Showing posts with label KIAသတင်း. Show all posts
Showing posts with label KIAသတင်း. Show all posts

Tuesday, September 2, 2014

KIA ၏ လူသစ်စုဆောင်းခြင်းနှင့် လက်နက်ပြ အနိုင်ကျင့်ခြင်းတို့အား တားဆီးဟန့်တားပေးရန် နယ်မြေခံ အစိုးရတပ်သို့ တိုင်းလိုင် (ရှမ်းနီ) ပါတီမှ တောင်းဆို

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့နယ်၊ ဆားမှော် ကျေးရွာအနီးဝန်းကျင်ရှိ ဒေသခံ တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများမှ နယ်မြေခံအစိုးရတပ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့၏ လူသစ်စုဆောင်းခြင်းနှင့် လက်နက်ပြ အနိုင် ကျင့်ခြင်းတို့ကိုတားဆီး ဟန့်တားပေးရန် သြဂုတ် ၁၅ ရက်နေ့တွင် တိုင်းလိုင် (ရှမ်းနီ) ပါတီမှ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

KIA အဖွဲ့မှ ဆားမှော်ကျေးရွာအနီးဝန်းကျင်ရှိ နင်ခရွတ်ကွင်း၊ အင်ခွတ်ကွင်းနှင့် ဘန်ဂျတ်ကွင်းတို့တွင် ဒေသခံပြည်သူများ အား နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေမှုအပေါ် မခံမရပ်နိုင်ဖြစ်လာ၍ ယခုကဲ့သို့ လာရောက် တောင်းဆိုခြင်းဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) ပါတီဝင် တစ်ဦးက ပြောသည်။

“ ကချင်စစ်သားတွေက ငါတို့ ရှမ်းနီတွေကို အနိုင်ကျင့်နေတာများပြီ၊ မခံမရပ်နိုင် ဖြစ်လွန်းတာကြောင့် ရှမ်းနီပါတီကို တိုင်ကြားစာပို့ထားတာပါ၊ အဲဒီလိုမှ မတိုင်ရင် သားကို KIA အဖွဲ့က လာခေါ်တော့မှာလေ ” ဟု နင်ခရွတ်ကွင်းတွင် လယ်ယာလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

KIA အဖွဲ့အား ဆက်ကြေးငွေပေးရကြောင်း၊ အဓမ္မအလုပ် ခိုင်းစေမှုများလည်း ရှိကြောင်း၊ တာဝန်မကျေဟု အကြောင်း ပြကာ နင်ခရွတ်ကွင်းနေ တောင်သူတစ် ဦး၏ သားဖြစ်သူ မောင်ဆိုင်းအောင်အား KIA အဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မှင်နီဖြင့် စာရင်းမှတ်သွားကြောင်း၊ ကိုယ်တွေ့ကြုံသော ရွာသားတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

ဆားမှော်ကျေးရွာ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးတင်ဝိုင်းက “ နင်ခရွတ်ကွင်းက တောင်သူ ဦးတင်ငွေရဲ့ တိုင်ကြားစာ ကျွန်တော်တို့ပါတီဆီ ရောက်နေပါပြီ၊ KIO၊ KIA အဖွဲ့ရဲ့ ဆက်ကြေးကောက်၊ အနိုင်ကျင့်ဆက်ဆံတာ၊ လူသစ်စုဆောင်းတာတွေကို တားဆီးဟန့်တားပေးဖို့ တိုင်ကြားတာပါ ” ဟု ပြောကြားသည်။

အဆိုပါ တိုင်ကြားစာနှင့်အတူ ဆားမှော်ကျေးရွာ တိုင်းလိုင် (ရှမ်းနီ) ပါတီမှ ဦးစီး၍ ဒေသခံ ပြည်သူ (၆၈) ယောက်တို့မှ နယ်မြေခံ အစိုးရတပ်သို့ KIO/KIA ၏ လက်နက်ပြ အနိုင်ကျင့်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများအတွက် တပ်မတော်မှ နယ်မြေစိုးမိုးရေး ဆောင်ရွက်ပေးနိုင်ရန်နှင့် ဆားမှော်အရှေ့ အင်ခွတ်ကွင်းတစ်ဝိုက်တွင် အမြဲတမ်း တပ်စခန်း တစ်ခုထိုင်၍ ပြည်သူ လူထုလုံခြုံရေးအား စောင့်ရှောက်ပေးရန် လက်မှတ်ရေးထိုး တောင်းဆို ထားသောစာများ ပေးအပ်ခဲ့ ကြောင်း တိုင်းလိုင် (ရှမ်းနီ) ပါတီ ဒုဥက္ကဋ္ဌ ဦးအောင်ဆန်းမှ ပြောကြားသွားသည်။

ဇော်လင်းသန့်

www.mohnyinnews.blogspot.com

စားနပ်ရိက္ခာမလုံလောက်မှုနှင့် လစာမရရှိမှုကြောင့် KIA တပ်ဖွဲ့ဝင်(၄)ဦး အလင်းဝင်

စက်တင်ဘာ ၁ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အစိုးရဌာရုံးသို့ သြဂုတ်လ ၃၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ တပ်ဖွဲ့ဝင်(၄)ဦး လက်နက်မဲ့ အလင်းဝင်ရောက်လာမှုမှာ စားနပ်ရိက္ခာမလုံလောက်မှုနှင့် လစာ မရရှိမှုကြောင့်ဖြစ်ကြောင်း ယင်းရုံးမှ သတင်းရရှိသည်။

``တစ်ရက်တည်းနဲ့ နှစ်ဖွဲ့ဝင်လာတာပါ၊ ပထမအဖွဲ့က သုံးယောက်၊ နောက်ထပ်ဝင်လာတာကတော့ တစ်ယောက်တည်းပါ၊ အခုလိုတစ်ရက်တည်း လေးယောက်ပြိုင်ဝင်လာတာ ရှားပါတယ်´´ ဟု တာဝန်ရှိသူ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

တီယန်ဇွပ်စခန်းသို့ ၀င်ရောက်လာပြီး ရှေ့တန်းအစိုးရတပ်မှ မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးသို့ သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီခွဲအချိန် လွှဲပြောင်းပေးသော KIA တပ်ဖွဲ့ဝင်(၃)ယောက်မှာ တပ်သားအဆင့်ရှိ မောင်ကျော်ထက်(၂၃)နှစ် (ဘ)ဦးလင်းနောင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မောင်မင်း စိုးလင်း(၂၃)နှစ်၊ (ဘ)ဦးညွှန့်ဖေ၊ တမူးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မောင်ထွန်းမင်းနိုင်(၂၂)နှစ်(ဘ)ဦးတင် မောင်စိုး၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။

``ရွှေမှော်တွေမှာ လုပ်နေရင်း လူသစ်စုခံရတာလို့ ပြောတယ်၊ အသက်အသေမခံနိုင်တာကြောင့် စစ်သင်တန်း တက်ပြီး KIA ထဲ ၀င်ခဲ့ရတယ်၊ သူတို့ပြောတာကတော့ စားနပ်ရိက္ခာမလုံလောက်ဘူးလို့ ပြောတယ်၊ လစာ ကလည်း မပေးတာ ၆ လလောက်ရှိပြီဖြစ်တဲ့အတွက် မနေချင်တော့တာကြောင့် အလင်းဝင်လာကြတာလို့ သိရ ပါတယ်´´ ဟု လိုက်ပါပို့ဆောင်ပေးသော ရှေ့တန်းအစိုးရတပ်မှ အရာရှိတစ်ဦးက ပြောသည်။

သြဂုတ်လ ၃၁ ရက် ည ၈ နာရီခွဲချိန်တွင် ထပ်မံအလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်မှာ ဒုတပ်ကြပ် အဆင့်ရှိ ကျော်မျိုးသန့်(ခ)ဘာဂျီး(၂၆)နှစ်(ဘ) ဦးအောင်ထွန်း၊ နောင်တာလောကျေးရွာ၊ ၀ိုင်းမော်မြို့နယ်နေသူ ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော လက်အောက်ငယ်သားတပ်ဖွဲ့ဝင်များသည် ပုံမှန်ထောက်ပံ့ပေး သော စားနပ်ရိက္ခာမရှိဘဲ ဖြစ်သလို ရှာကြံစားသောက်နေရသောကြောင့် မလုံလောက်ခြင်း၊ ပုံမှန်လစာမရရှိခြင်း တို့ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့ဘဲ ယခုကဲ့သို့ အလင်းဝင်လာခြင်းဖြစ်ကြောင်းနှင့် ထပ်မံအလင်းဝင်လာဦးမည့် KIA တပ်ဖွဲ့ဝင်များလည်း ရှိနေသေးကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)

www.mohnyinnews.blogspot.com

KIA ၏ လူသစ်စုဆောင်းခြင်းနှင့် လက်နက်ပြ အနိုင်ကျင့်ခြင်းတို့အား တားဆီးဟန့်တားပေးရန် နယ်မြေခံ အစိုးရတပ်သို့ တိုင်းလိုင် (ရှမ်းနီ) ပါတီမှ တောင်းဆို

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့နယ်၊ ဆားမှော် ကျေးရွာအနီးဝန်းကျင်ရှိ ဒေသခံ တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများမှ နယ်မြေခံအစိုးရတပ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့၏ လူသစ်စုဆောင်းခြင်းနှင့် လက်နက်ပြ အနိုင် ကျင့်ခြင်းတို့ကိုတားဆီး ဟန့်တားပေးရန် သြဂုတ် ၁၅ ရက်နေ့တွင် တိုင်းလိုင် (ရှမ်းနီ) ပါတီမှ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

KIA အဖွဲ့မှ ဆားမှော်ကျေးရွာအနီးဝန်းကျင်ရှိ နင်ခရွတ်ကွင်း၊ အင်ခွတ်ကွင်းနှင့် ဘန်ဂျတ်ကွင်းတို့တွင် ဒေသခံပြည်သူများ အား နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေမှုအပေါ် မခံမရပ်နိုင်ဖြစ်လာ၍ ယခုကဲ့သို့ လာရောက် တောင်းဆိုခြင်းဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) ပါတီဝင် တစ်ဦးက ပြောသည်။

“ ကချင်စစ်သားတွေက ငါတို့ ရှမ်းနီတွေကို အနိုင်ကျင့်နေတာများပြီ၊ မခံမရပ်နိုင် ဖြစ်လွန်းတာကြောင့် ရှမ်းနီပါတီကို တိုင်ကြားစာပို့ထားတာပါ၊ အဲဒီလိုမှ မတိုင်ရင် သားကို KIA အဖွဲ့က လာခေါ်တော့မှာလေ ” ဟု နင်ခရွတ်ကွင်းတွင် လယ်ယာလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

KIA အဖွဲ့အား ဆက်ကြေးငွေပေးရကြောင်း၊ အဓမ္မအလုပ် ခိုင်းစေမှုများလည်း ရှိကြောင်း၊ တာဝန်မကျေဟု အကြောင်း ပြကာ နင်ခရွတ်ကွင်းနေ တောင်သူတစ် ဦး၏ သားဖြစ်သူ မောင်ဆိုင်းအောင်အား KIA အဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မှင်နီဖြင့် စာရင်းမှတ်သွားကြောင်း၊ ကိုယ်တွေ့ကြုံသော ရွာသားတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

ဆားမှော်ကျေးရွာ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးတင်ဝိုင်းက “ နင်ခရွတ်ကွင်းက တောင်သူ ဦးတင်ငွေရဲ့ တိုင်ကြားစာ ကျွန်တော်တို့ပါတီဆီ ရောက်နေပါပြီ၊ KIO၊ KIA အဖွဲ့ရဲ့ ဆက်ကြေးကောက်၊ အနိုင်ကျင့်ဆက်ဆံတာ၊ လူသစ်စုဆောင်းတာတွေကို တားဆီးဟန့်တားပေးဖို့ တိုင်ကြားတာပါ ” ဟု ပြောကြားသည်။

အဆိုပါ တိုင်ကြားစာနှင့်အတူ ဆားမှော်ကျေးရွာ တိုင်းလိုင် (ရှမ်းနီ) ပါတီမှ ဦးစီး၍ ဒေသခံ ပြည်သူ (၆၈) ယောက်တို့မှ နယ်မြေခံ အစိုးရတပ်သို့ KIO/KIA ၏ လက်နက်ပြ အနိုင်ကျင့်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများအတွက် တပ်မတော်မှ နယ်မြေစိုးမိုးရေး ဆောင်ရွက်ပေးနိုင်ရန်နှင့် ဆားမှော်အရှေ့ အင်ခွတ်ကွင်းတစ်ဝိုက်တွင် အမြဲတမ်း တပ်စခန်း တစ်ခုထိုင်၍ ပြည်သူ လူထုလုံခြုံရေးအား စောင့်ရှောက်ပေးရန် လက်မှတ်ရေးထိုး တောင်းဆို ထားသောစာများ ပေးအပ်ခဲ့ ကြောင်း တိုင်းလိုင် (ရှမ်းနီ) ပါတီ ဒုဥက္ကဋ္ဌ ဦးအောင်ဆန်းမှ ပြောကြားသွားသည်။

ဇော်လင်းသန့်

www.mohnyinnews.blogspot.com

Sunday, August 31, 2014

တစ်ရွာ ဆန်အိတ် (၃၀)တောင်းသော KIA ကြောင့် ဒေသခံများ ၀န်ထုပ်ဝန်ပိုးဖြစ်နေ

စက်တင်ဘာ ၁ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ကျေးရွာများတွင် သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ရိက္ခာဆန်များ တောင်းခံမှုကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်နေ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါမြို့နယ်တွင် ဟန်ထက်ကျေးရွာ၊ မံသာကျေးရွာ၊ မဒယန်ကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ ကိုက်ထိပ် ကျေးရွာ၊ သံတံတားကျေးရွာ၊ စီခမ်းကြီးကျေးရွာ၊ မန်ဝိန်းကြီးကျေးရွာများပါဝင်ပြီး ယင်းကျေးရွာအားလုံးအား ဆန်ရိက္ခာတောင်းခံထားကြောင်း သိရသည်။

“တိုက်ပွဲတွေပြန်ဖြစ်ကတည်းက လယ်ယာလုပ်ငန်းကို ဟုတ်တိပတ်တိလုပ်ရတော့တာမဟုတ်ဘူး၊ အခုလာပြီးရိက္ခာဆန် လာတောင်းတော့ အတော်စိတ်ညစ်ရတယ်။ မိသားစုစားဝတ်နေရေးအတွက် မနည်း ဖြေရှင်းနေရတာ” ဟု မိုင်းခေါင်ရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာအုပ်စုများအနီးဝန်းကျင်တွင် KIA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားလျက်ရှိပြီး ဂျေစွမ်းပါ စခန်းနှင့် အခြားစခန်းတစ်ခုအတွက် ရိက္ခာဆန်များလိုအပ်နေ၍ အပူတပြင်းလာရောက်ကောက်ခံနေခြင်း ဖြစ်ကြောင်း လည်း သိရသည်။

“တစ်ရွာ ဆန်အိတ် ၃၀ ဆိုတော့ အရမ်းများတယ်။ လယ်ယာလုပ်ငန်းတွေက အခုမှ ပြန်လုပ်တာ ဆိုတော့ အဆင်မပြေဘူး၊ ၀မ်းစာတောင်မလောက်ဘူး၊ ဒီနယ်မြေမှာ နေရတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ KIA အဖွဲ့က ဒေသခံတွေဆီကို ရပိုင်ခွင့်တစ်ခုလို သဘောထားပြီး ဆက်ကြေး၊ ရိက္ခာ အကုန်ကောက်နေတာ”ဟု အမည်မဖော်လိုသော အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

မန်ဝိန်းကြီးဒေသတွင်ပါဝင်သော ရှမ်းရွာ(၁၈)ရွာမှ ဒေသခံရှမ်းလူမျိုးများကမူ KIA အဖွဲ့၏ လူသစ်၊ ဆက်ကြေး ကောက်ခံမှုများကို မကြာခဏ ငြင်းပယ်ခဲ့ကြပြီး ယခုလို တစ်ရွာဆန်အိတ်(၃၀)တောင်းခံမှုကိုလည်း ပေးရန်ဆန္ဒမရှိကြောင်း မန်ဝိန်းကြီးဒေသခံတစ်ဦး
က ပြောကြားသွားခဲ့သည်။

ခိုင်မြဲ

Posted via Blogaway

Thursday, August 28, 2014

စားဝတ်နေရေးကြပ်တည်းမှုကြောင့် RCSS/ SSA အဖွဲ့ဝင်များ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်၊ ၄င်းတို့၏မိသားစုများအား လူသစ်အဖြစ်အစားထိုးဝင်ခိုင်း မည်ဟု ခြိမ်းခြောက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊မယ်မော်ဒေသ၌လှုပ်ရှားနေသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့်ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့ဝင်များသည် စားဝတ်နေရေးကြပ်တည်းမှုကြောင့် သြဂုတ်(၂၅)ရက်နေ့တွင် တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိန်းရှောင်သွားကြကြောင်း သတင်းရရှိသည်။

RCSS/SSAအဖွဲ့၊ ကျိုင်းတုံစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်(၅)ဦးသည် စခန်းအတွင်း၌ လက်နက် များထားခဲ့ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါအဖွဲ့နှင့် နီးစပ်သော ဒေသခံတစ်ဦးက ပြောသည်။

`` အဓိကအကြောင်းရင်းကတော့ စားဝတ်နေရေးကြပ်တည်းတာကြောင့်ပါ၊ တပ်ဖွဲ့ဝင်တွေမှာ လစာ၊ရိက္ခာပုံမှန်သတ်မှတ် ထားတာမရှိဘူး၊ ရွာတွေကနေ ဆက်ကြေးကောက်၊ ရိက္ခတောင်းပြီး စားဝတ်နေရေးဖြေရှင်းနေရတာ၊ မိသားစုတွေဆိုရင် စားဝတ်နေရေးကိစ္စ ပိုပြီးဆိုးဝါးလာတဲ့အတွက် ထိုင်းထဲကို ထွက်ပြေးနေကြပြီ ´´ ဟု ဒေသခံ ဦးစိုင်းလုံက ဆိုသည်။

RCSS/SSAအဖွဲ့မှ လက်အောက်ငယ်သားတပ်ဖွဲ့ဝင်များသည် လစာ၊ ရိက္ခာပုံမှန်မရရှိမှုကြောင့် စားဝတ်နေရေးကြပ်တည်း လာပြီး တောထဲတောင်ထဲတွင် လှုပ်ရှားသွားလာမှုများကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရခြင်းကြောင့် ယခုကဲ့သို့ ထွက်ပြေး နေကြခြင်း ဖြစ်ကြောင်းလည်းသိရသည်။

`` အရင်တုန်းကဆိုရင် ရွာတွေကို ဆက်ကြေးကောက်၊ ရိက္ခာတောင်းပြီးစားနေကြတာ အဆင်ပြေကြပါတယ်၊ ဒါပေမယ့် ဒီဘက်ခေတ်မှာကျတော့ ဒေသခံတွေက အသိဥာဏ်တွေတိုးတက်လာပြီ၊ တောင်းသမျှဆက်ကြေး၊ ရိက္ခမပေးချင်တော့ဘူး၊ နောက်တစ်ချက်က လူသစ်စုဆောင်းမှုတွေကြောင့် မိသားစုတွေမှာ လုပ်ကိုင်ကျွေးမယ့် ယောင်္ကျားသားမရှိတာလဲပါတယ်၊ စားဝတ်နေရေးမပြေလည်တော့ သူတို့တောင်းတဲ့ဆက်ကြေးတွေ ရိက္ခတွေမပေးနိုင်တော့ဘူး၊ ခေါင်းဆောင်ပိုင်းက ချမ်းသာ ပြီးအောက်ကငယ်သားတွေက ဆင်းရဲနေတော့ ဒဏ်မခံနိုင်ဘဲထွက်ပြေးကြတာပါ ´´ ဟု ကျိုင်းတုံမြို့ခံ အစိုးရဌာနဆိုင်ရာ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

RCSS/SSAအဖွဲ့မှ ထွက်ပြေးတိန်းရှောင်သွားသော တပ်ဖွဲ့ဝင်များအားထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့်ချင်းရိုင်းမြို့အနီးဝန်းကျင် တစ်ဝိုက်တွင် လိုက်လံစုံစမ်းမှုများပြုလုပ်နေပြီး ဖမ်းဆီးမရမိပါက ၄င်းတို့၏မိသားစုများအား လူသစ်အဖြစ်အစားထိုးဝင်ခိုင်း မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရပါသည်။

စိုင်းအောင်ခမ်း

Posted via Blogaway

KIA အဖွဲ့မှ ရွှေမှော်များအတွင်း ဒီဇယ်နှင့် ဆန်ဆက်ကြေးငွေများကောက်ခံ

........

သြဂုတ်(၂၈)ရက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများ၌ ရွှေတူးဖော်နေသော မှော်များတွင် သြဂုတ် (၂၁)ရက်နေ့မှစကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဒီဇယ်နှင့်ဆန်းများအတွက် ဆက်ကြေးငွေများ ကောက်ခံနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါမြို့နယ်ရှိ ရှဒူဇွပ်ကျေးရွာ၊ လော့ဒ်ဂျာကျေးရွာ၊ ဂျာဝမ်ကျေးရွာများအနီးတစ်ဝိုက်တွင် ရွှေတူးဖော်နေသော လုပ်ငန်း ရှင်များ၊ ဈေးသည်များအား မှော်အတွင်း အသုံးပြုနေသော ဒီဇယ်၊တင်ပို့ရောင်းချသော ဆန်များအတွက် ဆက်ကြေးငွေ ကောက်ခံခြင်းဖြစ်ကြောင်း မှော်လုပ်သားတစ်ဦးက ပြောသည်။

`` လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်ကစပြီး ဒီဇယ်နဲ့ ဆန်တွေကို ဆက်ကြေးကောက်တယ်လို့ သိရတယ်၊ မှော်ထဲမှာ အသုံး များတာက ဒီဇယ်လေ၊ စက်ဆိုင်းတွေနဲ့ရွှေတူးတာဆိုတော့ ဒီဇယ်က မရှိမဖြစ်သုံးရတာပေါ့၊ အဲ့ဒီ ဒီဇယ်တွေကို KIA က ဆက်ကြေးတောင်းလို့ ပိုင်ရှင်တွေ

စိတ်ညစ်နေကြတယ် ´´ ဟု စက်ဆိုင်းအလုပ်သမားတစ်ဦးကဆိုသည်။

KIA အဖွဲ့မှ ရွှေတူးဖော်နေသော စက်ဆိုင်းပိုင်ရှင်များအား ဒီဇယ်တစ်ပေပါလျှင် (၅၀၀၀၀ိ/-)ကျပ်နှုန်းကောက်ခံမှုကြောင့် ဒီဇယ်ပေါက်ဈေးနှုန်းမှာ ကာလပေါက်ဈေးထက် အဆမတန်ဈေးမြင့်တက်နေကြောင်း စက်ဆိုင်းပိုင်ရှင်တစ်ဦးက ဆိုသည်။
`` ကျွန်မတို့က ရှဒူဇွပ်ရွာကပါ၊ မှော်တွေထဲမှာ ဆန်လိုက်ရောင်းရတာပေါ့၊ ထော်လာဂျီငှားရတယ်၊ မောင်းတဲ့သူငှားရတယ်၊ ဆီကလည်းကုန်တယ်၊ သိပ်မမြတ်ပါဘူး၊ လွန်ခဲ့တဲ့တစ်ပတ်ကစပြီး ကချင်စစ်သားတွေက ဆန်အတွက်ဆက်ကြေး လာကောက်လို့ အရှုံးပေါ်နေတယ် ´´ ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

မှော်အတွင်း ဆန်အိတ်များ လိုက်လံဖြန့်ဖြူးရောင်းချနေသော ဆန်ကုန်သည်များအား ဆန်တစ်အိတ်လျှင် (၁၀၀၀၀ိ/-)ကျပ် နှုန်း KIA အဖွဲ့မှ ကောက်ခံနေကြောင်း သိရသည်။
တနိုင်းမြို့ခံ ဆန်ကုန်သည်တစ်ဦးကတော့ 

`` မှော်ထဲမှာ လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ KIA ကို ဆက်ကြေး ပေးပြီး နေရတာ၊ အခုလည်းလူအတွက်တင်မကတော့ဘဲ ဒီဇယ်နဲ့ဆန်အတွက်ပါ ဆက်ကြေးကောက်တယ်ပြောတယ်၊ နောက်ဆိုရင် အိမ်မှာမွေးထားတဲ့ ကျွဲ၊နွားတွေ ၀က်တွေကြက်တွေကိုတောင် ဆက်ကြေးလာကောက်မလားမသိဘူး၊ ကြာလေအဲ့ဒီအဖွဲ့ကို ကြည့်မရလေပါပဲ၊ သေနတ်တကားကားနဲ့ပြည်သူဆီက လိုက်ပြီးတောင်းစားနေကြတာ ´´ ဟု ပြောကြားသွားခဲ့သည်။

ထွန်းလင်းနောင်

Posted via Blogaway