Wednesday, September 30, 2015

မြစ်ကြီးနားမှာဒေါ်အောင်ဆန်းစုကြည် ဟောပြောမဲ့ကွင်းပြုပြင်နေပုံများ

မြစ်ကြီးနားမှာဒေါ်အောင်ဆန်းစုကြည်
ဟောပြောမဲ့ကွင်းပြုပြင်နေပုံများ

မနောကွင်းကိုအသုံးပြုမရတော
ဗွက်ကွင်းမှာဒီနေ့အပြီစတိတ်စင်တည်
ဆောက်နေပုံများ

ဆောက်သူကဆောက် မြက်ဖြတ်သူ ကဖြတ် သဲကျောက်ခင်းသူခင်း အလံစိုက်သူ က စိုက် မောင်တို့ညီညာ ဝိုင်းကြလေပြီ

ဒီနေ့ မနောဘက်စုံ အားကစားဥယျာဉ် ဗွက်ကွင်းမှာ စတိတ်စင် ဆောက်မလို့ မနောကွင်းထဲ ချထားမိတဲ့ သစ်တွေသွား သယ်တော့ မနောကွင်းကြီးက သော့တွေ ခတ် ချထားပါလေရော။ ဝင်လို့မရ။ အစောင့်ရဲကို သစ်တွေယူမလို့ သော့ဖွင့်ပေးပါဆိုတော့ သော့ဘယ်သူခတ် ထားမှန်းမသိပါဘူး။ သော့လည်းမရှိပါတဲ့

အောက်တိုဘာလ ၂ ရက်နေ့မှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံး ဟောပြောမယ့် မြစ်ကြီးနားမြို့မှာရှိတဲ့ မနောကွင်းကို ဒီနေ့ (အောက်တိုဘာ ၁ ရက်) နံနက် ၇ နာရီက ပိတ်လိုက်တယ်လို့ ပွဲပြင်ဆင်ဖို့ လာရောက်တဲ့ မြစ်ကြီးနားမြို့နယ် NLD မှတစ်ဆင့် အမျိုးသားလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချိုက မြစ်ကြီးနားမြို့ခံ The Voice သတင်းထောက်ကို ပြောပါတယ်။

မန္တလေးမှ မြစ်ကြီးနားသို့အမြန်လမ်း ဆက်ဖောက်မည်၊

မန္တလေးမှ မြစ်ကြီးနားသို့အမြန်လမ်း ဆက်ဖောက်မည်၊ ရန်ကုန်မှ မြစ်ကြီးနားသို့၁၂ နာရီအတွင်း အရောက်သွားနိုင်မည်(ရန်ကုန်-မန္တလေးအမြန်လမ်းကဲ့သို့မန္တလေး-မြစ်ကြီးနားကို ဧရာဝတီမြစ်နှင့်အပြိုင် အဝေးပြေးအမြန်လမ်းမကြီးဖောက်မည်)ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကဲ့သို့ မန္တလေးမှ မြစ်ကြီးနားကို ဧရာဝတီမြစ်နှင့်အပြိုင် အဝေးပြေးအမြန်လမ်းမကြီးတစ်ခုဖောက်လုပ်ရန်ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေကြောင်း သတင်းရရှိသည်။လက်ရှိတွင် မန္တလေး - မြစ်ကြီးနားလမ်းဟောင်းက ရှိနေပြီးသားဖြစ် ပြီးပုံမှန်အားဖြင့် ၂၄ နာရီထက်မနည်းမောင်းနှင်နေရသော အဆိုပါ ခရီးလမ်းပိုင်းကို အချိန် ထက်ဝက်ကျော်လျှော့ချနိုင်ရန် ၀န်ကြီးဌာနက ပြင်ဆင်နေခြင်းလည်းဖြစ်ကြောင်းသိရသည်။ " Express Way အမြန်လမ်းသစ်တစ်ခုထပ်ဖောက်ဖို့ ပေါ့၊ဒါကလည်းလမ်းအူကြောင်းကို ဧရာဝတီမြစ်ကြီးနဲ့ အပြိုင်ဖောက်ဖို့ ပြင်ဆင်ထားတယ်၊ရန်ကုန် - မန္တလေး အမြန်လမ်းကြီးလိုမျိုးပေါ့ " ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြည်မြန်မာသို့ ပြော သည်။ယင်းအတွက် အစိုးရကဘက်ဂျက်လုံလောက်မှုမရှိသဖြင့် အာရှဖွံ့ ဖြိုးမှုဘဏ် ( ADB ) ကို တင်ပြအကူအညီတောင်းခံထားကြောင်း ၄င်းကဆိုသည်။" အသစ်ဆိုရင်တော့ လမ်းအူကြောင်းက အရေးကြီးပါတယ်၊ လမ်းဟောင်းကို အဆင့်မြင့်တင်ရင်လည်း ဖြစ်နိုင်တာပဲ ။ ဒါပေမယ့်နည်းနည်းတော့ ခရီးထောက်တယ် " ဟု လမ်း တံတားဆောက်လုပ်ရေးလုပ်ငန်းစု Asian SquarePower မှ MD ဒေါ်မီမီခင်ကသုံးသပ်ပြောကြားသည်။ရန်ကုန်-မန္တလေးအမြန်လမ်းကြီးနှင့်ပတ်သက်၍အများပြည်သူ၏ဝေဖန်မှုမျိုးစုံရှိခဲ့သဖြင့်ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်းကို သတိပြုကာ ဝေဖန်မှု နည်းနိုင်သမျှနည်းအောင် နည်းပညာပိုင်း အထူးဂရုပြုရန်လိုကြောင်း ၄င်းက အကြံပြုပြောကြားသည်။" ဖြစ်နိုင်ခြေကိုတော့ ကျွန်တော်တို့ က လေ့လာပြီးပြီ ၊ ဒါတွေကရေရှည်မှာမြန်မာနိုင်ငံရဲ့လမ်းပန်း ဆက်သွယ်ရေးတွေ အကောင်းဘက်ရောက်လာစေဖို့ လုပ်တာပါ ၊ ရေရှည်မှာတော့ ကောင်းသွားမှာပါ" ဟု ဦးကျော်လင်းကဆိုသည်။မန္တလေးမှ မြစ်ကြီးနားသို့ တစ်ဖြောင့်တည်းအားဖြင့် ၄၈၈ မိုင်ရှိထားပြီး ရန်ကုန်မှ မြစ်ကြီးနားသို့ တစ်ဖြောင့်တည်း၉၂၀ မိုင် ရှိကြောင်း သိရကာ မြစ်ဆုံနှင့် ၂၅ မိုင်သာဝေးသော မြစ်ကြီးနားသို့ ရန်ကုန်မှ ၂၄ နာရီအတွင်းအရောက်သွားနိုင်စေတော့မည့် အဆိုပါ စီမံကိန်းမှာ မြန်မာနိုင်ငံ၏ အနာဂတ်ကုန်သွယ်ရေးအပါအ၀င်လမ်းတစ်လျှောက်ဒေသဖွံ့ ဖြိုးရေးမှာ အဆပေါင်းများစွာကောင်းကျိုးရနိုင်မည်ဟု သိရသည်။ မြစ်ကြီးနားမှ နှစ်စဉ် ကျောက်မျက်ရတနာမျိုးစုံဒေါ်လာ နှစ်ဘီလျံကျော် ပြည်ပသို့ ထွက်ရှိနေပြီး သစ်အပါအ၀င် သဘာဝ သယံဇာတမျိုးစုံကို မြစ်ကြီးနားမှ တစ်ဆင့် တစ်နိုင်ငံလုံးကို ယင်းလမ်းသစ်ကြီးမှ ၂၄ နာရီအတွင်း မြန်ဆန်စွာစီးဆင်းလာနိုင်စေမည်ဟုလည်းသိရသည်။" အန်တီကတော့ ဒီလမ်းသစ်နဲ့ ပတ်သက်ရင် သဘောကျတယ်၊ လမ်းအပြင် လမ်းပိုင်းမှာပါတဲ့တံတားတွေကိုပါအရည်အသွေးပိုင်းအထူးသတိပြုဖို့ ထပ်ပြီးပြောချင်တယ် " ဟုဒေါ်မီမီခင်က သုံးသပ်ပြောကြားသည်။အမြန်လမ်းဖောက်လုပ်ရေးအတွက် အစိုးရဘတ်ဂျက်ကို အဓိကထားမည် မဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများအား BOT ပေးအပ်၍ ဆောင်ရွက်သွားမည် ဖြစ်သည်။Credit -Kyaw Myo Min

မိုးညှင်းမြို့တွင် မျိုးစောင့်ဥပဒေအထိန်းအမှတ်အောင်ပွဲကို တော်သလင်းလပြည့်ကျော် ၃ ရက် 1/10/2015 နေ့လည် ၁ နာရီမှ ညနေ့ ၄ နာရီ အထိ ကျင်းပပါမည်။စု ရပ် မြို့မရပ် မြသိန်းတန် ဘုရား အရှေ့မုဒ် မှ တောင်ဘက် ပြည်ထောင်စုလမ်းမကြီးမှ ထီးလင်းသာသနာ့ဗိမာန်ကျောင်းအထိ လှည့်လည်မှာဖြစ်ပါတယ်

ဘရူနိုင်း ၀-၄ မြန်မာ

ဘရူနိုင်း ၀-၄ မြန်မာ
------------------

မြန်မာအသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်သည့် အာရှယူ ၁၉ အုပ်စု(ဆ) ခြေစစ်ပွဲတွင် မြန်မာအသင်းက လေးဂိုး ဂိုးမရှိဖြင့် ပွဲဦးထွက် အနိုင်ရခဲ့သည်။

အဆိုပါပွဲစဉ်ကို စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက YTC ကွင်းတွင် ပရိသတ်မပါဘဲ ကစားခဲ့ခြင်းဖြစ်သည်။

၂၀၁၄ အာရှ ယူ-၁၉ နောက်ဆုံးပွဲစဉ် ဖြစ်သည့် မြန်မာ-ယူအေအီး ပွဲစဉ်တွင် ပရိသတ်များ ကစားကွင်း မြက်ခင်းပြင်သို့ ဝင်ရောက်ခဲ့ခြင်းကြောင့် အာရှဘောလုံး အဖွဲ့ချုပ်က အိမ်ရှင် မြန်မာနိုင်ငံအား အိမ်ကွင်းပွဲစဉ် တစ်ပွဲ ပရိသတ် မပါဘဲ ကစားရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဘရူနိုင်း ၀-၄ မြန်မာ
------------------

မြန်မာအသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်သည့် အာရှယူ ၁၉ အုပ်စု(ဆ) ခြေစစ်ပွဲတွင် မြန်မာအသင်းက လေးဂိုး ဂိုးမရှိဖြင့် ပွဲဦးထွက် အနိုင်ရခဲ့သည်။

အဆိုပါပွဲစဉ်ကို စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက YTC ကွင်းတွင် ပရိသတ်မပါဘဲ ကစားခဲ့ခြင်းဖြစ်သည်။

၂၀၁၄ အာရှ ယူ-၁၉ နောက်ဆုံးပွဲစဉ် ဖြစ်သည့် မြန်မာ-ယူအေအီး ပွဲစဉ်တွင် ပရိသတ်များ ကစားကွင်း မြက်ခင်းပြင်သို့ ဝင်ရောက်ခဲ့ခြင်းကြောင့် အာရှဘောလုံး အဖွဲ့ချုပ်က အိမ်ရှင် မြန်မာနိုင်ငံအား အိမ်ကွင်းပွဲစဉ် တစ်ပွဲ ပရိသတ် မပါဘဲ ကစားရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

Tuesday, September 29, 2015

ဒေါ်အောင်ဆန်းစုကြည် ဟာပြောမဲ့စတိတ်စင် တည်ဆောက်နေပုံများ

ဒေါ်အောင်ဆန်းစုကြည် ဟာပြောမဲ့စတိတ်စင်

တည်ဆောက်နေပုံများ

"ဆွေသဟာဝန်ဆောင်မှုယူထားသူများအတွက် အင်တာနက် အသုံးပြုခနဲ့ မက်ခ်ျပို့ခဈေးထပ်လျော့"

"ဆွေသဟာဝန်ဆောင်မှုယူထားသူများအတွက် အင်တာနက် အသုံးပြုခနဲ့ မက်ခ်ျပို့ခဈေးထပ်လျော့"
နေပြည်တော် စက်တင်ဘာ ၃၀ရက်။ ။ GSM၊ WCDMA ကိုအသုံးပြုပြီး ဆွေသဟာ ၀န်ဆောင်မှုကို ယူထားသူများအတွက် အောက်တိုဘာ ၁ ရက်နေ့ကစပြီး အင်တာနက်အသုံးပြုခ 1MBကို ၇ကျပ်ပြား၅၀မှ 1MBကို ခြောက်ကျပ်နှုန်းသို့လျော့ချလိုက်ပြီး၊ အက်စ်အမ်အက်စ်ပို့ခ တစ်ဆောင်ကို အရင် ၁၅ကျပ်မှ ၁၀ကျပ်သို့ လျော့ချပေးသွားမှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရပါတယ်။

Author - မိုးမိုး
Kumudra

$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

`ပြောင်းလဲချိန်တန်ပြီ´DVDခွေကို မိုးညှင်းNLDအဖွဲ့ချုပ်ရုံးနှင့် မြို့မဈေးအတွင်းရှိ ဦးဇော်ဝင်း(ပိုစတာဆိုင်)နှင့် ဒေါ်သက်သက်ခိုင်ထံတွင် အခမဲ့ရယူနိုင်ပါသည်။ ခွေဖြန့်လှူလိုလျှင်လဲ ဆက်သွယ်နိုင်ပါတယ်။

`ပြောင်းလဲချိန်တန်ပြီ´DVDခွေကို မိုးညှင်းNLDအဖွဲ့ချုပ်ရုံးနှင့် မြို့မဈေးအတွင်းရှိ ဦးဇော်ဝင်း(ပိုစတာဆိုင်)နှင့် ဒေါ်သက်သက်ခိုင်ထံတွင် အခမဲ့ရယူနိုင်ပါသည်။ ခွေဖြန့်လှူလိုလျှင်လဲ ဆက်သွယ်နိုင်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာမိုဘိုင်းအက်ပလီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များ ထွက်ပေါ်ရန်ရှိ

ရွေးကောက်ပွဲဆိုင်ရာမိုဘိုင်းအက်ပလီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များ ထွက်ပေါ်ရန်ရှိ
30/9/2015
လာမည့်ရွေးကောက်ပွဲ ကို ပြည်သူများ စိတ်ပါဝင်စားလာ စေရန်၊ အမတ်လောင်းများ၏ အ ကြောင်းများကို လွယ်ကူစွာ သိရှိ စေရန် ရည်ရွယ်၍ မိုဘိုင်းအက်ပ လီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များကို မကြာမီမိတ် ဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ပြည်သူ အများစုသည် မိမိဒေသရှိ အမတ် လောင်းများကိုပင် မသိရှိခြင်းများ ဖြစ်ပေါ်နေ၍ ရွေးကောက်ပွဲဆိုင် ရာအချက်အလက်များကို ထည့် သွင်းထားသည့် အက်ပလီကေး ရှင်း၊ ၀က်ဘ်ဆိုက်များ ထွက်ပေါ်စေရန် မဲပေးစို့ပြိုင်ပွဲ ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း ဖန်တီးရာမှ TechProgram Manager ကိုသီဟ အေးကျော်က ပြောသည်။
‘‘မဲပေးတဲ့သူတွေအတွက် အဆင်ပြေသွားအောင် ဘယ်သူ့ ကို မဲပေးရမလဲ၊ ဘယ်လိုမဲပေးရ မလဲဆိုတာ လေးတွေပါဝင်တာ ပေါ့’’ဟု ၎င်းက ရှင်းပြသည်။
မဲပေးစို့အမည်ရှိ အက်ပလီ ကေးရှင်းနှင့် ၀က်ဘ်ဆိုက်ရေးဆွဲ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၃၀ထဲ မှ ဆန်ခါတင်စာရင်းရွေးထုတ် ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် ဂုဏ်ပြုအသိအမှတ်ပြုဆု လေးဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ပထမဆုရရှိ သော Team Pop Stack အဖွဲ့ သည် Andriod နှင့် IOS နှစ်မျိုး စလုံးအတွက် MVoter 2015 အက်ပလီကေးရှင်းကိုလည်း ကောင်း၊ ဒုတိယဆုရရှိသော Team SSYGM အဖွဲ့မှာ Androidအတွက် Mae အက်ပလီကေးရှင်း ကိုလည်းကောင်း၊ တတိယဆုရရှိ သော Team Koe Koe Wave အဖွဲ့သည် MaePaySohKoeKoe ၀က်ဘ်ဆိုက်နှင့် အက်ပလီကေး ရှင်းကိုလည်းကောင်း၊ ဂုဏ်ပြုဆု ရရှိသော Team Palartar အဖွဲ့ သည် Electroscope ၀က်ဘ် ဆိုက်ကိုလည်းကောင်း အသီးသီး ရေးဆွဲကြမည်ဖြစ်သည်။
‘‘ကျွန်တော်တို့ရဲ့ အက်ပလီ ကေးရှင်းက မြို့နယ်မဲဆန္ဒနယ်ကို အလိုအလျှောက်ရှာဖွေပေး တယ်။ ရပ်ကွက်၊ မြို့ရွာကိုတော့ ကိုယ်တိုင်ရှာဖွေရမယ်။ အောက် တိုဘာ ၄ ရက်မှာ အက်ပလီကေး ရှင်းထွက်နိုင်မှာပါ’’ဟု Team PopStack အဖွဲ့မှ ကိုမြတ်မင်းစိုးက ပြောသည်။
7day

$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

(၅၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို မိုးညှင်းမြို့၌်(1.10.2015)ရက်နေ့်မိုးညှင်းမြို့မရဲစခန်းတွင်ကျင်းပပြုလုပ်မည်ဖြစ် ကြောင်းသိရှိရပါသည်

(၅၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို
မိုးညှင်းမြို့်(1.10.2015)ရက်နေ့
်မိုးညှင်းမြို့မရဲစခန်းတွင်ကျင်းပပြုလုပ်မည်ဖြစ်
ကြောင်းသိရှိရပါသည်

$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

မနောကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့် ကော်မရှင်ထံ လျှောက်မယ်လို့ဆို ---------------------------------------

မနောကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့် ကော်မရှင်ထံ လျှောက်မယ်လို့ဆို
---------------------------------------

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ဟောပြောမယ့် မနောကွင်းမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ စည်းရုံးဟောပြောခွင့်ကို အစိုးရအဖွဲ့က တားမြစ်ထားပေမယ့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ ခွင့်ပြုမိန့် လျှောက်ထားတယ်လို့ ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးဇော်လွင်က ဆိုပါတယ်။

ကချင်တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ မနောကွင်းမှာ ကိုယ်စားလှယ်လောင်း ဟောပြောခွင့်ကို ပြည်နယ်အစိုးရက ကန့်သတ်ထားပေမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကချင်လူမျိုးများ ရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီက ထပ်မံ ခွင့်ပြုပေးခဲ့တာကြောင့် ဒီနေ့ (စက်တင်ဘာလ ၂၉ ရက်နေ့) မှာ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှာ ခွင့်ပြုချက် လျှောက်ထားရတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့က မနောကွင်းမှာ ဟောပြောဖို့ ယဉ်ကျေးမှု ကော်မတီထံကို ၂၂ ရက်နေ့မှာ ခွင့်တောင်းထားပါတယ်။ ဒါကို ပြည်နယ်အစိုးရက တားမြစ်တာပါ။ အမှန်က မနောကွင်း ခွင့်ပြုတာ မပြုတာက ယဉ်ကျေးမှုကော်မတီနဲ့ပဲ ဆိုင်တာပါ။ အဲ့ဒါကြောင့် ၂၈ ရက်နေ့က ထပ်ပြီးတော့ ဒုတိယအကြိမ် ခွင့်ပြုချက်ကို ယဉ်ကျေးမှု ကော်မတီက ထုတ်ပေးပါတယ်။ အဲ့ဒါနဲ့ ကော်မရှင်ဆီကို အဲ့ဒီခွင့်ပြုချက်နဲ့ အတူပူးတွဲပြီး တင်ထားပါတယ် ”လို့ သူက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့ လျှောက်ထားရမှာ မဲဆွယ်စည်းရုံးဟောပြောမယ့် နေရာပိုင်ရှင်နဲ့ သက်ဆိုင်ရာကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်တယ်လို့ သူကဆိုပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပတ်သက်ပြီး ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ ညနေ ငါးနာရီခွဲလောက်က ဆက်သွယ်မေးမြန်းခဲ့ရာ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက “ဟုတ်ပါတယ် အခုပဲ သူတို့လျှောက်ထားတာကို လက်ခံရရှိပါတယ်။ အဲ့ဒီအတွက်လည်း အစည်းအဝေး လုပ်နေပါတယ်။ ကျွန်တော်တို့လည်း အလုပ်ရှုပ်နေပါတယ်” လို့ ဆိုပါတယ်။

$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

“ဖားကန့်လမ်းဆိုးရွာစွာပျက်စီး

“ဖားကန့်လမ်းဆိုးရွာစွာပျက်စီး”
မြစ်ကြီးနားမှ ဖားကန့်သို့သွားသောလမ်းမှာ ဆိုးရွားစွာပျက်စီးနေသဖြင့် ကုန်တင်ကားများသွားလာရာ ၁၀ရက်မျှပင်ကြာမြင့်လျှက်ရှိကြောင်းဒေသခံများ ကဆိုသည်။  မြစ်ကြီးနားဖားကန့်လမ်းဆိုးရွားစွာပျက်စီးနေသဖြင့် နမ့်ယားရွာအနီးမှစတင်ကာ လယ်ပြင်ရွာအထိ ကားအစီးရေ ၄၀၀ကျော်မှာ စက်တင်ဘာ ၂၈ရက်ကတည်းကပိတ်မိနေသည်။
ဓာတ်ပုံ- မရန်

မိုးညှင်းမြို့တွင် မျိုးစောင့်ဥပဒေအထိန်းအမှတ်အောင်ပွဲကို တော်သလင်းလပြည့်ကျော် ၃ ရက် 1/10/2015 နေ့လည် ၁ နာရီမှ ညနေ့ ၄ နာရီ အထိ ကျင်းပပါမည်။စု ရပ် မြို့မရပ် မြသိန်းတန် ဘုရား အရှေ့မုဒ် မှ တောင်ဘက် ပြည်ထောင်စုလမ်းမကြီးမှ ထီးလင်းသာသနာ့ဗိမာန်ကျောင်းအထိ လှည့်လည်မှာဖြစ်ပါတယ်

မိုးညှင်းမြို့တွင် မျိုးစောင့်ဥပဒေအထိန်းအမှတ်အောင်ပွဲကို တော်သလင်းလပြည့်ကျော် ၃ ရက် 1/10/2015 နေ့လည် ၁ နာရီမှ ညနေ့ ၄ နာရီ အထိ ကျင်းပပါမည်။စု ရပ် မြို့မရပ် မြသိန်းတန် ဘုရား အရှေ့မုဒ် မှ တောင်ဘက် ပြည်ထောင်စုလမ်းမကြီးမှ ထီးလင်းသာသနာ့ဗိမာန်ကျောင်းအထိ လှည့်လည်မှာဖြစ်ပါတယ်

မိုးညှင်း ဗောဓိကုန်းရွာ၌ မီးလောင်မူဖြစ်ပွား***********************************

မိုးညှင်း ဗောဓိကုန်းရွာ၌ မီးလောင်မူဖြစ်ပွား***********************************

စက်တင်ဘာ ၂၈

မိုးညှင်းကချင်ပြည်နယ် မိုးညှင်းမြို့ ဗောဓိကုန်းရွာဦးရာကျော်(ဇနီး) ဒေါ်မဲကြွယ် တို့၏၃ခန်း ၂ ခန်း ပျဉ်ထောင်အိမ်သည်ဒီနေ့ နံနက် ၄း၃၀ မှစတင်မီးလောင်းကျွမ်းပြီး၅း၄၀ တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။အင်ဗာတာ မီးအားမြင့်စက်မှ စတင်လောင်ကျွမ်းခဲ့တယ်လို့ အိမ်ရှင် ဦးရာကျော် အသက် ( ၇၇) ပြောပြချက်အရ သိရှိရပါတယ်။

ကျော်ထူး (ထီးလင်း ) PAM

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဘသ လပါတ်အစည်းအဝေးနှင့်အမျိုးစောင့်ဥပဒေအောင်ပွဲကျင်းပနိုင်ရန် အစည်းဝေးကို ဒီနေ့နေ့လည် ၁ နာရီတွင် မိုးညှင်းမြို့ထီးလင်းကျောင်းတိုက်အတွင်း ကျင်းပခဲ့

လပတ်အစည်းအဝေးနှင့် မျိုးစောင့်ဥပဒေအထိန်းအမှတ်အောင်ပွဲကျင်းပနိုင်ရန်အစည်းအဝေးကျင်းပ**********************************************************

မိုးညှင်း စက်တင်ဘာ ၂၉

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဘသ လပါတ်အစည်းအဝေးနှင့်အမျိုးစောင့်ဥပဒေအောင်ပွဲကျင်းပနိုင်ရန် အစည်းဝေးကို ဒီနေ့နေ့လည် ၁ နာရီတွင် မိုးညှင်းမြို့ထီးလင်းကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။အဆိုပါအခန်းအနားကို ပြည်နယ်သံဃာမဟာနယက ကံဦးကျောင်းဆရာတော်အပါအဝင် မြို့ပေါ်ကျောင်းထိုင်ဆရာတော်များနှင့် မိုးညှင်းမြို့နယ် အတွင်း အင်းတော်ကြီးဒေသ၊ ဟိုပင်ဒေသ ၊ နမ္မားတိုက်နယ် ၊မော်ဟန်နယ်၊ နန့်စီးအောင် ဒေသ တို့မှ ထေရ်ကြီးဝါကြီး ကျောင်းထိုင်ဆရာတော် ၅၅ ပါးအပါအဝင် သံဃာတော် အပါး ၁၀၀ကျော် နှင့်အတူ သီလရှင် ဆရာလေးများ မြို့မိမြို့ဖများနှင့်အတူ လူပုဂ္ဂိုလ် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။အခန်းနား မှူးအဖြစ် မိုးညှင်း ကံဦးကျောင်းတိုက် ဦးပညာစက္က ကဆောင်ရွက်ခဲ့ပြီးအစီအစဉ်အရအခန်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ကြပြီးအစီအစဉ် ၂ အရ ပြည်နယ်သံဃမဟာနာယက ဦးပညောဘာသ ကံဦးကျောင်းဆရာတော်မှ သြဝါဒ ပေးခြင်းမိုးညှင်းမြို့နယ် မဘသ ဥက္ကဌ ထီးလင်းဆရာတော်မှ စီတန်းလှည့်လည်ခြင်းအခန်းအနား ဆိုင်ရာသြဝါဒ ပေးခြင်းမိုးညှင်းမဘသ ပြန်ကြားရေးဌာန ဦးသြသဓ မှ စီတန်းလှည့်လည်ခြင်းပုံစံရှင်းပြခြင်း။မိုးညှင်းမဘသ တွဲဖက်အတွင်းရေးမှူး ဦးကောဝိဒ (ပညာရောင်ခြည်စာသင်တိုက် ) မှ စီတန်းလှည့်လည် ပွဲအတွင်း ကော်မတီဖွဲ့စည်းခြင်းလူစာရင်းကို ဖတ်ကြားခြင်းနှင့် ဟိုပင် ဆရာတော်ကြီးမှ အကြံပြုဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီးနေ့လည် ၂း၃၀ တွင် အခန်းအနားကို *ဗုဒ္ဓသာသနာ စိရံတိဌတု *သုံးကြိမ်ရွတ်ဆိုပြီ အခန်းအနား ကို ရုတ်သိမ်းခဲ့ပါတယ်။မိုးညှင်းမြို့တွင် မျိုးစောင့်ဥပဒေအထိန်းအမှတ်အောင်ပွဲကို တော်သလင်းလပြည့်ကျော် ၃ ရက် 1/10/2015 နေ့လည် ၁ နာရီမှ ညနေ့ ၄ နာရီ အထိ ကျင်းပပါမည်။စု ရပ် မြို့မရပ် မြသိန်းတန် ဘုရား အရှေ့မုဒ် မှ တောင်ဘက် ပြည်ထောင်စုလမ်းမကြီးမှ ထီးလင်းသာသနာ့ဗိမာန်ကျောင်းအထိ လှည့်လည်မှာဖြစ်ပါတယ်

ကျော်ထူး (ထီးလင်း ) PAMphoto hy စိုးထွေးအောင် အံ့ဘွယ် မိုးညှင်းမဘသ