ဓာတ်တိုင်ပေါ် တက်ပြီး အောက်ကိုချပေးရတာပေါ့”

”နင်က ဓာတ်တိုင်ပေါ်ကျ တော့ တက်တတ်သလား”

”မဟုတ်ဖူးလေ၊ မီးသတ်ကား ကို ခေါ်ပေးရတာပေါ့။ မီးသတ် ရဲဘော်က လှေကားနဲ့ တက်ပြီး
ကြောင်ကို ပွေ့ခေါ်ရတာ”

”သြော်… ကြောင်ကိုကျ တော့ ဒီလိုကူညီပေးတယ်။ ငါက လူဟဲ့ လူ၊ လူကျတော့ ဒီလို ပစ်ထားလို့ ရမလား”

”ကြောင်က သူ့ဖာသာ မလုပ် တတ်လို့ ကူညီရတာ၊ လူက ကိုယ့် ဖာသာ ရှင်းတတ်တယ်။ ကဲ.. သွား မယ်ဗျာ၊ ကျွန်တော့်မှာ အလုပ်တွေ ရှိသေးတယ်”

ရဲက အိမ်အောက်ကို ဆင်း သွားတော့ အဖွားကြီးက ပြတင်း ပေါက်က ကုန်းအော်တယ်။

”ဟဲ့…လူတစ်ယောက်လုံး ဒုက္ခရောက်နေတာ မကူညီတဲ့ရဲ၊ အလကားကောင်၊ ဇေကင်ဒိုရ ဘော် (…)”

အဘွားကြီးအော်တဲ့ ”ဇေကင်ဒို ရဘော်”ဆိုတာ ”အခွန်သူခိုး” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အဲဒီ စကားလုံးဟာ ရဲလို အစိုးရလခစား ဝန်ထမ်းတွေအတွက် သေမ လောက် နာတယ်။ ပြည်သူဆီက အခွန်ကောက်ခံထားတဲ့ ငွေနဲ့ လစာယူထားပြီး တာဝန်ကျေအောင်မလုပ်ရင် သူခိုးနဲ့ အတူတူ ပဲလို့ ဂျပန်တွေက ယူဆတယ်လေ။

ဇေကင်ဒိုရဘော်လို့ အဘွား ကြီးအော်တဲ့ အသံကြားတာနဲ့ ရဲ လည်း မျက်စိမျက်နှာပျက်ပြီး အိမ် ပေါ်ကို ကပျာကယာ ပြန်တက်လာ ရတာပေါ့။

”အဒေါ်ကြီး ခင်ဗျားအသံက တစ်ရပ်ကွက်လုံးကြားတယ်။ အဲဒီ ဇေကင်ဒိုရဘော် ဆိုတာကြီးကို မအော်ပါနဲ့”

”အေး…ငါမအော်စေချင် ရင် သော့ပြင်ဆရာ သွားခေါ်ချည်။

”ဟုတ်ကဲ့..ဟုတ်ကဲ့… ကျွန်တော် အခုသွားခေါ်မယ်။ မအော် နဲ့တော့နော်”

”နင်သွားလို့ မဖြစ်ဖူး၊ တစ် ခြားရဲတစ်ယောက်ကို သွားခေါ် ခိုင်း၊ သော့ပြင်ဆရာမလာခင်ငါလို အပ်တာရှိရင်နင့်
ကိုခိုင်းရဦးမယ်”

ဒါနဲ့ ရဲလည်း ဝေါ်ကီတော်ကီနဲ့ လှမ်းပြောပြီး ရဲကားတစ်စင်းနဲ့ သော့ပြင်ဆရာ သွားပင့်ခိုင်းရတာ ပေါ့။

ဒီကြားထဲမှာ အဘွားကြီးက ရေငတ်တယ်ဆိုလို့ သောက်ရေ ခပ်ပေးရ၊ စီးကရက်သောက်ချင် တယ်ပြောလို့ ရှာပေးရနဲ့ ခိုင်းသမျှ လုပ်ရင်း ရဲခမျာလည်း ဖတ်ဖတ် မောနေတာ အရမ်းရယ်ရတာပဲ။ ဇာတ်လမ်းရှည်မှာ စိုးလို့ ချန်ထား လိုက်မယ်။

သော့ပြင်ဆရာ ရောက်လာပြီး တံခါးဖွင့်ပေးလိုက်တော့ အဘွား ကြီးလည်း ရဲကို ကျေးဇူးတင်စကား တွေ ဘာတွေပြော၊ ရဲလည်း လေ ပူကြီး မှုတ်ထုတ်ပြီး သွားတော့မယ် ဟန်ပြင်တုန်း သော့ပြင်ဆရာက သူ့လက်ခကို ဘယ်သူ ပေးမှာလဲလို့ မေးတယ်။ ရဲနဲ့အဘွားကြီး အဲဒီမှာ သူပေးလိမ့်မယ်၊ ငါပေးလိမ့်မယ် အပြန်အလှန် ငြင်းကြပြန်ရော။

”ဟဲ့..နင့်ကို ငါ ဥပမာပေး ခဲ့သလို ဟိုဓာတ်တိုင်ပေါ်က ကြောင် ကလေးကို နင်ပိုက်ဆံတောင်း သလား၊ နင်တို့ရဲတွေရော၊ မီး သတ်ရောလုပ်အားခ၊ ဓာတ်ဆီဖိုး၊ လှေကား ဖိုး ဘယ်သူ့ဆီက တောင်း သလဲ၊ ငါတို့ပြည်သူတွေဆီက အခွန်ယူထားတာဘာအတွက်လဲဟင်”

အဘွားကြီးက ပြောပြောဆိုဆို ခုနစ်သံချီဟစ်မလို့ ”ဇေကင်…”” လို့ အသံပစ်လိုက်တာနဲ့ ရဲလည်း သူ့ပါးစပ်ကို အတင်းပိတ်ပြီး ဘောင်းဘီထဲက ပိုက်ဆံအိတ်လေး ထုတ်လိုက်ရပါတော့တယ်။

သြော်…ပုံပြင်လေးထဲ မှာတော့ ပြည်သူ့ဆီက အခွန်တွေ ကောက်ပြီး တာဝန်ကျေပြွန်အောင် လုပ်မပေးရင် ဂျပန်ပြည်မှာ အခွန် သူခိုး (ဇေကင်ဒိုရဘော်) လို့ ခေါ် တယ်ကွဲ့။ ကလေးတို့ မှတ်ထားကြ နော်။


Popular



မိုးညှင်းသတင်း apk သို့သတင်းနှင့် ကြော်ငြာများပေးပို့ရန် mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှလဲပေးပို့နိုင်ပါတယ် ဘာသာရေးပွဲများ ပရဟိတပွဲများကို



www.mohnyinnews.blogspot.com

သူရိယပညာရေးဖောင်ဒေးရှင်းမှ ကျင်းပပြုလုပ်သော ပထမအကြိမ် ကုသိုလ်ဖြစ်အပ်ချုပ်စက်သင်တန်းကို ၂၀.၅.၂၀၁၅ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးနေပြီဖြစ်ပါသည်။ သင်တန်းကာလ ၆လကြာမြင့်မည်ဖြစ်ပါသည်။ ဆက်သွယ်လှူဒါန်းရန်-ရုံးဖုန်း(09258506191)။ ပုညရှင်တောရအပြည်ပြည်ဆိုင်ရာဝပဿနာရိပ်သာ၊ မိုးညှင်းမြို့၊ကချင်ပြည်နယ်။

သူရိယပညာရေးဖောင်ဒေးရှင်းမှ ကျင်းပပြုလုပ်သော ပထမအကြိမ် ကုသိုလ်ဖြစ်အပ်ချုပ်စက်သင်တန်းကို ၂၀.၅.၂၀၁၅ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးနေပြီဖြစ်ပါသည်။ သင်တန်းကာလ ၆လကြာမြင့်မည်ဖြစ်ပါသည်။ ဆက်သွယ်လှူဒါန်းရန်-ရုံးဖုန်း(09258506191)။ ပုညရှင်တောရအပြည်ပြည်ဆိုင်ရာဝပဿနာရိပ်သာ၊ မိုးညှင်းမြို့၊ကချင်ပြည်နယ်။


www.mohnyinnews.blogspot.com

ယနေ့အကြိုက်ဆုံးဟာသလေပါ မိုးညှင်းကအခွန် သူခိုးများဖတ်ရန် ယနေ့အကြိုက်ဆုံးဟာသလေပါ မိုးညှင်းကအခွန် သူခိုးများဖတ်ရန် ယနေ့အကြိုက်ဆုံးဟာသလေပါ မိုးညှင်းကအခွန် သူခိုးများဖတ်ရန်

ဟော…ဇွန်လ ၁ ရက်က စပြီး တယ်လီဖုန်းကြေးတွေ၊ ငွေ ဖြည့်ကတ်တွေမှာ ၅ရာခိုင်နှုန်း အခွန်ကောက်မယ်
ဆိုလို့ ရွှေနိုင်ငံ တော်ကြီးမှာ ပူညံပူညံ အသံဗလံ တွေ ပလူ ပျံနေပါကလား။

အဲဒီလိုဆိုတော့ ကျွန်တော် ဂျပန်ရောက်စတုန်းကတီဗီမှာ ကြည့် ခဲ့ရတဲ့ ဟာသဇာတ်လမ်းတိုလေး တစ်ခုကို ပြန်အမှတ်ရလာတယ်။ ပုံပြောမယ်နော်’နား ထောင်ချင် တဲ့လူတွေ လက်ညှိုးထောင်’။

အဲဒီဇာတ်လမ်းက ရယ်စရာ ရိုက်ထားပေမယ့် သရော်တာလေး တွေ၊ ထေ့ငေါ့ထားတာလေးတွေက မိုက်တယ်။

ဖြစ်ပုံက အဘွားကြီးတစ် ယောက် အိမ်သာထဲမှာ တံခါးဂျက် ကျပြီး ပိတ်မိနေလို့ ပြန်မထွက်နိုင် ဘဲ အရပ်ကို အကူအညီအော်ခေါ် တာနဲ့စတယ်။ သူနေတာက ဂျပန် လိုခေါ်တော့ အပတ်တိုဆိုတဲ့ အပတ်မင့် အိမ်ခန်း၊ သူပိတ်မိနေ တဲ့ အိမ်သာက အပြင်လူသွား စင်္ကြံနဲ့ ကပ်လျက်ဆိုတော့ အိမ် သာပြတင်းသေးသေးကနေ မျက် နှာလေးေ ဖ်ာပြီး အပြင်ကလူနဲ့ စကား ပြောလို့ရတယ်။

ဘေးအိမ်ခန်းကလူတွေ အိမ် သာတံခါးကို ဖွင့်ပေးဖို့ အဘွား ကြီးရဲ့ အိမ်ခန်းထဲကို ဝင်မယ်လုပ် တော့ အိမ်ခန်းတံခါးကလည်း အတွင်းက သော့ခတ်ထားလို့ ဝင် မရပြန် ဘူး။ အဲဒီအချိန်မှာ စက် ဘီးနဲ့ ကင်းလှည့်လာတဲ့ ရဲတစ် ယောက်ကို အကူအညီတောင်းကြတယ်။ ဂျပန်မှာ အိုမာဝါရိစံ (ကင်း လှည့်ရဲဘော်)ဟာ တာဝန်ကျရပ် ကွက်ထဲ မှာတစ်နာရီတစ်ခါ လောက် စက်ဘီးနဲ့ ရဲကင်းလှည့်တာ ထုံးစံ ပါ။ ရာဇဝတ်မှုနည်းပါးတာလည်း မပြောနဲ့။

အဲဒီမှာ ရဲနဲ့အိမ်သာထဲက အဘွားကြီး အပြန်အလှန် အချေ အတင် ပြောကြတာကို ဇာတ်လမ်း ဆင်ထားတာ။ (လိုရင်းကိုပဲ အတို ချုပ်ရေးပါမယ်။)

”အိုဘာစံ (အဒေါ်ကြီး) ခင်ဗျားဖာသာ အိမ်သာထဲမှာ ဂျက်ကျနေတဲ့ကိစ္စကရာဇဝတ်မှုခင်း မဟုတ်ဘူး၊ ရဲနဲ့မဆိုင်ဘူး။ ကိုယ့် ဖာသာသော့ပြင်ဆရာ ခေါ်မှပေါ့”

”ဟဲ့…ငါမှ အပြင်မထွက် နိုင်ဘဲ ဘယ်လိုလုပ် သွားခေါ်ရမလဲ သေနာရဲ့၊ ပြီးတော့ ငါအပြင်ထွက် နိုင်
မှတော့ သော့ပြင်ဆရာလည်း မလိုဘူး။ နင်လည်း မလိုဘူး”

”ဟင်…ဒါလည်း ဟုတ် သားပဲ၊ ကျွန်တော်တို့ ရဲတွေကို သော့ဖွင့်တဲ့နည်း သင်ပေးမထား ဘူး။ အတွင်းက သော့ခတ်ထားတဲ့ အဒေါ့်အိမ်ခန်းတံခါးကို ကျွန် တော်လည်း မဖွင့်တတ်ဘူး။

”နင်မဖွင့်တတ်ရင် ဖွင့်တတ် တဲ့သူကို တွေ့အောင်ရှာပြီး ခေါ် လာပေါ့ဟဲ့။ နင်တို့ရဲတွေ ဒီလောက် ညံ့ရသလား”

”အဲဒါက ရဲအလုပ်မဟုတ် ဘူးလေ။ ကိုယ့်ဖာသာ ဖြစ်တဲ့ကိစ္စ ကိုယ့်ဖာသာ ရှင်းမှပေါ့”

ပြောပြောဆိုဆို ရဲကထွက် သွားမယ်လုပ်တော့ အဘွားကြီးက လှမ်းတားပြန်တယ်။

”ဟဲ့ နေဦး နေဦး၊ ကြောင် ကလေးတစ်ကောင် ဓာတ်တိုင်ပေါ် ကမဆင်းတတ်ဘဲအော်နေတာတွေ့ ရင် နင်တို့ရဲတွေ ဘာလုပ်သလဲ”

”ဓာတ်တိုင်ပေါ် တက်ပြီး အောက်ကိုချပေးရတာပေါ့”

”နင်က ဓာတ်တိုင်ပေါ်ကျ တော့ တက်တတ်သလား”

”မဟုတ်ဖူးလေ၊ မီးသတ်ကား ကို ခေါ်ပေးရတာပေါ့။ မီးသတ် ရဲဘော်က လှေကားနဲ့ တက်ပြီး
ကြောင်ကို ပွေ့ခေါ်ရတာ”

”သြော်… ကြောင်ကိုကျ တော့ ဒီလိုကူညီပေးတယ်။ ငါက လူဟဲ့ လူ၊ လူကျတော့ ဒီလို ပစ်ထားလို့ ရမလား”

”ကြောင်က သူ့ဖာသာ မလုပ် တတ်လို့ ကူညီရတာ၊ လူက ကိုယ့် ဖာသာ ရှင်းတတ်တယ်။ ကဲ.. သွား မယ်ဗျာ၊ ကျွန်တော့်မှာ အလုပ်တွေ ရှိသေးတယ်”

ရဲက အိမ်အောက်ကို ဆင်း သွားတော့ အဖွားကြီးက ပြတင်း ပေါက်က ကုန်းအော်တယ်။

”ဟဲ့…လူတစ်ယောက်လုံး ဒုက္ခရောက်နေတာ မကူညီတဲ့ရဲ၊ အလကားကောင်၊ ဇေကင်ဒိုရ ဘော် (…)”

အဘွားကြီးအော်တဲ့ ”ဇေကင်ဒို ရဘော်”ဆိုတာ ”အခွန်သူခိုး” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အဲဒီ စကားလုံးဟာ ရဲလို အစိုးရလခစား ဝန်ထမ်းတွေအတွက် သေမ လောက် နာတယ်။ ပြည်သူဆီက အခွန်ကောက်ခံထားတဲ့ ငွေနဲ့ လစာယူထားပြီး တာဝန်ကျေအောင်မလုပ်ရင် သူခိုးနဲ့ အတူတူ ပဲလို့ ဂျပန်တွေက ယူဆတယ်လေ။

ဇေကင်ဒိုရဘော်လို့ အဘွား ကြီးအော်တဲ့ အသံကြားတာနဲ့ ရဲ လည်း မျက်စိမျက်နှာပျက်ပြီး အိမ် ပေါ်ကို ကပျာကယာ ပြန်တက်လာ ရတာပေါ့။

”အဒေါ်ကြီး ခင်ဗျားအသံက တစ်ရပ်ကွက်လုံးကြားတယ်။ အဲဒီ ဇေကင်ဒိုရဘော် ဆိုတာကြီးကို မအော်ပါနဲ့”

”အေး…ငါမအော်စေချင် ရင် သော့ပြင်ဆရာ သွားခေါ်ချည်။

”ဟုတ်ကဲ့..ဟုတ်ကဲ့… ကျွန်တော် အခုသွားခေါ်မယ်။ မအော် နဲ့တော့နော်”

”နင်သွားလို့ မဖြစ်ဖူး၊ တစ် ခြားရဲတစ်ယောက်ကို သွားခေါ် ခိုင်း၊ သော့ပြင်ဆရာမလာခင်ငါလို အပ်တာရှိရင်နင့်
ကိုခိုင်းရဦးမယ်”

ဒါနဲ့ ရဲလည်း ဝေါ်ကီတော်ကီနဲ့ လှမ်းပြောပြီး ရဲကားတစ်စင်းနဲ့ သော့ပြင်ဆရာ သွားပင့်ခိုင်းရတာ ပေါ့။

ဒီကြားထဲမှာ အဘွားကြီးက ရေငတ်တယ်ဆိုလို့ သောက်ရေ ခပ်ပေးရ၊ စီးကရက်သောက်ချင် တယ်ပြောလို့ ရှာပေးရနဲ့ ခိုင်းသမျှ လုပ်ရင်း ရဲခမျာလည်း ဖတ်ဖတ် မောနေတာ အရမ်းရယ်ရတာပဲ။ ဇာတ်လမ်းရှည်မှာ စိုးလို့ ချန်ထား လိုက်မယ်။

သော့ပြင်ဆရာ ရောက်လာပြီး တံခါးဖွင့်ပေးလိုက်တော့ အဘွား ကြီးလည်း ရဲကို ကျေးဇူးတင်စကား တွေ ဘာတွေပြော၊ ရဲလည်း လေ ပူကြီး မှုတ်ထုတ်ပြီး သွားတော့မယ် ဟန်ပြင်တုန်း သော့ပြင်ဆရာက သူ့လက်ခကို ဘယ်သူ ပေးမှာလဲလို့ မေးတယ်။ ရဲနဲ့အဘွားကြီး အဲဒီမှာ သူပေးလိမ့်မယ်၊ ငါပေးလိမ့်မယ် အပြန်အလှန် ငြင်းကြပြန်ရော။

”ဟဲ့..နင့်ကို ငါ ဥပမာပေး ခဲ့သလို ဟိုဓာတ်တိုင်ပေါ်က ကြောင် ကလေးကို နင်ပိုက်ဆံတောင်း သလား၊ နင်တို့ရဲတွေရော၊ မီး သတ်ရောလုပ်အားခ၊ ဓာတ်ဆီဖိုး၊ လှေကား ဖိုး ဘယ်သူ့ဆီက တောင်း သလဲ၊ ငါတို့ပြည်သူတွေဆီက အခွန်ယူထားတာဘာအတွက်လဲဟင်”

အဘွားကြီးက ပြောပြောဆိုဆို ခုနစ်သံချီဟစ်မလို့ ”ဇေကင်…”” လို့ အသံပစ်လိုက်တာနဲ့ ရဲလည်း သူ့ပါးစပ်ကို အတင်းပိတ်ပြီး ဘောင်းဘီထဲက ပိုက်ဆံအိတ်လေး ထုတ်လိုက်ရပါတော့တယ်။

သြော်…ပုံပြင်လေးထဲ မှာတော့ ပြည်သူ့ဆီက အခွန်တွေ ကောက်ပြီး တာဝန်ကျေပြွန်အောင် လုပ်မပေးရင် ဂျပန်ပြည်မှာ အခွန် သူခိုး (ဇေကင်ဒိုရဘော်) လို့ ခေါ် တယ်ကွဲ့။ ကလေးတို့ မှတ်ထားကြ နော်။


Popular



မိုးညှင်းသတင်း apk သို့သတင်းနှင့် ကြော်ငြာများပေးပို့ရန် mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှလဲပေးပို့နိုင်ပါတယ် ဘာသာရေးပွဲများ ပရဟိတပွဲများကို



www.mohnyinnews.blogspot.com



www.mohnyinnews.blogspot.com

Wednesday, May 20, 2015

မိုးညှင်းသတင်းapk ကြည့်ရှု့သူများအတွက်အထူးကြော်ငြာဏ္ဍ မိုးညှင်းသတင်းapk ကြည့်ရှု့သူများအတွက်အထူးကြော်ငြာဏ္ဍ မိုးညှင်းသတင်းapk ကြည့်ရှု့သူများအတွက်အထူးကြော်ငြာဏ္ဍ

မိုးညှင်းသတင်း apk မှအထူးအစီးအစဉ်အနေဖြင့်မိုးညှင်းမြို့ပေါ်မှ

ကြော်ငြာများကိုအင်တာနက်ခပဲရယူ၍ကြော်ငြာပေးသွားပါမည်


ကြော်ငြာနှုန်းထားများ

တစ်ရက်စာ ၁၀၀၀ ကျပ်

တစ်ရက် နှစ်ကြိမ်တင်ပေးပါမည်

မနက် ၆ နာရီ နှင့်ညနေ ၆ နာရီ


ကြော်ငြာပေးပို့ရန်မှတ်ချက်

ကြော်ငြာမည့်စာသား

ဓါတ်ပုံနှစ်ပုံ

ပေးပို့ရန်လိပ်စာ
mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှပေးပို့ပါရန်

    
မိုးညှင်းသတင်း apk မှအထူးအစီးအစဉ်အနေဖြင့်မိုးညှင်းမြို့ပေါ်မှ

ကြော်ငြာများကိုအင်တာနက်ခပဲရယူ၍ကြော်ငြာပေးသွားပါမည်


ကြော်ငြာနှုန်းထားများ

တစ်ရက်စာ ၁၀၀၀ ကျပ်

တစ်ရက် နှစ်ကြိမ်တင်ပေးပါမည်

မနက် ၆ နာရီ နှင့်ညနေ ၆ နာရီ


ကြော်ငြာပေးပို့ရန်မှတ်ချက်

ကြော်ငြာမည့်စာသား

ဓါတ်ပုံနှစ်ပုံ

ပေးပို့ရန်လိပ်စာ
mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှပေးပို့ပါရန်


မိုးညှင်းသတင်း apk မှအထူးအစီးအစဉ်အနေဖြင့်မိုးညှင်းမြို့ပေါ်မှ

ကြော်ငြာများကိုအင်တာနက်ခပဲရယူ၍ကြော်ငြာပေးသွားပါမည်


ကြော်ငြာနှုန်းထားများ

တစ်ရက်စာ ၁၀၀၀ ကျပ်

တစ်ရက် နှစ်ကြိမ်တင်ပေးပါမည်

မနက် ၆ နာရီ နှင့်ညနေ ၆ နာရီ


ကြော်ငြာပေးပို့ရန်မှတ်ချက်

ကြော်ငြာမည့်စာသား

ဓါတ်ပုံနှစ်ပုံ

ပေးပို့ရန်လိပ်စာ
mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှပေးပို့ပါရန်

မိုးညှင်းသတင်း apk မှအထူးအစီးအစဉ်အနေဖြင့်မိုးညှင်းမြို့ပေါ်မှ

ကြော်ငြာများကိုအင်တာနက်ခပဲရယူ၍ကြော်ငြာပေးသွားပါမည်


ကြော်ငြာနှုန်းထားများ

တစ်ရက်စာ ၁၀၀၀ ကျပ်

တစ်ရက် နှစ်ကြိမ်တင်ပေးပါမည်

မနက် ၆ နာရီ နှင့်ညနေ ၆ နာရီ


ကြော်ငြာပေးပို့ရန်မှတ်ချက်

ကြော်ငြာမည့်စာသား

ဓါတ်ပုံနှစ်ပုံ

ပေးပို့ရန်လိပ်စာ
mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှပေးပို့ပါရန်

အားလုံးလုပ်စားကြမယ် အားလုံးလုပ်စားကြမယ် အားလုံးလုပ်စားကြမယ် အားလုံးလုပ်စားကြမယ်

အားလုံးစားမယ်ကွာ

အာလူးကတ်တလိတ်ကြော်



ဒီနေ့ကြော်စားဖြစ်တဲ့ အကြော်လေးပါ မာမာ့သမီးလေးအတွက် သတ်သတ်လွတ် ကြော်ဖြစ်တဲ့ အစားလေးတစ်မျိုးပေါ့ သတ်သတ်လွတ်စားတဲ့ သမီးအတွက် တနေ့တမျိုးမရိုးရအောင် စီမံချက်ပြုပ်ပေးထားတဲ့ အမေ့ရဲ့ စေတနာဟင်းလေးပေါ့နော်။
ကြော်ရတာအရမ်းလွယ်ပါတယ် အိမ်ရှင်မတို့ကိုယ်တိုင်လဲ သားသားမီးမီးလေးတို့အတွက် သတ်သတ်လွတ် အစာလေးတစ်မျိုး ချက်ပေးစေချင်တယ်ဆိုရင် အာလူးကတ်တလိတ်လေး ကြော်ပေးနိုင်အောင် ကြော်ပုံကြော်နည်းလေးကို ရေးပါမယ်။
ပါဝင်ရမှာလေးတွေကတော့

  • နူးနေအောင်ပြုပ်ပြီး ညက်နေအောင် ချေထားသောထားသောအာလူး - 600g
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဖွားဖွားပါအောင် ခလောက်ထားသော ကြက်ဥ - တစ်လုံး
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံး
ကြော်ဖို့ပြင်ပါမယ်
  • နူးနေအောင်ပြုပ်ထားသော အာလူးကို အားလုံးကျေသွားအောင်ချေလိုက်ပါ
  • ဇလုံထဲထဲ့ပြီး ဆား မဆလာ နနွင်းမှုန့် အရသာမှုန့် ပြောင်းဖူးမှုန့်တို့ထဲ့ပြီး စေးနေကောင် နယ်ပေးပါ
  • နယ်ပြီးတာနဲ့လက်ကိုရေစွတ်ပြီး အနေတော်အလုံးလေးများရအောင် ဆုတ်ဆုတ်ပြီး လုံးပေးပါ
  • ကြက်ဥတစ်လုံးကို ဇလုံသေးသေးတလုံးထဲမှာ ဖွားဖွားပါအောင်ခေါက်ထားပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူလာပါက မီးကို အနေတော်လောက်ဖြစ်အောင် အရှိန်လျော့ပေးပါ
  • မီးလျော့ပေးပြီးတာနဲ့ လုံးထားသောအာလူးကို နဲနဲပြားပေးပြီး ခလောက်ထားသောကြက်ဥထဲမှာနှစ်ပြီး ဆီအိုးထဲကို ထဲ့ပြီးကြော်ပေးပါ
  • မီးအရမ်းပြင်းရင် အာလူးကတ်တလိတ်ကြော်က ကျွမ်းသွားတတ်တာမို့ မီးအပူရှိန်ကို သတိထားပါ
  • တဖက်ကျက်ရင် တဖက်ကိုအသာအရာ ဇွန်းနဲ့ကော်ပြီးလှန်ပေးပါ
  • နောက်တဖက်ပါ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပြီးပါက မဆလာနံ့သင်းသင်းလေးနဲ့အာလူးကတ်တလိတ်ကြော်လေးကို စားသုံးနိုင်ပါပြီ။

ပုဇွန်ကြော် ကြွတ်ကြွတ်လေး



မာမာကြော်ဖြစ်တဲ့ အကြော်လေး တစ်ခုပေါ့ ပုဇွန်ခေါင်းချိုးလေးတွေကို ခေါင်းချိုးပြီး တန်ပူရာမှုန့်လေးနဲ့ကြော်ထားလို့ မွှေးမွှေးကြွတ်ကြွတ်လေး စားလို့အရမ်းကောင်းပါတယ်။

မာမာချက်တဲ့ဟင်းလေးတွေက အရမ်းကိုလွယ်ပါတယ် ချက်ရတာလဲမြန်ပါတယ် စိတ်ပါလို့ အခုကြော်ထားတဲ့ ပုဇွန်ကြော်လေးကို ကြော်စားကြည့်မယ်ဆိုရင် ကြော်နည်းလေး ပြောပြပါ့မယ်။

ပုဇွန်ကြော် ကြော်ရန်အတွက်

  • ရေဆေးပြီးခေါင်းဖြုတ်ထားသော ပုဇွန်အသေး - 150 g
  • တန်ပူရာမှုန့်. - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  • ရေ. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ကြက်သားမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
ပုဇွန်ကြော်လေး ကြော်ပါမယ်
  • ပုဇွန် ကြက်သားမှုန့် နနွင်းမှုန့်တို့ကို အရသာနယ်လိုက်ပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ဖျော်ထားပြီး ပုဇွန်အရသာနယ်နှင့် နယ်ပေးထားပါ
  • ဆီကို မီးပြင်းပြင်းနဲ့အပူပေးပြီး ဆီပူလာပါက မီးကို အနေတော်လျော့ပေးပါ
  • ပုဇွန်တန်ပူရာမှုန့် နယ်ထားတာကို ပန်းကန်ပြားပြန့်ပြန့်လေးထဲ ဖျန့်ထဲ့ပေးပြီး ဆီပူအိုးထဲသို့ အသာတွန်းချပြီး ထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင် တစ်ဖက်ကိုလှန်ပေးပြီး ရွှေဝါရေင်ဖြစ်လာတဲ့ထိကြော်ပေးပြီးပါ
  • ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဆီစစ်သွားရင် သုံးဆောင်နိုင်ပါပြီ။

ပုဇွန်ခွက်ကြော်



ဒီနေ့ကြော်စားဖြစ်တဲ့ အကြော်လေးပေါ့ အိမ်ကသားနဲ့သမီး အရမ်းကြိုက်တဲ့အကြော်လေးမို့ မကြာမကြာတော့ ကြော်ဖြစ်ပါတယ် တစ်ကယ်တန်းကြတော့ ပုဇွန်ခွက်ကြော်က ပုံးစံခွက်လေးထဲကို အကြော်နှစ်စပ်ထားတဲ့ ပဲပင်ပေါက်ရယ် ပုဇွန်ရယ်ကိုထဲ့ပြီးမှ ခွက်ကိုင်းကိုကိုင်ပြီး ဆီပူအိုးထဲနှစ်ပြီးကြော်ပေးရတာပါ အကြော်ကျက်လာတာနဲ့ ခွက်ထဲကနေ စောင်းပြီးဆီပူအိုးထဲသွန်ချပြီး ခနထားပြီးတာနဲ့ ဆယ်ပြီးဆီစစ်လိုက်ရုံပါဘဲ။
မာမာကတော့ ပုဇွန်ခွက်ကြော်တဲ့ခွက်မရှိတာနဲ့ ပန်းကန်ပြားပြန့်ပြန့်လေးပေါ် ပဲပင်ပေါက်နဲ့ပုဇွန်တင်ပြီး ဆီပူအိုးထဲကို အသာတွန်းချပြီး ကြော်ထားတာပါ။

ပါဝင်တာလေးပြောပါမယ်

  • ပုဇွန်ထုတ် - ခပ်ကြီးကြီး ၇ကောင်
  • တန်ပူရာမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  • ရေစင်အောင်ဆေးထားသောပင်ပေါက် - 350g
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် 
ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီးမှ ပဲပင်ပေါက်ကိုထဲ့ကာ ဖွဖွလေးနယ်ပေးပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ပဲပင်ပေါက်နဲနဲနှင့် ပုဇွန်တစ်ကောင်ကို ထဲ့ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော်ရှော့ပေးကာ ပဲပင်ပေါက်နှင့်ပုဇွန်ကိုထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန်သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ပုဇွန်ခွက်ကြော်လေး ရပါပြီ။

Sunday, 31 August 2014

ကြက်သားလိပ်ကြော်





ဒီနေ့တော့ ကြက်သားကော်ပြန့်လိပ်ကြော်လေးကြော်ပါမယ် ၀က်သားအစားကြက်သားနဲ့ကြော်တာပါ ၀က်သားဆိုရင် မာမာတို့အိမ်မှာ လူမညီပါဘူး မစားတဲ့သူကများတဲ့အတွက် ကြက်သားနဲ့ဘဲကြော်တာပါ။

စိတ်ဝင်စားလို့ကြော်စားကြည့်မယ်ဆိုရင်တော့ ကော်ပြန့်ရွက် ၇ရွက်အတွက် လိုအပ်တာလေးတွေ ပြောပါမယ်။

  • ကြိတ်စက်ဖြင့်ညက်နေအောင်ကြိတ်ထားသော ကြက်ရင်ပုံသား - 200 g
  • ကော်ပြန့်ရွက် - ၇ရွက်
  • အနေတော်လှီးထားသော တရုတ်နံနံ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • အနေတော်လှီးထားသော ကြက်သွန်မိတ်ပင် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • Cornflour - ထမင်းစားဇွန်း တစ်ဇွန်းခွဲ ( ကြက်သားမှာနယ်ထားပေးပါ )
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
အစာကြော်ပြီး လိပ်ရန်နှင့် ဂျုံအရည်ဖျော်ရန်
  • ဆီကို မီးအပူပေးပြီး ကြက်သွန်နီကို အရင်ကြော်ပါ
  • နွမ်းလာပါက ကြက်သားကိုထဲ့ပြီး ဆား အရသာမှုန့် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်တို့ထဲ့ပြီး ၆မိနစ်လောက်ကြော်ပေးပါ
  • အသားအရောင်ပြောင်းလာပြီး မာလာတာနဲ့ ကြက်သွန်မိတ် တရုတ်နံနံတို့ထဲ့ပြီး၂မိနစ်လောက် မွှေပေးပါ ကျက်သွားရင် အအေးခံထားပါ
  • ကော်ပြန့်ရွက်လိပ်ပြီး ထိပ်စကိုကပ်ရန် ဂျုံထမင်းစားဇွန်း တစ်ဇွန်းသာသာကို ရေထမင်းစားဇွန်း ၂ဇွန်းနဲ့ ဖျော်ထားပါ
  • ကော်ပြန့်ရွက်ကိုထောင့်ချွန်းခင်းပြီး  ထောင့်ချွန်းအပေါ်မှာ အစာကိုထမင်းစားဇွန်း ၂ဇွန်းကျောာကျော်ထဲ့ပါ
  • ထောင့်ချွန်းဖက်မှ စပြီးလိပ်ပေးပြီး ဘေး၂ဖက်ကိုခေါက်ပြီး ဆက်လိပ်ပေးပါ
  • အလိပ်ဆုံးကာနီးမှာ ဖျော်ထားသော ဂျုံအရည်စွတ်ပြီး လိပ်လိုက်ပါ
  • ၇လိပ်လုံးလိပ်ပေးပါ
ကော်ပြန့်လိပ်၇လိပ်စာအတွက် အပြင်အကာခွံအနှစ်စပ်ရန်
  • ကြက်ဥကြီးကြီး - တစ်လုံး
  • အကြော်မှုန့်-  ထမင်းစားဇွန်း ၅ဇွန်း
  • ရေ. - ထမင်းစားဇွန်း ၂ဇွန်းတို့နဲ့ အားလုံးကျေအောင်ဖျော်ထားပါ
ကြော်ရန်
  • ဆီကိုအပူပေးပြီး ဆီပူလာပါက မီးကိုအလယ်အလတ်လောက်လျော့ပြီးမှ ကြက်သားလိပ်ကို ဖျော်ထားသော အပြင်အကာခွံအတွက်စပ်ထားသော အနှစ်ထဲမှာလူးပြီး ဆီအိုးထဲသို့ တစ်လိပ်ခြင်းနှစ်ပေးပြီး ထဲ့ကြော်ပေးပါ
  • မီးအရမ်းမပြင်းအောင်သတိထားပြီးကြော်ပါ
  • တစ်ဖက်ကျက်ရင်တစ်ဖက်ကို လှန်ပေးပြီး၂ဖက်လုံးရွှေဝါရောင်သန်းပြီး ကြွတ်ရွလာလျှင် ဆယ်ပြီးဆီစစ်ထားပေးပါ
တွဲပြီးစားရန် အချဉ်စပ်ပါမယ်
  • Chili sauce ထမင်းစားဇွန်း နှစ်ဇွန်း 
  • ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  • သကြား ထမင်းစားဇွန်း တစ်ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
  • အနေတော်လှီးထားသော နံနံပင် အပင်ကြီးကြီး သုံးပင်
  • မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ၇မွှာ
  • ရေ ထမင်းစားဇွန်း ၅ဇွန်း အားလုံးရောပြီး ဖျော်ပေးပါ

အာလူးခြစ်ကြော် ရွရွလေး



အာလူးခြစ်ကြော် ကြော်နည်းလေးပြောပြပါမယ် ကြော်ရတာလွယ်သလောက် စားလို့တော့အရမ်းကောင်း ပါတယ် မာမာ့ကလေးတွေက အာလူးကြိုက်တော့ မကြာမကြာဆိုသလိုလဲကြော်ကျွေးဖြစ်ပါတယ် အာလူးနံ့မွှေးမွှေးလေးနဲ့ဝါးလိုက်ရင်ရွရွလေးမို့ မာမာ့မိတ်ဆွေတွေလဲနှစ်သက်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေကတော့

  • အခွံခွာပြီးအလုံးလိုက်ရေစင်အောင်ဆေးကာအသီးခြစ်သော ခြစ်ခပ်ကြမ်းကြမ်းနှင့်ခြစ်ထားသောအာလူး - 500g
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • တန်ပူရာအကြော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • ညက်နေအောင်ထောင်းပြီး အရည်ယူထားသောချင်း - လက်တစ်ဆစ်သာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  • အားလုံးကို ဇလုံတစ်လုံးမှာထဲ့ပြီး ခပ်ဖွဖွလေးနယ်ပေးထားပါ
ကြော်ဖို့ပြင်ပါမယ်
  • မကပ်တဲ့ဒယ်အိုးတစ်လုံးကိုအပူပေးပါ ပူလာပါက မီးရှိန်နဲနဲလျှော့ပြီး ဆီလက်ဖက်ရည်အကြမ်း ပန်းကန်နှစ်လုံးစာလောက်ထဲ့ပေးပါ
  • ဆီပူလာပြီးကျက်လာပါက အရသာနယ်ထားသော အာလူးခြစ်ကို အနေတော်ယူကာ အသာအရာ ဆုတ်ပြီး ဆီအိုးထဲထဲ့ပေးပါ
  • အာလူးယူစဉ် ပါလာသောအရည်များကို ညှစ်မချပြစ်ဘဲ ဒီအတိုင်းအာလူးဆုတ်ကို ထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိထားပါ တစ်ဖက်ရွှေဝါရောင်းသန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော အာလူးခြစ်ကြော်မွှေးမွှေး စိမ့်စိမ့်ရွရွလေးကို သုံးဆောင်နိုင်ပါပြီ။

ကော်ပြန့်ကြော် ကြွတ်ကြွတ်လေး



 ကော်ပြန့်ကြော်ကြွတ်ကြွတ်လေး ကြော်နည်းလေးကိုပြောပြမယ်နော် အိမ်မှာလတ်လတ်ဆတ်ဆတ် ကြော်စားနိုင်အောင်လို့ပါ
မာမာကတော့ အသီးအရွက်နှစ်သက်သူမို့ အသားမထဲ့ဘဲ အသီးအရွက်လေးထဲ့ပြီးကြော်ထားပါတယ်
သတ်သတ်လွတ်ကော်ပြန့်ကြော်လေးအတွက် ပါဝင်တာလေးတွေပြောပြပါမယ်

  • ကော်ပြန့် ၁၂လိပ်စာအတွက် ကော်ပြန့်ရွက် - ၁၂ရွက်
  • အနေတော်လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • အနေတော်လှီးထားသော ကြက်သွန်မိတ် - အပင်ကြီးကြီး ၅ပင်
  • ခပ်သေးသေးအချောင်းလေးတွေလှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • နာရီဝက်လောက်ရေစိမ်ပြီး ခပ်ပါးပါးလှီးထားသော Dired flower mushroom. - ၇ပွင့်
  • ပဲပင်ပေါက် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမရှိတရှိ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်ဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • ဆီ -  ထမင်းစားဇွန်း ၂ဇွန်း
ကော်ပြန့်အစာအကြော်ဖို့ပြင်ပါမယ်
  • ဆီကိုမီးအပူပေးပြီး အရင်ဆုံးဆီပူလာတာနဲ့ကြက်သွန်ဖြူဓါးပြားရိုက်ကို အရင်ကြော်လိုက်ပါ
  • ကြက်သွန်ဖြူနံ့မွှေးလာတာနဲ့မှိုကိုအရင်ဆုံးတစ်မိနစ်လောက်ထဲ့ကြော်ပါ
  • ပြီးတာနဲ့မုံလာဥနီထဲ့ မိနစ်ဝက်လောက်ဘဲကြော်ပြီးတာနဲ့တရုတ်မုန်ညှင်းကိုထဲ့ ပြီးမိနစ်ဝက်လောက်ဘဲကြော်ပါ
  • ဆား အရသာမှုန်ံတို့ထဲ့ပြီးကြက်သွန်မိတ်ကိုထဲ့ပါ ပြီးတာနဲ့ ပဲငံပြာရည်ကိုထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပြီးတာနဲ့ မီးပိတ်ပေးပြီး ကြော်ထားတာတွေကို အအေးခံထားပါ
  • အအေးခံထားစဉ်မှာ ကြော်ထားစဉ်ထွက်လာသောအရည်များကို အိုးတခြမ်းစောင်းထားပြီး စစ်ပေးထားပါ
ကော်ပြန့်လိပ်ဖို့ပြင်ပါမယ်
  • ကော်ပြန့်ရွက်ကို ပန်းကန်ပြားတစ်ချပ်ခံပြီးထောင့်ချွန်း ခင်းလိုက်ပါ
  • ထောင့်ချွန်းအစနားမှာ အစာကိုအနေတော်ခင်းလိုက်ပါ
  • အစာခင်းပြီးတာနဲ့ ထောင့်ချွန်းအစကိုအစာပေါ်အုပ်ကာ စပြီးလိပ်ပေးပါ
  • ပထမတစ်ခေါက်လိပ်ပြီး နောက်တစ်ခေါက်ထပ်ပြီးလိပ်ပေးပါ
  • ပြီးရင်ဘေးနှစ်ဖက်ကို အတွင်းဖက်ကို ခေါက်ပေးပါ
  • ဘေး၂ဖက်ခေါက်ပြီးတာနဲ့ အရင်ဆုံးလိပ်သလို အဆုံးထိဆက်တိုက်လိပ်ပေးပြီး ကျန်တဲ့ထိပ်စကို ကော်ရည်ကပ်ပြီးလိပ်ပေးလိုက်ပါ။
ကြော်ဖို့ပြင်ပါမယ်
  • ဆီ လက်ဖက်ရည်ပန်းကန်တစ်လုံးခွဲကို အပူပေးပါ ဆီပူလာတာနဲ့ မီးကိုအနေတော်လျော့လိုက်ပါ
  • လိပ်ထားသော ကော်ပြန့်လိပ်များကို တစ်လိပ်ချင်းထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင်တစ်ဖက်ကိုလှန်ပြီးဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံးရွှေဝါရောင်ရတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ကော်ပြန့်ကြော်ကြွတ်ကြွတ်လေးရပါပြီ
  • နှစ်သက်ရာအချဉ် ဆလတ်ရွက်တို့နဲ့စားသုံးနိုင်ပါပြီ။

ကြက်စဥကြော် ကြွတ်ကြွတ်လေး



ဒီအကြော်လေးကတော့ ၀က်သားအစားကြက်သားနဲ့ကြော်ထားတဲ့ ကြက်စဥကြော်လေးပါ ထမင်းနဲ့စားတာထက်စာရင် ဒီအတိုင်းလေးစားရတာကို ပိုကြိုက်ပါတယ် တစ်နေ့တစ်နေ့ ဟင်းရံစဉ်းစားရတဲ့ ဒုက္ခကလဲမသေးလှပါဘူး မနက်ချက်ရမဲ့ဟင်းကို ညထဲကကြိုပြီးစဉ်းစားရတာကလဲ အိမ်ရှင်မတွေရဲ့ အဓိကတာဝန်တခုပါဘဲနော် ဒီကြားထဲ စိုဖတ်ဖတ်အသားတွေကို မစားချင်တဲ့အခါ အခြောက်အခြမ်းလေးကိုလဲ စဉ်းစားရပြန်တာပါဘဲ ဒီနေ့ကြော်ဖြစ်တဲ့ ကြက်စဥကြော်လေးကို ပြောပြပါမယ်။

ပါဝင်ရမှာလေးတွေက

  • အရိုးထွင်ထားသောကြက်ပေါင် - 250g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တစ်ဆစ်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ - တစ်လုံး
  • ဆီ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံး
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
ကြော်ဖို့ပြင်ပါမယ်
  • ကြက်သားကိုအရိုးထွင်ပြီး လက်သည်းခွံသာသာ အတုံးလေးများတုံးပါ
  • ကြက်သွန်ဖြူနှင့်ချင်းတို့ကို ညက်နေအောင်ထောင်းပေးပါ
  • ကြက်ဥကို ဖွးဖွားပါအောင်ခေါက်ထားပေးပါ
  • ကြက်သားကို ဆား အရသာမှုန့် ချင်း ကြက်သွန်ဖြူတို့နဲ့နယ်ပေးထားပါ
  • တန်ပူရာမှုန့်ကို ရေနဲ့ခပ်ပြစ်ပြစ်ဖျော်ထားပါ
  • ဖျော်ထားသော မုန့်နှစ်ထဲသို့ ကြက်ဥနှင့်အရသာနယ်ထားသောကြက်သားကိုထဲ့ဖျော်ပေးပါ အရမ်းပြစ်နေရင် ရေနည်းနည်း ထပ်ရောပေးပါ
  • ဆီကိုမီးအနေတော်နဲ့အပူပေးပါ ဆီပူလာပါက ကြက်သားကို တစ်တုံးခြင်းမုန့်နှစ်ပါအောင် ဇွန်းနှင့် ခပ်ပြီးကြော်ပေးပါ
  • အတုံးလေးများရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော ကြက်စဥကြော်ကို စားသုံးနိုင်ပါပြီ။

ဌက်ပျောကြော် ချိုချိုလေး



အခုရက်ထဲ အကြော်လေးတွေတစ်နေ့တမျိုးကြော်စားဖြစ်နေပါတယ် နေ့လည်နေ့ခင်းအပျင်းပြေလေးဘဲဖြစ်ဖြစ် ထမင်းစားပြီး အချိုတည်းရင်ဘဲဖြစ်ဖြစ် မနက်စောစော အစာပြေစားရင်ဘဲဖြစ်ဖြစ်ပေါ့ အရမ်းကိုအဆင်ပြေလွန်းတဲ့ အကြော်လေးပါ ကြော်ရတာအရမ်းကိုလွယ်ပါတယ် စားလို့လဲကောင်းပါတယ်။

ကြော်ဖို့ပစ္စည်းလေးတွေပြင်ပါမယ်

  • ဌက်ပျောသီး - ၅လုံး
  • တန်ပူရာမှုန့်  - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်သာသာ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်လုံးခွဲ
ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့်ကို ရေအေးနှင့်ဖျော်ထားပေးပါ
  • ဌက်ပျောသီးကို အခွံနွာပြီး ဖျော်ထားသော မုန့်နှစ်မှာလူးပေးပါ
  • ဆီကိုမီးအနေတော်နှင့်အပူပေးပြီး ဆီပူလာပါက မုန့်နှစ်လူးထားသော ဌက်ပျောသီးကို တလုံးခြင်းထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင် တစ်ဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံးရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာချိုချိုနဲ့ကောင်းလွန်းတဲ့ ဌက်ပျောကြော်မွှေးမွှေးလေးရပါပြီ။

ကော်ပြန့်ဌက်ပျောကြော်



အရသာထူးကဲတဲ့ ကော်ပြန့်ဌက်ပျောကြော်လေးပါ ကြွတ်ကြွတ်မွှေးမွှေးလေးမို့ မာမာစားလို့ကောင်းတိုင်း မာမာ့blog ကိုလာလည်တဲ့ မိတ်ဆွေတွေကို သတိတရနဲ့စားစေချင်မိတာအမှန်ပါ ပြင်ရဆင်ရတာလဲလွယ် ကြော်ရတာလဲလွယ်မို့ နှစ်သက်မယ်ဆိုရင်ကြော်စားကြည့်စေချင်ပါတယ်။

လိုအပ်တာလေးတွေပြင်ပါမယ်

  • ဌက်ပျောသီး - ၅လုံး
  • ကော်ပြန့်ရွက် - ၅ရွက်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး ၂လုံး
ကြော်ဖို့ပြင်ပါမယ်
  • အခွံခွာပြီး ထက်ခြမ်းခြမ်းထားသော ဌက်ပြောသီးတစ်လုံးကို ကော်ပြန့်ရွက် အလယ်တည့်တည့်ပေါ်တင်ပါ
  • အထက်အောက်နှစ်ဖက်ကို ဌက်ပျောသီးအုပ်မိအောင် ခေါက်ပေးပါ
  • ဘေးနှစ်ဖက်ကို တစ်ဖက်နဲ့တစ်ဖက် ထပ်မိအောင်တစ်လွှာစီ အုပ်ပါ
  • ဆီကိုမီးအနေတော်နဲ့အပူပေးပြီး ထုပ်ထားသောကော်ပြန့်ဌက်ပျောထုတ်ကို ထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ပါကတစ်ဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံးရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြွတ်ရွချိုမွှေးနေတဲ့ ကော်ပြန့်ဌက်ပျောကြော်လေးကို အရသာရှိစွာနဲ့ သုံးဆောင်လို့ရပါပြီ

မြေပဲဇံကြော် ကြွတ်ကြွတ်လေး



အကြော်ဆိုရင် ဘာအကြော်ဘဲဖြစ်ဖြစ် အရမ်းကြိုက်တတ်တဲ့ မာမာတစ်ယောက် ဒီနေ့တော့မြေပဲဇံကြော်လေး ကြော်စားဖြစ်ပါတယ် ကြော်ရတာလဲလွယ်ကူလွန်းတဲ့အတွက် ကြော်စားကြည့်စေချင်ပါတယ် ထမင်းပူပူလေးကို ဆီစမ်းပြီးစားမလား ထမင်းကြမ်းခဲလေးမှာ ဆားလေးပုံပြီး အကြော်တစ်ကိုက် ထမင်းတလုပ်စားမလား အရမ်းကို စားမိန်တဲ့ အကြော်လေးပါ။

မာမာတို့အိမ်မှာ အသားဆိုလက်တွန့်ချင်ကြပေမဲ့ ဒီလိုအကြော်မျိုးဆို ကြော်နေရင်းတောင် ကုန်တတ်တဲ့ သဘောမှာရှိပါတယ် မာမာ မြေပဲ အကြွတ်ကြော်နည်းလေးကို ပြောပြပါမယ်။

ပါဝင်ရမှာလေးတွေက

  • နာရီဝက်လောက်ရေစိမ်ထားသော မြေပဲဇံအခြောက် - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဗူး
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဗူး
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူးခွဲ မရှိတရှိ
  • ဆီ - လက်ဖက်ရယ်ပန်းကန်လုံး တစ်လုံးခွဲသာသာ
ကြော်ရန်
  • တန်ပူရာမှုန့် ရေတို့ကို တန်ပူမှုန့်ကြေတဲ့ထိ ရောပြီးဖျော်ပါ
  • ဖျော်ထားသော မုန့်နှစ်ထဲသို့မြေပဲကို ရောမွှေပေးပါ
  • ဆီကို မီးအနေတော်ထားပြီးအပူပေးပါ
  • ဆီပူလာပါက ရောစပ်ထားသောမုန့်နှစ်ရည်ကို ယောက်ချိုဇွန်း တစ်ဝက်လောက်ခပ်ပြီးထဲ့ပေးပါ
  • ဆီထဲမှာ အကျက်ညီစေရန် ဖြန့်ပြီးခပ်ပါးပါးထဲ့ပေးပါ
  • တစ်ဖက်ကျက်ပါက တစ်ဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံးကျက်ပါက ရွှေဝါရောင် သန်းလာလျှင်တယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြွတ်ကြွတ်မွှေးမွှေး မြေပဲဇံကြော်လေးရပါပြီ။

ကန်စွန်းရွက် အကြွတ်ကြော်

ကန်စွန်းရွက် အကြွတ်ကြော်


ဒီနေ့ကြော်ဖြစ်တဲ့ ကန်စွန်းရွက် အကြွတ်ကြော်လေးပါ တမူလေးထူးတာမို့ ကြွတ်ကြွတ်ရွရွလေးနဲ့စားလို့ကောင်းပါတယ် ကန်စွန်းရွက်ကို ဒီအတိုင်းကြော်စားရတာရိုးလာပြီမို့ အခုလို မုန့်နှစ်လေးနဲ့ကြော်လိုက်တာပါ။
အကြော်အတွက်
  • ပဲအစိမ်းမှုန့် ထမင်းစားဇွန်း -  ၃ဇွန်း
  • ဆန်မှုန့် ထမင်းစားဇွန်း  - ၃ဇွန်း
  • ကောက်ညှင်းမှုန့် ထမင်းစားဇွန်း  - တစ်ဇွန်း
  • baking soda လက်ဖက်ရည်ဇွန်း  - တစ်ဝက်မရှိတရှိ
  • ရေ ထမင်းစားဇွန်း -  ၆ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း  - သုံးပုံတစ်ပုံ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း ( အားလုံးကို ဇလုံထဲမှာထဲ့ပြီး ဖျော်ထားပါ    )
  • ရေဆေးပြီးစစ်ထားသော ကန်စွန်းရွက် - အပင် နှစ်ဆယ်

ကြော်ရန်
  • ဆီ လက်ဖက်ရည်ပန်းကန်လုံ ၃လုံးခန့်ကို အပူပေးပါ
  • ဆီဆူပြီးကျက်လာပါက မုန့်နှစ်ထဲတွင် ကန်စွန်းရွက်ကိုနှစ်ပြီး ဆီပူအိုးထဲထဲ့ပေးပါ
  • မီးအနေတော်နှင့်ကြော်ပေးပါ
  • မုန့်နှစ် ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြိုက်နှစ်သက်ရာ အချဉ်နှင့် စားသုံးနိုင်ပါပြီ။

ပဲကြော် ကြွတ်ကြွတ်လေး

ပဲကြော်
မကြာ မကြာကြော်ဖြစ်ခဲ့တဲ့အကြော်လေးပါ ဒီနေ့တော့ အကြော်မှုန့်တစ်မျိုးဖြစ်တဲ့ Tempura Batter Mix
အမှုန့်လေးနဲ့ကြော်ထားတာပါ ကြော်ရတာ အရမ်းလွယ်ပါတယ် အရသာလဲအရမ်းကောင်းသလို ကြွတ်လဲအရမ်းကြွတ်ပါတယ် ကြော်ရတာ အဆင်ပြေတဲ့အတွက် မျှဝေလိုက်ခြင်းဖြစ်ပါတယ် :) ။

ပဲကြော်မကြော်ခင် ပဲခြမ်းကိုရေ ၅နာရီလောက်စိမ်ထားပေးပါ ပဲပွလာတော့မှ ရေစင်အောင်ဆေးပြီးရေစစ် ထားပေးလိုက်ပါ အကြော်မှုန့်ကိုရေနဲ့ဖျော်ထားပေးပါ ဂျင်းအနဲငယ်ထောင်းပြီး ရေညှစ်ယူပေးပါ ပြီးမှ ဆားနှင့်နနွင်းမှုန့်အနည်းငယ်ထဲ့ပြီး အားလုံးကိုဇလုံကျယ်ကျယ်တစ်လုံးထဲမှာရောပြီးမွှေပေးပါ အားလုံးသမသွားရင်တော့ ကြော်ဖို့အဆင်သင့်ဖြစ်ပါပြီ။

ကြော်ရန်အတွက်လိုတာလေးတွေက


  • ရေစိမ်ပြီးသားပဲခြမ်း ထမင်းပေါင်းအိုးဆန်ချင်ခွက် -နှစ်ဗူး
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ခွက် - တစ်ဗူး
  • Tempura Batter Mix - ထမင်းပေါင်းအိုးဆန်ချင်ခွက် - တစ်ဗူး
  • ညက်နေအောင်ထောင်းထားသောဂျင်း - လက်မဝက်ခန့် (အရည်ဘဲယူပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် - နှစ်လုံး
ကြော်ရန်အတွက်
  • ဆီကို မီးအနေတော်နှင့်အပူပေးပါ 
  • ဆီပူလာပါက အနေတော်ဇွန်းမှုတ်နဲ့ပဲနှင့်အရည်ကို တစ်ဝက်သာသာခပ်ပြီး ဆီပူအိုးထဲကို ဖြန့်ပြီးထဲ့ပေးပါ
  • ပဲကြော်ကြွတ်ပြီးကျက်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ရေစိမ်ပြီးသားပဲနှစ်ဗူးကို ပဲကြော် ၈ချပ်လောက်ရပါတယ်

ပဲကြော်နှင့်အကြော်မှုန့်

ပဲကပ်ကြော် ရွရွအိအိလေး

ပဲကပ်ကြော်ရွရွ အိအိလေး

မာမာဒီနေ့တော့ပဲကပ်ကြော်လေးကြော်ထားပါတယ် အသားကောင်းကောင်းမစားတဲ့ကလေးအတွက် ရှာကြံချက်ရတဲ့ဟင်းလေးဆိုပါတော့ ဝါတွင်းကာလသတ်သတ်လွတ်စားချင်သူတွေအတွက်လဲ အဆင်ပြေတဲ့အကြော်လေးမို့မျှဝေလိုက်တာပါ ကြော်ရတာလွယ်ပါတယ်။

မာမာဟင်းချက်ရင်ခက်ခက်ခဲခဲနဲ့ချက်ရတဲ့ဟင်းတွေချက်ခဲပါတယ် စားလို့လဲကောင်းနေရမယ် အိမ်တစ်ခုရဲ့မီးဖိုဆောင်မှာအလွယ်လဲရှိနေတယ်ဆိုတဲ့ပစ္စည်းတွေနဲ့ဘဲချက်တာများပါတယ်
များသောအားဖြင့်အိမ်ရှင်မတွေကအလုပ်များကြတာများပါတယ် ဒါကြောင့်မို့လွယ်လွယ်နဲ့စားကောင်းမဲ့ ဟင်းအမယ်လေးတွေဘဲ မြန်မြန်ချက်ချင်ကြမှာပါ မာမာကိုယ်တိုင်လဲအမယ်တွေများပြီးရှာရခက်တဲ့ ဟင်းချက်စရာတွေနဲ့ချက်ရတာကိုသိပ်ဝါသနာမပါတာလဲပါ ပါတယ် ဒါကြောင့်မို့ဒီနေ့လဲအိမ်တစ်အိမ်ရဲ့ မီးဖိုဆောင်မှာအလွယ်ရှိတတ်တဲ့ပစ္စည်းလေးတွေနဲ့ဘဲ စားကောင်းတဲ့ပဲကပ်ကြော်လေးကြော်ထားပါတယ်။
ကြော်ကြည့်ဖို့ပြင်ကြရအောင်ပါနော်

  • ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်မောက်မောက်
  • ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ဝက်သာသာ
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်နှင့်လက်တစ်လုံး
  • တစ်ညအိပ်ရေစိမ်ထားသောပဲခြမ်း - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်နှင့်တစ်ဝက်သာသာ
  • မညက်တစ်ညက်ထောင်းထားသောချင်း - တစ်လက်မ မရှိတစ်ရှိ
  • မညက်တစ်ညက်ထောင်းထားသောကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံး
  • ရေကိုနဲနဲချင်းထဲ့ပြီးနှဲပေးပါ အရမ်းမပျော့အောင်ဆန်မှုန့်အပေါ်ကြည့်ပြီးထဲ့ပေးပါ။

ချင်း ကြက်သွန်ဖြူ ဆားနှင့်အရသာမှုန့်တို့ရောကာအရသာနယ်ထားသောကောက်ညှင်းမှုန့်နှင့်ရေစိမ်ထား သောပဲခြမ်း

မုန့်နှစ်ကိုကွမ်းသီးလုံလောက်အရင်လုံးပြီးမှ လက်ဝါးပေါ်တင်ပြီးလက်မလေးနဲ့ပြားပေးးပါ ပြီးမှနှစ်ဖက်စလုံးကိုပဲခြမ်းနှင့်ကပ်ပေးပါ

မီးအနေတော်နှင့်အပူပေးထားသော ဆီပူမှာကြော်ပေးပါ တစ်ဖက်ကျက်လျှင်တစ်ဖက်ကိုလှန်ပေးပါ ပဲခြမ်းနှင့်မုန့်သားများအရောင်ပြောင်းလာပြီး ရွရွလေးဖြစ်လာမှဆယ်ပြီးဆီစစ်ပေးပါ

မွမွနဲ့ရွရွအိအိလေးဖြစ်နေတဲ့ပဲကပ်ကြော်လေးရပါပြီ

ကြက်သားပြောင်းဖူးကြော်

ကြက်သားပြောင်းဖူးကြော်

မွမွအိအိလေးမို့စားလို့ကောင်းတဲ့ကြက်သားပြောင်းဖူးကြော်လေးပါ အသားတွေဆီတွေများများနဲ့မစားချင် တာရယ်ကြောင့်မို့ဒီနေ့တော့အဲလိုလေးကြော်လိုက်ပါတယ် ပြောင်းဖူးပါတာမို့ချိုလဲပိုပြီးချိုပါတယ် တန်ပူရာအကြော်မှုန့်လေးလဲထဲ့လိုက်တာမို့မွမွလေးနဲ့စားလို့ပိုပြီးကောင်းသွားပါတယ်။
တန်ပူရာမှုန့်မရှိရင်လဲမွေးအကြော်ခံမှုန့်နဲ့ရွှေလိပ်ပြာအကြော်ခံမှုန့်တို့ထဲ့ပြီးရောနယ်ကာ ကြော်လို့ရပါတယ်
အချိုအတွက်ကိုတော့အရသာမှုန့်အစားသကြားထဲ့ပြီးကြော်ထားပါတယ် ကြက်သားကိုလဲနူးညံ့စေတဲ့ ကြက်ပေါင်သားကိုအရိုးထွင်ပြီးသုံးထားပါတယ် အချိုအရသာအတွက်သုံးတဲ့သကြားကိုတော့  caster sugar ကိုသုံးထားပါတယ် ပိုပြီးစေးကပ်အောင်လို့ပါ အဲဒီသကြားမရှိရင်လဲရိုးရိုးသကြားဘဲထဲ့သုံးနိုင်ပါတယ်။
ကြော်တဲ့အခါမှာပါဝင်ရမှာလေးတွေကတော့

  • အရိုးဖယ်ကာနုတ်နုတ်စင်းထားသောကြက်ပေါင်သား - 200g
  • ခပ်နုတ်နုတ်လှီးထားသောကြက်သွန်နီ - အနေတော်သုံးလုံး
  • အစေ့ထွင်ထားသောပြောင်းဖူး - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးမောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  • ဆီ - လက်ဖက်ရည်ပန်းကန် တစ်လုံးခွဲလောက်
ကြော်ရန်ပြင်ပါမယ်
  • လိုအပ်သောပစ္စည်းများကိုဇလုံကျယ်ကျယ်တစ်လုံးထဲမှာထဲ့ပြီးစေးပိုင်လာတဲ့ထိထဲ့ပြီးနယ်ပေးပါ
  • ဆီကိုမီးအနေတော်နှင့်အပူပေးပြီးတည်ပေးပါ
  • ဆီပူလာတာနဲ့အရသာနယ်ထားသောကြက်သားများကိုအနေတော်ဆုတ်လုံးပြီးရွှေဝါရောင်သန်းလာတဲ့ထိကြော်ပေးပါ
  • နှစ်ဖက်လုံးကျက်သွားပါကဆယ်ပြီးဆီစစ်ပေးပြီးရင်ကြက်သားပြောင်းဖူးကြော်လေးရပါပြီ။

ကြက်သား ဖက်ထုတ်ကြော်

ကြက်သားဖက်ထုတ်ကြော်
ကြက်သားဖက်ထုတ်ကြော်လေးပါ အသားတွေချည်းစားရတာ ခံတွင်းမတွေ့လွန်းတာမို့ အသီးအရွက် လေးလဲပါရအောင် မာမာ ဟိုရောဒီရော ဖက်ထုတ်လေးကြော်ထားပါတယ် အခွံမွှေးမွှေးကြွတ်ကြွတ်လေး နဲ့ဆိုတော့စားရတာ အာရုံတစ်မျိုးပြောင်းသွားတာပေါ့နော်။
ကြက်သွန်ဖြူအချဉ်လေးနဲ့အရမ်းကိုစားကောင်းတဲ့ဖက်ထုတ်လေးပေါ့နော် ငါးနဲ့ကြက်သားကိုဘဲစားကြတဲသူတွေ့အတွက်ဟင်းချက်ရတာ ရှားပါးပါတယ် နေ့တိုင်းလဲအသားဓါတ်လေး ရအောင်အသားပါအောင်ချက်ရတာမို့ တစ်ခါတစ်ရံညီးငွေ့သလိုတော့ဖြစ်မိပါတယ် အဲဒီလိုရက်မျိုးဆို မာမာ ဟိုရောဒီရော စားကောင်းအောင်ရှာကြံပြီးချက်ရပါတယ် ဒီနေ့လဲအသားပြောင်တလင်းမစားချင်တဲ့ သူတွေအတွက် ရောတိရောရာစားကောင်းစရာဖြစ်အောင် ကြက်သားဖက်ထုတ်လေးလုပ် ပြီးကြော်ပေး ထားပါတယ်။

ကြက်သားဖက်ထုပ်ကြော်ဖို့ပြင်ပါမယ်
  • နုတ်နုတ်စင်းထားသောကြက်သား  - 100g 
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  • ပဲပင်ပေါက် - ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  • အနေတော်လှီးထားသောကျူဆိုင် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • ခပ်သေးသေးလှီးထားသောကြက်သွန်နီ - ဟင်းပြင်ပန်းကန် တစ်လုံး
  • ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  • နှမ်းဆီ - ထမင်းစားဇွန်း တစ်ဇွန်း(ဇလုံကျယ်ကျယ် တစ်လုံးထဲမှာအားလုံးကိုရောနယ်ပေးပါ)
  • ဖက်ထုတ်ရွက် - ၁၅ရွက် 
  • အစာအားလုံးကိုရောပြီးနယ်ထားပေးပါမယ်

ဖက်ထုတ်ရွက်တစ်ရွက်ကိုထမင်းစားဇွန်း တစ်ဇွန်းမရှိတစ်ရှိထဲ့ပေးပါမယ်

အားလုံးစာမယ်



ဒီနေ့ကြော်ဖြစ်တဲ့ကြာဇံကြော်လေးပါ  ကြက်အူချောင်းလေးနဲ့မို့ အရသာတမူထူးပါတယ် ထမင်းမစား ချင်တဲ့နေ့တွေမှာ ကြာဇံလေးကြော်စားရတာလဲ တစ်မျိုးကောင်းပါတယ် မာမာတော့ ကြော်ပြီးတာနဲ့ ဆွမ်းတော်ကပ်ဖို့အရင်ဖယ်လိုက်ပါတယ် ဆွမ်းတော်ကပ်ပြီးတာနဲ့ အိုးထဲမှာအပူရှိန်ကျန်နေသေးတဲ့ ကြာဇံကြော်ကို ထမင်းလွတ်စားလိုက်ပါတယ်။

စားလို့ကောင်းလွန်းလို့ မိတ်ဆွေတို့လဲကြော်စားကြည့်စေချင်ပါတယ်နော် ကြော်ရတာ လွယ်လဲလွယ် မြန်လဲမြန်ပြီးစားလို့လဲကောင်းပါတယ်။

ကြော်ရန်အတွက်

  • ညထဲကရေမြုပ်အောင်စိမ်ထားသောဆန်ကြာဇံ - 150g
  • ထက်ပိုင်းလှီးထားသောရွှေပဲသီး - ၅တောင့်
  • ခပ်ထူထူလှီးထားသောဂေါ်ဖီ - နှစ်သက်သလောက်
  • လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  • တရုတ်နံနံ - အနည်းငယ်
  • ခပ်စောင်းစောင်းလှီးထားသော ကြက်အူချောင်း -၃ချောင်း
  • ငံပြာရည်အကြည် ထမင်းစားဇွန်း - ၂ဇွန်း
  • ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား -  ထမင်းစားဇွန်း တစ်ဇွန်းမရှိတရှိ
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
ပြင်ဆင်ရန်
  • ရေစိမ်ထားသောကြာဇံကိုရေစစ်ပြီး ငံပြာရည် ပဲငံပြာရည် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီးကြက်အူချောင်းကို အရင်ဆုံးတမိနစ်လောက်ကြော်ပေးပါ 
  • ကြက်အူချောင်းကို ဘေးကိုတွန်းထားပြီး ကြက်သွန်ဖြူထဲ့ကြော်ပါ
  • မွှေးလာပါက မုံလာဥနီ ဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်မွှေပေးပါ
  • ကြာဇံထဲ့ပြီးရောကြော်၍ ကြာဇံပျော့လာပြီဆိုတာနဲ့ တရုတ်နံနံနှင့်ရွှေပဲသီးတို့ရောမွှေကာ အရသာမြည်းပေးပါ အရသာအနေတော်လဲဆိုရင် ကြာဇံကြော်လေးရပါပြီ။



ကြက်အသဲအမြစ် ခေါက်ဆွဲကြော်

ကြက်အသဲအမြစ်ခေါက်ဆွဲကြော်


ကြက်အသဲအမြစ်နဲ့ခေါက်ဆွဲလေးကြော်ဖြစ်ပါတယ် စားလို့အရမ်းကောင်းတဲ့ခေါက်ဆွဲကြော်လေးပါ ခေါက်ဆွဲကြော်ခြည်း   သက်သက်စားလို့ရသလို ထမင်းပူပူလေးနဲ့လဲစားလို့ကောင်းပါတယ် အိမ်ကြော်လေးပေမဲ့ဆိုင်ကြော်တွေထက်ပိုပြီးကောင်းပါ   တယ် အသဲအမြစ်ကိုကျက်အောင်အရင်ဆုံးဂျင်းပြားလေးနဲ့နူးအောင်ပြုပ်ပြီးမှ ပြန်ကြော်တာမို့ အညှီနံ့ပျောက်သွားပါတယ်ဲပြင်ရဆင်ရတာနဲနဲကြာပေမဲ့ကြော်ရတာတော့မြန်ပါတယ် ဒီနေ့ပိတ်ရက်လေးမှာ အားတဲ့အချိန်လေးကြော်စားကြည့်ပါနော်။
ပါဝင်ရမှာလေးတွေက
  • ပြုပ်ပြီးသားခေါက်ဆွဲဖတ် - ၅ဆယ်သား
  • ပြုပ်ပြီးသားကြက်အသဲအမြစ် - နှစ်ဆယ်သား
  • ရှစ်စိတ် စိတ်ထားသောကြက်သွန်နီအနေတော် - တစ်ဥ
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - လေးမွှာ
  • အနေတော်လှီးထားသောမှို - ငါးဖူး
  • အနေတော်လှီးထားသောပန်းဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  • ခပ်ကြမ်းကြမ်းလှီးထားသောဂေါ်ဖီ - ဟင်းပြင်ပန်းကန် တစ်လုံး
  • ပဲပင်ပေါက် - ဟင်းပြင်ပန်းကန် တစ်လုံး
  • မုံလာဥနီ - တစ်ဥ
  • ရွှေပဲသီး - ငါးတောင့်
  • တရုတ်နံနံပင် - နှစ်ပင်
  • ခေါက်ပြီးကြော်ထားသောကြက်ဥ - နှစ်လုံး
ခေါက်ဆွဲအရသာနယ်ပါမယ်
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  • ပဲငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း (မကြော်ခင်အားလုံးရောနယ်ထားပါ)
ကြက်အသဲအမြစ်ပြုပ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ
  • ဂျင်း - ခပ်ပါးပါး သုံးပြား (အားလုံးရောနယ်ပြီး ရေမြုပ်အောင်ထဲ့ပြီးပြုပ်ပါ နှစ်ရည်ခမ်းရင်ခပ်ပါးပါးလေးများလှီးပေးပါ)
ကြော်ပါမယ်
  • ဆီ လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်လောက်ကို မီးပြင်းပြင်းနဲ့အပူပေးပါ 
  • ဆီပူလာပါက ကြက်သွန်ဖြူကိုအရင်ဆုံးမွှေးသွာတဲ့တိကြော်လိုက်ပါ
  • ကြက်သွန်နီနှင့်နှင့်အတူအသီးအရွက်များကိုဆားလက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန်းလက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက်ထဲ့ပြီးကြော်လိုက်ပါ
  • တစ်မိနစ်လောက်ကြော်ပီးတာနဲ့ပြုပြီးပါးပါးလှီးထားသောကြက်အသဲအမြစ်တို့ကိုမိနစ်ဝက်လောက်ထဲ့ကြော်ပါ
  • ပြီးလျှငိခေါက်ဆွဲများထဲ့ပြီးမိနစ်ဝက်လောက်ေကြော်လိုက်ပါ
  • နောက်ဆုံးမှရွှေပဲသီးနှင့်တရုတ်နံနံတို့ထဲ့မွှေပေးပြီး မီးပိတ်ပေးပါ
  • ကြော်ထားသောကြက်ဥကြော်ကိုခပ်ပါးပါး လှီးပြီးထဲ့ပေးပြီးရင်ခေါက်ဆွဲကြော်လေးရပါပြီ

အချဉ်တည်ပါမယ်

  • ရှည်ရှည်အတုံးလေးများလှီးထားသောသခွားသီး - တစ်ပိုင်း
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော်တစ်ဥ
  • ပါးပါးလှီးထားသောငရုတ်သီးစိမ်း - လေးတောင့်
  • ငရုတ်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း(အားလုံးကိုရောနယ်ပေးပါ)

ကြက်သားလုံး ဆန်ပြားကြော်

ကြက်သားလုံးဆန်ပြားကြော်
မာမာဒီနေ့တော့ ဆန်ပြားလေးကြော်ပါတယ် ဒီနေ့တော့ ဟင်းတစ်မယ်ထဲနဲ့အသားအရသာ အသီးအရွက်အရသာတွေပါရအောင်လို့ ကြက်သားလုံးဆန်ပြား ကြော်လေးကြော်ထားပါတယ်။

ကြက်သားလုံးဆန်ပြားလေးကြော်ရအောင်ပြင်ပါမယ်

  1. လှီးထားသောသီးရွက်စုံ  ဟင်းပြင်ပန်းကန် တစ်လုံးစုံ
  2. နုတ်နုတ်စင်းပြီး ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ကော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းတို့နှင့်အရသာနယ်ထားသော ကြက်ရင်ပုံသား 150g  
  3. ပဲငံပြာရည်ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း သကြား ထမင်းစားဇွန်းတစ်ဇွန်း တို့နှင့်ရောနယ်ထားသောဆန်ပြား တရုတ်ဟင်းရည်သောက်ပန်းကန် တစ်လုံး
  4. ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ သုံးမွှာ

အရသာနယ်ထားသောကြက်ရင်ပုံသားကို ပွက်ပွက်ဆူနေသောရေနွေးထဲတွင်လေးမိ နစ်ခွဲလောက် ပြုပ်ပေးပါ

  • ထမင်းစားဇွန်းထဲတွင်ကြက်သားအရသာနယ်ကိုဖိထဲ့ပြီး ဆူနေသောရေနွေးထဲသို့ လက်မလေးနှင့်ဖိဖိပြီးနဲနဲချင်းဖဲ့ချပြီးထဲ့ပေးပါ
  • လေးမိနစ်ခွဲလောက်ပြုပ်ပေးပြီးပါကဆယ်ပြီးရေစစ်ပေးထားပါ

ဆန်ပြားလေးစပြီးကြော်ပါမယ်

  1. ဆီ ထမင်းစားဇွန်း ငါးဇွန်းလောက်ကို မီးပြင်းပြင်းနဲ့အပူပေးထားပြီး ကြက်သွန်ဖြူကိုမွှေးလာတဲ့ထိ ကြော်လိုက်ပါ 
  2. အသီးအရွက်များကိုထဲ့ပြီး ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထဲ့ပြီး တစ်မိနစ်လောက်ဘဲကြော်ပေးပါ
  3. အရသာနယ်ထားသောဆန်ပြားကိုပြုပ်ထားသော ကြက်