Saturday, September 19, 2015

မန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၉
မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့သည် နိုင်ငံတော်၏ကျန်းမာရေးစောင့်ရှောက်မှု ၊ ဆေးပညာ ဆိုင်ရာဖွံဖြိုး တိုးတက်မှုတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ၊ အထူးအလေးထားဆောင်ရွက်သင့်သည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး Workshop များ ၊ Seminar များပြုလုပ်ကာ Monograph များ ၊ ပုံမှန်အစည်း အဝေး များ ၊ Proceeding များကိုပြုစု ရေးသား ထုတ်ဝေနိုင် ခဲ့သည် ကို တွေ့ရှိ ရပါကြောင်း စက်တင်ဘာ(၁၉)ရက်နေ့ နံနက်(၉)နာရီတွင် ရန်ကုန်မြို့ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြု တက္ကသိုလ်၌ ကျင်းပသော
မြန်မာနိုင်ငံဆေး ပညာရှင်အဖွဲ့၏ (၂ဝ၁၄ - ၂ဝ၁၅ ) ခုနှစ်၊ နှစ်ပတ်လည် မျက်နှာ စုံညီ အစည်း အဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင် ကပြောကြားသည် ။
မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့မှ ပြုစုပေးပို့သည့် အကြံကောင်းများ သည် နိုင်ငံတော် ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များကို အတိုင်း အတာ တစ်ခုအထိ အကျိုးပြု ၊ အထောက် အကူပြုနိုင်ခဲ့ သဖြင့် မြန်မာနိုင် ငံဆေးပညာရှင်အဖွဲ့မှ တာဝန်ရှိ သူများ အားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ၊ ပြီးခဲ့သည့်နှစ်အတွင်းASEAN အသိုင်းအဝိုင်းကြားတွင် ပညာရှင်များ အပြန် အလှန် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပြီး ၊ ဆေးတက္ကသိုလ်များတွင် သုတေသနဓလေ့ဖွံဖြိုးရေးနှင့် ပတ်သက်သော ဆွေးနွေး ပွဲများကိုလည်း ကျင်းပနိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း ၊မြန်မာနိုင်ငံဆေး ပညာရှင် အဖွဲ့တွင် ဝါရင့် ၊ သမ္ဘာရင့် အတွေ့အကြုံပညာရှင်များ ပါဝင်ဖွဲ့စည်း ထားသဖြင့် နိုင်ငံတော် ၏ ကျန်းမာရေး စောင့်ရှောက်မှု ၊ ဆေးပညာအဆင့် အတန်းမြင့်မားရေး ၊ သုတေသန လုပ်ငန်းများဖွံဖြိုးတိုးတက်ရေး ၊ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ အောင်မြင်ရေးတို့အတွက် အားကြိုးမာန် တက်ဝိုင်း ဝန်း ဆောင်ရွက်ကြပြီး အကြံကောင်း ၊ ဉာဏ် ကောင်းများကို ဆက် လက် ပေးသွားနိုင် မည်ဟုယုံကြည်ပါကြောင်းဖြင့်လည်း ပြည်ထောင်စုဝန်ကြီး ကဆက် လက် ပြောကြား ခဲ့သည် ။
မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ကို ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေ စီနိုင် ငံတော်ကြီး တည်ဆောက်ရာတွင် ပညာရှင် များက မိမိတတ်ကျွမ်းသော ပညာရပ်များဖြင့် နိုင်ငံတော်ကိုအထောက်အကူပြုပံ့ပိုးနိုင်ရန် ၊ ဆေး သိပ္ပံ ပညာရပ်များအား နိုင်ငံ တကာအဆင့်နှင့်အညီ တိုးတက်စေရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၊ နိုင်ငံတော်၏ ကျန်း မာရေး စောင့်ရှောက် မှု လိုအပ်ချက်နှင် အညီ ဆေးပညာရှင်များ စဉ်ဆက်မပြတ် တိုးတက်ပွားများစေရေးအတွက် အကောင် အထည် ဖော်ဆောင် ရွက်နိုင်ရန် ၊ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုကောင်းမွန် အဆင့်မြင့်မား ရေးအတွက် သုတေသန လုပ်ငန်းများဆောင်ရွက်နိုင်ရန် ၊ ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှု တိုးတက် ဖွံဖြိုး စေရေး အတွက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ကာ အငြိမ်း စားဆေး ပညာရှင်များ ၊ တာဝန်ထမ်းဆောင်ဆဲဆေးပညာရှင်များဖြင့် (၁၉၉၉) ခုနှစ်မှစတင်ကာဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခု နှစ်ပတ်လည် အစည်းအဝေးတွင် Practical Approach to Achieve Universal Health Coverage နှင့် ပတ်သက်သော ဆွေးနွေးပွဲကိုလည်း ကျင်းပ သွားမည်ဖြစ်ကြောင်းသတင်းရရှိသည် ။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment