Tuesday, September 2, 2014
ခေါင်းပြောင်းပြန်နဲ့လူတစ်ဦး (တနည်း) ကမ္ဘာကြီးကိုဇောက်ထိုးကြည့်တဲ့ မဟာလူသား
ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့မွေးလာတာကြောင့် ဘရာဇီးနိုင်ငံက လူတစ်ဦးရဲ့ခေါင်းဟာ နောက်လန်ပြီး ပြောင်းပြန်ဖြစ်နေပါတယ်။
Mirror ရဲ့ဖော်ပြချက်အရ ၃၇ နှစ်အရွယ် Claudio Vieira de Oliveira ဆိုတဲ့လူဟာ ဦးခေါင်း အနောက်ကို ပုံကျပြီး မွေးဖွားလာတာဖြစ်ပါတယ်။ ခြေထောက်နဲ့ လက်များဟာလည်း သုံးမရလောက်အောင် ချို့ယွင်းနေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ သူဟာ သာမန်လူတွေ မကြုံ့ရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး လူအများရှေ့မှာ ဟောပြောပေးရတဲ့ ဟောပြောရေးသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
“ကျွန်တော် ကလေးဘဝကတည်းက အလုပ်နဲ့လက်နဲ့ မပြတ်လုပ်ချင်တယ်။ အခြားလူတွေပေါ်မှာ မှီခိုနေရတာ ကျွန်တော်မကြိုက်ဘူး”လို့ Claudio က ပြောကြားခဲ့ပါတယ်။
မွေးတုန်းက အသက်ရှင်ဖို့မဖြစ်နိုင်ဘူးလို့ ဆရာဝန်တွေက သူ့ကိုပြောခဲ့ကြပေမဲ့ Claudio ဟာ Feira de Santana ပြည်နယ် တက္ကသိုလ်က စာရင်းအင်းဆိုင်ရာ ဘွဲ့ရကျောင်းသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ သာမန်မဟုတ်တဲ့ ခန္ဓာကိုယ် အခြေအနေကြောင့် ဝှီးချဲအသုံးမပြုနိုင်ပေမဲ့ ဒူးနှစ်ဖက်နဲ့ထောက်ပြီး သွားပါတယ်။
Arthrogryposis လို့ခေါ်တဲ့ မွေးရာပါ ရှားပါးရောဂါတစ်မျိုးကြောင့် ဒီလိုဖြစ်ရတာလို့ ဆရာဝန်တွေဟာ မကြာသေးခင်ကမှ တွေ့ရှိခဲ့ကြပါတယ်။ခြေထောက်နဲ့ လက်တွေမှာ အရိုးဆစ်များစွာရှိနေတာကြောင့် ပုံမှန်အတိုင်း ဆန့်ထုတ်လို့မရတာလို့ ဆရာဝန်တွေက ယုံကြည်နေကြပါတယ်။
“ကျွန်တော့် ဘဝတစ်လျှောက်လုံး ကမ္ဘာကြီးနဲ့ အသားကျအောင် လုပ်နိုင်ခဲ့တယ်။ ခုတော့ ထူးထူးခြားခြားကြီးအဖြစ် ကျွန်တော့်ကို ကျွန်တော်မမြင်တော့ဘူး။ ကျွန်တော်ဟာ သူလိုကိုယ်လို လူတစ်ယောက်ပါပဲ” လို့ Claudio က သူ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။
www.mohnyinnews.blogspot.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment