“ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်”
ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်မသက်ဖြစ်နေရာမှ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်သည်ဟု ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
အမေရိကန်နိုင်ငံ အမျိုးသား မိုးလေ၀သ အေဂျင်စီ နာဆာဂြိုဟ်တုများ၏ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတိုင်းတာချက်များကို အခြေခံ၍ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ခြင်း ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်နေပြီး လာမည့်ရက်အနည်းငယ်အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲကာ မုန်တိုင်းအဆင့်ရောက်လာနိုင်သည်ဟု ရှင်းပြသည်။ မုန်တိုင်းဖြစ်ရန် အလားအလာ ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းရှိနေပြီး အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်သွားမည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ပြီး ကုန်းမြင့်ဒေသများတွင် မြေပြိုမှုအန္တရာယ်ရှိနေသည်ဟု သတိပေးထားသည်။
ရခိုင်ပြည်နယ်တွင်လည်း တစ်ကျော့ပြန်မိုးကောင်းနေသည်ဟု ဒေသခံများက ပြောပြီး ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုး/ဇလက သတိပေးထားသည်။
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment