လိုင်ဇာမှာ တာဝန်ထမ်းဆောင်တဲ့ ကျွန်တော့်သူငယ်ချင်း KIA အရာရှိတစ်ယောက် ပြောဖူးတဲ့ စကား ရှိပါတယ်။ “ ငါတို့ ကချင်မိန်းကလေးတွေကို ဖျက်ဆီးနေတာ ဘယ်သူမှ မဟုတ်ဘူး၊ ပိုက်ဆံရှိတဲ့ ဘိုးတော်တွေ ” ဆိုတဲ့ စကားပါပဲ။ အဲဒီစကား သွေးထွက်အောင် မှန်ပါတယ်။ လိုင်ဇာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကချင်စစ်သမီး တွေဟာ တစ်လကို လစာ ၁၀၀၀၀ ကျပ်ပဲ ရပါတယ်။ မိန်းကလေးပီပီ ၀တ်ကောင်းစားလှတွေ ၀တ်ချင်၊ သုံးချင် စိတ် ရှိကြတယ်လေ။ အဲဒီတော့ ငွေကြေးတတ်နိုင်တဲ့ ယောက်ျားတွေ အထူးသဖြင့် တရုတ်ဘက်ကမ်းက ကားမောင်းတဲ့ တရုတ်တွေကို ကပ်စားတာ များတယ်။ ဘယ်လောက်ရင်နာဖို့ ကောင်းလိုက်သလဲဗျာ။ ဒါ့ပြင် လိုင်ဇာမှာ ရဲဘော်တွေရော၊ ရဲမေတွေရော လစာအဖြစ် တစ်လ ၁၀၀၀၀ ကျပ်ပဲ ရပါတယ်။ ရိက္ခာစရိတ် ဆိုပြီး ၁၀၀၀၀ ထပ်ပေးပါသေးတယ်။ စဉ်းစားကြည့်ကြပါဦး။ အဲဒီငွေလေးနဲ့ ဘယ်လိုသုံးစွဲမလဲ။ မိန်းကလေး တွေက ပိုပြီး ပျက်စီးကြပါတယ်။ KIO/KIA ခေါင်းဆောင်ကြီးတွေဟာ ကိုယ့်အောက်က မိသားစုတွေရဲ့ နေရေး ထိုင်ရေး၊ စားဝတ်နေရေး ဘယ်လိုဖြေရှင်းနေတယ်ဆိုတာ မေးမြန်းပုံမပေါ်သလို သိသိကြီးနဲ့ မသိချင်ယောင် ဆောင်နေတယ်လို့ပဲ ပြောချင်ပါတယ်။ KIA ထဲမှာ အမှုမထမ်းဘဲ အပြင်မှာ စီးပွားရေးလုပ်စားဖို့ကလည်း တကယ်မလွယ်ပါဘူး၊ တစ်အိမ်တစ်ယောက် အမှုထမ်းရမယ်ဆိုတဲ့ ဥပဒေကလဲ ရှိသေးတယ်။ မထမ်းလို့လဲ မရဘူး။ အိမ်အထိ လာဆွဲပြီးတော့ကို စစ်မှုထမ်း ခိုင်းတာပါဗျာ။ တချို့ဆိုရင် KIA ထဲ မ၀င်ချင်လို့ တရုတ်ပြည်ထဲထွက်ပြေးပြီး အလုပ်သွားလုပ်နေကြတဲ့ လူတွေ အများကြီး ရှိတယ်။ ပိုက်ဆံရှိတဲ့ သူတွေကတော့ မွေးလာတဲ့ သားသမီးကို KIA ထဲ မ၀င်စေချင်တာကြောင့် မြစ်ကြီးနားလို နေရာမျိုး၊ ဗန်းမော်လို နေရာမျိုးကို ပြောင်းသွားကြတော့တာ။ မှန်ပါတယ်။ ကိုယ့်သားသမီး အရွယ်ရောက်လာ ရင် KIA ထဲ ၀င်ခိုင်းရမှာ ဘယ်မိဘက လိုလားပါ့မလဲ၊ ကြည်ဖြူပေးချင်ပါ့မလဲ။ ကိုယ်ချင်းစာမိပါတယ်။ ဒါ့ကြောင့် KIO/KIA နဲ့ အဝေးဆုံးနေရာမှာ သွားနေတာ အန္တရာယ်ကင်းပါတယ်။ ရဲမေတွေ ကိစ္စပြန်ဆက်ရရင် လစာ ၁၀၀၀၀ ပဲရတဲ့အတွက် ပိုက်ဆံချမ်းသာတဲ့ ကိုယ့်အဖေအရွယ် အဘိုးကြီး တွေကို ကပ်ကြတော့တာ။ ပြီးရင် အပျော်မယားဖြစ်၊ အဲဒီ သံသရာထဲကနေ ရုန်းမထွက်နိုင်သေးပါဘူး။ ကြာလာတော့ အဲဒီ လူချမ်းသာကြီးတွေက ရိုးအီပြီး သူတို့ကို ကန်ထုတ်ပစ်တာပဲလေ။ နောက်ပိုင်းမှာတော့ အဲဒီ ကောင်မလေးတွေခမျာ တရုတ်ကို အလုပ်သွားလုပ်ပေမယ့် အရင်အကျင့်က ပြင်မရတော့ဘူး။ တရုတ်တွေကို ကပ်ရင်း တရုတ်မယားငယ် ဘ၀ရောက်သွားရပြန်ပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်က တရုတ်တွေက ကချင်မလေးတွေ လွယ်လွယ်ရတယ်ဆိုပြီး အပျော်အပျက် စကားပြောလာကြတော့တာပဲ။ အဲဒီ စကားကြားရင် ကျွန်တော် ရင်အရမ်းနာပါတယ်။ ကိုယ့်ရဲ့ ပြည်နယ်သူ၊ တစ်နည်းအားဖြင့် သားကောင်းမိခင်ဖြစ်လာမယ့် အနာဂတ်မိန်းမပျိုလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးပစ် နေတာ ဘယ်သူတွေပါလဲ။ တရုတ်တွေက ငွေပေးပြီး ကချင်မလေးတွေရဲ့ ခန္ဓာကိုယ်ကို ၀ယ်တာပါ။ အမှန်တကယ် ကချင်မလေးတွေရဲ့ ဘ၀တစ်ခုလုံးကို ရစရာမရှိအောင် လုပ်နေတာကတော့ အရင်းစစ်တော့ အဖျားပေါ်ဆိုသလို ကျွန်တော်တို့ရဲ့ KIO/KIA ခေါင်းဆောင်ကြီးတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင် ပြည်နယ်သူတွေကို စက်ဆုပ်ရွံ့ရှာစရာကောင်းလှတဲ့ KIO/KIA ခေါင်းဆောင်ကြီးတွေရဲ့ အသုံးချခံ ဘ၀တွေ ကနေ လွတ်မြောက်စေချင်ပါပြီဗျာ။ ဘုရားသခင် စောင့်ရှောက်တော်မူခြင်းကို ခံယူရရှိပါစေ။ KIO/KIA အတွင်းရေးများ အပိုင်း(၅)အား ဆက်လက်ဖော်ပြပါမည်။ ဘရန်စန်အောင်
No comments:
Post a Comment