Friday, September 11, 2015

ဘယ်သူတွေ အမြင်ကျဉ်းသလဲ။

ဘယ်သူတွေ အမြင်ကျဉ်းသလဲ။

မနေ့က ဖီးဖီး ကစတေးတပ်စ်တစ်ခုတင်သည်
သူသည်လည်း NLD ဒေါ်စု ပါဘဲ သို့ပေမဲ့
Profile မပြောင်း ချင် သည်ကို ပင် မကောင်းဝိုင်းပြောခံရ၍
စိတ်မကောင်းဖြစ်ဟန်တင်လေသည်။

၅၉ (စ) ပြင်တော့ စိုင်းစိုင်းက အစက လက်မှတ်မထိုး ချင်
အနုပညာသမားနဲ့ နိုင်ငံရေး မရောလိုသည့်သူ့သဘောကို
ကျနော်တို့ကတော့ နားလည်ပါ၏။

သို့သော် NLD die hard များက လုံးလုံးမရ
ဝိုင်းဝန်း ကာ pressure ပေး ဆဲဆိုလိုက်ကြသည်။
နောက်တော့ သူလဲ
ဘာကြောင့်မှန်း တော့မသိ ထိုးဖြစ်ပေသည်။

ထိုအခါမှ လေသံပြောင်းကုန်ကြသည်။
အံ့သြစရာက ပြည်ခိုင်ဖြိုး စစ်တပ်မှသူများ
ဆဲဆိုသည်ကိုတော့ မကြားရပေ။

ထိုနည်းတူစွာ
IC လေးဖြူတို့ NLD မထောက်ခံရကောင်းလားဟု
နင်ပဲငဆပြောကာ အမေစုအတွက်
အသက်ပင်သေသေ အနုပညာသမားက
IC နဲ့ လေးဖြူ တို့ ကို စိန်ခေါ်လေသည်။

ထို အပြုမူမျိုးကို ဒီမိုကရက်တစ်ဆန်သည်ဟု
ကျနော် ကတော့ မထင် မိ
စက်ဆုတ်မိသည်က တော့ အသေချာပင်

ကျနော်တို့ ၀န်းကျင်မှာ ကုလားမနိုင်ရခိုင် မဲ
စစ်အစိုးရကို မုန်းသည်နှင့် NLD ကိုမထောက်ခံလျင်ဘဲ
သစ္စာဖောက် ဟု Label တပ် ကာ
အာဏာ ရှင် ဆန်သော အတွေးခေါ်တွေ
NLD နောက်လိုက်များတွင် များလာခြင်းကြောင့်
ကျနော် စိတ်ပျက်မိပါသည်.

ကျနော်တို့ တစ်လောက တွေ့ဆုံကြတော့
တစ်ချိန် က NLD အမေစုမှ အမေစုဖြစ်ခဲ့သူ က ၄ဦး
နောက်တော့ ၃ယောက်က Liberal ဖြစ်သွားသည်
ထိုထဲတွင် ၈၈ ခေါင်းဆောင်တွေပါဝင်သည်။
လက်ရှိ နိုင်ငံခြားရေး တွင် တာဝန်လုပ်နေသူ သည်
အလွန်သဘောထားပြည့်ဝသူ ယဉ်ကျေးသိမ့်မွေ့
လှသူဖြစ်နေသည်ကိုလည်းတွေ့ရသည်။

တစ်ယောက်ကတော့ NLD die hard ဖြစ်နေတုန်းပင်
ဒါပေမဲ့ ကျနော်တို့ စကားဝိုင်း ပျော်စရာကောင်း
ဗဟုသုတ ရသ တွေ ဖလှယ်ဖြစ်သည်။

အသွင်မတူတိုင်းရန်ဖြစ်ရပါလျင် ကုမဏီအစည်းဝေးများတွင်
တုတ်ဓါး ပတ်တီး နဲ့ ambulance တွေ ခေါ်ထားမှ ဖြစ်မည်ထင်၏
အုပ်ချုပ်ရေးကို နားမလည် အမြင်မကျယ် အတွေ့အကြုံနည်းကာ
နိုင်ငံတစ်ကာဆက်ဆံရေး မသိ သော ပေါက်ကွဲ လွယ်သည့်
အငုံစိတ်သမားတို့ သဘောတရားကိုသာမြင်နေရ၍
သနားမိသည်။

ကျနော် အရင်ကဆို
ဒေါ်စု သာ တစ်ခုခုဖြစ်လို့ ကျောက်ကပ်လိုမလားပေးမယ်
အသဲ ဖဲ့ပေးမလားပေးမယ်
Profile ပုံတွေ အခါခါ ပြောင်း
အမေစု သာ မျှော်လင့်ချက် ပါ ထင်ခဲ့အားပေးခဲ့သည်က
၁၀စုနှစ် ၂ခု ..
အခု မှ NLD ဒေါ်စု ဖြစ်နေသူတွေ
တွေးသလို ရေးသလို ခံစားချက်တွေ ပေါ်ခဲ့ ပေါက်ကွဲခဲ့
အသဲပေါက်ခဲ့ဘူးပေမဲ့
အသက်ရွယ်ကြီးလာ တော့ စဉ်းစားချင့်ချိန်ဥာဏ်ပြောင်းလာတော့သည်
ကျနော့် အတွေးအမြင်တွေကို
အခု မှ လာရောက် တိုက်ခိုက်နေသူတွေကိုမြင်တော့
မင်းလဲမင်းအမြင် ငါလဲ ငါ့အမြင် နေပါကွာ ဟု
စကားနည်း ရန်ဆဲ ပြောမိရှောင်မိသည်။

အခြောက်တိုက် ကျနော်တို့အား ကျပ်မပြည့်သူ
နိုင်ငံတော်သစ္စာဖောက်သူ
စစ် ဘောမ
အဘ လီးစုတ်သူများ ဟု အထင်ခံရမည်စိုးသဖြင့်

မိမိ အမြင် မိမိ အတွေးတွေ ကို ပင် ဖွင့်
မပြောရဲလောက်အောင်ဖြစ်လာပေ၏။

ပြောလိုသည်က
နိုင်ငံရေး ဆိုတာ နိုင်ငံရေးသမားဆိုတာ
သူတော်စင် ကိုရှာဖွေနေတာ
အမှန်တရားကို လုပ်ဆောင်တာမဟုတ်ပါဘူး။

မိမိနိုင်ငံ လူမျိုး အတွက်
တစ်ခြားနိုင်ငံ နဲ့ လူမျိုးတွေကို လဲ လှည့်စားရတတ်သလို
ဟန်ဆောင် လိမ်ညာ တတ် ခြင်း ပရိယယ်တွေရှိခြင်းဟာ
နိုင်ငံရေး ပညာ ဟု ကမ္ဘာ့ အဆိုအမိန့်တွေ မှာ ရှိပေသည်.။

ပြောရရင် နိုင်ငံရေးခေါင်းဆောင်ဆိုတာ ပွဲစား တစ်မျိုး
သူလျို တစ်မျိုး လူလိမ်လူညာ တစ်ဦးဖြစ်နေရခြင်းကပင်
သူရဲ့ မာယာ ဖြစ်တယ်။

အထက်ပါပြောသလို
ငါနဲ့ အမြင် မတူငါ့ရန်သူ
ငါတို့သာ အမှန်တရားကို မြင်တယ်
တွေးမိတယ်လို့ ထင်နေတဲ့သူတွေ ကို ပြောချင်တာက

ကျနော်တို့လဲ ခင်ဗျားတို့ တွေးသလောက်တော့ တွေးနိုင်တယ်
ဒါပေမဲ့ ဘာကြောင့်
လူတိုင်း အတွက် Obvious Choice ဖြစ်နေတဲ့ NLD ကို 100% မထောက်ခံ
အသံမတူ လဲဆိုတာ ကလဲ
ကျနော်တို့မှာလဲ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ကို မြင်ထားလို့ဆိုတဲ့
Option လေး ကိုတောင် တွေးမပေးနိုင်လောက်တဲ့ အထိ
NLD die hard fan တွေ ဟာ စုံလုံး ကန်းနေကြပြီလားလို့
မေးခွန်းမေးချင်ပါတယ်။

အပြောင်းအလဲ ကို လိုချင်တာ ကို လက်ခံတယ်။
NLD တက်မှ အဆင်ပြေမယ် ဆိုတဲ့ အတွေးကတော့
သိတ်ကို ခလေး ဆန် လွန်းနေတယ်ဗျာ။

လွတ်လပ်စွာ သဘောထားကွဲခွင့်တောင်
မပေးနိုင်ဘဲနဲ့တော့
ဒီမိုကရေစီကို အရေခြုံ မပွေ့ဖက်ကြပါနဲ့
လူတိုင်း မှာ လဲ တွေးခေါ်နိုင်စွမ်းရှိပါတယ်။

စစ်သားမို့ ချီးဘရိန်း
ကြားနေတွေ မို့ စောက်သုံးမကျ သူတွေ
NLD ထောက်ခံမှ မိုးကျရွှေကိုယ်ဆိုတဲ့
လူတွေ ကိုတော့သနားမိပါတယ်။

Unfriend လုပ် ချင်သပဆို လုပ်ကြ
ကိုယ့်ထမင်းကိုယ်စားပြီး
လာ အဘိဇာပွားနေတဲ့ကောင်တွေ
တော်တော် များများ ဟာ
ဘ၀မှာ မအောင်မြင်တိုင်း တစ်စုံတစ်ယောက်ကို လက်ညိုးထိုး
ဆဲလိုက် အပြစ်တင် လိုက်ရမှ ကျေနပ် တဲ့ လူစားတွေ ဖြစ်ကြတာ
မြင်နေရတယ်။

သူတို့ အတွက် ကျနော့် နှလုံးသားမှာ လဲနေရာမရှိပါဘူး။
အချိန်မရွေး Unfriend လုပ်နိုင်ပါ၏။

လုပ်လဲလုပ်နေကြပါ၏
ကိုယ့်ဘ၀ ကိုယ်ဖန်ဆင်း
နိုင်စွမ်းရှိကြပါစေဗျာ။

idiot/
(Credit - Yar Zu)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment