မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနိုင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်
============================================
တနိုင်း စက်တင်ဘာ ၁
ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ယနေ့တွင် တနိုင်းမြို့နှင့် မိုင်းခွန်ကျေးရွာ အုပ်စုကြားရှိ ဂျိုဒီးကျေးရွာ၊ ရေနံကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာများသို့ တနိုင်းခချောင်းရေနှင့် နန်းဗျူး ချောင်းရေများဝင်ရောက်ပြီး ကျေးရွာသုံးရွာမှာ ရေကြီးနစ်မြုပ်လျက်ရှိရာ မြို့နယ်မှတာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့ အစည်းများပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား စက်တပ်ရေယာဉ်ကြီး နှစ်စီး၊ စက်တပ်ရေယာဉ်ငယ် ခြောက်စီး တို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား မြို့မဘုန်းကြီးကျောင်းနှင့် သာယာရွှေပြည်ကျောင်းတို့တွင် ကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Tuesday, September 1, 2015
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနိုင်းမြို့နယ်တွင် ရေကြီးနစ်မြုပ် ============================================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment