မဲဆန္ဒနယ်အတွင်း မဲဆန္ဒရှင်များ ကြိုတင်မဲ ဘယ်လိုပေးမလဲ
========================================
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး တစ်ရက်ထက်တစ်ရက် နီးကပ်လာသည်နှင့်အမျှ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အထောက်အကူပြုနိုင်ရေးအတွက် ရွေးကောက်ပွဲနှင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အထွေထွေသိကောင်းစရာများကို လေ့လာသိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အကြောင်း အမျိုးမျိုးကြောင့် မဲရုံသို့လာရောက်၍ မဲမပေးနိုင်သူ များအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (ရွေးကောက်ပွဲကော်မရှင်)က ကြိုတင်မဲပေးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိပါသည်။
မဲဆန္ဒနယ်အတွင်းမှ မဲဆန္ဒရှင်များသည် မိမိ၏ မဲဆန္ဒနယ်အတွင်း၌ ရှိနေသော်လည်း အကြောင်း အမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲ မပေးနိုင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့မှာ -
(၁) အနာကြီးရောဂါ စွဲကပ်နေသူများ၊
(၂) ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသူများ၊
(၃) နေအိမ်တွင် မီးဖွားနေသူများ၊
(၄) အသက်အရွယ်ကြီးရင့်သူများ၊
(၅) မသန်စွမ်းသူများ၊
(၆) ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံ
ယူနေရသူများ
(မဲဆန္ဒနယ်အတွင်း၌ရှိသော ဆေးရုံ)၊
(၇) ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရသူများ
(မဲဆန္ဒနယ်အတွင်း၌ရှိသော အချုပ်စခန်း/ အကျဉ်းစခန်း)၊
(၈) ရွေးကောက်ပွဲကျင်းပသောနေ့တွင် မိမိ၏ ရပ်ကွက်/ကျေးရွာမှ ခရီးဝေးသည့်ဒေသသို့ ရွေးကောက်ပွဲတာဝန်ဖြင့် သွားရောက်ရန်ရှိ သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့် ဆင့်မှ တာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲများ နှင့် အစိုးရဝန်ထမ်းများ၊
(၉) လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ¤င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
မိမိတို့၏အိမ်၌ပင် နေထိုင်လျက်ရှိသော အနာကြီး ရောဂါစွဲကပ်ခံနေရသူများ၊ ဝေဒနာပြင်းထန်စွာ ခံစား နေရသူများ၊ မီးဖွားနေသူများ၊ အသက်အရွယ်ကြီးရင့် နေသူများသည် မဲရုံသို့သွားရောက်၍ မဲမပေးနိုင်ပါက မိမိတို့၏နေအိမ်၌ပင် ကြိုတင်မဲပေးနိုင်ရေးအတွက် ရပ်/ကျေးကော်ခွဲက ရွေးကောက်ပွဲနေ့မတိုင်မီ ¤င်း၏အဖွဲ့ဝင်နှစ်ဦးကို စေလွှတ်၍ ဆန္ဒမဲပေးလိုကပေးနိုင် ကြောင်းနှင့် ဆန္ဒမဲမပေးလိုက မပေးဘဲ နေနိုင်ကြောင်း လာရောက်ရှင်းပြမည်ဖြစ်သည်။ မဲပေးမည်ဆိုပါက ရပ်/ကျေးကော်ခွဲက ¤င်း၏အဖွဲ့ဝင်နှစ်ဦးကို စေလွှတ်ပြီး ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလို၌ ကြိုတင် မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်သည်။ အကယ်၍ ရပ်/ကျေးကော်ခွဲက လာရောက်အကြောင်း မကြားပါက မဲဆန္ဒရှင်များ၏ မိသားစုဝင်တစ်ဦးဦးက ရပ်ကျေးကော်ခွဲသို့သွားရောက်၍ ကြိုတင်ဆန္ဒမဲပေး လိုကြောင်း အကြောင်းကြားနိုင်သည်။
ဆန္ဒပြုရမည့်နေ့တွင် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဝင် နှစ်ဦးက မဲရုံကိုယ်စားလှယ်များ/မဲရုံအကူ ကိုယ်စား လှယ်များ လိုက်ပါလျက် မဲဆန္ဒရှင်၏ နေအိမ်သို့ လာရောက်ကြမည်ဖြစ်သည်။ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လေ့လာရန် လိုက်ပါလာပါက အိမ်ရှင်က လေ့လာခွင့်ပေးရပါမည်။
ရပ်/ကျေးကော်ခွဲအဖွဲ့ဝင်က ထုတ်ပေးသော မဲလက်မှတ်အသီးသီးတွင် ကိုယ်တိုင်ဆန္ဒပြုနိုင်ပါက တံဆိပ်တုံးဖြင့်သာ ဆန္ဒပြုရန်ဖြစ်သည်။ ထို့နောက် ဆန္ဒပြုပြီး ကြိုတင်မဲလက်မှတ်အသီးသီးကို သက်ဆိုင်ရာ စာအိတ်များတွင် ထည့်သွင်းပြီး လုံခြုံစွာ ပိတ်ပြီးနောက် ရပ်/ကျေးကော်ခွဲအဖွဲ့ဝင်ထံအပ်နှံရမည်။ အကယ်၍ ကိုယ်တိုင်ဆန္ဒမပြုနိုင်ပါက မဲစာရင်းတွင် ပါရှိသော မိမိ၏မိသားစုဝင်တစ်ဦးဦးကိုဖြစ်စေ ရပ်/ကျေးကော်ခွဲ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ မိမိကိုယ်စား ဆန္ဒပြု ပေးရန် အကူအညီတောင်းခံနိုင်သည်။ မသန်စွမ်းသူဖြစ် လျှင် မဲစာရင်းတွင်ပါရှိသော မိမိ၏မိသားစုဝင်တစ်ဦးဦး ကို ဖြစ်စေ၊ မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ် သောသူတစ်ဦးကိုဖြစ်စေ အကူအညီတောင်းခံနိုင်သည်။
ဆေးရုံ၌တက်ရောက်နေသော အတွင်းလူနာများနှင့် အချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရ သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် ဆေးရုံအုပ်နှင့် အချုပ်စခန်း/အကျဉ်းစခန်း အကြီးအမှူးက ရပ်ကျေး ကော်ခွဲသို့ အကြောင်းကြားမည်ဖြစ်သည်။ ထိုအခါ ရပ်ကျေးကော်ခွဲက ဆေးရုံနှင့် အချုပ်စခန်း/အကျဉ်း စခန်း၌ပင် ဆန္ဒပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် သည်။ ဆန္ဒပြုနည်းမှာ အထက်ပါအပိုဒ်တွင် ဖော်ပြထား သည့်အတိုင်းပင် ဖြစ်သည်။
ထို့ပြင် မဲဆန္ဒရှင်တစ်ဦးဦးသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် သာရေး၊ နာရေးကိစ္စဖြင့် ခရီးဝေးသို့ သွားရောက်ရန်ရှိပါက ရပ်/ကျေးကော်ခွဲသို့ အထောက် အထားခိုင်လုံစွာ တင်ပြနိုင်လျှင် ကြိုတင်မဲပေးခွင့်ရှိသည်။ ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလိုတွင် ရပ်/ကျေးကော်ခွဲ ရုံးသို့သွားရောက်ပြီး ကြိုတင်မဲပေးရန် ဖြစ်သည်။ ရပ်/ကျေးကော်ခွဲအဖွဲ့ဝင် တစ်ဦးဦးက ထုတ်ပေးသော ကြိုတင်မဲလက်မှတ်များတွင် တံဆိပ်တုံးဖြင့်သာ ဆန္ဒပြု ပြီးနောက် သက်ဆိုင်ရာ လွှတ်တော်စာအိတ်အသီးသီးသို့ ထည့်ပြီး စာအိတ်များကို သေချာစွာပိတ်ရမည်။ ထို့နောက် ထိုစာအိတ်များကို ရပ်/ကျေးကော်ခွဲရုံးတွင် ထားရှိသော လုံခြုံရေးကြိုးများဖြင့် သေချာစွာပိတ် ထားသည့် မဲပုံးအတွင်းသို့ ကိုယ်တိုင်ထည့်ရမည်။ [မှတ်ချက်-ယခုကဲ့သို့ ကြိုတင်မဲပေးရန် ခွင့်ပြုခြင်းသည် တစ်ဦးတစ်ယောက်ချင်း၊ မိသားစုတစ်စုချင်းအတွက်သာ ဖြစ်ပါသည်။ လုပ်ငန်းအကြောင်းပြချက်(ဥပမာ- ပင်လယ်သို့ ငါးဖမ်းထွက်ရန်)ဖြင့်ဖြစ်စေ၊ ဘုရားဖူး၊ ထီးတင်ပွဲ စသည်များသွားရန် အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ လူ ၂ဝ၊ ၃ဝ က ကြိုတင်မဲပေးရန် တောင်းဆို လာပါက ရပ်/ကျေးကော်ခွဲအနေဖြင့် ခွင့်ပြုပေးမည် မဟုတ်ပါ။]
ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိ၏ရပ်ကွက်/ ကျေးရွာမှ ညအိပ်ခရီးသွားရောက်ရမည့်ဒေသရှိ မဲရုံ၌တာဝန်ကျသည့် ရပ်/ကျေးကော်ခွဲအဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ၊ မဲရုံလုံခြုံရေး အတွက် တာဝန်ကျသော တပ်မတော်သားများနှင့် ရဲများသည်လည်း ရပ်/ကျေးကော်ခွဲရုံးများ၌ ကြိုတင် မဲပေးနိုင်သည်။ ကြိုတင်မဲများကို ရပ်ကျေးကော်ခွဲ ရုံးများ၌ သွားရောက်ဆန္ဒပြုရန်ဖြစ်သည်။ ကြိုတင်မဲ လက်မှတ်အသီးသီးတွင် တံဆိပ်တုံးဖြင့်သာ ဆန္ဒပြုပြီး နောက် သက်ဆိုင်ရာလွှတ်တော်စာအိတ်အသီးသီးတွင်ထည့်၍ သေချာစွာပိတ်ပြီး ယင်းစာအိတ်များကို လုံခြုံရေးကြိုးများနှင့် သေချာစွာပိတ်ထားသည့် မဲပုံး ထဲသို့ ကိုယ်တိုင်ထည့်ရမည်။ ထို့အပြင် ရွေးကောက် ပွဲတာဝန်ဖြင့် ခရီးဝေးသွားရောက်ရန်ရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ အစိုးရတာဝန်ဖြင့် အခြားဒေသသို့ မဖြစ်မနေ သွားရောက်ရန်ရှိသော အစိုးရဝန်ထမ်းများသည် မိမိတို့၏ ရပ်/ကျေးကော်ခွဲရုံးများ၌ ကြိုတင်မဲပေးပိုင် ခွင့်ရှိပါသည်။ ကြိုတင်မဲပေးရမည့်နေ့ကို ကော်မရှင် က သတ်မှတ်ကြေညာပေးမည်ဖြစ်သည်။ (၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့စဉ်က- ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်း ဒေသကြီး/ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲ နေ့မတိုင်မီ ၁ဝ ရက် ကြိုတင်၍ ကြိုတင်မဲပေးခွင့်ပြု ခဲ့ပါသည်။)
ထို့အပြင် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါရှိ သော မဲဆန္ဒနယ်မှ ခရီးဝေးသည့်ဒေသတစ်ခုခု၌ ရွေးကောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့် ¤င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များသည်လည်း မိမိတို့၏ ရပ်/ကျေးကော်ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။
ဖော်ပြပါ မဲဆန္ဒနယ်အတွင်းမှ မဲဆန္ဒရှင်များ ကြိုတင်မဲပေးမည့် လုပ်ငန်းစဉ်အားလုံးကို ရပ်/ကျေး ကော်ခွဲများက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြ မည်ဖြစ်ပါသည်။ ရပ်/ကျေးကော်ခွဲရုံး၌ ကြိုတင် ဆန္ဒမဲပေးမှုများအားလုံးကို မဲရုံကိုယ်စားလှယ်များ၊ မဲရုံအကူကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပ Observer များနှင့် မီဒီယာများ ကြည့်ရှုလေ့လာ ခွင့်ရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်)
(မြန်မာ့အလင်း)
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment