ယမ်ယမ်၏ BMW ကားကံစမ်းမဲ ခေါက်ဆွဲပြုတ်ရောင်းသူတစ်ဦး ကံထူးရှင်ဖြစ်
-----------------------------------------------------------------
ယမ်ယမ်ခေါက်ဆွဲ၏ BMW ကံစမ်းမဲကို ရန်ကုန်မြို့ရှိ ခေါက်ဆွဲပြုတ်ရောင်းသူတစ်ဦး နှင့် စားသုံးသူတစ်ဦးတို့ မဲပေါက် ခဲ့ကြောင်း သတင်းရရှိသည်။‘‘အရင်လာမထုတ်တဲ့ ကံ စမ်းမဲတွေကို ပြန်ဖောက်ပေးတာ။ အခုတစ်ကြိမ် ထပ်ဖောက်မှ ကား ပေါက်တာပါ။ တာမွေက တစ်ဦး။ စမ်းချောင်းကတစ်ဦးပေါက်တာ ပါ။ ကံစမ်းမဲတွေအကုန်လုံး စား သုံးသူတွေရရှိအောင် ဖောက်ပေး ခဲ့တာပါ’’ဟု ရသာချို စက်မှုလုပ် ငန်းလီမိတက်ဈေးကွက်မြှင့်တင် ရေးဌာန ဒုတိယအထွေထွေမန် နေဂျာ ဦးရဲမြတ်ထူးကပြောသည်။
ကျပ်သိန်းတစ်ထောင်ကျော် စီတန်ဖိုးရှိ BMW ကားနှစ်စီးကို တာမွေမြို့နယ်မှ ဦးမောင်မောင် မြင့်နှင့် စမ်းချောင်းမြို့နယ်မှ ဒေါ် သန်းဆွေတို့က ရရှိခဲ့ကြသည်။
၎င်း၏နေအိမ်ရှေ့ တွင် ဈေးဆိုင်ဖွင့်ကာ ယမ်ယမ်ခေါက် ဆွဲပြုတ်ကို အဓိကရောင်းချပြီး ကော်ဖီ၊ အအေးနှင့် ကိုရီးယား အသားကင်တို့ကို ရောင်းချခဲ့သည် မှာ ရှစ်နှစ်ခန့်ရှိပြီဟု ဦးမောင် မောင်မြင့်က ပြောသည်။
ကံစမ်းမဲစာရွက်များကို ရှေ့ မှ BMW ဟုသာပါရှိပြီးနောက်မှ ကားမော်ဒယ်နံပါတ်အပြည့်အ စုံမပါရှိခြင်းကြောင့် ဆုမဲမထည့် သေးဘဲ နေခဲ့ကြောင်း၊ ကုမ္ပဏီဘက်က မပြည်စုံသည့်မဲစာရွက်ကို လည်း ထည့်၍ရသည်ဟု ကြေ ညာလာမှ ကံစမ်းမဲစာရွက်များကို ထည့်ခဲ့ရာ ကျပ်သိန်းတစ်ထောင် ကျော်တန်ဖိုးရှိ BMW ကားဆုမဲ ပေါက်ခဲ့ကြောင်းဦးမောင်မောင်မြင့်ကပြောသည်။
‘‘လက်လုပ်လက်စား လူ တန်းစားဆိုတော့ကားကို ဒီအ တိုင်းထားရင် တစ်ခုခုဖြစ်မှာဆိုး တယ်။ နောက်ပြီး မဲပေါက်တဲ့ ကားကလည်း အရမ်းတန်ဖိုးကြီး တော့ ပြန်ရောင်းဖို့တော့ အစီအ စဉ်ရှိပါတယ်’’ဟု ၎င်းကဆက် လက်ပြောသည်။
ထို့အပြင် စမ်းချောင်းမြို့ နယ် မြောင်းမြလမ်းနေ ဒေါ်သန်း ဆွေ၏သား ကိုဇော်မင်းက ပြီးခဲ့ သည့် သင်္ကြန်ကာလတွင်မိခင်နှင့် ညီမဖြစ်သူတို့မှာ ဗုဒ္ဓဂယာသို့ ဘု ရားဖူးသွားနေခြင်းကြောင့် စား သောက်ရေးအတွက် မြေနီကုန်းရှိ စီးတီးမတ်ဆိုင်မှ ယမ်ယမ်ခေါက် ဆွဲထုပ်များကို ၀ယ်ယူခဲ့ရာမှတစ် ဆင့် ကံစမ်းမဲထည့်ခဲ့ခြင်းဖြစ် သည်ဟု ပြောပြသည်။
ပထမအကြိမ်တွင် ကံစမ်းမဲ စာရွက်၌ BMW ဟုသာဖော်ပြ ပါရှိပြီး ကားမော်ဒယ်နံပါတ်မပါ ရှိခြင်းကြောင့် ဆုမဲမထည့်ဘဲနေခဲ့ ကြောင်း၊ ဇူလိုင်လတွင် ကုမ္ပဏီ က မပြည့်စုံသည့်ဆုမဲစာရွက်များ ကိုလည်း လက်ခံသည်ဟုနိုင်ငံ ပိုင်သတင်းစာတွင် ကြေညာခဲ့ ခြင်းကြောင့် ကံစမ်းမဲထည့်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိခင်၏အမည်ဖြင့် ကားကံစမ်းမဲထည့်ခဲ့ပြီး မိမိ၏ အမည်နှင့် ညီမ၏အမည်ဖြင့်မော် တော်ဆိုင်ကယ်ကံစမ်းမဲတွင် ထည့်ခဲ့ရာမှ ကားကံစမ်းမဲပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ကိုဇော်မင်းကဆိုသည်။
‘‘ဆုမဲပေါက်တဲ့ကားက တန် ဖိုးကြီးတော့ လမ်းမှာလည်း မရပ် ထားရဲဘူး။ မဲပေါက်တာနဲ့ ကုမ္ပ ဏီကတော့ ကားနဲ့ ကားသော့ကို တစ်ခါတည်းပေးပါတယ်။ ကျွန် တော်ကမယူသေးဘဲ ခဏပြန် အပ်ထားခဲ့တယ်။ နောက်မှ ကား ကုမ္ပဏီအရောင်းပြခန်းနဲ့ တိုင် ပင်ပြီးအမည်ပေါက်လုပ်ရင်လည်း လုပ်မယ်။ ဒါမှမဟုတ်ရောင်းမယ် ဆိုရင်လည်း မိသားစုနဲ့တိုင်ပင်ပြီး လုပ်သွားမယ်။ ကျွန်တော်လိုချင် ခဲ့တာ iPhone 6 ပါ’’ဟု ၎င်းက ပြောသည်။
ရသာချိုစက်မှုလုပ်ငန်းလိမိ တက်က BMW ကားအပြင်ငွေ သားအဖြစ် ကျပ်သိန်း ၃၀၀၊သိန်း ၅၀၊ သိန်း ၃၀၊ iPhone 6၊ Samsung Note 3 Neo၊ Honda Wave S မော်တော်ဆိုင်ကယ်တို့ ကို ဆုမဲဖောက်ပေးခဲ့ကြောင်း သိ ရသည်။
7Day
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment