Saturday, September 26, 2015

ကျွန်တော်တို့ သင်တန်းမှာလည်း COC မှ COC ဖြစ်နေတဲ့ သင်တန်းသားများ ဖတ်ဖို့ အတွက် မူရင်း အတိုင်း ပြန်လည် ကူးယူ မျှဝေပါတယ် ခင်ဗျာ .... ။ COC ကို ဘ၀ ထင် ၊ COC ကို ဘ၀ မှတ်ပြီး တစ်နေကုန် အလုပ်လည်း မလုပ် ၊ သင်တန်းလာ ၊ ဂိမ်းဆော့ပြီး ပြန်သွားတဲ့ သင်တန်းသားဟောင်းတွေ ဖတ်ပါ .

ဟုတ်ကဲ့ .... ။ ကျွန်တော်တို့ သင်တန်းမှာလည်း COC မှ COC ဖြစ်နေတဲ့ သင်တန်းသားများ ဖတ်ဖို့ အတွက် မူရင်း အတိုင်း ပြန်လည် ကူးယူ မျှဝေပါတယ် ခင်ဗျာ .... ။ COC ကို ဘ၀ ထင် ၊ COC ကို ဘ၀ မှတ်ပြီး တစ်နေကုန် အလုပ်လည်း မလုပ် ၊ သင်တန်းလာ ၊ ဂိမ်းဆော့ပြီး ပြန်သွားတဲ့ သင်တန်းသားဟောင်းတွေ ဖတ်ပါ .... ။ အဓိက ဖတ်စေချင်တဲ့ သူ က ... သူ့ဟာသူ သိပါတယ် .... ။ grin emoticon grin emoticon grin emoticon
--------------------------------------------------------------------
လူငယ်လူရွယ်များနှင့် COC စွဲလမ်းခြင်း ပြသနာလူငယ်များ COC ကို အရူးအမူး ဆော့ကြတယ်။COC ကို အရူးအမူးဆော့ လို့ လုပ်ငန်းခွင်မှာ အလုပ်တွေ ပြုတ်ကုန်တယ်ကျောင်းစာတွေ လွတ်ပြီး ပညာရေးထိခိုက်ကုန်တယ်၊
ညဖက်တွေ မအိပ်ပဲ ဆော့ကြလို့ ကျန်းမာရေးတွေ ထိခိုက်လာတယ်
နောက်ဆုံး သင်ဘာပြန်ရသလဲကုန်ဆုံးသွားတဲ့ အဖိုးတန်လှသော အချိန်များ၊ စိတ်ပင်ပန်းမှုများနဲ့၊ ငွေကြေးများ အတွက် သင် ဘာပြန်ရသလဲ ?

သင် အနှစ်နှစ် အလလ၊ မျက်စိ အပျက်ခံ၊ စိတ်ပင်ပန်းလူပင်ပန်း ဆော့ထားကာ၊အဖိုးတန် အချိန်တွေ စတေးခဲ့ကာဆော့ခဲ့သော သင့်အကောင့်လေး ပြန်ရောင်းလျှင် မည်သူက ဘယ်လောက်ပေးဝယ်သနည်း။

ငွေလေး မဖြစ်စလောက် ပြန်ရတော့ရော၊သင် COC ကစားပြီး ကုန်ဆုံး ဆုံးရှုံးခဲ့တဲ့ အချိန်တွေ ၊ စိတ်ပင်ပန်းမှုများနဲ့၊ ထိုက်တန်ပါဧ။်လော
နောက်ဆုံးတွင် Supercell ကို လုပ်ကျွေးနေခြင်းသာ ဖြစ်ပေမည်။

COC ဂိမ်းက ဘာနဲ့တူလဲဆိုတော့ အီဂျစ် ပိရမစ်တွေ ဆောက်တုန်းက ကျောက်တုံးကြီးတွေ ကိုယ်စီ ကျောပေါ်ထမ်းပြီး ပင်ပန်းကြီးစွာ ခရီးတစ်ခုကို လျှောက်နေရတဲ့သူတွေနဲ့တူတယ်။

ဒါကြီးပြီးဖို့ အချိန်တွေ ပေးပြီး ဆောက်နေရတာ။
ကိုယ့်ထမင်းကိုယ်စား ပြီး ဒီကောင် ခိုင်းတာကို လုပ်နေရတာ
ဒါဆောက်ပြီး ဟိုဟာဆောက်ခိုင်း၊ ဟိုဟာပြီးရင် ဒါကို ဆက်ဆောက်စမ်း
ကိုယ့်ထမင်းကိုယ်စား ၊ ကိုယ့်အိမ်ကိုယ်နေပြီး ဒီဂိမ်းက ခိုင်းတဲ့ အတိုင်း အချိန်တွေပေး၊ ပင်ပန်းခံပြီး လုပ်နေကြရတာဟိုဟာ ဆောက်စမ်း ၁၅ရက် ၊ ပြီးရင် ဒီဟာဆောက် ၁၄ရက် ၊ အချိန်တွေ၊ အချိန်တွေအီဂျစ် ပိရမစ်တွေ ဆောက်တုန်းက ကျောက်တုံးကြီးတွေကိုယ်စီ ကျောပေါ်ထမ်းပြီး ပင်ပန်းကြီးစွာ ခရီးတစ်ခုကို လျှောက်နေရတဲ့သူတွေနဲ့တူတယ်။

ပိရမစ် ဆောက်တဲ့ ကျွန်တွေက ပိရမစ်ကြီးပြီးသွားတဲ့ အခါ သမိုင်းတွင်မဲ့ အီဂျစ်ဂုဏ်ယူဖွယ်ရာကြီးဖြစ်ခဲ့တယ်။COC ကိုနောက်ပိုင်း လူတွေ နားလည်လာပြီး မဆော့ကျတဲ့ တစ်နေ့ ဂိန်သွားတဲ့အခါ အချိန်တွေ ရင်းပြီးဆော့တဲ့ သူတွေ အတွက် ဘာမှ ကျန်ခဲ့မှာ မဟုတ်ဘူး။

COC ဂိမ်းက Supercell က
ဒီကောင်တွေ ၁နှစ် ၀င်ငွေ ဒေါ်လာ သန်းပေါင်း ၁၈၀၀ လောက် ရဖို့ ဆော့တဲ့ သူတွေက ခွေးလိုဆော့နေရတယ်။နည်းနည်းပါးပါး အားနာအုန်း
ဒီကောင်တွေက ဒီလိုမြတ်တယ်။ ဆော့တဲ့ လူတွေ ဘာပြန်ရလဲ
Dota-2, PS-3, PS-4 လို skill ပြန်ရလား။

ဘာမှ မရဘူး။ Town Hall စခန်း ပျောက်သွားရင် ငပေါပဲ
ဘယ်လိုပြောပြရမလဲ။PS-3, PS-4, Dota-2 Game Sense ဆိုတာရှိတယ်။ ကိုယ့် skill ကို ဘယ်သူက မှ လုယူလို့မရဘူး။ကိုယ့်ရဲ့ လက် ချောင်းတွေ က ကိုယ့် skill ပဲCOC က မင်းဘာသာ skill ဘယ်လောက်ရှိရှိ စိတ်မ၀င်စားဘူး
စခန်းကြီးဖို့ အဓိကပဲစခန်း ထိုင်ဆောက် ကာ အချိန်တွေ ကုန်နေရသော ဂိမ်းဖြစ်သည်အမှန် က ဆော့သူ အားလုံး နောက်ဆုံး Town Hall -10 all max ပေးဖြစ်လိုက်။

အားလုံး Town Hall -10 all max ဖြစ်သွားပြီး သကာလ တိုက်မှသာလျှင် skill ဟု ခေါ်နိုင်မည်။ထိုသို့ အားလုံး Town Hall -10 all max ဖြစ်သွားသော အခါ၊ Town hall 10 max အချင်းချင်း တိုက်သောအခါ တွင်ကျမှ COC ဂိမ်းသည် အဓိပ္ပါယ် မရှိသော၊ ယုတ္တိကင်းမဲ့သော ဂိမ်းဆိုတာ လူတိုင်းနားလည်သွားမည်.။
ထိုသို့ supercell က အဖြစ်မခံချေစခန်းကြီးတဲ့သူကို စခန်းသေးသေးလေးက တသက်လုံး မနိုင်ဘူး

မင်း စခန်းမြန်မြန် ပြီးချင်လား ။ ငါတို့ကို ဒေါ်လာပေး။
ဒါပဲ

COC စခန်း၁ခုကြီးကြီး ပြီးချင်ရင် ၂ နှစ်လောက်ဆိုပြီးတယ်။
သို့သော်၂နှစ်ဆိုတဲ့ အချိန်က Diploma တစ်ခု ၊ အသက်မွေးဝမ်းကျောင်း ပညာရပ် ၁ခု ကောင်းကောင်းသင်လို့ရတယ်။

အချိန်တွေ သိပ်ပေါနေတဲ့ သူတွေမှ စခန်းကြီးကြီးပြီးမယ်
အချိန်တွေ သိပ်ပေါနေတဲ့ ထောင် ဒဏ် ၁၀ နှစ်၊ ထောင်ဒဏ် ၁၅ နှစ်ကျတဲ့ ထောင်သားတွေ ပဲ COC ဂိမ်းကို ဆော့သင့်တယ်
ထောင်ကျနေတုန်း အပျင်းလည်းပြေ၊ အချိန်တွေ လည်း မြန်မြန်ကုန် ။ ဒါမျိုး
စခန်းလည်းပြီး ထောင်ဒဏ် ၅ နှစ်လည်း လွတ်ကော
ထောင်ဒဏ် နှစ် စေ့ရော စခန်းလေးလည်း wall max လေးနဲ့ ဖြစ်ကော
COCဘာ skill မှာ မလို၊ ဆောက်ပြီးသား စခန်းပဲ လိုတယ်။

ခင်ဗျားဘာသာ skill ဘယ်လောက်ရှိရှိ ခင်ဗျားကို TH7 လေးပေးထားရင် ခင်ဗျားဘ၀က 7 ပဲ ။ စခန်းကြီးတွေဆီ တက်မလာနဲ့။ ယှဉ်လို့မရဘူး
TH10 စခန်း ရှိပြီးသားဆိုရင် ၅ တန်းကလေးကို ၁ နာရီလောက် X-mod နဲ့ တိုက်နည်းသင်ပေးလိုက်ရင်စကေး ဘယ်လောက် ဂေါပါတယ်ဆိုတဲ့ TH-9, TH-8 ကို အေးဆေး တိုက်လို့ရတယ်။

COC ဆိုတာ skill မလိုဘူး ။ စခန်းပဲလိုတယ်။
Skill ဘယ်လောက်ကြမ်းကြမ်း။ စခန်းသေးသေးဆိုရင် ငပေါပဲ
စခန်းကြီးချင်လား။ ပိုက်ဆံပေး ။ ဒါပဲ
ဂိမ်းဆိုတဲ့ အနှစ်သာရ က အာ့လို မဖြစ်ရဘူးလေ
Dota-2, PS-2,PS-3 ကျွမ်းချင်တယ်။ ဒေါ်လာ ဘယ်လောက်ပေးပေး လုပ်ယူလို့မရဘူး။

skill ကို ဒေါ်လာပေးပြီး ၀ယ်ယူလို့မရဘူး
Dota-2 ကို ကိုယ့်လက်ချောင်းတွေက ကိုယ်ပိုင် skill ပဲ
ကိုယ့်ရဲ့ ကိုယ်ပိုင်skill က ဘယ်ကို သွားသွား ပွဲလယ်တင့်တယ်
COC က skill အဓိက မဟုတ်။ စခန်းကြီးကြီးက အဓိက ဖြစ်သည်.။
ကိုယ့်အကောင့်လေး အဟက်ခံရရင် ငပေါဘ၀ ကို ချက်ချင်း ပြန်ရောက်သွားရော။မျောက်သစ်ကိုင်းလွတ်သွားသလိုပဲ။

Town Hall စခန်းကြီးကြီး မရှိတော့ရင် COC ဆော့တဲ့ လူက အိမ်မက်ထဲက ဘွားကနဲ့ လန့်နိုးသွားတဲ့ လူလို ဘာမှ မကျန်တော့ဘူး
၆ လလောက်ဆိုရင် သင်သည် ဂိမ်း ၁ခု ကို ကျွမ်းကျွမ်းကျင်ကျင်ဆော့တတ်ဖို့ လုံလောက်သော အချိန် ဖြစ်သည်။

၆ လ၊ လောက် သေသေချာချာ စိတ်ပါဝင်စားဆော့လိုက်လျှင် မည်သည့်ဂိမ်းမဆို ကျွမ်းကျင်ကြမည်ဟု ဂိမ်မာ အားလုံးမျှော်မှန်းချက် ရှိကြသည်သာ။
Dota , Dota2, WOW ဆော့ဖူးကြသည့် သူငယ်ချင်းများ အားလုံး ၆ လ လောက် သေချာ စိတ်ဝင်စားပြီး ကစားလျှင် အတော်ပင် ကျွမ်းကျင်လာကြမည်သာ။
သို့သော် COC ဂိမ်းတွင်မူ သင် ၆ လ လောက် အသေအကြေ ကစားသော်လည်း သင်သည် ငပေါဘ၀ သာ လျှင် ဖြစ်နေအောင် လုပ်ထားသည် ဆိုလျှင်
အဆိုပါ COC ဂိမ်းသည် သောက်ကျင့်ကောင်းသလော။ သောက်ကျင့်ယုတ်ထားသလော ?
စဉ်စားပါလေ ?

Multi-Level Marketing (MLM) ကဲ့သို့ပင် သင်ဘယ်လောက် အသေအကြေ ကြိုးစားသော်လည်း သင့်အပေါ်မှ ပိရမစ် အပေါ်က လူများကို မည်သို့မျှ ယှဉ်လို့မရပဲ ငပေါ ဘ၀ ဖြစ်အောင် သာလျှင် supercell က လုပ်ထားပေသည်။
သင် ယခုမှ စပြီး COC ဆော့ပါက နောက် ၆ လ အထိ သင် စခန်းသည် လောက်လောက်လားလား ဖြစ်လာအုန်း မည်မဟုတ်ပေ။
ယခုမှ စပြီး သင် စဆော့ ကာ အချိန်တွေ အကုန်ခံ၊ အပင်ပန်းခံပြီးဆော့ကာမှ
နောက် ၁ နှစ်လောက် ကြာပါမှ သင့်စခန်းသည် နည်းနည်းလူလူသူသူဖြစ်လာမည်ဖြစ်သည်။

ထိုသို့ ၁နှစ်လောက်ကြာသော အခါ သင့်စခန်း နည်းနည်း ကြီးလာသော အခါ လူလူသူသူဖြစ်လာသော အခါ အသက်ရှု မချောင်သည့်အပြင် စခန်းကြီးများကြားတွင် ဖိအားများ၊ ဖြင့် ပိုမို ကြပ်လာမည်ဖြစ်သည်။
ထိုအချိန်တွင် အခြားသောသူများဧ။်စခန်းများသည်လည်း သင့်နည်းတူ ရှေ့သို့တိုးတက်နေအုန်းမည်ဖြစ်သည်။
သင့်ထက် အရင် ဂိမ်းပေါ်ကာစ က စဆော့ထားသူများဧ။် စခန်းကြီးများလို သင်ဖြစ်လာမည်မဟုတ်ပေ။

အပြေးပြိုင်ပွဲလို တာထွက်မှ စထွက်သောသူများကဲ့သို့၊
COC ပေါ်ကာစ နာမည်ကြားကတည်းက ပုံမှန် ကစားနေသော လူများဧ၊။် စခန်းကြီးများကို သင်လိုက်မှီမည်မဟုတ်ပေ။

ထိုသူတို့ကို အမှီလိုက်ချင်ပါက၊ ထိုသူတို့ထက်သာချင်ပါက သင်သည် Gem ကို ဒေါ်လာဖြင့်ပေးဝယ်မှ သာဖြစ်နိုင်ပေမည်။
Multi-Level Marketing (MLM) ကဲ့သို့ပင် စလုပ်ကာစအချိန်ကတည်းက member ၀င်ထားသော လူများက ပိရမစ်ပုံတွင် ထိပ်ဆုံးတွင်ဖြစ်သည်။

အခုမှ COC စဆော့မည့်သူများ က အောက်ဆုံးမှ level -1 ဖြင့် စတင် ၀င်မည့် member များဖြစ်သည်။

COC ကိုစဆော့လျှင် ဘယ်တော့မှ level-1 ဖြင့် အစ က စမဆော့သင့်ပေ။ သင့်ကို ငပေါဘ၀ ဖြစ်အောင် တမင်လုပ်ထားခြင်းဖြစ်သည်။
အခုမှ COC စဆော့မည့်သူများ က ပိရမစ်ပုံတွင် ထိပ်ဆုံးက လူများကို သရေယိုအားကျ မည်။

ထိုသူတို့လို ဖြစ်ချင်ပါက gem ၀ယ် ဒေါ်လာများစွာပေးပြီး ကြိုစားနိုင်သည်။
ဒါဆို ကိုယ့် COC ပိရမစ်တွင် ထိပ်တန်းနည်းနည်းရောက်သွားမည်။
ပြောမည်ဆိုရင် COC တည်ဆောက် ထားပုံက MLM တြိဂံပိရမစ်ပုံ အခြေခံသည်။

အခုမှ COC စဆော့မည့်သူများ က အောက်ဆုံးမှ level -1 ဖြင့် စတင် ၀င်မည့် member များသည် ပိရပစ် ထိပ်ဆုံးမှ စခန်းများကို ကြည့်ကာ သရေယို ကာ သာအောင် ကြိုးစားရင်း နစ်မြုပ်သွားမည်။

COC ကိုစဆော့လျှင် ဘယ်တော့မှ level-1 ဖြင့် အစ က စမဆော့သင့်ပေ။
သင့်ကို ငပေါဘ၀ ဖြစ်အောင် တမင်လုပ်ထားခြင်းဖြစ်သည်
Same Chance မပေးထားပေ။
အရင် ရောက်သောလူ၊ အရင် စဆော့ခဲ့သော သူများက ထိပ်ဆုံးတွင် ရောက်နေမည်။ယခုမှ coc စဆော့မည့်သူများက ဟိုးအောက်ဆုံးတန်း၊ အောက်ဆုံး အဆင့်အတန်းသာ ဖြစ်သည်။

အထက်ပါ အချက်ကို မကျေနပ်ပါက supercell တွင် ဒေါ်လာပေးပြီး သူများထက် သာအောင် လုပ်ပါလေ ။အဘယ်ကြောင့်ဆိုသော် COC သည် အချိန်ကို ငွေဖြင့် ၀ယ်ခိုင်းသော ဂိမ်းဖြစ်သောကြောင့်ဖြစ်သည်။

အမြှောက် ၁ ခု ဆောက်မည်။ ၁၀ရက် ကြာမည်။ အခု ချက်ချင်းပြီးချင်ရင် ပိုက်ဆံပေးလိုက်။ ၁၀ရက် စောင့်ပြီး ဆောက်ရမည့် အမြှောက် ၁ လက် ကို ပိုက်ဆံပေးနိုင်လျှင် ချက်ချင်း ၁စက္ကန့်အတွင်း ဆောက်နိုင်မည်.။

မဟုတ်လျှင် ဒီအတိုင်း ၁၀ရက် ငုတ်တုတ်ထိုင်စောင့်ခိုင်းထားသည်။ ဘာ skill မှ မရ။ supercell သည် ငွေရရန်မှ လွဲပြီး ဆော့သူများကို အားမနာ တတ်
Gem ၀ယ်ဆော့ လျှင်လည်း ၅ သိန်းဖိုးလောက် ၀ယ်ရုံမျှဖြင့်လည်း သိသိသာသာဖြစ်လာမည် မဟုတ်ပေ။

COC က ပိုက်ဆံတောင်းနေတဲ့ ဂိမ်းပဲ
ပိုက်ဆံကို သွယ်ဝိုက်သောနည်းနဲ့ ပိုက်ဆံပဲ ထိုင်တောင်းနေတဲ့ ဂိမ်းပဲ
တစ်ချို့ ကလေးတွေ မိဘ credit card ကိုယူသုံးပြီး gems တွေဝယ်လို့ မိဘတွေ သိန်း ၂၀၊ ၃၀ ကုန်သွားတာတွေတောင် ကြားရတယ်။
ငွေကြေးနဲ့ ပြောမယ်ဆိုလည်းငွေ ၆ သိန်းလောက်ဆိုရင် PS-4, X-Box ဘာညာဂိမ်းအကောင်းစား ဂိမ်းစက်တွေ တောင် ၀ယ်ဆော့လို့ရတယ်
COC ငွေတောင်းနည်းက များလွန်းအားကြီးတယ်။ လောဘကြီးလွန်းတယ်။
ကလေးတွေ ဆီက ငွေ လိမ်ယူနေတာပဲ။

ဒီကောင်တွေ ၁နှစ် ၀င်ငွေ ဒေါ်လာ သန်းပေါင်း ၁၈၀၀ လောက် ရဖို့ ဆော့တဲ့ သူတွေက ခွေးလိုဆော့နေရတယ်။ပိုက်ဆံရှိ သူဌေးသား သိန်း ၁၈၀ လောက် ဖြုန်းနိုင်ရင် အခု ဆော့ အခု နောက်ဆုံးစခန်း အကြီးကြီး နေ့ချင်း ရတယ်
fair မဖြစ်ဘူး။

ဆင်းရဲသားတွေ ခွေးလိုဆော့ ၊
ရိုးရိုးဆော့တဲ့ သူတွေ နေ့ည ပင်ပင်ပန်းပန်း နှစ်ရှည်လများ ပင်ပန်းကြီးစွာ အချိန်တွေ စိတ်တွေ ရင်းပြီး ၂နှစ်လောက် ဆော့ထားတဲ့ စခန်းမျိုးကို
ပိုက်ဆံရှိတဲ့သူတွေက နာရီပိုင်းအတွင်း ဖြစ်အောင် လုပ်လို့ရတယ်
စစ်တိုက်ဖို့ ကို မရောက်တော့ဘူး
စခန်းဆောက်ဖို့တင် အချိန်တွေ လနဲ့ နှစ်နဲ့ ချီ ပေးနေရအောင် ဆွဲထားပြီး ဂိမ်းကို မကြာကြာအောင်ဆွဲထားတာ။ဘာကြီးလဲ
ပိုက်ဆံမပေးနိုင်ရင် လူ့ဘ၀ရဲ့ အဖိုးတန် အချိန်တွေကို စတေးလိုက်ပေါ့ ဒါမျိုးလား။

တခြားဂိမ်းတွေက မဆော့ချင် ပစ်ထားလိုက်လို့ရတယ်
COC က အဲ့လိုမဟုတ်ဘူး လူတွေရဲ့ စိတ်ကို ဆွ ပေး ထားတယ်
" မင်းစခန်းကို လာလုနေပြီ "
" မင်းစခန်းထက် သူများတွေ သာတော့မယ် "
ဒါ့မျိုး ဆွပေးထားပြီး လူတွေကို
စစ်သား ၁ ကောင်ထုတ်ဖို့ အရေး နာရီဝက်ထိုင်စောင့်ခိုင်းသည်။
စစ်ပွဲ ၁ ပွဲတိုက် ဖို့ အရေး ၃ နာရီလောက် ပြင်ဆင်ရသည်။

တကယ်တိုက်တော့ ၃ မိနစ်သာ ဖြစ်သည်။
၃ မိနစ် လောလော လောလော ဖြင့် ၀ရုန်းသုံးကားတိုက်ခိုင်းသည်။
၃မိနစ်သာကြာမြင့် စစ်ပွဲတိုက်ဖို့အရေးကို ၃ နာရီလောက် ထိုင်စောင့်ခိုင်းသည်
ထို့ပြင် supercell လုပ်ထားသော အခြားအကွက်များစွာရှိသေးသည်။
COC သည် ကစားသူကို လွတ်လပ်စွာ ကစားခွင့်မပေး။
သူ့ COC screen ကို တောက်လျှောက် ကြည့်ခိုင်းသည်။

မကြည့်ပဲ ၃ မိနစ်လောက်ကြာတာနဲ့ သင့်စခန်းကို တခြားသူ ၀င်တိုက်ခိုင်းသည်။ ယုတ်မာချက်

အဘယ်သူသည် တောက်လျှောက် ကြည့်နိုင်မည်နည်း။
ကစားလိုက် နားလိုက် လုပ်ခွင့်လုံးဝမပေးထား။
သူတို့ ဂိမ်းကို တောက်လျှောက် မျက်စိပျက်မတတ်ကြည့်ခိုင်းထားသည်
တောက်လျှောက် ကြည့်ခိုင်းကာ ၃ မိနစ်လောက် COC ကို မကြည့်မိတာနဲ့ ကိုယ့်စခန်းကို သူများတိုက်တာခံရမည်။

အဲ့လောက်တောင် supercell သည် ကစားသူများကို အာရုံနောက်အောင် လုပ်ထားသည်။COC က လူတွေရဲ့ မခံချင်စိတ် ၊ တခြားသူတွေ ထက် သာချင်စိတ်ကို ဆွပေးထားပြီး တည်ဆောက်ခိုင်းတာ" မင်းစခန်းက ဘယ်လောက်ကြီးလဲ "
ငါ့ စခန်းက ဘယ်လောက်ကြီးလဲ
" မင်း က ဘာလဲ၊ ငါက ဘာလဲ ဒါမျိုး "
သူများထက် သာချင်လား
သာချင်ရင် ဘာမှ လေ့ကျင့်စရာမလိုဘူး ။ သူတို့ supercell ကို ဒေါ်လာပေးလိုက်။

သူများထက် သာချင်လား supercell ဆီကို ပိုက်ဆံလာထား ။
facebook လိုပဲ။ ကိုယ်ပြောချင်တဲ့ သတင်းတွေ လူတွေဆီကို ပြန့်စေချင်လား sponsored ဆိုပြီး facebook ကို ဒေါ်လာပေး။ ချက်ချင်း ဖြန့်ပေးမယ်

စစ်တိုက်ပြီ ကြည့်တော့
Dota-2 လို ကိုယ်တိုင် တိုက်ခိုက်ရတဲ့ ဟာမျိုးမဟုတ်ဘူး
Dota မှာ ကိုယ်တိုင် လှုပ်ရှားတာ။ ဘယ်ကွေ့မလား။ ညာကွေ့မလား။ တောထဲဝင်မလား။ တိုက်မလား ပြန်ဆုတ်ခွာမလား။ အားလုံးက ကိုယ်ပိုင် movementCOC မှာ က စစ်သားတွေက ကွန်ပြူတာက auto သွားခိုင်းတဲ့ အတိုင်း random လျှောက်သွားနေတာကျွန်တော်တို့က မန်နေဂျာလိုပဲ ချကွ ဘာကွာ ဘေးက ကြည့်ရုံပဲရတာအားလုံးက လက်နက်လည်း အတူတူဒါပဲ
စစ်သားတွေက လည်း ဒါ့တွေပဲတိုက်ပုံတိုက်နည်းက လည်း ၃မျိုး ၄မျိုးပဲရှိတယ်။

ဒါနဲ့ ဒါကို တိုက်မှတော့ ဒါပဲရမှာပေါ့။
သေချာ နေရာချထားတဲ့ Town Hall 10 (A ) max defense ကို Town Hall 10 (B )max troops နဲ့ တိုက်တော့ 2stars ပဲရမယ်။
ဘယ်တော့မှ လည်း Town Hall 10 max defense ကို Town Hall 10 max troops နဲ့တိုက်လို့ 3 stars မရဘူး
အားလုံးတူတူပဲလေထို့ အတူပဲ သေချာ နေရာချထားတဲ့ Town Hall 10 (B ) max defense ကို Town Hall 10 (A ) max troops နဲ့ ပြန်တိုက်
ဘယ်တော့မှ 3 stars မရဘူးဒါပဲ ပြန်ရမှာပေါ့ 2 stars ပဲပေါ့

ရှင်းရှင်းလေးကို တိုင်ပတ်ထားတာ
ကမ္ဘာ့ အကောင်းဆုံး စခန်းဆိုလည်း မိနစ်ပိုင်း အတွင် ကော်ပီကူးလိုက်လို့ရတယ်။ဘာ ကိုယ်ပိုင် idea မှ ထုတ်လိုမရဘူး။သေချာ နေရာချထားတဲ့ Town Hall -9 max အချင်းချင်းကို တစ်သက်လုံးတိုက် 3stars မရဘူး
ဒီတော့ ဟိုဖက် ကိုသွား တိုက်လည်း ကြယ်၂လုံးပဲ
ဒီဖက် ကို ပြန်အတိုက်ခံရတော့လည်း ကြယ်၂လုံးပဲ
main theory က ဒါပဲ

အဲ့ဒီမှာ
ဘာကို ထည့်ထားလည်းဆိုတော့ မသိပဲနဲ့ Rushed Town Hall တွေ
မသိတဲ့ကလေးတွေ က Town Hall စွတ်တင်ပြီး ဆက်မဆော့ပဲ COC ကို မသိပဲ ငွေလှူခဲ့ရတဲ့သူတွေလည်း တော်တော်များတယ်

မသိပဲနဲ့ Rushed Town Hall တွေ တက်ခဲ့တဲ့သူတွေက Troops Weak, Defense Weak ရင် ကြယ်များများပေးရမယ်
ဒီတော့ ဘာဆက်လုပ်မလဲ ကိုယ့်skill နဲ့ ဘယ်လို ကြိုးစားမလဲ
ဘာမှ ကြိုးစားလို့မရဘူး။ ကြိုးစားခွင့်လည်း ပေးမထားဘူး

စခန်းကြီးက သူငယ်တန်း ကလေးက ကိုယ့်ကို လာဗျင်းနေသမျှ ခံနေခိုင်းတယ်
မခံနိုင်ရင် စခန်းမြန်မြန်ကြီးအောင် လုပ်
နိုင်ငံခြားမှာ က ဒေါ်လာ ၂၀၀၊ ၃၀၀ ဆိုတာ ကလေးမုန့်ဖိုးလောက်ဆိုတော့ ပေးကြတာဖို့ စခန်းမြန်မြန်ကြီးအောင်ပိုက်ဆံမပေးနိုင်သူတွေ ရင်တော့ နေ့ည ပင်ပင်ပန်းပန်း နှစ်ရှည်လများ ပင်ပန်းကြီးစွာ အချိန်တွေ စိတ်တွေ ရင်းပြီး ၂နှစ်လောက် ဆော့စခန်းမြန်မြန်ကြီးချင်ရင် နောက်ဆုံး ဘာလုပ်ရမလဲ

supercell ကို ပိုက်ဆံပေးပေါ့နော် ဒါပေါ့
COC ရဲ့ Value က ကိုယ့်ရဲ့ ကိုယ်ပိုင် skill လက်ချောင်းမဟုတ်ဘူး
COC ရဲ့ Value က စခန်းကြီးကြီးပဲ
ကျွန်တော် ဘယ်လောက် ဆော့တာ ကောင်းကောင်း ကျွန်တော့မှာ DG level 2 ပဲရှိမယ်ဆိုရင် ဟိုဖက်က DG-5 နဲ့ တွေ့ရင် ခွေးပဲ

Dota-2, other Games တွေမှာ ခင်ဗျား လက်ချောင်းတွေက ခင်ဗျား skill ပဲ
ဘယ်ကောင်ကို ကိုင်ကိုင်၊ ဘယ်လို ဆိုင်မှာ ဆော့ဆော့ ခင်ဗျား ကိုယ်ပိုင် skill ကိုဘယ်သူမှ ခိုးယူလို့မရဘူး

ဒီတော့ COC ဆိုတာ skill ကို အခြေမခံဘူး
စခန်းကြီးကြီး အဓိကပဲ ၊
အခု Town Hall 10 max ဆိုတဲ့ သူကို နက်ဖြန် သူ့ TownHall 10 ကြီး hacked ခံရလို့
Town Hall 8 လေး ပြန်ဆော့ ရရင် ဒီကောင့် level က Town Hall 8 ပဲ
ပေါက်လားမသိဘူး
ကလေးက Town Hall -10 max troops ကြီးနဲ့ ခင်ဗျားကို ၀င်တိုက်လည်း ခင်ဗျားစခန်း စုတ်ပြတ်သတ်သွားမှာပဲ
Town Hall -10 လိုချင်ရင်တော့ ၄ သိန်း ၆ သိန်းလောက် ပေးရင်ဒီမှာ ရတယ်ပြောတယ်

ဒီတော့ နိဂုံးချုပ်ပြောရရင် ထုံးစံအတိုင်းပေါ့။
သမာရိုးကျမဟုတ်တဲ့ နည်းလမ်းတွေနဲ့ လူတွေရဲ့ စိတ်ကို ဆွ၊ လူတွေ အချင်းချင်းတည်ပေးပြီး သောကတွေ၊ ဒေါသ၊ မောဟတွေ ပေးပြီး အကြီးအကျယ်စီးပွားဖြစ်ထွန်းနေတဲ့ ကောင်တွေကို ဘာလုပ်သင့်သလဲ
COC ထွင်တဲ့ Ilkka Paananen ကို ဖမ်းချုပ်။
ဒီခွေးသား ကို သူတီထွင်တဲ့ ဂိမ်းကို သူရဲ့ ကိုယ်ပိုင် သောက်ချိန်တွေ အကုန်ခံပြီးဆော့ခိုင်းရမယ် ။

မိမိပတ်ဝန်းကျင်တွင်ကျောင်းသား လူငယ်၊ လူရွယ်တွေ အားလုံး အချိန်တွေကုန် စိတ်ပင်ပန်းညစ်နွမ်းကာ အကျိုးယုတ်စေသော၊ ငွေရရန်သက်သက် သူများတွေကို ဒုက္ခရောက်အောင် လုပ်ထားသော ကြောင့် ထောက်ပြပြောဆိုခြင်းဖြစ်ပါသည်။
Credit --> Alexander Neo

No comments:

Post a Comment