Tuesday, September 1, 2015

“စစ်ကိုင်းနဲ့ကချင်မှာ မိုးကောင်းနေ၍ မြေပြိုနိုင်သည် “

“စစ်ကိုင်းနဲ့ကချင်မှာ မိုးကောင်းနေ၍ မြေပြိုနိုင်သည် “

စက်တင်ဘာလ ၁ ရက်၊ ၂၀၁၅

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မိုးကောင်း နေသောကြောင့် ရေလွှမ်းမိုးမှုမြင့်တက်လာကာ မြေပြိုမှုအန္တရာယ်ရှိနေသည် ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် ယနေ့နံနက်က သတိပေးထားသည်။

အမေရိကန်နိုင်ငံ အမျိုးသားမိုးလေ၀သအေဂျင်စီ နာဆာဂြိုဟ်တုများ၏ ယနေ့နံနက် တိုင်းတာချက်များကို အခြေခံ၍ ဒေါက်တာထွန်းလွင်က သတိပေးခြင်းဖြစ်သည်။

" ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းအစွန်းဒေသတွေ မှာ (၃)ရက် မိုးဆက်တိုက်ရွာခဲ့တယ်။ မြေပြိုမှုအလားအလာတွေက အလွန်ဖြစ်နိုင်ခြေရှိ(very Likely Condition) အခြေအနေဖြစ်နေပါတယ်" ဟု ဆိုသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ် ဖားကန့်ဒေသ၌ မိုးအဆက်မပြတ်ရွာ သွန်းပြီး လူနေရပ်ကွက်များအတွင်း ရေ ၇ ပေခန့်အထက် နစ်မြုပ်နေ သည်မှာ ၃ ရက် ရှိပြီဖြစ်၍ ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် စိုးရေရေမှတ်သို့ တက်လာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

7 Day


No comments:

Post a Comment