Sunday, September 28, 2014

"တောသူဆိုတာ တကယ့်ကိုရိုးတယ်"










အိမ်ဖော်ကောင်မလေးက ရိုးရိုးအေးအေးလေးနဲ့ တနေ့ကမှ
တော ကရောက်လာတာ
တစ်ရက်တော့... ...
သူဌေးလင်မယားရဲ့ အိပ်ခန်းကို သန့်ရှင်းရေး ဝင်လုပ်ပေး
နေရင်းနဲ့ သုံးပြီးသား ကွန်ဒုံတစ်ခု ကို တွေ့ပါလေရော. ...
တခါမှ မမြင်ဘူးတော့ ထူးထူးဆန်းဆန်းဖြစ်ပြီး အဲဒီကွန်ဒုံ
ကို ဖင်ပြန်ခေါင်းပြန် လှန်ပြီးကြည့်နေတယ်. ...

ဒါကို သူဌေးကတော်က တွေ့တော့ ငေါက်တော့တာပေါ့... ...
"ဟဲ့... စာဥ၊ အမ်မယ်... သေချာကြီး ကြည့်နေရအောင်
ညည်းတို့တောမှာရော လင်ယူသားမွေး မပြုကြဘူးလား"
ဒီတော့ စာဥက ပြန်ပြောတယ်... ...
"ပြုတော့ပြုတာပေါ့ အစ်မရယ်၊ ဒါပေမယ့် ဒီလို အရေခွံကြီး
ကျွတ်ထွက်လောက်အောင်ထိတော့ မသောင်းကျန်းဘူး"
"ဟင်..."

ဗန်းမောက်ရှိ ရွှေတွင်းကုမ္ပဏီမှ ပေါက်ကွဲမှုဖြစ်ပွား၍ တရုတ်နိုင်ငံသား နေရာတွင်သေဆုံး














စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ် မင်းကုန်းကျေးရွာ အုပ်စု လိပ်စော ကျေးရွာအနီး ဝက်ခေါက် ရွှေမှော်တွင် စက်တင်ဘာ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရုတ် နိုင်ငံသား တစ်ဦး သေဆုံး ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် အောင်ပြည့်သာ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ အဆောက်အအုံ ငါးလုံး၊ ဘက်ဟိုး မြေတူးယာဉ် တစ်စီး၊ သုံးဘီးဆိုင်ကယ် တစ်စီး၊ ဝီတိုတာယာဉ် တစ်စီး တို့ ပျက်စီးခဲ့ ရသည်။

ထို့ပြင် အဆိုပါ ကုမ္ပဏီရှိ တရုတ် နိုင်ငံသား တစ်ဦးမှာ ယင်း ပေါက်ကွဲမှုကြောင့် အသက် သေဆုံး ခဲ့ရသည်။ သေဆုံးသူ တရုတ် နိုင်ငံသားမှာ Tangyinbo ဆိုသူဖြစ်သည်။ ၄င်း၏ နေရပ်လိပ်စာမှာ Shaanxi ( China ) ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမောက် မြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြား သည့်အခါ မိုးကြိုး ထိမှန်၍ ကုမ္ပဏီ အဆောက်အအုံ များနှင့် လုပ်ငန်းသုံး ယာဉ်များ ပျက်စီးကာ လူတစ်ဦး သေဆုံးခဲ့ ရသည်ဟု အကြောင်းကြား ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းရဲစခန်းရှိ တာဝန်ရှိသူ တစ်ဦးမှ အတည်ပြု ပြောကြားသည်။

ထို့ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသို့ စခန်းမှူး ဒုတိယရဲမှူး ခင်မောင်ဝင်း၊ တုံပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း တို့နှင့် အဖွဲ့က သွားရောက် စစ်ဆေးသည့် အခါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကို စစ်ဆေး ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီလိုအခြေအနေတွေ ဖြစ်လာရင် လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ ...









ချစ်သူနှစ်ဦး အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ချစ်ရတဲ့အချိန်ထက် စိတ်ဆင်းရဲရတဲ့ အချိန်တွေက ပိုများနေသလိုပဲ။ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေများနေပြီဆိုတာ သိလိုက်ရတဲ့အချိန် ငါတို့လမ်းခွဲသင့်ပြီလားဆိုတဲ့ မေးခွန်းကလည်း ခေါင်းထဲမှာ တစ်ဖြည်းဖြည်းကြီးစိုးလာတယ်။ ခု အောက်မှာပြောပြပေးမယ့် အချက်အလက်လေးတွေ ကြုံလာရပြီဆိုရင်တော့ နှစ်ဦးသားလမ်းခွဲလိုက်ခြင်းဟာ အကောင်းဆုံးဖြစ်လိမ့်မှာပါ။ အဲ့ဒီလို မဟုတ်ပဲ ဆက်တွဲနေမယ်ဆိုရင်လည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အနာဂတ်ကို ရနိုင်ဖို့ မလွယ်ကူပါဘူး။

၁။ဘာမဟုတ်တာလေးတွေနဲ့ ခဏခဏရန်ဖြစ်ကြတယ်။

အတွဲတိုင်း ရန်ဖြစ်ဖူးကြပါတယ်။ ရန်ဖြစ်ပြီး ပြန်ညှိယူကြတဲ့အခါ အဆင်ပြေသွားပေမယ့် နောက်တစ်ခါ ထပ်ဖြစ်လည်း ဒီအကြောင်းအရာပဲဖြစ်နေတဲ့အပြင် ဘာမှမဟုတ်တဲ့ အကြောင်းအရာသေးသေးလေးတွေအတွက်လည်း နှစ်ဦးသား ခဏခဏကို ရန်ဖြစ်နေရတယ်ဆိုရင်တော့ ဒါဟာ သိပ်မဟန်တော့တဲ့ အခြေအနေဆိုတာကို ပြနေတာပါပဲ။

၂။အလုပ်က အချစ်ထက် ပိုပျော်စရာကောင်းလာတယ်။

လူတစ်ယောက်ကို သူ့ချစ်သူကို တကယ်ချစ်တယ်လို့ ခံစားရရင် နှစ်ဦးကြားက သံယောဇဉ်ကို ပိုပိုတိုးလို့သာ ချည်နှောင်လိုကြပါတယ်။ သင်ကတော့ အဲ့ဒီလိုမဟုတ်ပဲ အလုပ်ကတောင် သင့်ချစ်သူကိုတွေ့ဖို့ထက် ပိုပျော်စရာကောင်း၊ စိတ်ဝင်စားစရာကောင်းနေတယ်လို့ ခံစားနေရပြီဆိုရင် ကိုယ့်ဘာသာကိုယ်သာ ဘာ့ကြောင့်များလဲ ပြန်တွေးကြည့်လိုက်ပါ။

၃။သူလုပ်သမျှအရာရာတိုင်းဟာ သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာတွေချည်း ဖြစ်နေတယ်။

ကိုယ့်ရှေ့မှာ သူတစ်ခုခုလုပ်လိုက်တိုင်း ခေါင်းကိုက်ကိုက်သွားရတယ်။ သူရဲ့အပြုအမူ၊ အကျင့်နဲ့ အပြောအဆိုတွေကို ကြာလေကြာလေ စိတ်ပျက်လာလေပဲ။

၎။သူတို့အတူ ချစ်တင်းနှောဖို့ စိတ်မပါတော့ဘူး။

သူက ကိုယ့်အနားကပ်လာပြီဆိုတာနဲ့ ဆင်ခြေတွေ တစ်ခုပြီးတစ်ခုပေးပြီး ခွာသွားတတ်တယ်။ ကိုယ့်စိတ်ထဲမှာ သူနဲ့အတူ ချစ်တင်းနှောဖို့ ဘယ်လိုမှ စိတ်မပါတော့ဘူး။ စိတ်ကျဉ်းကျပ်မှုကိုပဲ ခံစားနေရတယ်ဆိုရင်လည်း ဒါဟာ သင်သူ့အပေါ် ချစ်စိတ်မရှိတော့လို့ပါ။

၅။သူငယ်ချင်းတွေနဲ့ချည်း ပျော်ချင်ပါးချင်နေမိတယ်။

ချစ်သူနဲ့တွေ့ရချိန်ဆို မျက်နှာက မသာမယာဖြစ်နေတတ်ပေမယ့် သူငယ်ချင်းတွေနဲ့ဆို ပျော်လိုက်တာမှ တစ်ဖက်ကမ်းရောက်နေတယ်ဆိုတာမျိုး၊ တစ်ပတ် တစ်ပတ် သူငယ်ချင်းတွေနဲ့ ချိန်းရတာအမော ဆိုရင်တော့ ဒါဟာကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ အချိန်ပါပဲ။

၆။တစ်ခြားတစ်ယောက်ကိုပဲ စိတ်ထဲရောက်နေမိတယ်။

ကိုယ့်ဘေးမှာ ချစ်သူရှိနေပါရက်နဲ့ ကိုယ့်စိတ်ထဲ တစ်ခြားတစ်ယောက်ရှိနေတာမျိုးဆိုရင်တော့ သူ့ကို ဖွင့်ပြောပြီးလမ်းခွဲလိုက်တာ ပိုကောင်းပါလိမ့်မယ်။

၇။သူ့အတွက် တစ်ခုခု လုပ်ပေးရတာမျိုးကို စိတ်မ၀င်စားဘူး ဖြစ်နေတယ်။

သူ့အလုပ်ကို ခေါ်တာမျိုးတွေ မသွားချင်ဘူး။ သူ့မိသားစုနဲ့ ဒင်နာစားဖို့ခေါ်ရင်လည်း အပိုအလုပ်လို့ တွေးမိတယ်။ သူ့သူငယ်ချင်းတွေနဲ့လည်း လိုက်မတွေ့ချင်တော့ဘူးဆိုရင် ဒါဟာ သင်သူ့အပေါ် စိတ်ဝင်စားမှုမရှိတော့ဘူးဆိုတာ သေချာနေလို့ပါ။

၈။နှစ်ဦးသားအနာဂတ်ကို ဘယ်လိုမှ ကြိုမြင်ကြည့်လို့ မရဘူး။

အသက်ကြီးလာရင် ဘယ်လိုလေးဆိုတဲ့ အတွေးမျိုး မရှိဘူး။ စဉ်းစားကြည့်လိုက်တိုင်းလည်း အနာဂတ်ဟာေ၀၀ါးနေတယ်ဆိုရင်တော့ ဒါဟာ သင့်သူ့အပေါ် ရေရှည်စိတ်ကူးထားတာမျိုး မရှိလို့ပါပဲ

Saturday, September 27, 2014

Ooredoo စမတ်ဖုန်း ၀ယ်ယူသူများအား ကျပ် (၃၀၀၀၀) ဖိုး ငွေပြန်ဖြည့်ပေးမည်











 Ooredoo မှ ငွေကျပ် (၃၈၀၀၀) တန် စမတ်ဖုန်းအား ၀ယ်ယူသူများကို ကျပ် (၃၀၀၀၀) ဖိုးတိတိ ငွေပြန် ဖြည့်ပေး မည် ဖြစ်ကြောင်း Ooredoo Myanmar မှ ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညို က ပြောသည်။ အဆိုပါ စမတ်ဖုန်း များ အား လာမည့် အောက်တိုဘာလတွင် စတင် ရောင်းချပေး သွားမည် ဖြစ်သည်။ ယင်း စမတ်ဖုန်းမှာ Ooredoo မှ ထုတ်လုပ် သည့် 3G ဆင်းကတ် များဖြင့် အသုံးပြု နိုင်မည် ဖြစ်ကာ ဖုန်း အရွယ် အစား မှာ လေးလက်မခန့် ရှိကြောင်း သိရသည်။ ပြည်သူတွေကို အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးနေတာပါ။ ဟန်းဆက် ၀ယ်သူ တွေ ကို ငွေပြန် ဖြည့်ပေးမယ်။ ကတ် ကတော့ Ooredoo ဆင်းကတ်ကို သုံးမှရမယ် ဟု ဒေါ်သီရိကြာညို က The Messenger Media သို့ ပြောသည်။

Tuesday, September 16, 2014

"ဦးရွှေရိုးနှင့် ဒေါ်မိုးအက" ဘယ်ကစ


ရှင်ပြုအလှူမင်္ဂလာပွဲများ စီတန်းလှည့်လည်ရာတွင် အိုးစည်ဒိုးပတ်ဝိုင်းများ ပါဝင်လေ့ရှိပြီး မြူးကြွသွက်လက် သော အိုးစည်ဒိုးပတ် သံများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မကြာခဏမြင်တွေ့ကြရသည်။ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ ပါးစပ် တစ်ပြိုင်နက် လှုပ်ရှား၊ တီးလုံးတီးကွက်များဖြင့် စည်းဝါးတကျ ဟာသလေးတွေနှောပြီး ကပြကြသည်မှာ ဘယ်ခါကြည့်ကြည့် မရိုးနိုင်။ မြန်မာတို့၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဂီတ၊ မူပိုင်ကကွက်ဖြစ်သည့် အတွက် မြန်မာ့ယဉ်ကျေးမှု ပြယုဂ်တစ်ခု အဖြစ် ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ သို့ဖြစ်သောကြောင့် နိုင်ငံတော်အဆင့် ဖျော်ဖြေတင်ဆက်ရသည့် ဧည့်ခံပွဲကြီးများ၊ နိုင်ငံရပ်ခြားသို့ ချစ်ကြည်ရေးအရ လှည့်လည်ကပြရ သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲများတွင် ထိုအကကို ထည့်သွင်းကပြလေ့ရှိသည်။

ထိုအက ဘယ်ကစ မြန်မာ့ယဉ်ကျေးမှုအနုပညာကို မြတ်နိုးတန်ဖိုးထားသူများ သိချင်ကြပေလိမ့်မည်။ ထိုအက ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၉၀)ကျော်ခဲ့ပြီ။ ၁၉၂၀ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက် ခဲ့ရာ ၁၉၂၃ ခုနှစ်တွင် မြန်မာအဆွေဖလင် (နောင်သော် ဗ-၁ ဖလင်)မှ ဒါရိုက်တာ ဦးညီပု (မောင်ဘဌေး) ရိုက်ကူး ခဲ့သော တောမြိုင်စွန်က လွမ်းအောင်ဖန် အသံတိတ်ရုပ်ရှင် ဇာတ်ကားတွင် ဦးညီပု၏ ယောက်ဖတော်စပ်သူ ထိုစဉ်က ကာတွန်းအကျော်အမော် ဦးဘကလေးက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ပြီး ဒေါ်မိုးဆိုသူနှင့် တွဲဖက်ကပြခဲ့သည်။ ထိုဇာတ်ကားတွင် မင်းသားဦးညီပု၊ မင်းသမီးမခင်သစ်၊ ဦးဘကလေးက ဇာတ်ပို့၊ ဇာတ်လမ်းမှာ သတ္တုရှာဖွေရေး သမား လူငယ်တစ်ဦးနှင့် ဥစ္စာစောင့်မလေးတို့၏ ဒဏ္ဍာရီ ဆန်ဆန်အချစ်ဇာတ်လမ်း၊ ရုပ်ပြောင်းရုပ်လွှဲမိတ်ကပ် ပညာများ၊ ကင်မရာလှည့်စား (Camera Trick)များ၊ အထူးပြုလုပ်ချက် (Special Effect) များ ပေါင်းစပ်ပြီး အချစ်၊ အလွမ်းနှင့် ဟာသဇာတ်ကွက်များ ပုံဖော်ရိုက်ကူး ခဲ့ရာ ထိုကာလက အထူးပင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။ မင်းသားဦးညီပုမှာ သတ္တုရှာဖွေရေး သမား မောင်ဘဌေးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပီပြင်သည့် အတွက် ဦးညီပုသည် မောင်ဘဌေးအဖြစ် လည်းကောင်း၊ ဦးဘလေးသည် ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပရိသတ် အကြိုက်တွေ့ခဲ့ သည့်အတွက် ဦးဘလေးသည် ဦးရွှေရိုးအဖြစ် လည်းကောင်း အမည်တွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မင်းသမီး၏ အထိန်းတော် ဒေါ်မိုးကို ဦးရွှေရိုးက နောက်ပိုးသောအခန်းမှာ ပရိသတ်များကား တဝါးဝါး၊ တဟားဟား၊ ဦးရွှေရိုးက ဒေါ်မိုးကို ရေပြွန်တိုနှင့် ရေလိုက်ပက်သည့်အခန်းတွင် နန်းတော်ရှေ့ဆရာတင်၏ တေး သီချင်းက ရုပ်ရှင်ပိတ်ကားရှေ့တီးဝိုင်းမှ အားဖြည့်ပံ့ပိုး ပြန်သည့်အတွက် ဦးရွှေရိုးနှင့် ဒေါ်မိုးဇာတ်ဝင်ခန်းမှာ မြူးကြွ သွက်လက်ပြီး ပရိသတ်များ စွဲမက်မဆုံး တပြုံးပြုံး၊ ရုပ်ရှင်ကား ပြီးသွားသော်လည်း ပရိသတ် ပါးစပ်ဖျား တွင် မပြီး၊ အပ်ကြောင်းထပ်မျှ ပြောကြဆိုကြ။ ခေါင်းပေါင်း တလူလူ၊ မျက်ခုံးမွှေးတထူထူ၊ နှုတ်ခမ်း မွှေးတကားကား၊ မာဖလာလည်စည်းပဝါ တဖားဖား၊ တောင်ရှည်ပုဆိုးကွက်ကြားနှင့် ပုသိမ်ထီးဆောင်း ထားပြီး ထီးကို နောက်ကျွမ်းပစ်သကဲ့သို့ ပတ်လည်လှည့်ကာ ဝေ့ကာ ဝိုက်ကာ နှုတ်ခမ်းမွှေးက တလှုပ်လှုပ်တရွရွ၊ ခန္ဓာကိုယ်ကိုယိမ်းလိုက် နွဲ့လိုက်၊ ရှေ့တိုးနောက်ဆုတ်၊ အဖိုးကြီးတစ်ဦး ကဲ့သို့ ကွတကွတ ထီးကလေး တမမဖြင့် ကပြသွားပုံများမှာ ကကွက်တစ်မျိုးနှင့်တစ်မျိုး မရိုး၊ အိုးစည်ဒိုးပတ်များနှင့် အညီ စည်းဝါးတကျ ကခုန်သွားကြသည်မှာ ပညာသားပါလှ၏။ တွဲဖက်ကပြသူ ဒေါ်မိုးကလည်း ဦးရွှေရိုးနှင့် အပြိုင် အပေးအယူ အချိတ်အဆက် အတိုင်အဖောက် ညီလှ၏။

အပြောင်/အပြက်ဟုဆိုသော်လည်း ကြုံသလို လှုပ်ခါရမ်းပြီးမရ၊ စည်းဝါးတကျ ဟန်ပန်အမူအယာ ကကြိုးကကွက် ပီပြင်စွာ ရုပ်လုံးကပြရသည်။ သာမန်ကတတ်သူတို့ ထိုအကကို ရုတ်တရက်မကရဲ။ ရဲတင်းဖို့လိုသည်။ လက်ချင်းချိတ်ပြီး ဆွဲမွှေ့ဆွဲပစ်လိုက်သောအခန်း တင်ချင်း ပေါက်ကပြရသော အခန်းတို့မှာ ရဲရဲဝံ့ဝံ့ပီပြင်စွာကပြပါက အလွန်ကြည့်ကောင်းပြီး အနုပညာရသ မြောက်သော ယဉ်ကျေးမှုကကွက်ဖြစ်လေသည်။ သို့ဖြစ်သောကြောင့် ဦးရွှေရိုးနှင့် ဒေါ်မိုးအက "တောမြိုင်စွန်က လွမ်းအောင် ဖန်" ဇာတ်ကားမှ စသည်ဟု ဆိုပါရစေ။

တင့်လွင်ဦး (စီးပွားရေး တက္ကသိုလ်)


မိုးညှင်းသတင်းအဖွဲ့ blog လိပ်စာ www.mohnyinnews.blogspot.com သတင်းပေးပို့ရန်gmailလိပ်စာ mohnyinnewsnow@gmail.com

မိုးညှင်းကမကောင်းမှု့လုပ်နေသူများဖတ်ရန်“ငရဲသက်တမ်းနဲ့ လူ့သက်တမ်းနှိုင်းယှဉ်ခြင်း”


မေး။ ။ လူ့ပြည်နဲ့ ငရဲပြည်ဆို အချိန်ဘယ်လိုတွက်ရပါသလဲ။ဥပမာ လူ့ပြည် နှစ် ၁၀၀ ဆို
ငရဲပြည်မှာ ဘယ်လောက်လဲဆိုတာဖြေပေးပါအုံး။

ဖြေ။ ။(၁)။ သိဉ္ဇိုဝ်ငရဲ- ငရဲခန္ဓာကိုယ်ကြီး ပျက်စီးသွားလိုက်အသစ်ပြန်ဖြစ်လိုက်နဲ့ အဖန်ဖန်အသက်ရှင်ခံရသော ငရဲ။ငရဲသက် နှစ် ၅၀၀။ လူ့သက် အနှစ်ကိုးသန်း။

(၂)။ ကာဠသုတ်ငရဲ- ခန္ဓာကိုယ်ကို ပဲခွပ်ဓါးမတို့ဖြင့်အစိတ်စိတ်အမြှောင်မြှောင် ရွေဖြတ်ခံရသော ငရဲ။
ငရဲသက် ၁၀၀၀။ လူ့သက် သုံးကုဋေခြောက်သန်း။

(၃)။ သင်္ဃာတငရဲ- အရပ်ရှစ်မျက်နှာမှ လာကုန်သောတောင်ကြီးတို့သည် ကြိတ်ချေသတ်ခံရသော ငရဲ။
ငရဲသက် ၂၀၀၀။ လူ့သက် ဆယ်လေးကုဋေလေးသန်း။

(၄)။ ရောရုဝငရဲ- နာကျင်ဆင်းရဲသောအသံဖြင့်အလွန်အကဲအော်ဟစ်ငိုကြွေးခံရသောငရဲ။
ငရဲသက် ၄၀၀၀။လူ့သက် ငါးဆယ်ခုနစ်ကုဋေ ခြောက်သန်း။

(၅)။ မဟာရောရုဝငရဲ- ရောရုဝငရဲထက်လွန်ကဲကြီးမားစွာ ခံရသောငရဲ။ ငရဲသက် ၈၀၀၀။
လူ့သက် နှစ်ရာသုံးဆယ်ကုဋေ လေးသန်း။

(၆)။ တာပနငရဲ- အလွန်ပူပြင်းစွာ လောင်ခံရသောငရဲ။ငရဲသက်၁၆၀၀၀။လူ့သက်ကိုးရာနှစ်ဆယ်တစ်ကုဋေ ခြောက်သန်း။

(၇)။ မဟာတာပနငရဲ- တာပနငရဲထက်လွန်စွာပူလောင်ခြင်းခံရသောငရဲ။
ငရဲသက် အန္တရကပ်ထက်ဝက်။ လူ့သက်အားဖြင့်အသင်္ချေယျတန်းမှ ၁၀ နှစ်တန်းထိ။

(၈)။ အဝီစီငရဲ- ငရဲသားတို့ အကြားအလပ်မရှိ ပြည့်ကျပ်နေပြီး၊ဆင်းရဲဒုက္ခ အမြဲမပြတ် တရစပ်ခံရသောငရဲ။
ငရဲသက် အန္တရကပ်တစ်ကပ်။

အန္တရကပ်တစ်ကပ်ဆိုတာ လူတို့သက်တမ်း ၁၀ နှစ်တမ်းမှအသင်္ချေယျတန်းထိ။ အသင်္ချေယျတမ်းမှ ၁၀ နှစ်တန်းထိ“တက်ကပ်ဆုတ်ကပ်တစ်စုံ”ကို ခေါ်ဆိုခြင်း ဖြစ်သည်။
အဝီစိငရဲမီးကို လူတစ်ယောက်သည် မိုင် (၈၀၀) မှကြည့်ရှု့ပါက မျက်လုံးပေါက်ထွက်သွားနိုင်သည်။

(ကျမ်းညွှန်း။ သုတ္တ။ ဋ္ဌ။ ဒု။ ၂၀၀။မဟာသုတဒီပနီကျမ်း။ ပ။ နှာ။ ၇၈။)

【အရှင်ကောမလ】


မိုးညှင်းသတင်းအဖွဲ့ blog လိပ်စာ www.mohnyinnews.blogspot.com သတင်းပေးပို့ရန်gmailလိပ်စာ mohnyinnewsnow@gmail.com

Sunday, September 14, 2014

ဘင်္ဂါလီကိစ္စဖြင့်ကျော်စောနေသော KIA အဖွဲ့လူသစ်စုဆောင်းမှုများ ဆက်လက်ကျူးလွန်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး တတိယမူကြမ်းကို KIA ပါဝင်သော NCCT နှင့်အစိုးရ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် လူသစ်စုဆောင်းမှုများ KIA ပြုလုပ်နေခြင်းက ငြိမ်းချမ်း ရေးလမ်းစဉ်ကို ဆန့်ကျင်လျက်ရှိကြောင်းတွေ့ရသည်။ KIA အဖွဲ့အနေဖြင့် ဗိုလ်မှူးကြီး ဂျိမ်းလွန်းဒေါင်နှင့် RSO မှဦးမောင်ထွန်းနုဦးစီး ရိုဟင်ဂျာ(၃)ဦးတို့တွေ့ဆုံပြီး KIO နယ်မြေ တွင်ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ အခြေချနေထိုင်ခွင့်ပြုရေးတောင်းဆိုမှု ရုပ်သံမှတ်တမ်း onlineပေါ်တွင်ပျံ့နှံ့လာမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အားလုံး၏ စောင့်ကြည့်ခြင်းကိုခံနေရပြီဖြစ်ကြောင်း NCCT တွင်ပါဝင်သော လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက ပြောသည်။ ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ စက်တင်ဘာ ၁၁ ရက်နေ့တွင် KIA အဖွဲ့မှ ကျေးရွာတစ်ရွာ လျှင်လူသစ်(၃)ဦးနှုန်းပေးရန် လိုက်လံစုဆောင်းနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။ “တစ်ရွာကို လူသစ်(၃)ဦးတောင်းတယ်၊ (၈)တန်းအောင်အဆင့်ရှိတဲ့ လူငယ်တွေဖြစ်ရမယ်ဆိုပြီး ကန့်သတ်ထားတယ်၊ ဘယ်သူမှမ၀င်ချင်ကြဘူး၊ သူတို့အဖွဲ့က ဒေသခံတွေမလုပ်ချင်တဲ့ အလုပ်တွေကို ဖိအားပေးနေတော့ ထွက်ပြေးတိမ်းရှောင် သူတွေများနေတာပေါ့” ဟုမိုင်းခေါင်ရွာသားတစ်ဦးက ပြောသည်။ KIA အဖွဲ့မှ စုဆောင်းထားသော လူသစ်များကို စက်တင်ဘာ ၂၀ ရက်နေ့အပြီး ပေးရမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ၀န်ဂေါဘွမ်တွင် စစ်သင်တန်းဖွင့်လှစ်မည်ဖြစ်၍ ဒေသခံလူငယ်များအား အတင်းစုဆောင်းနေကြောင်း သိရသည်။ KIA အဖွဲ့သည် အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနည်းတူ အစိုးရနှင့်ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်မထိုးနိုင်သော အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ ကျူးလွန်မှုများကြောင့် KIA ၏ပုံရိပ်ကိုဆက်လက်ကျဆင်းစေဦးမှာဖြစ် ကြောင်းငြိမ်းချမ်းရေးကို အကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသွားခဲ့သည်။ ဇော်မိုင် Kachin Daily News

မိုးညှင်းသတင်းအဖွဲ့ blog လိပ်စာ www.mohnyinnews.blogspot.com သတင်းပေးပို့ရန်gmailလိပ်စာ mohnyinnewsnow@gmail.com


မိုးညှင်းသတင်းအဖွဲ့ blog လိပ်စာ www.mohnyinnews.blogspot.com သတင်းပေးပို့ရန်gmailလိပ်စာ mohnyinnewsnow@gmail.com