Sunday, August 30, 2015

$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$

$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$

မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင်

မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည်

$$ကြော်ငြာခနှုံးထားများ$$

တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ်

သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင်

တစ်ရက် ၂၀၀၀ ကျပ်

ပေးပို့ရန်

ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည်

ငွေပေးချေရန်

Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

##ပေးပို့ရန်လိပ်စာ##

မိုးညှင်းသတင်း apk သို့သတင်းနှင့် ကြော်ငြာများပေးပို့ရန် mohnyinnews@gmail.com (သို့မဟုတ်) www.facebook.com/mohnyintoday သို့ဝင်ရောက်၍ message box မှလဲပေးပို့နိုင်ပါတယ် ဘာသာရေးပွဲများ ပရဟိတပွဲများကို အခမဲ့ ကြော်ငြာပေးပါမည်

ကျေးဇူးတင်ပါသည်

ဖားကန့်မြို့နယ် အ တွင်း ရှိ ရေ ဘေး သင့် ပြည်သူ များအား ကူညီရွှေ့ပြောင်း

ဖားကန့်မြို့နယ် အ တွင်း ရှိ ရေ ဘေး သင့် ပြည်သူ များအား ကူညီရွှေ့ပြောင်း

နေပြည်တော် သြဂုတ် ၃၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း သြဂုတ် ၂၉ ရက်နှင့် ယနေ့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် အေးမြသာယာရပ်ကွက်၊ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်နှင့် မရှိကထောင် ရပ်ကွက်တို့ တွင် ရေအနက် ၁ဝ ပေခန့် ဝင်ရောက်ခဲ့ပြီး လူနေအိမ်များနှင့် လမ်းများပေါ်တွင် ရေနစ် မြုပ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဖားကန့်မြို့နယ်၊ မဏိဇေယျုံကျောင်းတိုက်တွင် ရေဘေးကယ်ဆယ်ရေး ကော်မတီ ယာယီ ကွပ်ကဲရေးရုံး ဖွင့်လှစ်ထားရှိပြီး နယ်မြေခံ တပ်မတော်သား များက ရေနစ်မြုပ် လျက်ရှိသော လူနေအိမ် များရှိပစ္စည်းများအား ကူညီရွှေ့ပြောင်း ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေရာသို့ တပ်မတော် အရာရှိကြီးများနှင့် စစ်သည်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ သွားရောက်ကြည့်ရှုအားပေးကာ ထမင်းဘူး များနှင့် ရေသန့်ဘူးများအား လိုက်လံဝေငှ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျေးဇူးတင်ပါသည်

အင်းတော်ကြီးကန်ဒေသ ဇီဝအ၀န်းနယ်မြေသတ်မှတ်ရေး ပြည်နယ်အဆင့်အလုပ်ရုံဆွေးနွေး ============================================

အင်းတော်ကြီးကန်ဒေသ ဇီဝအ၀န်းနယ်မြေသတ်မှတ်ရေး ပြည်နယ်အဆင့်အလုပ်ရုံဆွေးနွေး
============================================

မြစ်ကြီးနား သြဂုတ် ၃ဝ

ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်ဒေသ ဇီဝအဝန်းနယ်မြေ အဆိုပြုသတ် မှတ်နိုင်ရေးအတွက် ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ City Park Royal ခန်းမ၌ သြဂုတ် ၂၈ ရက်က ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ ဆရာမများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အသင်းအဖွဲ့များ၊ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် အပင်များအဖွဲ့ (Fauna and Flora International-FFI)မှ မြန်မာပရိုဂရမ်ဒါရိုက်တာ Mr. Frank Momberg နှင့် UNESCO Myanmar Office မှ ကိုယ်စားလှယ်Mr. Sriharsha Masabathula တို့ တက်ရောက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က အင်းတော်ကြီးကန်ဒေသ ၏ သဘာဝအမွေအနှစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များအား ရေရှည်တည်တံ့စေ ရေး စနစ်တကျ ထိန်းသိမ်းကာကွယ်နိုင်ရန်၊ အင်းတော်ကြီးကန်ဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် သဘာဝသယံဇာတများအပေါ် မှီခိုထုတ်ယူသုံးစွဲမှုများကို လျှော့ချပြီး ရေရှည်ထုတ်ယူသုံးစွဲနိုင်မည့် စီမံအုပ် ချုပ်မှုပုံစံတစ်ခု ပေါ်ပေါက်စေရန်၊ ဇီဝအဝန်းနယ်မြေတစ်ခု ဖြစ်ပေါ်လာခြင်း နှင့်အတူ အော်ဂဲနစ်သီးနှံစိုက်ပျိုးရေး ထွက်ကုန်များနှင့် ဒေသခံများ၏ ရိုးရာ လက်မှုပစ္စည်းများကို မြှင့်တင်ထုတ်လုပ်ပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမှ တစ်ဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးဘဝ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အင်းတော်ကြီးကန်ဒေသအား ဇီဝအဝန်းနယ်မြေ သတ်မှတ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးအောင်နိုင်က ဆက်လက်၍ အမှာစကားပြောကြားသည်။

ထို့နောက် ယူနက်စကို မြန်မာနိုင်ငံရုံးမှ ကိုယ်စားလှယ်နှင့် FFI မှ ကိုယ်စား လှယ်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက အင်းတော်ကြီးကန်ဒေသအား ဇီဝအဝန်းနယ်မြေအဖြစ် အဆိုပြုတင်ပြနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက စုပေါင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်) အင်းတော်ကြီးကန်ဒေသ ဇီဝအ၀န်းနယ်မြေသတ်မှတ်ရေး ပြည်နယ်အဆင့်အလုပ်ရုံဆွေးနွေး

(မြို့နယ် ပြန်/ဆက်)

ကျေးဇူးတင်ပါသည်

ဖားကန့်မြို့တွင်း ရေထပ်ကြီး၍ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိ =========================================

ဖားကန့်မြို့တွင်း ရေထပ်ကြီး၍ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိ
=========================================
30, August, 2015 By Kachin People

ကချင်ပြည်နယ် ဖားကန့်မြို့တွင်း ၂၀၁၅ သြဂုတ်လ (၂၉) ရက်နေ့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် အေးမြသာယာရပ်ကွက်နှင့် မရှီကတောင်ရပ်ကွက်တွင် ရေအနက် (၄) ပေခန့် လူနေအိမ်နှင့် လမ်းများပေါ်တွင် တက်လျှက်ရှိနေပြီး မြို့မရပ်ကွက်နှင့် ဌက်ပျောတော ရပ်ကွက်တို့တွင် ရေအနက် (၇) ပေခန့် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

သြဂုတ်လ(၃၀)ရက်နေ့တွင် မိုးဆက်လက်ရွာသွန်းလျှက်ရှိပြီး အေးမြသာယာ၊ မြို့မနှင့် ဌက်ပျောတောရပ်ကွက်တို့မှာ ရေအနက် (၁၀) ပေခန့်မြင့်တက်လျှက်ရှိပြီး မရှီကထောင်ရပ်ကွက် တွင် ရေအနက် (၉) ပေခန့် တက်လျှက်ရှိကြောင်း ကြားသိရပါသည်။

ထို့ကြောင့် ဖားကန့်မြို့ မဏိဇေယျုံကျောင်းတိုက်တွင် ရေဘေးကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းထားရှိပြီး နယ်မြေခံ တပ်မတော်သားများမှ ရေနစ်မြုပ်လျှက်ရှိသော လူနေအိမ်များရှိ ပစ္စည်းများ ကူညီရွေ့ပြောင်းပေးလျှက်ရှိပြီး၊ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ထမင်းဘူးများနှင့် ရေသန့်ဘူးများ လိုက်လံဝေငှပေးလျှက်ရှိကြောင်း ဒေသခံများမှတစ်ဆင့် ကြားသိရပါသည်။

ဖားကန့်မြို့တွင်း ရေထပ်ကြီး၍ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိ
=========================================

ကျေးဇူးတင်ပါသည်

သူငယ်ချင်း မိတ်ဆွေတွေ အချင်းချင်း၊ ချစ်သူ အချင်းချင်း၊ အလုပ်ရှင် အလုပ်သမား အချင်းချင်း ဆက်ဆံရေးမှာ ကိုယ်က ပြတ်ပြတ်သားသား ၁၀၀ ရာခိုင်နှုန်း ပေးပြီး အိပ်ပျော်အောင် အိပ်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ကောင်လေးနဲ့ ကောင်မလေး တို့နှစ်ယောက် အတူတူ ဆော့နေကြတယ်။ ကောင်လေးမှာ ဖန်ဂေါ်လီ တစ်ချို့ရှိပြီး ကောင်မလေးမှာ သကြားလုံး တစ်ချို့ရှိတယ်။
ကောင်လေးက ကောင်မလေးကို ပြောတယ်။ ကောင်မလေးမှာ ရှိတဲ့ သကြားလုံးတွေ အကုန်လုံး သူ့ကိုပေးရင် သူ့မှာရှိတဲ့ ဖန်ဂေါ်လီတွေ အကုန်လုံးကိုလည်း ကောင်မလေးကို ပေးမယ်တဲ့။ ကောင်မလေးကလည်း သဘောတူတယ်။
အဲဒီနောက်မှာ ကောင်လေးက သူ့မှာ ရှိတဲ့ ဂေါ်လီတွေထဲက အကြီးဆုံးနဲ့ အလှဆုံး ဖန်ဂေါ်လီ တစ်လုံးကို ဖွတ်ထားလိုက်ပြီး ကျန်တဲ့ဂေါ်လီတွေကို ကောင်မလေးကို ပေးလိုက်တယ်။ ကောင်မလေးကတော့ သူ့ကတိအတိုင်း သူ့မှာရှိတဲ့ သကြားလုံးတွေ အားလုံးကို ကောင်လေးကို ပေးလိုက်တယ်။
အဲဒီနေ့ညမှာ ကောင်မလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ ကောင်လေးက အိပ်မပျော်ဘူး..
သူ .. သူ့ရဲ့ အလှဆုံး ဖန်ဂေါ်လီတစ်လုံးကို ဖွက်ထားသလို ကောင်မလေးကလည်း သကြားလုံးတွေကို ဖွတ်ထားလေမလားဆိုတဲ့ အတွေးနဲ့ သူ့စိတ်ထဲမှာ မောဟတွေ ဖြစ်နေတယ်။
လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း ဒီလိုပါပဲ..သူများကို ၁၀၀ ရာခိုင်နှုန်း မပေးမိရင် သူများကလည်း ကိုယ့်ကို ၁၀၀ ရာခိုင်နှုန်း ပေးပါ့မလားဆိုတဲ့ သံသယစိတ်တွေ ၀င်လာစေပါတယ်။ မောဟတွေ ဖြစ်စေပါတယ်။ ကိုယ့်အပူနဲ့ ကိုယ် အိပ်မပျော်၊ စားမ၀င် ဖြစ်စေပါတယ်။
သူငယ်ချင်း မိတ်ဆွေတွေ အချင်းချင်း၊ ချစ်သူ အချင်းချင်း၊ အလုပ်ရှင် အလုပ်သမား အချင်းချင်း ဆက်ဆံရေးမှာ ကိုယ်က ပြတ်ပြတ်သားသား ၁၀၀ ရာခိုင်နှုန်း ပေးပြီး အိပ်ပျော်အောင် အိပ်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

...........................................................................................
Yangon Health Guide

ကျေးဇူးတင်ပါသည်

ဖားကန့်မြို့ တစ်ဝက်ကျော် ရေနစ်နေပြီး အရေးပေါ်အကူအညီများ လိုအပ်နေ

ဖားကန့်မြို့ တစ်ဝက်ကျော် ရေနစ်နေပြီး အရေးပေါ်အကူအညီများ လိုအပ်နေ
30.8.2015

မြန်ပြည်မြောက်ပိုင်း၊ ဖားကန့်မြို့တွင် မနေ့(29)ရက်နေ့ နေ့လည်ပိုင်း(၁)နာရီလောက်ကစပြီး ဥရုချောင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များ ရေနစ်နေလျက်ရှိရာ ဒီကနေ့ နေ့လည်(၁း၁၅)မိနစ်အချိန်မှာတော့ ဖားကန့်မြို့ လူနေအိမ် တစ်ဝက်ကျော်၊ ဆိုင်းတောင်၊ လုံးခင်းနှင့် အနိမ့်ပိုင်းနေရာ အားလုံးတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အရေးပေါ် အကူအညီများ လိုအပ်နေတယ်လို့ သိရှိရသည်။

အခု အိမ်ခေါင်ပဲ ကျန်တော့တယ်၊ လုံးခင်း၊ ဆိုင်းတောင်နဲ့ ဖားကန့်မြို့ အောက်ချိုင့်နီးပါး အားလုံးနဲ့ အနိမ့်ပိုင်း အားလုံး နစ်နေပြီ၊ (၃)ပေလောက် ထပ်တက်ဦးမယ်လို့ပြောတယ်၊ ဘယ်ကူညီကယ်ဆယ်ရေး အဖွဲ့တွေမှလည်း ရောက်မလာသေးဘူး၊ မိုးကတော့ ဖွဲလိုက်ရွာလိုက်ဖြစ်နေတယ်၊ မိုးထပ်ရွာဦးမယ်ဆိုရင် တစ်မြို့လုံးနစ်နိုင်တယ်၊ ကုန်းမြင့်ပိုင်းတွေလောက်ပဲ ကျန်တယ်လို့ ရေဘေးသင့်နေတဲ့ ဖားကန့် ဒေသခံတစ်ဦးက ငိုကြီးချက်မဖြင့် ဖုန်းဆက်ပြောဆိုခဲ့ပါတယ်။

ကျေးဇူးတင်ပါသည်

ခြိမ်းခြောက် ဘာသာကူးပြောင်းခိုင်းလျှင် ထောင် ၂ နှစ် ချနိုင်ဟုဆို -----------------------------------------------------------------------

ခြိမ်းခြောက် ဘာသာကူးပြောင်းခိုင်းလျှင် ထောင် ၂ နှစ် ချနိုင်ဟုဆို
-----------------------------------------------------------------------
ကိုးကွယ်ရာဘာသာ ကူးပြောင်းရန် ကြွေးမြီဖြင့် နှောင် ဖွဲ့ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း (သို့မဟုတ်) အနိုင်အ ထက်ပြုခြင်းများလုပ်ဆောင်ပါက ထောင်ဒဏ် ၂ နှစ်နှင့် ကျပ်သုံး သိန်းထက်မပိုသော ငွေဒဏ်ကိုပါ ချမှတ်နိုင်ကြောင်း ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြပါရှိသည်။

‘‘ဘာသာတစ်ခုကို အတင်း အဓမ္မကူးပြောင်းခိုင်းတာ ဘယ် နိုင်ငံကမှ လက်မခံဘူး။ လူ့အခွင့် အရေးနဲ့ ကြည့်ကြည့်၊လူသားချင်း စာနာတာနဲ့ပဲကြည့်ကြည့် ဒါက မဖြစ်သင့်ဘူး။နိုင်ငံတကာဥပဒေ တွေမှာလည်း ဒါကိုလက်မခံထား ဘူး’’ဟု အလိုတော်ပြည့် ကျောင်း တိုက်နှင့် ရခိုင်အမျိုးသားလူမှုကယ် ဆယ်ရေးအဖွဲ့(ရန်ကုန်) ဦးဆောင် ဆရာတော် ဦးကုမာရက မိန့် ကြားသည်။ကိုးကွယ်ရာဘာသာ ကူး ပြောင်းခြင်းကို ဟန့်တားပိတ်ပင် နှောင့်ယှက်ပါကလည်း ခြောက် လထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ကျပ်ငါးသောင်းထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု အဆိုပါဥပဒေတွင် ပါရှိသည်။

‘‘အုပ်ချုပ်တဲ့ အာဏာပိုင် တွေက အများအကျိုးအတွက် လုပ်တာလို့မြင်ပါတယ်။ ဘာသာ တစ်ခုက တစ်ခုကိုပြောင်းဖို့ ခြိမ်း ခြောက်တာမျိုးက မကောင်းဘူး။ ဘာသာပေါင်းစုံက တိုင်းရင်းသား တွေ ညီညီညွတ်ညွတ်နေထိုင်တာ ကို ပိုလိုလားပါတယ်’’ဟု နှစ်ခြင်း ခရစ်ယာန်ဆရာတော် သင်းထောက်ဆရာ ဘရန့်က မိန့်ကြားသည်။

မည်သည့် ဘာသာသာသနာ ကိုမဆို စော်ကားရန် အကြည်ညို ပျက်စေရန်(သို့မဟုတ်) တလွဲအ သုံးပြုရန်အကြံဖြင့် ကိုးကွယ်ရာ ဘာသာကူးပြောင်းပါက ၂ နှစ် ထက်မပိုသော ထောင်ဒဏ်အပြင် ကျပ် နှစ်သိန်းထက်မပိုသော ငွေ ဒဏ်ပါချမှတ်နိုင်ကြောင်း ထည့် သွင်းထားသည်။

ခြိမ်းခြောက်မှု၊ သွေးဆောင် ဖြားယောင်းမှုများနှင့် ပတ်သက် ၍ အရေးယူရန် ဥပဒေများမူလက တည်းကရှိကြောင်း ယခုမှသာ ဘာသာရေးနှင့် ယှဉ်တွဲ၍ အတိ အလင်း ဖော်ပြခြင်းဖြစ်ကြောင်း မြို့နယ် တရားသူကြီးဟောင်း ဦးသန်းထွန်းကပြောသည်။

ဘာသာ ကူးပြောင်းလိုသူသည် အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ပြီး မိမိ၏ လွတ်လပ်သော သဘောဆန္ဒဖြင့်ကူးပြောင်းလိုက်ခြင်း ဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုသူသည် ကိုးကွယ်ရာဘာသာကူး ပြောင်းလိုခြင်းဆိုင်ရာ စိစစ်မှတ်ပုံ တင်ရေးအဖွဲ့ထံသို့ ဘာသာကူး ပြောင်းလိုသည့် အကြောင်းအ ရင်းကိုပါ လျှောက်လွှာတင်ရမည် ဖြစ်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။ မှတ်ပုံတင်ရေး အဖွဲ့သည် လျှောက်လွှာလက်ခံရရှိပြီးနောက် တစ်ရက်မှစ၍ ခုနစ်ရက်အတွင်း ဘာသာကူးပြောင်းလိုသူကို တွေ့ ဆုံမေးမြန်းရန် ချိန်းဆိုရမည်ဖြစ် သည်။ ကူးပြောင်းလိုသည့် ဘာ သာကို လေ့လာရန် ရက် ၉၀ (သုံးလ) ထက်မပိုသော ကာလကို သတ်မှတ်ပေးရမည်။ ရက်ပြည့် ပါက ထပ်မံတွေ့ဆုံမေးမြန်းပြီး ကိုးကွယ်ရာ ဘာသာကူးပြောင်း ရန် ဆန္ဒရှိကြောင်း တင်ပြလျှင် ထိုသူကို ကိုးကွယ်ရာ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ သက်သေခံ လက်မှတ် ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

‘‘လူတိုင်းဟာ မိမိယုံကြည် ကိုးကွယ်လိုတဲ့ဘာသာကို အချိန် မရွေး ကူးပြောင်းပိုင်ခွင့် ရှိပါ တယ်။ ဒါက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြညာစာတမ်း က ပေးထားတဲ့ အခွင့်အရေးပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေး ထားတယ်။ လွတ်လွတ်လပ်လပ် ယုံကြည်ကိုးကွယ်ခွင့်ရှိတဲ့ကိစ္စမှာ တစ်ခုကနေ တစ်ခုပြောင်းတာ ဘယ်သူခွင့်ပြုမှ ဘာသာပြောင်း တာ တရားဝင်တယ်ဆိုတာ မရှိ သင့်ဘူး’’ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။ယခုအခါ မျိုးစောင့်ဥပဒေဟု လူသိများသော ဥပဒေ လေးခုစလုံး ပြဋ္ဌာန်းပြီးဖြစ်သည်။

7Day

ကျေးဇူးတင်ပါသည်