ယခုလအတွင်း ကချင်ပြည်နယ်ရှိ မြို့နယ်အချို့ တကျော့ပြန်ရေကြီးနိုင်
=========================================
5, September, 2015 By Kachin People
စက်တင်ဘာ(၁)ရက်နေ့ နာဆာဂြိုလ်တုမှ တိုင်းတာချက်အရ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှာ မိုးများလာနိုင်ပြီး မြေပြိုမှုအလားအလာရှိနေကြောင်း မိုးလေ၀သ နှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
ကချင်ပြည်နယ်အတွင်းတွင် ဖားကန့်၊ မိုးကောင်း၊ တနိုင်းဒေသတို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိပြီး မြစ်ကြီးနားမြို့မှာလည်း ရေကြီးနိုင်တဲ့ အခြေအနေရှိနေတာကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် လိုက်လံသတိပေးပြောကြားထားတယ်လို့ သိရပါသည်။
ကချင်ပြည်နယ်အတွင်း မိုးရာသီတွင် ရေကြီးရေလျှံမှုများအမြဲဖြစ်ပေါ်နေပေမယ့် ဟိမ၀န္တာ တောင်တန်းပေါ်ရှိ ရေခဲပြင်တွေ အရည်ပျော်ကျလာမှာကို စိုးရိမ်နေကြတယ်လို့ ကြားသိရသည်။ ယခုရက်ပိုင်းအတွင်းမှာတော့ မိုးနည်းသွားတဲ့အတွက်ကြောင့် စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ ကြောင်း ကြားသိရပါသည်။
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment