Sunday, September 27, 2015

မင်္ဂလာနံနက်ခင်းပါ ............. (၂၈.၉.၂၀၁၅) ဒီကနေ့နံနက်(၀၆း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့

မင်္ဂလာနံနက်ခင်းပါ .............
(၂၈.၉.၂၀၁၅)
ဒီကနေ့နံနက်(၀၆း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအနည်ငယ်မှ အားအသင့်အတင့် ရှိနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသနဲတောင်ပိုင်းဒေသများမှာတိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဒေသများမှာ
တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

ဒီကနေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနဲ့
ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာခဲ့ကာ
မန္တလေးတိုင်းဒေသကြီးနဲတနင်္သာရီတိုင်းဒေသတို့မှာ နေရာကွက်၍ မိုးကြီးခဲ့ပါတယ်။
မှတ်သားဖွယ်ရာမိုးရေချိန်များကတော့ကော့သောင်းမြို့ မှာ (၅.၃၅)လက်မ၊
မန္တလေးမြို့ မှာ (၁.၅၀)လက်မနဲ့စစ်ကိုင်းမြို့မှာ (၁.၀၂)လက်မ တို့ဖြစ်ကြပါတယ်......
အောက်မှာဖော်ပြထားတဲ့ပုံ များ ကတော့ ဒီနေ့မနက် (၀၆း၃၀)နာရီ အချိန်ဂြိုလ်တုတိမ်ပုံ နှင့် WRF Modelမှ ရရှိတဲ့ စက်တင်ဘာလ(၂၉)ရက်နေ့နဲ့ (၃၀)ရက်နေ့တို့အတွက်
မိုးရေချိန် ခန့်မှန်းချက်ပြပုံများဖြစ်ပါတယ်



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment