Thursday, September 3, 2015

ကျောင်းသားမိဘများလေ့လာရန် KG+12

ကျောင်းသားမိဘများလေ့လာရန်
KG+12

ယခုပညာသင်နှစ်မှာ သူငယ်တန်းကို Grade 1 လို့ခေါ်ပါတယ်။ရှေ့လာမယ့်စာသင်နှစ်မှာ သူငယ်တန်းကို KG လို့ခေါ်ပြီး Grade 1 ဆိုတာ ပထမတန်း ဖြစ်သွားပါပြီ။

ဒါကြောင့် ဒီနှစ်သူငယ်တန်းတက်နေတဲ့ ကလေးအားလုံး ရှေ့နှစ်မှာ ပထမတန်း Grade 1 ကို သင်ရိုးသစ်နဲ့ သင်ကြားရမှာဖြစ်ပါတယ်။

သင်ရိုးဟောင်းနဲ့သင်ရိုးသစ်( သူငယ်တန်း) ဘာကွာသလဲ ကြည့်ကြရအောင်။

သင်ရိုးဟောင်းသည် မြန်မာစာ အင်္ဂလိပ်စာသင်္ချာ သိပ္ပံ စာရိတ္တ ဘဝတွက်တာကျွမ်းကျင်စရာစသည့် ဘာသာရပ်များကိုအခြေခံထားသော သင်ရိုးဖြစ်ပါတယ်။

သင်ရိုးအသစ်သည် ကလေးများ၏
အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုများရရှိအောင် ဆောင်ရွက်ပေးမည့်သင်ရိုးပုံစံဖြစ်ပါတယ်။

ကျောင်းသုံးဖတ်စာအုပ် အသုံးမပြုဘဲ ကလေးများကိုယ်တိုင်လုပ်ဆောင်ရမည့် ကျောင်းသားကိုင်စာအုပ်များ သင်ထောက်ကူပစ္စည်း KG-Kits ပုံပြင်စာအုပ်အမျိုးမျိုး ကို အသုံးပြုသင်ကြားမှာဖြစ်ပါတယ်။

တစ်ရက်လျှင်စာသင်ချိန်( ၄ )နာရီ တစ်ပတ်သင်ချိန်(၂၀)နာရီ သင်ကြားရမည့် ရက်သတ္တပတ်(၃၂)ပတ်ရှိပြီး တစ်နှစ်လျှင်သင်ချိန် စုစုပေါင်း(၆၄၀)နာရီသင်ကြားရမှာပါ။

လက်ရှိ မူကြိုသင်ယူမှု အခွင့်အလမ်းရရှိသူကလေးဦးရေမှာ ၂၃ရာနှုန်းခန့်သာရှိတဲ့ အတွက်မူကြိုအတွေ့အကြုံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေကျောင်းသို့ရောက်ရှိလာတဲ့ ၅ နှစ်အရွယ် ကလေးအားလုံး သင်ယူမှု အခွင့်အလမ်းတစ်ပြေးညီညီရရှိစေပြီး မူလတန်းပညာရေးကို အကူးအပြောင်းချောမွေ့စွာ တက်ရောက်သင်ယူစေနိုင်ရေးအတွက်KG သင်ရိုးသစ်ဖြင့်သင်ကြားစေခြင်း ဖြစ်ပါတယ်။


ကလေးတွေရဲ့ အသက်အရွယ် ဖွံ့ဖြိုးမှုအဆင့်နှင့် လိုက်လျောညီထွေရှိမည့် သင်ယူဖွံ့ဖြိုးမှုနယ်ပယ်(၆) ခုဖြင့်ဖွဲ့စည်းထားပါတယ်။

၁။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း။

၂။ စာရိတ္တ မိတ္တနှင့် စိတ်လှုပ်ရှားဆိုင်ရာဖွံ့ဖြိုးတိုးတက်ခြင်း။

၃။ အပြန်အလှန် ပြောဆိုဆက်သွယ် ခြင်း။

၎။သင်္ချာ အခြေခံများကို စူးစမ်းလေ့လာခြင်း။

၅။ အနုပညာရသ ခံစားမှုနှင့် ဖန်တီးခြင်း။

၆။ပတ်ဝန်းကျင်လောက ကိုသိရှိနားလည်ခြင်း။တို့ဖြစ်ပါတယ်။

ကလေးများ သင်ယူဆောင်ရွက်ရမယ့် အဓိကလုပ်ငန်း(၃) မျိုး ရှိပါတယ်။

၁။ ပုံမှန်စုပေါင်းချိန်

၂။ ကစားချိန်

၃။ အကြောင်းအရာအခြေပြု၍ဖွံ့ဖြိုးမှုရလဒ်များရရှိရန်သင်ယူချိန် တို့ဖြစ်ပါတယ်။

ကိုယ့်ကလေး ဘယ်နှစ် ဘယ်အတန်းမှာမီမယ်ဆိုတာကို မိဘများ လွယ်ကူအောင် ပြောပြပါ့မယ်။

ယခု သူငယ်တန်းတက်နေတဲ့ကလေးက2016-17 မှာ Grade 1ကို စမီပါမယ်။

ယခု ပထမတန်း တက်နေတဲ့ ကလေးက2020-21 မှာGrade 6 ကိုမီပါမယ်။

ယခု ဒုတိယတန်း တက်နေတဲ့ ကလေးက2019-20 မှာ Grade 6 ကိုမီပါမယ်။

ယခု တတိယတန်း တက်နေတဲ့ကလေးက2018-19 မှာ Grade 6 ကိုမီပါမယ်။

ယခု စတုတ္တတန်း တက်နေတဲ့ကလေးက2017-18 မှာGrade 6 ကိုမီ ပါမယ်။

ယခု ပဉ္စမတန်း တက်နေတဲ့ ကလေးက2020-21မှာ Grade 10 ကိုမီပါမယ်။

ယခု ဆဌမတန်း တက်နေတဲ့ ကလေး က2019-20 မှာ Grade 10 ကိုမီပါမယ်။

ယခု သတ္တမတန်း တက်နေတဲ့ ကလေးက2018-19 မှာ Grade 10 ကိုမီပါမယ်။

ယခုနှစ် သူငယ်တန်းမှ သတ္တမတန်း အထိ ကလေးများအားလုံး Grade 12 ထိ သင်ယူရမှာဖြစ်ပြီးအဌမတန်း နဝမတန်း နှင့် ဒသမတန်း ကလေးများအားလုံး စနစ်ဟောင်းနဲ့သာပြီးဆုံးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အဆင့် စာမေးပွဲ များကတော့ Grade 5Grade 9 နှင့် Grade 12 အတန်းများ၌သာ စစ်ဆေးမယ်လို့ လျာထား တယ်လို့ သိရပါတယ်။

ယခုပြောင်းလဲကျင့်သုံးမယ့်စနစ်သစ်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ်ရုံဆွေးနွေးပွဲ တွေ အကြိမ်ကြိမ်ပြုလုပ်ပြီး မှ ထွက်ပေါ်လာတဲ့ ရလာဒ်ဖြစ်လို့ကျွန်မတို့ ကြိုဆိုရမှာပါ။

စနစ်သစ်ကို အတန်းငယ်စဉ်မှာ စောစောမီတဲ့ကလေးများကတော့ ပိုကံကောင်းပါတယ်

ဆရာမကြီး



အားပေးတဲ့အတွက်ကျေးဇူးပါ

No comments:

Post a Comment