Friday, September 4, 2015

စက်တင်ဘာလ(၄)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၅)ရက်ပတ်အလိုက် မိုးရွာသွန်းနိုင်မှုအခြေအနေ ခန့်မှန်းချက်များအရ

စက်တင်ဘာလ(၃)ရက်နေ့ မိုးလေ၀သအခြေအနေများကို အခြေခံပြီး
စက်တင်ဘာလ(၄)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၅)ရက်ပတ်အလိုက် မိုးရွာသွန်းနိုင်မှုအခြေအနေ ခန့်မှန်းချက်များအရ

ဘယ်ဘက်ပုံများကတော့ (၅)ရက်ပတ်အလိုက် ရွာသွန်းနိုင်တဲ့ မိုးရေချိန်များကို ဖော်ပြ ထားပါတယ်။

ညာဘက်ပုံများမှာတော့ (၅)ရက်ပတ်အလိုက် ရွာသွန်းမြဲ မိုးရေချိန်များမှ ကွာခြားနိုင်မှုကို ဖော်ပြထားရာမှာ -

စက်တင်ဘာလ(၄)ရက်နေ့မှ (၈)ရက်အထိ - ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်မြောက်ပိုင်း) ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေး နဲ့ မကွေးတိုင်းဒေသကြီ့း တောင်ပိုင်းဒေသတို့မှာ မိုးလျော့နည်းနိုင်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မြစ်ဝကျွန်းပေါ်ဒေသတို့မှာတော့ မိုးရွာသွန်းမှု အနည်းငယ်ပိုနိုင်ပါတယ်။
စက်တင်ဘာလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ - မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းဒေသများ၊ ရခိုင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်နဲ့ မွန်-ကရင်တို့မှာတော့ မိုးလျော့နည်းနေပြီး ရှမ်းပြည်နယ်မှာတော့ မိုးရွာသွန်းမှု ပိုများလာကို တွေ့ရပါတယ်။
စက်တင်ဘာလ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ - ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)ရှိဒေသအချို့တို့မှာ မိုးလျော့နည်းလျက်ရှိပြီး ကျန်ဒေသတွေမှာ မိုးပြန်လည် ပိုလာမှာ ဖြစ်ပါတယ်။
စက်တင်ဘာလ (၁၉)ရက်နေ့မှ (၂၃)ရက်နေ့အထိ - ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ အလယ်ပိုင်းဒေသများ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ မိုးလျောနည်းပြီး ကျန်ဒေသများမှာ မိုးအနည်းငယ် ပိုနေနိုင်ပါတယ်။
နေ့အလိုက် မိုးရွာသွန်းမှု ခန်မှ့န်းချက်များကို နေ့စဉ် မိုးလေ၀သ သတင်းများမှာ ထုတ်ပြန်ပေးလျက်ရှိပါတယ်။
မိမိဒေသမှာ ရွာသွန်းနိုင်တဲ့ မိုးရေချိန်ပမာဏကို ကြည့်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေ၀သအခြေအနေများနှင့် နှိုင်းယှဉ်ကာ သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါတယ်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment