Sunday, September 27, 2015

အမတ်လောင်းများအား မေးခွန်းခြောက်ခု မေးမြန်းပြီးမှ မဲပေးဟု မဘသ(ဗဟို)ဥပဒေအကြံပေးဆို

အမတ်လောင်းများအား မေးခွန်းခြောက်ခု မေးမြန်းပြီးမှ မဲပေးဟု မဘသ(ဗဟို)ဥပဒေအကြံပေးဆို
Monday, September 28, 2015

ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများကို နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်တစ် ခုဖြစ်သည့် ပုဒ်မ ၅၉(စ)ကို ပြင်၊ မပြင် မေးခွန်းအပါအ၀င် မေးခွန်း ခြောက်ခု မေးမြန်းပြီးမှ မဲပေးရန် အမျိုးဘာသာ သာသနာ စောင့် ရှောက်ရေးအဖွဲ့ မဘသ(ဗဟို) ဥပဒေအကြံပေး ဦးအေးပိုင်က ပြောကြားသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကို မေးခွန်းခြောက်ခု မေးမြန်းပြီးတော့မှ မဲပေးသင့်၊ မပေးသင့်ကို စဉ်းစားပါလို့ အကြံ ပြုချင်ပါတယ်။ ပထမမေးခွန်းက လွှတ်တော်ကိုယ်စားလှယ်ကြီး သင် ဘယ်ဘာသာကို ကိုးကွယ် ပါသလဲဆိုတာကို ပြတ်ပြတ်သား သား မေးပါ။ ဗုဒ္ဓဘာသာမဟုတ် ရင် မဲမပေးပါနဲ့။ နောက်တစ်ခုက သင်အမျိုးစောင့်ဥပဒေကို ထောက်ခံပါသလားမေးပါ။ ဘာမှမဖြေရင် မဲမပေးပါနဲ့။ နောက်တစ်ခုက အမျိုးစောင့်ဥပဒေကို သင်ကာကွယ်စောင့်ရှောက်နိုင်ပါသလား မေးပါ။ မစောင့်ရှောက်ဘူးဆိုရင် မဲမပေးပါနဲ့။ နောက်မေးခွန်းတစ်ခုက ဘင်္ဂါလီတွေကို နိုင်ငံသားအဖြစ် ကန့်သတ်ထားတဲ့ ၁၉၈၂ ဥပဒေကို သင်လွှတ် တော်အမတ် ဖြစ်ခဲ့ရင်ပြင်ဖို့ ဆန္ဒ ရှိသလားမေးပါ။ ပြင်မယ်ဆိုရင် မဲမပေးပါနဲ့။ နောက်ပြီး ၅၉(စ)ကို မပြင်ဖို့ သဘောတူသလား မေးပါ။ ပြင်မယ်ဆိုရင် မဲမပေးပါနဲ့။ နောက်ဆုံးမေးခွန်းက သင်ကိုယ် စားလှယ် အမတ်ဖြစ်ခဲ့ရင် အမျိုး ဘာသာ သာသနာကို ကာကွယ် နိုင်ဖို့ သင်ကတိပေးနိုင်သလား။ မပေးနိုင်ဘူးဆိုရင် မဲမပေးပါနဲ့’’ ဟု စက်တင်ဘာ ၂၇ ရက်က ထားဝယ်မြို့၊ ရွှေဝယ်သီရိအား ကစားရင်ပြင်တွင် ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး တိုင်း လုံးကျွတ် မျိုးစောင့်ဥပဒေအောင် မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြို ဆိုပွဲ အခမ်းအနား၌ ဦးအေးပိုင် က ပြောကြားသည်။

အဆိုပါ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်ပေါင်းစုံမှ သံဃာတော် များ၊ သီလရှင်များ၊ အမျိုးဘာသာ သာသနာအဖွဲ့ဝင်များ၊ ၀ံသာနု ရက္ခိတအဖွဲ့ဝင်များနှင့် ဒေသခံများသောင်းချီတက်ရောက်ခဲ့သည်။

‘‘အမျိုးဘာသာကို ထိခိုက် မယ်လို့ ယူဆတဲ့ လူမျိုးကို မဲမပေး ဖို့တော့ ပြောပါတယ်။ အမျိုးဘာ သာ သာသနာအတွက် စိတ်မချ ရရင် မဲမပေးဖို့ပြောပါတယ်။ ဒါ ပေမဲ့ ဘယ်ပါတီ၊ ဘယ်လူမျိုးကို မဲမပေးရဘူးလို့တော့ ပြောထား တာ မရှိပါဘူး’’ဟု ဦးအေးပိုင်၏ ပြောကြားချက်အပေါ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (ဗဟို)အဖွဲ့ဝင် မြနန်းတောင် ဆရာတော်က မိန့်ကြားသည်။

ထားဝယ်မြို့တွင် ပြုလုပ် သည့် အဆိုပါ အခမ်းအနားသို့ သံဃာတော် အင်အားတစ်ထောင် ခန့်နှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ၀ံသာနုရက္ခိတအဖွဲ့ဝင်များ၊ ဒေ သခံများ အပါအ၀င် အင်အား ထောင်ချီ၍ ရွှေတောင်စား စေတီ တော်မှ မြို့တွင်းသို့ လှည့်လည်ပြီး ရွှေဝယ်သီရိအားကစားရင်ပြင်၌ အခမ်းအနား ပြုလုပ်ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး တွင် ပြုလုပ်သည့် ဂုဏ်ပြုကြိုဆို ပွဲသည် ချင်းပြည်နယ်မှအပ နိုင်ငံ တစ်ဝန်း၌ ဒေသလုံးဆိုင်ရာ နောက်ဆုံး အခမ်းအနားဖြစ်ပြီး အောက်တိုဘာ လဆန်းတွင် ရန် ကုန် သုဝဏ္ဏအားကစားကွင်း၌ နိုင်ငံလုံးဆိုင်ရာ အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment