Android OS တွင် Lock Screen Password ကို ရှည်လျားစွာ ပေးမိပါက အလိုအလျောက် ပွင့်တတ်ကြောင်း တွေ့ရှိ
Android OS အသုံးပြုထားသည့် မိုဘိုင်းလ်ဖုန်းများနှင် Tablet များတွင် Lock Screen Password ကို ရှည်လျားစွာ ပေးမိပါက Error တက်ကာ Password မမှန်သော်လည်း Unlock ဖြစ်သွား တတ်သည်ကို တွေ့ရှိခဲ့ကြောင်း BBC သတင်းဌာနမှ ဖော်ပြသည်။
အမေရိကန်နိုင်ငံ တက္ကဆက်တက္ကသိုလ်မှ ပညာရှင်များ ပူးပေါင်းပြုလုပ်ခဲ့သည့် သုတေသနတစ်ခု အရ ရှည်လျားသည့် Password များမှာ Android OS ၏ နောက်ကွယ်မှ အလုပ်လုပ်နေသော လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အဆင်မပြေမှုများ ဖြစ်ပေါ်ကာ Error တက်ခြင်း ဖြစ်သည်ဟု တွေ့ရှိခဲ့သည်။ Error တက်ပါက အဖြစ် အများဆုံး အကျိုး ဆက်မှာ Screen Unlock ဖြစ်သွားခြင်း ဖြစ်ပြီး သုံးစွဲသူများ အတွက် လုံခြုံရေးဆိုင်ရာ အခက်အခဲ ဖြစ်နေသည်ဟုလည်း တက္ကဆက်တက္ကသိုလ် သုတေသနအဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ သို့သော် အဆိုပါ Error မှာ Android OS ၏ ကျန် Version များထက် Lollipop Version တွင် အများဆုံး ဖြစ်လေ့ ရှိကြောင်း တွေ့ရှိခဲ့သည်။ Android OS အသုံးပြုထားသော မိုဘိုင်းလ်ဖုန်းနှင့် Tablet သုံးစွဲသူများ အနက် ၄၉ ရာခိုင်နှုန်းခန့်သာ Lock Screen Password အသုံးပြုလေ့ ရှိပြီး Lock Screen Password ပြုလုပ်ရာတွင်လည်း Pattern Lock ထက် Alphabetical Password များက လုံခြုံမှု ပိုရှိကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment