Sunday, November 8, 2015

တန်းစီစရာမလိုသော ဒုတိယဘုရားသခင်။ အင်္ဂလန်မှာနှစ်ပေါင်းများစွာနေလာတဲ့မိန်းမ မရှက်တတ်တာဗျာ နိုင်ငံကြီးသားမပီသလိုက်တာ။ ဒေါ်စု ဘေးနားက ဝဲစားက ဘာဖြစ်နေတာလည်း စောက်ကဲကို ပိုလွန်းတယ်။

တန်းစီစရာမလိုသော ဒုတိယဘုရားသခင်။
အင်္ဂလန်မှာနှစ်ပေါင်းများစွာနေလာတဲ့မိန်းမ မရှက်တတ်တာဗျာ နိုင်ငံကြီးသားမပီသလိုက်တာ။
ဒေါ်စု ဘေးနားက ဝဲစားက ဘာဖြစ်နေတာလည်း စောက်ကဲကို ပိုလွန်းတယ်။

ခါးတောင်းကြိုက် တစ်ခြား ဖင် တစ်ခြား ဖြစ် နေပြီ ဒီမိုကရေစီ မေမေ တို့ ကဲ ရွေးကောက်ပွဲလည်း ပြီးသွားပါပြီ ။ အောင်စာရင်း လည်း ထွက် တဲ့ ဋ္ဌာန က ထွက် နေ ပါ ပြီ ။ ဒါ ပါပဲ ။ နောက် ၂၀၁၆ သို့ မဟုတ် ၂၀၁၇ ကြား ဖြတ် ရွေးကောက် ပွဲ အတွက် မိမိတို့ အသီးသီးသော ပါတီ ဆက် လက် တည်တံ့  ကြသေးရင် ဆက် ပြင်ဆင်ကြပါတော့ ဗျာ ။

ခါးတောင်းကြိုက် တစ်ခြား ဖင် တစ်ခြား ဖြစ် နေပြီ ဒီမိုကရေစီ မေမေ တို့
ကဲ ရွေးကောက်ပွဲလည်း ပြီးသွားပါပြီ ။
အောင်စာရင်း လည်း ထွက် တဲ့ ဋ္ဌာန က ထွက် နေ ပါ ပြီ ။
ဒါ ပါပဲ ။
နောက် ၂၀၁၆ သို့ မဟုတ် ၂၀၁၇ ကြား ဖြတ် ရွေးကောက် ပွဲ အတွက်
မိမိတို့ အသီးသီးသော ပါတီ ဆက် လက် တည်တံ့  ကြသေးရင် ဆက် ပြင်ဆင်ကြပါတော့ ဗျာ ။
ပွဲ က ပြီးနေ ပါ ပြီ ။
ကိုယ်နဲ့ ထိုက် တန် သလောက် ပဲ ရပါ တယ် ။
ကိုယ့်မှာ ရှိတာ နဲ့ တူညီသော တတ်ဖိုး ကို ပဲ ရပါ တယ် ။
ကိုယ်ကြိုးစား အားထုတ် မှု နဲ့ တူညီသော အကျိုး ရလာဒ် သာ ရ ပါ တယ် ။
See You Next Election .
နောက် ရွေးကောက် ပွဲ မှာ ပြန်လည် ဆုံတွေ နိုင်ကြပါစေ ။

ပြည်သူနဲ့ တစ်သားတည်း .. စနစ်တကျ စည်းကမ်းရှိရှိ တန်းစီခဲ့ကြတဲ့ .. ပြည်သူတွေကဲ့သို့ မှတ်ပုံတင်၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်ပြပြီး .. ဆန္ဒမဲကဒ်ပြားကို ထုတ်ယူခဲ့ကြတဲ့ .. ပြည်သူတွေနဲ့ထပ်တူ ဆန္ဒမဲပေးပြီးချိန် .. မှင်ပြာလေးကို လက်သန်းမှာ တို့ခဲ့ကြတဲ့.. နိုင်ငံတော် သမ္မတကြီး နှင့် ဇနီး

ပြည်သူနဲ့ တစ်သားတည်း ..
စနစ်တကျ စည်းကမ်းရှိရှိ တန်းစီခဲ့ကြတဲ့ ..
ပြည်သူတွေကဲ့သို့ မှတ်ပုံတင်၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်ပြပြီး ..
ဆန္ဒမဲကဒ်ပြားကို ထုတ်ယူခဲ့ကြတဲ့ ..
ပြည်သူတွေနဲ့ထပ်တူ ဆန္ဒမဲပေးပြီးချိန် ..
မှင်ပြာလေးကို လက်သန်းမှာ တို့ခဲ့ကြတဲ့..
နိုင်ငံတော် သမ္မတကြီး နှင့် ဇနီး

Saturday, November 7, 2015

၈ဝရာခိုင်နှုန်း မဲပေးမယ်လို့ ကော်မရှင်ပြော

၈ဝရာခိုင်နှုန်း မဲပေးမယ်လို့ ကော်မရှင်ပြော မြန်မာတစ်နိုင်ငံလုံးမဲပေးနိုင်သူဦးရေ၃၃သန်းကျော် ရှိတဲ့အထဲက ၈ဝ ရာခိုင်နှုန်းလောက် မဲလာပေးလိမ့်မယ်လို့ ရွေးကောက်ပွဲကော်မရှင် အရာရှိတစ်ဦးက ပြောကြားပါတယ်။ မနက်ဖန်မှာကျင်းပမဲ့သမိုင်းဝင် ရွေးကောက်ပွဲကျင်းပဖို့ နာရီပိုင်း သာလိုပါတော့တယ်။မြန်မာတစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ၄သောင်းတစ်ထောင်ကျော် ဖွင့်လှစ်ထားပြီး ရန်ကုန် တိုင်းဒေသ ကြီးမှာ မဲရုံပေါင်းငါးထောင်ကျော်ဖွင့်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ထောက် ညွန်ကြားရေးမှူး ဦးသန့်စင်အောင် ကပြောပါတယ်။ မဲရလာဒ်တွေကို ၃ရက်ကနေ တစ်ပါတ်အတွင်းထုတ်ပြန်မှာဖြစ်ပြီး ရန်ကုန်မြို့ရွှေလီလမ်း ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ မဲရလာဒ်တွေကို နိုဝင်ဘာလ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ LED ဘုတ်နဲ့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားမှာဖြစ်ကြောင်းနဲ့ ကြိုတင်မဲ တွေကိုနာမည်နဲ့ တကွ စီစစ်နိုင်ကြောင်း လည်း ကော်မရှင်ကပြောပါတယ်။ တစ်နိုင်ငံလုံး မှာ အမတ်နေရာပေါင်း ၁၀၀၀ ကျော် မှာကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော်ယှဉ် ပြိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီပေါင်း ၉၂ ပါတီက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်ခွဲတွင် နိုဝင်ဘာ ၇ ရက် က မိုးစပါး စိုက်ဧက ၄ဝဝဝ ကို လုံလောက်စွာ ရေပေးဝေနိုင်မည့် တကွင်းဆည်မှ ဆည်ရေသောက် တူးမြောင်းမကြီးတစ်လျှောက် ရေကျ အဆောက်အအုံများ တည်ဆောက် ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

တကွင်းဆည်ရေသောက်စနစ် အောင်မြင်ဖြစ်ထွန်းနိုင်ရန်အတွက် တူးမြောင်းမကြီးတစ်လျှောက် ရေကျအဆောက်အအုံများ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိ
=====================================

ဟိုပင် နိုဝင်ဘာ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်ခွဲတွင် နိုဝင်ဘာ ၇ ရက် က မိုးစပါး စိုက်ဧက ၄ဝဝဝ ကို လုံလောက်စွာ ရေပေးဝေနိုင်မည့် တကွင်းဆည်မှ ဆည်ရေသောက် တူးမြောင်းမကြီးတစ်လျှောက် ရေကျ အဆောက်အအုံများ တည်ဆောက် ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

''ကျွန်တော်တို့ အခု တည် ဆောက်နေတဲ့ ရေကျအဆောက် အအုံက အလျား ၂၈ ပေ၊ အနံ ၂၃ ပေ၊ အနက် ၉ ပေ ရှိတဲ့ အဆောက် အအုံကို နေ့စဉ်လုပ်သား ၂၅ ယောက် အသုံးပြုပြီးတော့ အောက်တိုဘာ ၂၃ ရက်က စတင်ဆောက်လုပ်ပြီး နိုဝင်ဘာ ၂ဝ ရက်လောက်မှာ ပြီးမှာ ပါ။ တူးမြောင်းမကြီးရဲ့ အရှည် ကတော့ တကွင်းဆည်ကနေ မြို့သာ ရွာဟောင်းအထိ အရှည်ပေ ၁၁၉ဝ၊ အကျယ် ခြောက်ပေရှိပါတယ်။ ဒီ တူးမြောင်းတစ်လျှောက် ရေကျ အဆောက်အအုံပေါင်း ၁၇ လုံး တည်ဆောက်မှာပါ။ မနှစ်က ငါးလုံး တည်ဆောက်ပြီးတာမို့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် မိုးစပါးစိုက်ရာသီအမီ စုစု ပေါင်း ၂၂ လုံးအထိ ဆောက်လုပ် သွားမှာဖြစ်တဲ့အတွက် စပါးစိုက် ဧက ၄ဝဝဝ ကို ရေလုံလုံလောက် လောက် ပေးဝေနိုင်တော့မှာပါ''ဟု မိုးညှင်းမြို့နယ် ဆည်မြောင်းဦးစီး ဌာနမှ ဒုဦးစီးမှူး ဦးကြည်စိုးက ပြောပြသည်။
နီတိုး



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

ယနေ့ည၁၁နာရီ ၅၉မီနစ်ကစလို့ ပိုစ့်တင်တာတွေရပ်ပါပြီ ခညာ ... ရွေးကောက်ပွဲပြီးမှ ... လက်ရှိအစိုးရနဲ့ အတိုက်အခံ ပါတီ အချိုးမပြေတာတွေကို ပြည်သူ့အော်သံအနေနဲ့ ပြန်စတင်ပါ့မယ် ...

ယနေ့ည၁၁နာရီ ၅၉မီနစ်ကစလို့ ပိုစ့်တင်တာတွေရပ်ပါပြီ ခညာ ...
ခုကစပြီး လာကွန်မန့်သမျှကို ပေါက်ကရပြန်ပြောပါတော့မယ် ... ဟဲဟဲ
.
ရွေးကောက်ပွဲပြီးမှ ... လက်ရှိအစိုးရနဲ့ အတိုက်အခံ ပါတီ အချိုးမပြေတာတွေကို ပြည်သူ့အော်သံအနေနဲ့ ပြန်စတင်ပါ့မယ် ...
.
အားလုံးပဲ မိမိယုံကြည်ရာကို စိတ်ချမ်းသာစွာမဲပေးကြပါ ....
အားလုံးမျှော်လင့်ချက် ပြည့်ဝပါစေ ....
နိုင်ငံတစ်ကာနဲ့ အိုအိုင်စီတွေကအစ မဲရုံတွေမှာစစ်နေမှာဖြစ်တဲ့အတွက် စိတ်ချရမှာပါ .....။
.
နာမည်မပါတဲ့သူတွေကလည်း သန်းခေါင်စာရင်းနဲ့ မဲထည့်လို့ရပါလိမ့်မယ် .... လက်မှာ မဲထည့်ပြီးကြောင်း အမှတ်အသားလုပ်ပေးလိုက်ပါလိမ့်မယ် ... ၅သိန်းကိစ္စလို မဖြစ်ရအောင်ပါ
.
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အောင်မြင်အေးချမ်းသော ရွေးကောက်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲ နိုင်ကြ ပါစေ ။
.
(((((  ဒါနဲ့ စကားမစပ် ...
မဲရုံအပြင်မှာ ဘယ်ပါတီက ပဲစွယ်စွယ် လက်မှတ်တစ်ခုကို ဘယ်လောက်ရရ ပါတီတိုင်းကို ထည့်မယ်ချည်းပြောပြီး သူတို့ပေးသလောက် ယူလာခဲ့ကြဘို့မမေ့နဲ့သိလား ...
.
၅ နှစ်မှတစ်ခါပဲ အဲ့ ဆပ်ပြာသည် လင်ပျောက်သလို ပျာယာခတ်နေ တဲ့ နှစ်ဖွဲ့လုံးက ခိုးထား အလှူခံထား တာ လေးတွေနဲ့  ပြည်သူ ကို စေတနာမရှိပေမယ့် စိတ်လိုလက်ရ ပေးတာ ဆိုတော့လေ ...
.
မဲထည့်ပြီးထွက်လာတာနဲ့ လက်ခံထားသမျှလူတွေမေးရင် ... ခင်ညားပါတီကို ထည့်ခဲ့တယ် ပဲပြောပေါ့ ...
.
သူတို့လည်းစိတ်ချမ်းသာ ကိုယ်လည်းငွေရ ... မဲကတော့ကိုယ့်ရင်ထဲ က ပေးချင်တဲ့ ပါတီကိုပေးခဲ့ပေါ ...ဟွတ်ပုလားဗျာတို့ရေ ။ )))))
.
ဘန်းထားတဲ့ ခါးအောက်ပိုင်း အဆဲဝိဇ္ဇာ ဒီမို ကိုကို မမ ၁၀၀ ကျော်ကို လည်း ပြန် ဖွင့်ပေး ပါ့မယ် ....
.
အားလုံး ဂျေပိစ် ..... ဒုန်း ဒုန်း ။
.
သုခိအတ္တာနံ ပရိဟရန္တု .....
.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဟူသည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဟူသည်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြည်ခိုင်ဖြိုးပါတီ သည် တိုင်းရင်းသား များဖြင့် ဖွဲ့စည်းထားသော
ကျစ်လစ်ခိုင်မာသော ပါတီ တစ်ခုဖြစ်ပါသည်။ ပြည်ခိုင်ဖြိုးပါတီ သည်
ရပ်/ကျေး အဆင့် ၊ မြို့နယ် အဆင့် ၊ ခရိုင်အဆင့် ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ် အဆင်ဆင့်၊ ဗဟိုအဆင့် စသည်ဖြင့် Institution  ကောင်းကောင်း ဖြင့် ဖွဲ့စည်းထားသည်မှာ အင်အား ၅ သန်း ၆ သိန်းကျော် ပါတီဝင်ထုရှိပါသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းသည် စနစ်ကျနပြီး
တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထားခြင်း၊ ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များ တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးရေး အတွက် စနစ်ကျန သော စီမံချက်များဖြင့်
တိုင်းပြည်ကို ဦးဆောင်သွားမည့် ပါတီ ဖြစ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒ၊ လုပ်ငန်းလမ်းစဉ်များ၊ သံန္နိဋ္ဌာန်များသည် အစမ်းသပ်ခံ အစစ်ဆေးခံနိုင်သော  တိုင်းရင်းသား ပြည်သူလူထုအတွက်
ဦးထိပ်ထားသော မူဝါဒများ ဖြစ်ပါသည်။ ခိုင်မာသော ရည်မှန်းချက်များဖြင့်
တိုင်းပြည်အတွက် ဆောင်ရွက်နေပါသည်။

အတိတ်  ။ ပစ္စုပ္ပန်  ၊ အနာဂတ် ကာလ သုံးပါးလုံး ပြန်လည်သုံးသပ် ကြည့်နိုင်ပါသည်။မြန်မာနိုင်ငံ၏ အရေးပါဆုံးသော အဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့်လည်း ဒင်္ဂါးပြားကဲ့သို့ ခေါင်းနှင့်ပန်း ခွဲမရသော ပါတီသည်
ပြည်ခိုင်ဖြိုးပါတီ  ဖြစ်ပါသည်။

လက်တန်းထိုး ၊ မီးစင်ကြည့် က မည် ပါတီမဟုတ်ပါ။
တိုင်းပြည်ကိုလည်း လက်တန်းထိုး၊ မီးစင်ကြည့်က ပြီး ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်မည့် ပါတီ မဟုတ်ပါ။

မိဘပြည်သူများအနေဖြင့် ပိုင်းခြားဝေဖန် သုံးသပ်ပြီး
ထောက်ခံမဲ ရဲရဲကြီးသာ ပေးလိုက်ပါ။
တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကို ယနေ့ထက်ပိုမိုဖေါ်ဆောင်သွားမည့်
       တစ်ခုတည်းသော ပါတီသည်
သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော
“ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ”   သာ ဖြစ်ပါကြောင်း-----------------