မင်္ဂလာနံနက်ခင်းပါ .............
(၂၆.၉.၂၀၁၅)
ဒီကနေ့နံနက်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်း ငယ်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်မှာကတော့ မုတ်သုံလေအားနည်းနေပါတယ်။
ဒီကနေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ မကွေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံအပြား၊ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်နေရာကွက်၍ မိုးကြီးခဲ့ပါတယ်။
မှတ်သားဖွယ်ရာမိုးရေချိန်များကတော့ ရွှေဘိုမြို့ မှာ (၃.၅၄)လက်မ ၊ကော့သောင်းမြို့မှာ(၂.၉၅)လက်မ၊မိုးကုတ်မြို့တွင်(၂.၇၆)လက်မ၊မန္တလေးမြို့မှာ (၁.၂၂)လက်မနှင့်ပူတာအိုမြို့မှာ (၁.၀၆)လက်မတို့ဖြစ်ကြပါတယ်......
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment