Saturday, August 23, 2014

သွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသော စားသောက်ဖွယ်ရာများ

မြန်မာပြည်တွင်နှလုံးသွေးကြော ပိတ်ဆို့ခြင်း ရောဂါတဖြည်းဖြည်း အဖြစ်များလာပါသည်။ ၄င်းရောဂါကြောင့် သေဆုံးသော လူနာများကို တွေ့ရှိလာပါသည်။

အောက်ပါ အစားအစာများသည် သွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသောစားသောက် ဖွယ်ရာများဖြစ်ကြောင်း သိရှိရပါသည်။

(က) ငရုတ်သီးမှုန့်

သန့်ရှင်းသော၊ လတ်ဆတ်သော ငရုတ်သီးခြောက်မှုန့်များသည် သွေးကြော ပိတ်ဆို့မှုကို တားဆီးပေးသဖြင့်အလွန် ထိရောက်သော အစားအစာ ဖြစ်သည်။

(ခ)လေးညှင်း

မွှန်စပ်သော လေးညှင်းသည် သွေးကြောအတွင်းပျစ်ခဲပိတ်ဆို့မှုကို ကောင်းစွာ တားဆီးပေးကြောင်း သိရသည်။ လေးညှင်းမှုန့်သည် အက်စပရင်ထက် ပိုမို ကောင်းမွန်သည်။

(ဂ) သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်

၎င်းတို့တွင် ဗီတာမင်စီဓာတ်နှင့် အမျှင်ဓာတ်တို့ကြွယ်ဝသဖြင့် သွေးကြောပျစ်ခဲပိတ်ဆို့မှုကို ကာကွယ်ရာတွင် အထောက်အကူ ပြုသည်။ ထို့ကြောင့် သင့်တင့်မျှတစွာ စားသုံးပေးခြင်းဖြင့် ထိရောက်စွာ အကျိုးခံစားခွင့် ရရှိနိုင်သည်။

ဖိုက်ဘရီနိုဂျင်(ခေါ်) သွေးခဲမှုကို ကျဆင်းစေသဖြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကိုများများ စားသုံးပေးရပါမည်။ အထူးသဖြင့် သက်သတ်လွတ် စားသုံးသူများတွင် အထိရောက်ဆုံးဖြစ်သည်။

(ဃ) ကြက်သွန်ဖြူ

သွေးခဲစေခြင်းကို တိုက်ဖျက်ရာတွင် အားကောင်းသော စားသောက်ဖွယ်ရာဖြစ်သည်။ သွေးကြောအတွင်းပျစ်ခဲပိတ်ဆို့မှု အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင် သည်။ ကြက်သွန်ဖြူ အစားနည်းသူနှင့်လုံးဝ မစားသူများ နှိုင်းယှဉ်လျှင် ကြက်သွန်ဖြူ များများစားသူတို့တွင် သွေးပျစ်ခဲ ပိတ်ဆို့မှု အန္တရာယ်နည်းပါးကြောင်း တွေ့ရသည်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်းဖြစ်စေ၊ ချက်ပြုတ်၍ ဖြစ်စေစားသုံးခြင်း၌ အာနိသင် အလွန်ကွဲပြားခြင်းမျိုးမရှိသည်ကို တွေ့ရသည်။

(င)ချင်း

မွှန်စပ်သော အနံ့၊ အရသာရှိသည့် အရာကို သင့်တင်မျှတစွာ စားသုံးခြင်းဖြင့် သွေးပျစ်ခဲခြင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်သည်။ ချင်းတွင် ပါဝင်သော ဂျင်ဂျာရောလ်(ခေါ်)ဓာတ်သဘာဝ သည်အက်စပရင် ကဲ့သို့ ဓာတုတုံ့ပြန်မှု ရှိသည်ကို တွေ့ရှိရသည်။

(စ) စပျစ်သီး

စပျစ်သီးကိုအစေ့၊ အခွံပါ မကျန် စားသုံးခြင်း၊စပျစ်ရည်အဖြစ် ကြိတ်ညှစ်၍ သောက်သုံးခြင်းသည် သွေးခဲမှုများကိုတိုက်ဖျက် တားဆီးပေးနိုင်စွမ်းရှိသည်။

(ဆ) မှိုနက်

မှိုနက်စားသုံးခြင်းဖြင့် သွေးကြောအတွင်းသွေးပျစ်ခဲမှုကို တားဆီးပေးနိုင်ကြောင်းသိရသည်။ မှိုနက်တွင် အမ်ဒီနိုဆင်းကဲ့သို့ သွေးကျဲစေသောဓာတ်ပေါင်းမျိုးကို တွေ့နိုင်သည်။

(ဇ) သံလွင်ဆီ

သံလွင်ဆီတွင် သွေးပျစ်ခဲမှုကို တိုက်ဖျက်ပေးနိုင်စွမ်းအား ကောင်းစွာပါရှိကြောင်းသိရသည်။ ပုံမှန်စားသောက်ပေးသူများအတွက် သွေးပျစ်ခဲမှုလျော့ပါးသွားကြောင်း သိရသည်။

(စ် )ၾကက္သြန္နီ

သွေးပျစ်ခဲမှုကိုတားဆီးပေးသော အစားအစာဖြစ်ကြောင်း တွေ့ရပသည်။နေ့စဉ်ကြက်သွန်နီ စားသုံးသော သူများတွင် သွေးပျစ်ခဲခြင်းကို လျော့ပါးစေရန်နှင့် သွေးခဲခြင်းကိုပျော်ကျစေနိုင်သည်။ ကြက်သွန်နီ ၁ဝဝ ဂရမ်(၆ ကျပ်ခွဲသားခန့်) သည် သွေးတွင်း အဆီဓာတ်ကိုလုံးဝနီးပါး ချေဖျက်နိုင်ကြောင်း တွေ့ရသည်။ ။

ဆရာကြွယ်(ဦးပိုင်)

မိုးညှင်းသတင်းများကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ
   http://mohnyinnews.blogspot.com


Posted via Blogaway

No comments:

Post a Comment