Saturday, September 5, 2015

ယူရို-၂၀၁၆ ပြိုင်ပွဲအတွက် ပထမဆုံးခြေစစ်ပွဲအောင်သည့်အသင်းအဖြစ် အင်္ဂလန် မှတ်တမ်းဝင်

ယူရို-၂၀၁၆ ပြိုင်ပွဲအတွက် ပထမဆုံးခြေစစ်ပွဲအောင်သည့်အသင်းအဖြစ်
အင်္ဂလန် မှတ်တမ်းဝင်

အင်္ဂလန်အသင်းသည် ဆန်မာရီနိုနှင့်အဝေးကွင်းပွဲတွင် (၆-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရပြီး ခြေစစ်ပွဲ(၇)ပွဲကစား (၇)ပွဲစလုံးနိုင်ကာ ယူရို-၂၀၁၆ပြိုင်ပွဲအတွက် ပထမဆုံးခြေစစ်ပွဲအောင်သည့်အသင်းဖြစ်လာခဲ့သည်။ အင်္ဂလန်အနေဖြင့် အနီးကပ်ပြိုင်ဘက်များဖြစ်သည့် ဆွစ်ဇာလန်၊ ဆလိုဗေးနီးယားအသင်းများကို Head to Head အရအသာစီးရထားသဖြင့်
စောစောစီးစီးခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းအတွက် ဂိုးများကို ရွန်နီ(ပယ်နယ်တီ)၊ ဘာကလေ၊ ဝေါလ်ကော(၂ဂိုး)၊ ဟာရီကိန်းနှင့် ဆန်မာရီနိုဘက်မှ ကိုယ့်ဂိုးကိုယ်တစ်ဂိုးပြန်သွင်းခဲ့ပြီး ပယ်နယ်တီတစ်ဂိုး
သွင်းယူခဲ့သည့် ရွန်နီမှာ ဂန္ထ၀င်တိုက်စစ်မှူး ဘော်ဘီချာလ်တန် တင်ရှိထားသည့် အင်္ဂလန်၏နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန် (၄၉)ဂိုးကို လိုက်မီသွားခဲ့သည်။

စနေနေ့အစောပိုင်း ယူရိုခြေစစ်ပွဲရလဒ်များ

လူဇင်ဘတ် ၁-၀ မက်ဆီဒိုးနီးယား
ယူကရိန်း ၃-၁ ဘီလာရုစ်
အက်စ်တိုးနီးယား ၁-၀ လစ်သူယေးနီးယား
ဆန်မာရီနို ၀-၆ အင်္ဂလန်
ရုရှား ၁-၀ ဆွီဒင်

ဘော်ဘီချာလ်တန်၏သွင်းဂိုးစံချိန်ကိုလိုက်မီသွားခဲ့သည့် ရွန်နီ၏ပယ်နယ်တီ ကန်သွင်းမှု(Photo:AFP)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment