Timeline Photos ကသာမြို့နယ် မိုးတားလေးကျေးရွာ ဧရာဝတီမြစ်ရေလျှံ၍ နေအိမ်ခြောက်လုံးပြောင်းရွှေ့
=============================
ကသာ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဧရာဝတီ မြစ်ရေလျှံလာသဖြင့် ကမ်းပြိုခြင်း၊ရေတိုက်စားခြင်းရှိလာ၍ စိုးရိမ်ဖွယ်အနေအထားရှိသော နေအိမ်ခြောက်လုံးကို ဒေသခံများ၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်း၍ ရေလွတ်ရာ ပြောင်းရွှေ့ပေးထားလျက်ရှိရာ စက်တင်ဘာ ၃ရက်က မြစ်ရေ ၉၇၂ စင်တီမီတာရှိနေချိန် ပြောင်းရွှေ့ပေးခဲ့ကြကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှုတစ်ရပ်အနေဖြင့် ကသာခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများက တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ဝဝဝဝ စီ ထောက်ပံ့ပေးခဲ့သည်။ ပြောင်းရွှေ့ရန် ကျန်ရှိ နေအိမ်ခုနစ်လုံးကိုလည်း မြစ်ရေတိုးလာပါက ပြောင်းပေးရန် စီစဉ်ထားကြောင်း သိရသည်။ ငွေအိုး(ကသာ) ကသာမြို့နယ် မိုးတားလေးကျေးရွာ ဧရာဝတီမြစ်ရေလျှံ၍ နေအိမ်ခြောက်လုံးပြောင်းရွှေ့
=============================
ကသာ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဧရာဝတီ မြစ်ရေလျှံလာသဖြင့် ကမ်းပြိုခြင်း၊ရေတိုက်စားခြင်းရှိလာ၍ စိုးရိမ်ဖွယ်အနေအထားရှိသော နေအိမ်ခြောက်လုံးကို ဒေသခံများ၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်း၍ ရေလွတ်ရာ ပြောင်းရွှေ့ပေးထားလျက်ရှိရာ စက်တင်ဘာ ၃ရက်က မြစ်ရေ ၉၇၂ စင်တီမီတာရှိနေချိန် ပြောင်းရွှေ့ပေးခဲ့ကြကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှုတစ်ရပ်အနေဖြင့် ကသာခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများက တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ဝဝဝဝ စီ ထောက်ပံ့ပေးခဲ့သည်။ ပြောင်းရွှေ့ရန် ကျန်ရှိ နေအိမ်ခုနစ်လုံးကိုလည်း မြစ်ရေတိုးလာပါက ပြောင်းပေးရန် စီစဉ်ထားကြောင်း သိရသည်။ ငွေအိုး(ကသာ)
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment