၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့်မိုးညှင်းမြို့နယ်၌ကျေးလက်တံတား ၃၁ စင်းတည်ဆောက်သွားပါမည် အဆိုပါတံတားများအနက်အရှည်ပေ ၁၈၀ အကျယ် ၁၈ ပေ အမြင့် ၁၈ ပေ ရှိသောမော်ဟန်လေးတန်ချောင်ကူး သံကူကွန်ကရစ် တံတားကိုငွေကျပ်သန်း ၄၀၀ အကုန်အကျခံတည်ဆောက်သွားပါမည် မိုးညှင်းမြို့နယ်အတွင်း၌ကျေးလက်တံတား ၃၁ စင်းအတွက်ငွေကျပ် ၆၉၆ ဒသမ ၈၅၀ ခန့်မှန်းကုန်ကျပါမည် ကချင်ပြည်နယ်အနေဖြင့် ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်အတွက် ၎င်းရန်ပုံငွေမှ ၁၅ ဘီလီယံ အသုံးပြုသွားပါမည်
No comments:
Post a Comment