Tuesday, September 1, 2015

မန္တလေး-မြစ်ကြီးနား အမှတ် (၄၃) အဆန် ပါဆယ်ရထားတွဲချော်မှုအား ပြု ပြင်ဆောင်ရွက် ===================

မန္တလေး-မြစ်ကြီးနား အမှတ် (၄၃) အဆန် ပါဆယ်ရထားတွဲချော်မှုအား ပြု ပြင်ဆောင်ရွက်
==============================

နေပြည်တော် စက်တင်ဘာ ၁

မန္တလေး-မြစ်ကြီးနား မီးရထား လမ်းပိုင်း မိုးကောင်းမြို့နယ်တွင် အမှတ် (၄၃) အဆန် ပါဆယ်ရထား သည်တောင်နီ-ဆားမှော်ကြား မိုင်တိုင် (၆၇၂/၁၄-၁၅)ကြားရှိ တံတားအမှတ် -၆၅၂ကို ဖြတ်သန်းစဉ် သြဂုတ် ၃၁ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ က ရထားတွဲဆိုင်းပါ စက်ခေါင်း နောက် ကပ်လျက်တွဲ GBHV - 40222 ၏ဘီး လေးဘီး လမ်းချော်ကျပြီး GBHV - 40037တွဲနှင့် GBHV - 40235 တွဲ တံတားအောက်သို့ ပြုတ်ကျခဲ့သည်။GBHV - 40334 တွဲသည် မန္တလေးဘက်ကမ်းကပ်ခုံမှ အောက်သို့ တွဲလောင်းဖြစ်နေပြီး၊ တံတားအမှတ်-၆၅၂ ၏ ဂါဒါပေါင် သုံးခု တံတားအောက် ပြုတ်ကျခဲ့ သဖြင့်လမ်းပိုင်းကို နံနက် ၁၁ နာရီ ၅၁ မိနစ်တွင် ပိတ်ထားခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆားမှော် ဘူတာမှထွက်ခွာလာသည့် အမှတ် (၅၆) အစုန်ရထားမှ ခရီးသည် ၄ဝ၆ ဦးနှင့် တောင်နီဘူတာမှထွက်ခွာလာ သည့် အမှတ် (၅၅) အဆန်ရထားမှ ခရီးသည် ၅ဝ၃ ဦးတို့အား ရထားချင်း ကူးပြောင်းစေပြီး အမှတ်(၅၅) အဆန် သည် အမှတ် (၅၆) အစုန်အဖြစ်လည်း ကောင်း၊ အမှတ် (၅၆) အစုန်သည် အမှတ် (၅၅) အဆန်အဖြစ် ပြောင်းလဲ ပြေးဆွဲပေးခဲ့သည်။ အလားတူပင် အစုန် အထူးရထားသည် ဆားမှော်မှ ဖြစ်ပွားရာဒေသသို့ ရောက်ရှိပြီး၊ ခရီးသည် ၅ဝ၃ ဦးနှင့် အမှတ် (၅၇)အဆန်မှ ခရီးသည် ၁၅၉ ဦးတို့အား ကူးပြောင်းပေးပြီး၊ အမှတ် (၅၇)အဆန်ရထားသည် အမှတ်(၅၈)အစုန် ရထားအဖြစ် ပြေးဆွဲပေးခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားသော နေရာသို့ မြန်မာ့မီးရထားမှ အင်ဂျင်နီယာ/ လုပ်သားအဖွဲ့များဖြင့် ဇလီဖားတုံးများ သယ်ယူခြင်း၊ ဂါဒါပေါင်များ သယ်ယူ ခြင်း၊ ကရိန်းသယ်ယူခြင်းများ ဆောင် ရွက်လျက်ရှိပြီး၊ ရထားလမ်းတံတား ပြုပြင်ခြင်းလုပ်ငန်း၊ တွဲမတင်ခြင်းနှင့် လမ်းပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်) မန္တလေး-မြစ်ကြီးနား အမှတ် (၄၃) အဆန် ပါဆယ်ရထားတွဲချော်မှုအား ပြု ပြင်ဆောင်ရွက်
==============================

နေပြည်တော် စက်တင်ဘာ ၁

မန္တလေး-မြစ်ကြီးနား မီးရထား လမ်းပိုင်း မိုးကောင်းမြို့နယ်တွင် အမှတ် (၄၃) အဆန် ပါဆယ်ရထား သည်တောင်နီ-ဆားမှော်ကြား မိုင်တိုင် (၆၇၂/၁၄-၁၅)ကြားရှိ တံတားအမှတ် -၆၅၂ကို ဖြတ်သန်းစဉ် သြဂုတ် ၃၁ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ က ရထားတွဲဆိုင်းပါ စက်ခေါင်း နောက် ကပ်လျက်တွဲ GBHV - 40222 ၏ဘီး လေးဘီး လမ်းချော်ကျပြီး GBHV - 40037တွဲနှင့် GBHV - 40235 တွဲ တံတားအောက်သို့ ပြုတ်ကျခဲ့သည်။GBHV - 40334 တွဲသည် မန္တလေးဘက်ကမ်းကပ်ခုံမှ အောက်သို့ တွဲလောင်းဖြစ်နေပြီး၊ တံတားအမှတ်-၆၅၂ ၏ ဂါဒါပေါင် သုံးခု တံတားအောက် ပြုတ်ကျခဲ့ သဖြင့်လမ်းပိုင်းကို နံနက် ၁၁ နာရီ ၅၁ မိနစ်တွင် ပိတ်ထားခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆားမှော် ဘူတာမှထွက်ခွာလာသည့် အမှတ် (၅၆) အစုန်ရထားမှ ခရီးသည် ၄ဝ၆ ဦးနှင့် တောင်နီဘူတာမှထွက်ခွာလာ သည့် အမှတ် (၅၅) အဆန်ရထားမှ ခရီးသည် ၅ဝ၃ ဦးတို့အား ရထားချင်း ကူးပြောင်းစေပြီး အမှတ်(၅၅) အဆန် သည် အမှတ် (၅၆) အစုန်အဖြစ်လည်း ကောင်း၊ အမှတ် (၅၆) အစုန်သည် အမှတ် (၅၅) အဆန်အဖြစ် ပြောင်းလဲ ပြေးဆွဲပေးခဲ့သည်။ အလားတူပင် အစုန် အထူးရထားသည် ဆားမှော်မှ ဖြစ်ပွားရာဒေသသို့ ရောက်ရှိပြီး၊ ခရီးသည် ၅ဝ၃ ဦးနှင့် အမှတ် (၅၇)အဆန်မှ ခရီးသည် ၁၅၉ ဦးတို့အား ကူးပြောင်းပေးပြီး၊ အမှတ် (၅၇)အဆန်ရထားသည် အမှတ်(၅၈)အစုန် ရထားအဖြစ် ပြေးဆွဲပေးခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားသော နေရာသို့ မြန်မာ့မီးရထားမှ အင်ဂျင်နီယာ/ လုပ်သားအဖွဲ့များဖြင့် ဇလီဖားတုံးများ သယ်ယူခြင်း၊ ဂါဒါပေါင်များ သယ်ယူ ခြင်း၊ ကရိန်းသယ်ယူခြင်းများ ဆောင် ရွက်လျက်ရှိပြီး၊ ရထားလမ်းတံတား ပြုပြင်ခြင်းလုပ်ငန်း၊ တွဲမတင်ခြင်းနှင့် လမ်းပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)


No comments:

Post a Comment