အနာဂတ်နိုင်ငံသစ်တီးရန် ပြည်သူများတာဝန်ကျေဖို့လိုဟု သမ္မတ ဆို
Thursday, September 17, 2015
အထွေထွေရွေးကောက်ပွဲ အပြီးအနာဂတ်နိုင်ငံတော် သစ် တည်ဆောက်ရန်အတွက် မဲဆန္ဒ ရှင် ပြည်သူများတာဝန်ကျေရန် လို ကြောင်း သမ္မတဦးသိန်းစိန်၏ စက်တင်ဘာ ၁၅ ရက်အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအ မှတ်သဝဏ်လွှာတွင်ဖော်ပြထား သည်။
အနာဂတ် နိုင်ငံတော်သစ် တစ်ရပ်ဖန်တီးတည်ဆောက်နိုင် ရန်အတွက် မဲဆန္ဒရှင်ပြည်သူများ အားလုံးကလည်း တာဝန်ကျေပွန် ကြရန်လိုအပ်ကြောင်း သမ္မတက တိုက်တွန်းထားသည်။
ဆန္ဒမဲပေးရာတွင် မိမိတို့ကို အမှန်တကယ်ကိုယ်စားပြုမည့် ပြည်သူများ၏လိုလားချက်များကို အမှန်တကယ်ဖော်ပေးနိုင်သည့် အရည်အသွေးရှိသည့် လူထုကိုယ် စားလှယ်များကို ရွေးချယ်တင် မြှောက်ရန်အထူးအရေးကြီးကြောင်း သမ္မတက ¤င်း၏ သဝဏ်လွှာတွင် သတိပေးထားသည်။
ယင်းအပြင် မဲဆွယ်စည်းရုံး ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံ၏လူမှုသဟဇာတဖြစ်မှုနှင့် မတူညီ သည့် ကိုးကွယ်ယုံကြည်မှုများကို ထိခိုက်နစ်နာစေသည့် ကိစ္စရပ် များမပေါ်ပေါက်စေရန် နိုင်ငံရေး ပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ အားလုံးစည်းကမ်းရှိမှု၊ စိတ်နေ စိတ်ထားရင့်ကျက်ပြည့်ဝမှု၊ အတွေး အခေါ်မြင့်မားမှု၊ ဆင်ခြင်တုံအသိ တရားရှိမှုဖြင့် ဒီမိုကရေစီကို ဖော် ဆောင်သွားကြရန် သမ္မတကထပ် ဆင့်သတိပေးထားသည်။
အရပ်သားအစိုးရ သမ္မတ ဦး သိန်းစိန်လက်ထက်တွင် အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်း အမှတ် အခမ်းအနားကျင်းပသည် မှာ ယခုနှစ်အပါအဝင် ငါးကြိမ်ရှိခဲ့ ပြီး သမ္မတ၏ ယခုနှစ်သဝဏ်လွှာတွင် ဒီမိုကရေစီ စကားလုံး ၃၄ လုံး ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရ သည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ပြု လုပ်မည့် အထွေထွေရွေးကောက် ပွဲနှင့် လွတ်လပ်တရားမျှတပြီး တည် ငြိမ်အေးချမ်းစွာ ဖြစ်မြောက်ရေး နှင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာ သော ပြည်သူ့ဆန္ဒကိုလေးစား အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဟု စက်တင်ဘာ ၁၅ ရက် နေပြည်တော်လွှတ်တော်ဝင်း အတွင်း၌ ပြုလုပ်သော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအ နားတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ယဉ်အေး
Reporter News Journal
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment