ပြောင်းလဲချိန်တန်ပြီ မဲဆွယ်ဗွီဒီယိုမှ အလွဲများ
=========================
ရွေးကောက်ပွဲကျင်းပဖို့ ၅၇ ရက်အလိုတွင် NLD ပါတီမှ စီမံချက်နဲ့ ဖြန့်ဝေခဲ့တဲ့ မဲဆွယ်ဗွီဒီယိုမှာ အလွဲအမှားပေါင်းများစွာ တွေ့ရပါတယ်။ NLD ပါတီကို မဲထည့်ပါဟု ဇာတ်လမ်းမစခင် စာတမ်းထိုးထားပြီး အဘယ့်ကြောင့်မဲထည့်သင့်ကြောင်းကို မေးခွန်းအချို့ဖြင့် မေးမြန်းထားပါတယ်။ ဒါပေမယ့် မေးခွန်းတွေက သက်တမ်း ၂၅ နှစ်ကျော် NLD ပါတီကြီးရဲ့ လုပ်ဆောင်မှုတစ်ခုမှ ရေးသားထားခြင်းမရှိဘဲ လက်ရှိ ဦးသိန်းစိန်အစိုးရနဲ့ ယခင် နအဖ အစိုးရရဲ့ အားနည်းချက်တွေကိုပဲ ဖော်ပြထားပါတယ်။
“NLD ပါတီမှ ၂၅ နှစ်အတွင်း ပြည်သူ့အကျိုးအတွက် ဘာတွေ၊ ဘာတွေ ………၊ ……………၊ တွေကို လုပ်နိုင်ခဲ့တာ သိပါသလား?” ဆိုပြီး လုပ်နိုင်ခဲ့တဲ့ ရလဒ်တွေကို ရေးသားဖော်ပြပြီး မဲတောင်းရမှာပါ။ လက်ရှိ မြန်မာနိုင်ငံထဲက ပါတီများနဲ့ ကမ္ဘာ့နိုင်ငံများမှ မဲဆွဲသူများအားလုံးလည်း အလားတူ ပြောဆိုမဲဆွယ်ကြတာပါပဲ။ ဒါပေမယ့် NLD မှာ ဒီလို ပြောဆိုနိုင်စွမ်းမရှိဘဲ မြန်မာနိုင်ငံ ဆင်းရဲကြောင်း၊ ဒေသတွင်းနိုင်ငံများတွင် ဝင့်ကြွားစွာ မရပ်တည်နိုင်ကြောင်း၊ မြန်မာလူမျိုးများ မိဘနှင့် ခွဲနေရကြောင်း မေးခွန်းတွေ ထုတ်ထားတာပါ။
အစိုးရသစ်လက်ထက် အာဆီယံ စစ်တမ်းများမှာ မြန်မာနိုင်ငံကို စံပြနိုင်ငံအဖြစ် သက်မှတ်ခံခဲ့ရပြီး ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲကြီးအပါအဝင် 9th East Asia Summit, 6th ASEAN-UN Summit, 2nd ASEAN-US Summit, 17th ASEAN-China Summit, 17th ASEAN-Japan Summit, 12th ASEAN-India Summit, 17th ASEAN PLUS THREE Summit နဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း (SEA Games) အားကစားပွဲကြီးအား အာဆီယံနိုင်ငံများတွင် အခမ်းအနားဆုံးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ပရိသတ်များ ဆီးဂိမ်းအားကစားပွဲကို တကူးတက လာရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ နိုင်ငံတကာ Channel များမှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့် အားပေးခဲ့ကြပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ ဆီးဂိမ်းကို သပိတ်မှောက်ခဲ့ကြပါတယ်။ စိတ်ပျက်ဖွယ်ကောင်းလေစွ။
မြန်မာဒေသတွင်း လူ့အခွင့်အရေးစစ်တမ်း၊ ဒီမိုကရေစီစစ်တမ်းများတွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်များထက် မြန်မာက သာလွန်ကြောင်း ချီးကျူးခံခဲ့ရပါတယ်။ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများသာမက အမေရိကန်နှင့် အနောက်နိုင်ငံများကပါ အသိအမှတ်ပြုချီးကျူးလာခြင်းကြောင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ အကောင်းမမြင်ကြဖို့ တားရသည်အထိဖြစ်ခဲ့တာ အားလုံးအသိပါ။
ဤသို့ဆိုလျှင် မြန်မာ ဂုဏ်သိက္ခာရှိမှာ စိုးရိမ်ခဲ့တာ ဘယ်သူတွေလဲ?
နိုင်ငံတကာမှာ ဝင့်ကြွားနိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၅ နှစ်အတွင်း နိုင်ငံခြားရောက် မြန်မာတွေအတွက် ဘာတွေလုပ်ပေးနိုင်ခဲ့သလဲ?
ရွှေ့ပြောင်းမြန်မာလုပ်သားတွေ၊ ဖိနှိပ်ခံ၊ ဖမ်းဆီးခံ မြန်မာလုပ်သားတွေအတွက် ဘာတွေတောင်းဆိုပေးနိုင်ခဲ့သလဲ?
မတရားခံနေရသူတွေအတွက် “မတရားဘူး၊ မဖြစ်သင့်ဘူး” ဆိုတဲ့ မှတ်ချက် စကားတစ်ခွန်းတောင် ပြောဆိုခဲ့ဖူးသလား?
“ကူညီပေးကြပါ၊ ဂရုစိုက်ကြပါ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာကြပါ” ဆိုပြီး ကြေညာချက်တစ်စောင် ထုတ်ခဲ့ဖူးသလား?
ထိုင်းရောက်မြန်မာ လုပ်သား နှစ်ဦးရဲ့ စာပို့အကူအညီတောင်းတာကို ဘာကြောင့် မကူညီခဲ့သလဲ?
အသတ်ဖြတ်ခံရတဲ့ ရခိုင်တွေ အကူအညီတောင်းတာကို ဘာကြောင့် လစ်လျူရှုခဲ့သလဲ?
စတဲ့အကြောင်းတွေကို ပြန်ပြီးမေးခွန်းထုတ်ရပါလိမ့်မယ်။ ဒါတွေက အစိုးရဖြစ်မှ လုပ်လို့ရတာတွေမဟုတ်ပါဘူး။ ၂၅ နှစ်လုံးလုံး ဝေဖန်နိုင်ငံရေးနဲ့ ကြေညာချက်နိုင်ငံရေးကို NLD တစိုက်မက်မက်လုပ်ခဲ့ပြီးဖြစ်ပါတယ်။
ဆက်လက်ဖော်ပြမည်။
#ဒေါက်တာမျိုးချစ်
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment