Monday, September 28, 2015

"MPT Simcard သံုးစြဲသူ ၁၆ သန္းရွိလာ"

"MPT Simcard သံုးစြဲသူ ၁၆ သန္းရွိလာ"
==
ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္း (MPT) ၏ မုိဘုိင္း ဆင္းမ္ကတ္မ်ားကို အသံုးျပဳေနသူ အေရအတြက္မွာ တစ္ႏိုင္ငံလံုး အတုိင္းအတာျဖင့္ ၁၆ သန္းအထိ ရိွလာၿပီ ျဖစ္ေၾကာင္း ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဝန္ႀကီးဌာနမွ သတင္းရရိွသည္။

၂၀၁၅၊ ၾသဂုတ္လဆန္းပိုင္း တြင္ တစ္ႏုိင္ငံလံုး၌ MPT ဆင္းမ္ကတ္ကို သံုးစဲြေနသူ စုစုေပါင္း ၁၄ သန္းခန္႔ရိွခဲ့ရာမွ ရက္သတၱ ပတ္ ခုနစ္ပတ္အတြင္း ၂ သန္းနီးပါး တိုးတက္လာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

MPT အေနျဖင့္ တစ္လလွ်င္ ဆင္းမ္ကတ္ အေရအတြက္ ဆယ္ သိန္းကို ေဈးကြက္အတြင္း ျဖန္႔ခ်ိေပးေနျခင္းျဖစ္ၿပီး တစ္ဦးခ်င္း မုိဘိုင္းဖုန္းအသံုးျပဳမႈ တုိးတက္ လာေနျခင္းေၾကာင့္ ယခုကဲ့သို႔ အ ခ်ိန္ကာလအနည္းငယ္အတြင္း မုိဘိုင္းဖုန္းအသံုးျပဳႏႈန္း ျမင့္တက္ေနျခင္းျဖစ္ေၾကာင္း ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာဝန္ရိွသူ တစ္ဦးက ဆုိသည္။

ယခု လက္ရိွ ျပည္တြင္း၌ အသံုးျပဳေနေသာ MPT ဆင္းမ္ကတ္ ၁၆သန္းတြင္ GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အမ်ဳိးအစားမ်ား ျဖစ္ၾကသည္။

ထို႔အျပင္ မုိဘိုင္းအင္တာနက္ အသံုးျပဳမႈသည္လည္း ေန႔စဥ္ျမင့္ တက္လ်က္ရိွၿပီး တစ္ရက္လွ်င္ မုိဘိုင္းအင္တာနက္ အခ်က္အလက္သံုးစဲြသည့္ ပမာဏမွာ 1024 GB (44TB) ခန္႔ ရိွေၾကာင္း MPT မွ ဒုတိယ အေထြေထြ မန္ေနဂ်ာ ဦးခင္ေမာင္ထြန္းက ေျပာသည္။

ယခုလက္ရိွအခ်ိန္တြင္ ျမန္မာႏိုင္ငံ၌ မုိဘိုင္းဆင္းမ္ကတ္ အသံုးျပဳေနမႈ အေရအတြက္မွာ သန္း၃၀ ေက်ာ္ရိွလာၿပီ ျဖစ္ၿပီး ႏိုင္ငံျခား ဆက္သြယ္ေရး ကုမၸဏီႏွစ္ခု၏ ဆင္းမ္ကတ္မ်ားကို အသံုးျပဳေနသူ အေရအတြက္မွာ စုစုေပါင္း ၁၄ သန္းေက်ာ္ရိွလာၿပီ ျဖစ္ေၾကာင္း သိရသည္။

#######

"MPT Simcard သုံးစွဲသူ ၁၆ သန်းရှိလာ"
==
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ မိုဘိုင်း ဆင်းမ်ကတ်များကို အသုံးပြုနေသူ အရေအတွက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၆ သန်းအထိ ရှိလာပြီ ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၅၊ သြဂုတ်လဆန်းပိုင်း တွင် တစ်နိုင်ငံလုံး၌ MPT ဆင်းမ်ကတ်ကို သုံးစွဲနေသူ စုစုပေါင်း ၁၄ သန်းခန့်ရှိခဲ့ရာမှ ရက်သတ္တ ပတ် ခုနစ်ပတ်အတွင်း ၂ သန်းနီးပါး တိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

MPT အနေဖြင့် တစ်လလျှင် ဆင်းမ်ကတ် အရေအတွက် ဆယ် သိန်းကို ဈေးကွက်အတွင်း ဖြန့်ချိပေးနေခြင်းဖြစ်ပြီး တစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုမှု တိုးတက် လာနေခြင်းကြောင့် ယခုကဲ့သို့ အ ချိန်ကာလအနည်းငယ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယခု လက်ရှိ ပြည်တွင်း၌ အသုံးပြုနေသော MPT ဆင်းမ်ကတ် ၁၆သန်းတွင် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အမျိုးအစားများ ဖြစ်ကြသည်။

ထို့အပြင် မိုဘိုင်းအင်တာနက် အသုံးပြုမှုသည်လည်း နေ့စဉ်မြင့် တက်လျက်ရှိပြီး တစ်ရက်လျှင် မိုဘိုင်းအင်တာနက် အချက်အလက်သုံးစွဲသည့် ပမာဏမှာ 1024 GB (44TB) ခန့် ရှိကြောင်း MPT မှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဆင်းမ်ကတ် အသုံးပြုနေမှု အရေအတွက်မှာ သန်း၃၀ ကျော်ရှိလာပြီ ဖြစ်ပြီး နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ဆင်းမ်ကတ်များကို အသုံးပြုနေသူ အရေအတွက်မှာ စုစုပေါင်း ၁၄ သန်းကျော်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

http://internetjournal.media/news/4248



$$$မိုးညွင္းသတင္း apk မွေျကာ္ျငာရွင္မ်ားဖိတ္ေခၚျခင္း$$$$ မိမိတို႔၏လုပ္ငန္းမ်ားကိုအခ်ိန္တိုအ တြင္းမွာလူသိမ်ားလာေအာင္ မိုးညွင္းသတင္း apk မွေဆာင္ရြက္ေပးပါမည္ $$ေျကာ္ျငာခႏႈံးထားမ်ား$$ တစ္ရက္ ႏွစ္ျကိမ္တင္ ၁၀၀၀ က်ပ္ သတင္းapk ရဲ႕ထိပ္မွာ ၁၂ နာရီျကာတင္ထားမယ္ဆိုရင္ တစ္ရက္ ၂၀၀၀ က်ပ္ ေပးပို႔ရန္ ေျကာ္ျငာမည့္စာသား ဓါတ္ပုံ ၃ ပုံထိလက္ခံပါသည္ ေငြေပးေခ်ရန္Telenor Ooredoo ေငြျဖည့္ကက္ပို႔ေပးရပါမည္

No comments:

Post a Comment