Saturday, September 19, 2015

ဖုန်းပြောနေစဉ် လျှပ်စီးဝင်၍ သေဆုံး

ဖုန်းပြောနေစဉ် လျှပ်စီးဝင်၍ သေဆုံး
Saturday, September 19, 2015
ချမ်းအေးသာစံ မြို့နယ်တွင် ပန်းရံလုပ်သား တစ်ဦး ဖုန်းပြောနေစဉ် လျှပ်စီးဝင်၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲရုံးထံက သိရသည်။
ယခုလ(၁၇)ရက်နေ့ ည(၉း၀၀) အချိန်တွင် ချမ်းအေးသာစံ မြို့နယ်၊ (၇၃) လမ်း (၃၀x၃၁)လမ်းကြား မန္တလေး ဆေးတက္ကသိုလ်ဝင်း အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းမှ ပန်းရံလုပ်သား မျိုးရန်နိုင်ထွန်း(၁၉)နှစ်သည် ဖိနပ်မစီးဘဲ အဆောက်အဦ နံရံသံတိုင်ကိုင်၍ ဖုန်းပြောနေစဉ် ၎င်းအနီး ပြုတ်ကျနေသော လျှပ်စစ်ကြိုးမှ လျှပ်စစ်စီးဝင်းပြီး ဓာတ်လိုက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အမှုအား မြို့မစခန်း(ချမ်းအေးသာစံ) သေမှုသေခင်း အမှတ်စဉ် ၁၀/၂၀၁၅ ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိသည်။
Messenger News Journal



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment