မြန်မာပြည်အထက်ပိုင်း မိုးများ ရေကြီး
မြန်မာပြည်အထက်ပိုင်းမှာ မိုးများနေပြီး တနိုင်းမြစ်နဲ့ ချင်းတွင်းမြစ်ရေ တိုးတာကြောင့် စစ်ကိုင်းတိုင်း ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေ အပါအ၀င် ဒေသတွင်း ကျေးရွာပေါင်း ၁၀၀ ကျော်လောက်မှာ ရေ၀င်နေပြီး လူတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရပါတယ်။
ခန္တီးမှာ ရေဘေးဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားပြီး လူဦးရေ ၂ ထောင်ကျော်လောက်ကို နေရာချပေးထားတယ်လို့ မြန်မာအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ခန္တီးမြို့အမြင့်ဘက်ပိုင်းမှာ ရေအမြင့် ခြေသလုံးတ၀က်လောက်ထိ ရေ၀င်နေ
ပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေမြှပ်နေပြီး အဆိုးဆုံးနေရာတွေမှာ အိမ်လုံးကျွတ်မြှပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment