Tuesday, September 15, 2015

ဟိုပင်မြို့ မြဇေယျာရပ်ကွက်တွင် ဆက်ကြေးကောက်ခံသူနေအိမ်အား ဆက်လက်ရှာဖွေရာ မသင်္ကာသူ(၂)ဦးနှင့် ဆက်ကြေးကောက်ခံမည့် တံဆိပ်တုံးပါ စာရွက်စာတမ်းများ၊ ဖိုင်များ ဆက်လက် ဖမ်းဆီးရမိ

ဟိုပင်မြို့ မြဇေယျာရပ်ကွက်တွင် ဆက်ကြေးကောက်ခံသူနေအိမ်အား ဆက်လက်ရှာဖွေရာ မသင်္ကာသူ(၂)ဦးနှင့် ဆက်ကြေးကောက်ခံမည့် တံဆိပ်တုံးပါ စာရွက်စာတမ်းများ၊ ဖိုင်များ ဆက်လက် ဖမ်းဆီးရမိ
Wednesday, September 16, 2015

၂၀၁၅ စက်တင်ဘာ(၁၄)ရက်နေ့ မြဇေယျာရပ်ကွက်ရှိ သီဟစိုးစားသောက်ဆိုင်သို့ ၀င်ရောက်ရှာဖွေရာမှ ဆက်ကြေးကောက်ခံနေသူ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း(၂)ဦးထဲမှ ဦး မရမ်အောင်နေအိမ်အား ၀င်ရောက်ရှာဖွေရာ မောင်မျိုးဆန်း၊ မောင်အောင်ထွန်းတို့နှင့်အတူ ဆက်ကြေးကောက်ခံရာတွင် အသုံးပြုမည့် တံဆိပ်တုံးပါ စာရွက်စာတမ်းများ၊ စာအိတ်များ၊ လယ်ဂျာစာအုပ်များ အပြင် KIA တပ်မဟာ(၂)၊ ရင်း(၅)နှင့်ဆက်နွယ်သော သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိ ခဲ့ပါသည်။
အဆိုပါ တရားခံ (၄)ဦးအား KIA မှ ဆက်ကြေးကောက်ခံရန်အတွက် စေလွတ်ထားခြင်း ဖြစ်ကြောင်း၊ ဆက်ကြေးငွေများ သတ်မှတ်သည့်ရက်နောက်ဆုံးထား၍ မပေးသွင်းပါက အထက်မှ ညွန်ကြားသည့်အတိုင်း KIA ရင်းဌာနချုပ်များသို့ ဖမ်းဆီးခေါ်ဆောင်သွားမည်ဟု ဆက်လက် သိရှိရပါသည်။

Kachin People
Htar Nay



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment