ဈေးကွက်အတွင်းရောင်းချနေသည့် ပြည်တွင်းထုတ်သောက်ရေသန့် တံဆိပ် ၂၂ မျိုးတွင် ဘက်တီးရီးယားပိုးများပါဝင်နေ
****************************************************************************
ဈေးကွက် အတွင်း ရောင်းချနေသည့် ပြည်တွင်း ထုတ်သောက်ရေသန့် တံဆိပ် ၂၂ မျိုးတွင် ဘက်တီးရီးယားပိုးများ ပါဝင် နေကြောင်း မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာနမှ သိရသည်။
ယင်းအပြင် ပြည်တွင်းသောက် ရေသန့်လုပ်ငန်းထုတ်လုပ်ခွင့် လိုင် စင်လျှောက် ထားမှုများတွင် ပိုးတွေ့ ရှိမှုကြောင့် ထုတ်လုပ်ခွင့်မကျသည့် လုပ်ငန်းပေါင်း ၄၀ ခန့်ရှိနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ် ကဲ ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ဓာတ်ခွဲ)မှ ဒေါက်တာ ခင်ချစ်က ပြော သည်။
''ရေသန့်ဈေးကွက်မှာကြည့်ရင် Register လုပ်မထားတဲ့ သောက် ရေသန့်၊ မသန့်တဲ့သောက်ရေသန့် တွေအများကြီးပဲ။ FDA မှာလာပြီး အစစ်အဆေးခံလိုက်တဲ့အခါမှာ သုံး ခါကျတဲ့ ရေသန့်မှတ်ပုံတင်တွေရှိ တယ်။ Good Manufacture Process လုပ်ပါဦးဆိုလဲ သေချာမလိုက် နာဘူး။ FDAက သုံးခါစစ်ပြီး ပိုး တွေပါလို့ သုံးခါစလုံးကျတဲ့ ပုဂ္ဂိုလ် တွေ ၄၀ လောက်အ ထိရှိတယ်''ဟု ဆိုသည်။
ပုံမှန်အားဖြင့် သောက်ရေသန့် လုပ်ငန်း ထုတ်လုပ်ခွင့်လိုင်စင် လျှောက် ထားရာ၌ ထုတ်လုပ်မည့် ပစ္စည်းနမူနာများကို FDA သို့ ပေးပို့ စစ်ဆေး ခံရပြီး ယင်းစစ်ဆေးမှုတွင် သုံးကြိမ်တိုင်တိုင် ပိုးတွေ့ရှိထား သော လုပ်ငန်း များအား ထုတ်လုပ် ခွင့်ပေးမထားကြောင်း သိရသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် သတ် မှတ် ချက်၊ ညွှန်ကြားချက်များကို မလိုက်နာသည့် လုပ်ငန်းရှင် များနှင့် တွေ့ဆုံ ကာ ပွင့်ပွင့်လင်းလင်း ထင် သာမြင်သာ ရှိအောင် ဆောင် ရွက် သွားမည်ဖြစ် သည်။
ထိုသို့လုပ်ဆောင်ရာတွင် သောက် ရေသန့်ဘူးများကိုယူ၍ ချိပ်ပိတ်ပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးမည်ဖြစ် သည်။ ထိုသို့ စစ်ဆေးပြီးသည့်အခါ ၎င်းတို့ကိုယ်တိုင်ဝင်ရောက်ကြည့် ရှုနိုင်ရန် စီစဉ်ထားသည်ဟု FDAမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''လုပ်ငန်းရှင်တွေက ကျွန်တော် တို့က နားမလည်ဘူး၊ မကြည့်တတ် ဘူးဆိုရင် Micro Biologic နဲ့ ကြည့် ပေးမယ်။ သူ့ဆီကထွက်တဲ့ ရေဟာ တကယ်သန့်တယ်ဆိုရင် ကျွန်တော် တို့ တစ်ခါတည်း လက်မှတ်ထိုးပေးပြီး Pass ပေးလိုက်မယ်။ စစ်ချက်ကျရင် တော့ သူ့ကို Register မပေးတော့ ဘူး။ လုပ်ငန်းဖျက်သိမ်းရမယ်။ ဒါမှ သေချာလုပ်မှာ''ဟု ဒေါက်တာခင် ချစ်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦး စီးဌာနမှ ခွင့်ပြုပေးထားသည့် သောက် ရေသန့်လုပ်ငန်းပေါင်း ၈၁၆ ခုရှိ ထားကြောင်း သိရသည်။
PTL
#Democracytoday
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment